ဂါလာ ညစာစားပွဲတွင် ချီးကျူးဩဘာနှင့် လက်ကိုင် ပိုစတာများ ၂
Vol. 24 Ch. 357
“ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ ရှေ့သို့ချီတက် အာရှကနေ ထွက်ပြီး ကမ္ဘာအနှံ့ဆီသို့”
ထိုနေရာတွင် ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီမှ ဝန်ထမ်း ၁၆ဦး ရှိသည်။ သူတို့သည် လက်ကိုင်ပိုစတာများကို ခေါင်းထက်ကို ထောင်ပြီး သူတို့၏ ဆောင်ပုဒ်ကို ကျယ်ကျယ်လောင်လောင်ဖြင့် အော်လိုက်သည်။ ရွှီယီဖန်သည်သာ အံ့အားသင့်သွားသည်သာမက ကျန်သည့် ပရိသတ်များသည်လည်း အံ့အားသင့်ကုန်ကျ၏။ အစီအစဉ် တင်ဆက်သူသည်လည်း ပြောရမည့် စကားကိုပင် မေ့သွားတော့သည်။ ဒါရိုက်တာသည်လည်း ကင်မရာ လှည့်ရမည်ကို မေ့သွားကာ သူတို့အလုပ်သမားများကို စုစုပေါင်း ၅စက္ကန့်သာ ပေးရမည် ဖြစ်သည်။
“ဖြတ်ပစ်။ မြန်မြန် အဲ့အပိုင်းကို ဖြတ်လိုက်။ အစီအစဉ် တင်ဆက်သူဖက်ကို လှည့်လိုက်။”
ရွှီယီဖန်သည် ဒါရိုက်တာကို အော်လိုက်သည်။
လီမင်တ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“သေချာတာပေါ့။ ကျွန်တော်တို့ ကုမ္ပဏီက တရုတ်နိုင်ငံရဲ့ နည်းပညာမှာ အဆင့်မှီဆုံးပဲ။ လယ်ဘာသုံး စက်ပစ္စည်းတွေသာ မကဘူး ကျွန်တော်တို့ရဲ့ မော်တော်ဆိုင်ကယ်ကလည်း မြို့ကြီးတွေမှာ နာမည် အကြီးဆုံးပဲ။ ဒီနှစ်မှာတော့ ကျွန်တော်တို့တွေက စလွန်းကားတွေကို မိတ်ဆက်တော့မှာပါ။ လူတိုင်းကို ကျွန်တော်တို့ ကားကို ဝယ်ဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်”
အစီအစဉ် တင်ဆက်သူက ကြောင်သွားသည်။ ယင်းက ဆုချီးမြင့်ပွဲ အခမ်းအနား ဖြစ်သည်။ ဘာလို့ မင်းရဲ့ ကုမ္ပဏီကို ကြေညာနေရတာလဲ။ မင်းက စိုက်ပျိုးမွေးမြူရေးဆုအမျိုးအစားက ဆုရတာလေ။ ဘာလို့ မော်တော်ဆိုင်ကယ်နဲ့ ကားတွေ အကြောင်း ပြောနေရတာလဲ။”
“ကျေးဇူးတင်ပါတယ်။ မန်နေဂျာလီ။ နောက်ထပ် ဖျော်ဖြေ တင်ဆက်မှု တစ်ခုဆီကို သွားလိုက်ရအောင်။”
အစီအစဉ် တင်ဆက်သူသည် စင်အောက်ကို ဆင်းသွားစဉ် ရွှီယီဖန်က သူ့ဆီကို စိတ်ဆိုးမာန်ဆိုးဖြင့် အပြေးလာသည်ကို တွေ့လိုက်ရသည်။
“မင်းအခု ဘာလုပ်နေတာလဲ။ ဘာလို့ သူ့တို့ ကုမ္ပဏီနဲ့ထုတ်ကုန်တွေကို ကြေညာခိုင်းရတာလဲ။”
အစီအစဉ် တင်ဆက်သူသည် အပြစ်မရှိသလို ခံစားလိုက်ရသည်။
“ဒါရိုက်တာရွှီ သူက ဒီအကြောင်း ပြောမယ်လို့ ဘယ်သူက သိမှာလဲ။ ဒီအပိုင်းကို ကျွန်တော်တို့ ဖြတ်လို့ မရဘူးလား”
“ငါတို့တွေ နောက်ပိုင်းမှ ဒီအကြောင်းကို ဆက်ပြောကြမယ်။ သတိရှိနေ။ အရမ်းကြီး ဗျာမများနဲ့ အဆိုးဆုံးကို ပြင်ဆင်ထား”
အစီအစဉ် တင်ဆက်သူ၏ နှလုံးခုန်နှုန်းသည် မြန်ဆန်လာတော့သည်။
“ဒါရိုက်တာရွှီ ကျွန်တော်ကို မခြောက်နဲ့နော်။ နောက်ကနေ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်တဲ့သူတွေ ထပ်ရှိဦးမယ်လို့ ပြောချင်တာလား။”
“ငါတော့ မမျှော်လင့်ထားဘူး။ဒါပေမဲ့ မင်းကတော့ အဆင်သင့် ပြင်ထားတော့။ မင်းရဲ့ ဇာတ်ညွှန်းကို သေချာ အာရုံစိုက်”
ရွှီယီဖန်က အစီအစဉ် တင်ဆက်သူ၏ ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
“အခုဖျော်ဖြေမှု ပြီးတဲ့ နောက်မှတော့ ကျွန်တော်တို့ အနေနဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် တစ်ဦးချင်း ဆု ဆန်ကာတင် စာရင်းဝင်တဲ့သူတွေကို ကြေညာပါတော့မယ်။ မြောက်ပိုင်းစိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ပါမောက္ခ၊ ထိုက်ဟွ အစားအသာ ထုတ်လုပ်တဲ့စက်ရုံရဲ့ အကြံပေး စုမင်ရွေ့”
လူတိုင်းက မျက်မှောင် ကျုံ့ကုန်ကြသည်။ ဘယ်လိုလုပ်ထိုက်ဟွ အစားအစာ ထုတ်လုပ်တဲ့ စက်ရုံက လူ ထပ်ပါလာရတာလဲ။ ဒီတခါ အကြံပေးတဲ့လား။
ဗီဒီယီုအတိုသည် ဝက်ခြံကို ထပ်ပြပြန်၏။ သို့သော် ယခု တစ်ကြိမ်တွင် ဗီဒီယိုထဲရှိ လူက တခြား တစ်ယောက် ဖြစ်သည်။ ထိုသူသည် ပါမောက္ခစု ဖြစ်သည်။ မကြာခင် အချိန်အတွင်း ပရိသတ်များသည် ထိုဝက်ခြံသည် အဆင့်မြင့် ဖြစ်ကြောင်း သိရှိသွားကြသည်။ လုပ်ငန်းတာဝန် အများစု ဖြစ်သည့် အစာကျွေးခြင်း၊ ဝက်ခြံ သန့်ရှင်းခြင်း အကုန်လုံးသည် အလိုအလျောက် ဖြစ်သည်။ ဝက်တွေကို ဒီလိုမျိုး မွေးမြူနိုင်သေးတာလား။
ဒါရိုက်တာသည် ပရိသတ်များဖက်ကို ကင်မရာ လှည့်လိုက်ပြန်သည်။ အစီအစဉ်တင်ဆက်သူများနှင့် ဒါရိုက်တာများ၏ ကြိုတင်မျှောက်မှန်းထားသည့်အတိုင်း သူတို့ စိတ်မပျက်ခြင်း မရှိပေ။ ထျန်ဖုန်းဝက်ခြံ၏ လက်ကိုင်ပိုစတာများကို ထပ်မြှောက်လိုက်ကာ ယခုတစ်ကြိမ်တွင် အလုပ်သမားများက ဆောင်ပုဒ်ကို အော်ကြသည်။ စက်ယန္တရားကုမ္ပဏီထက် ကျယ်၏။
ရွှီယီဖန်သည် ရူးချင်မတက် ဖြစ်သွားသည်။ သူ့သည် ဝန်ထမ်းသက်တမ်းကာလ တစ်လျှောက် ယခု အစီအစဉ်သည် အမဲစက်ဖြစ်သည်ဟုတောင် ခံစားနေရသည်။ သူသည် ထိုအစီအစဉ်အတွက် ဒါရိုက်တာချုပ် ဖြစ်ရခြင်းက ကံကောင်းသည့် အတွက် ဖြစ်သည်ဟု ခံစားရသည်။ နောက်နှစ်များစွာအတွင်း သူ့အနေဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ဒါရိုက်တာချုပ် ဖြစ်ရန်အခွင့်အရေးရမည် ဖြစ်နိုင်ပေသည်။ ယင်းက ရာထူးတိုးခြင်း ဖြစ်ကာ လခလည်း တိုးလာမည် ဖြစ်သည်။
သို့သော် သူလုံးဝ မမျှော်လင့်ထားသည်ကား သူ့အနေဖြင့် ထိုဆုပေးပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။ ထိုကလေး ဖုန်းယွီကို ရုပ်သံ လက်ထောက် အရာရှိချုပ်ကျားကတောင် ပံ့ပိုးပေသည်။ သူကို နှစ်သက်မှုများ ပေးရန်အတွက် ရယူထားသည့် လက်မှတ်များကိုပင် လက်လျော့ခဲ့ရသည်။ ထိုလက်မှတ်များက အလုပ်သမားများကို ပေးထားခြင်း ဖြစ်သည်။
ထိုမျှနှင့် မပြီးသေးပေ။ ရီဟာဇယ်အတွင်း ဖုန်းယွီသည် ပြဿနာများ ဖြစ်သည့် အစီအစဉ် တင်ဆက်သူ၏ ဇာတ်ညွှန်း ဒါရိုက်တာ၏ ကင်မရာ လှည့်ပုံအမှားနှင့် စားပွဲဝိုင်းများတွင် ရေနွေးငွေ့စက် ထားခြင်းကို တတောက်တောက် လိုက်ပြောသည်။
ဖုန်းယွီသည် အချို့သော ကိုယ်စားလှယ်များနှင့် အလုပ်သမားများကို ထုတ်လွှတ်ချိန်အပိုကိုလည်း ပေးသေးသည်။ ယင်းက အဆင်ပြေသည်။ ရွှီယီဖန်သည် ယင်းကို လိုက်လျော့နိုင်သည်။ သို့သော် ထိုအလုပ်သမားများက မည်သည့် အဝတ်အစားများကို ဝတ်လာကြသနည်း။
ယူနီဖောင်းများ ဝတ်ဆင်လာခြင်းက ကောင်းပေသည်။ သို့သော် သူတို့ အားလုံးက အဘယ်တွက် လုံခြုံရေး ဦးထုတ်များကို စောင်းလာကြသနည်း။ သူတို့တွေက အခုလက်ရှိမှာ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ တွေးနေတာလား။ ဒါက စီစီတီဗွီရဲ့ ခန်းမဆောင်။ လုံခြုံရေးဦးထုတ်တွေကို ဝတ်ဖို့ မလိုအပ်ဘူး။
ရွှီယီဖန်သည် ထိုအရာများအားလုံးကို သူအတက်နိုင်ဆုံး သည်းခံခဲ့သည်။ သူ့အနေဖြင့် အစီအစဉ် ကောင်းတစ်ခုကို ရိုက်ကူးရန်အတွက်သာ ဖြစ်သည်။ သို့သော် ယခုလက်ရှိတွင် အရာအားလုံးက ပျက်ဆီးသွားပြီ ဖြစ်သည်။ ထိုအလုပ်သမားများသည် လက်ကိုင်ပိုစတာများကို ယူလာသည်သာမက သူတို့သည် ဆောင်ပုဒ်များကိုလည်း ကြွေးကြော်နေကြသည်။ သူတို့ အော်လိုက်သည့်အခါ တိုက်ရိုက် ကြည့်ရှုနေသည့် ပရိသတ်များ အားလုံးက သူတို့ဖက် လှည့်ကြည့်လိုက်ကြသည်။ ထိုလုပ်ရှားမှုများကို ကင်မရာများက ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဒီရိုက်ကူးမှုတွေကို အသုံးပြု၍ ရမည်လော။ သေချာပေါက် ဖြတ်တောက်ရမည် ဖြစ်သည်။ သို့သော် ထိုရိုက်ကူးမှုသည် အကျယ်ချဲ့ ရိုက်ကူးထားခြင်း ဖြစ်သည်။ အကယ်၍ သူသာ ထိုအပိုင်းများကို ဖြတ်မည်ဆိုပါက သူတို့အနေဖြင့် ရိုက်ကူးမှုများ လုံလောက်မည် မဟုတ်ပေ။ အကယ်၍ အချို့အပိုင်းကို အခြားသော ရိုက်ကူးထားသည့်အရာများနှင့် အစားထိုးနိုင်သော်လည်း ယင်းက သူ့အနေဖြင့် ကုမ္ပဏီ အချို့ကိုသာ ပစ်မှတ်ထားသည့်ပုံ ပေါ်နေမည် ဖြ်စသ်ည။ တီဗွီတွင် ကြည့်ရှုသူများသည်လည်း ဘယ်အတွက် ကုမ္ပဏီ အချို့သည့် လွှင့်ချိန် ပိုရပြီး အချို့သောကုမ္ပဏီများသည် လွှင့်ချိိန် နည်းနည်းသာရသည်ကို မေးခွန်းထုတ်လာကြမည် ဖြစ်သည်။
အထူးသဖြင့် ဆုရရှိသူများနှင့် သူတို့ အလုပ်သမားများသည် ကင်မရာတွင် ရိုက်ကူးထားသည်။ ထို့အပြင် လီမင်တသည် စင်ပေါ်မှ တဆင့် သူ့အလုပ်သမားများနှင့်လည်း ပြောဆိုမှုများ ပြုလုပ်သေးသေည်။ ယင်းက စီစီတီဗွီအစီအစဉ် ဖြစ်သည်။ ငါက ဒါရိုက်တာချုပ်။ ဘယ်သူက ပရိသတ်နဲ့ ပြောဆိုဖို့ လုပ်ခွင့် ပေးထားလို့လဲ။ မင်းရဲ့ အလုပ်သမားတွေက စည်းမျည်းတွေကို မသိဘူးလား။
ရွှီယီဖန်သည် ကင်မရာထက်တွင် တိုက်ရိုက်ကြည့်ရျုသူများကို ပြသရန် ခွင့်ပြုပေးခဲ့သည်ကို နောင်တရနေ၏။ ရီဟာဇယ်လုပ်သည့် အချိန်တွင် ပရိသတ် တစ်ယောက်မျှ မရှိပေ။ ပြီးနောက် သူတို့တွင် ထို တိုက်ရိုက်ကြည့်ရှုသူများ၏ ရိုက်ကူးမှုများလည်း မရှိထားပေ။ သူ့အနေဖြင့် မည်သို့ လုပ်ရတော့မည်နည်း။
ရွှီယီဖန်သည် သူ့ အထက်အရာရှိများသည် ထိုအစီအစဉ်ကို ကြည့်ပြီးနောက် သူ့ကို ဘယ်လို တွေးကြမည်ကို မသိနိုင်တော့ပေ။ သူတို့ အနေဖြင့် ထိုအစီအစဉ်ကို အမှတ် ဘယ်လောက် သတ်မှတ်ပေးမည်နည်း။ ထိုအကြောင်းကို သူပိုတွေးလေလေ သူ့အနေဖြင့် နေမထိ ထိုင်မသာ ဖြစ်လေလေ ဖြစ်၏။
....
“နောက်ထပ် ကျွန်တေ်ာတို့တွေ ဝယ်ယူသူထုတ်ကုန် ဆုအမျိုးအစားအတွက် ဆန်ကာတင် စာရင်းကို ကြေညာပါ့မယ်။ ထိုက်ဟွ ကုန်သွယ်ရေးကုမ္ပဏီ”
ထိုက်ဟွလား။ ဘာလို့ ထိုက်ဟွ ပြန်ပါလာပြန်တာလဲ။ တရုတ်မှာရှိတဲ့ ကုမ္ပဏီတွေ အကုန်လုံးက ဟွစာလုံးကိုပဲ သုံးနေကြတာလား။ ဘာလို့ ထိုက်ရှ ကုမ္ပဏီလို့ မပေးရတာလဲ။
ဝူကျီကန်းသည် ကင်မရာရှေ့တွင် မတ်တပ်ထရပ်လိုက်သည်။ သူ့ရှေ့တွင်တော့ အသစ်ထုတ်လုပ်ထားသည့် စူပါပန်ကာ ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ထိုက်ဟွကုန်သွယ်ရေးက အသစ်သစ်ဆုံး အိမ်သုံးပစ္စည်းတွေကို တိုးတက်အောင် ထုတ်လုပ်ဖို့အတွက် အာရုံ စိုက်ထားပါတယ်။ ကျွန်တော့် ရှေ့မှာ ရှိတဲ့ စူပါဖန်က သာမန် ဒလက်မဲ့ပန်ကာအတိုင်းသာ မဟုတ်ပဲ ရေနွေးငွေ့စက်တစ်လုံးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပန်ကာမှာ အသုံးဝင်တဲ့ အရာတွေ အများကြီးပါပါတယ်။ ဥပမာအနေနဲ့ အပူပေးခြင်း၊ ပိုးမွှားသန့်စင်ခြင်း၊ ရေငွေ့စုပ်စက်၊ အနံ့ အစရှိတာတွေ ပါဝင်ပါတယ်။ ဒါက ဘက်စုံသုံး ထုတ်ကုန် တစ်ခု ဖြ်စပါတယ်။ ဒီထုတ်ကုန်က နိုင်ငံခြားမှာ အရမ်းကို နာမည် ကြီးပါတယ်။ ဒီထုတ်ကုန်ကို မြို့ကြီးတွေရဲ့ ပဒေသာ ကုန်တိုက်ကြီးတွေမှာ ရှာနိုင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့မှာ ပရိုမိုးရှင်းလည်း ရှိပါတယ်။”
ဝူကျီကန်းသည် တီဗွီ၏ ဈေးဝယ်အစီအစဉ်၏ အစီအစဉ် တင်ဆက်သူကဲ့သို့ ပြောလိုက်သည်။ ဖုန်းယွီသည် သူ့လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေ၏။
ယခုဗီဒီယိုကို ရိုက်ကူးရန်အတွက် ဖုန်းယွီသည် ဝူကျီကန်းကို ဘင်းမြို့တော်ကို ခေါ်ခဲ့ကာ သူ့ကို တစ်နေ့လုံး လေ့ကျင့်ပေးခဲ့သည်။
ရွှီယီဖန်သည် သူ့မျက်နှာကို သူ့လက်ဝါးနှင့် ဖုံးထားပြီး သူ့ထိုင်ခုံပေါ် လဲချလိုက််တော့သည်။ ဒါက ဖုန်းယွီ ပြင်ဆင်ထားတဲ့ စက္ကန့်သုံးဆယ်စာ ဗီဒီယို အတိုလား။ ငါတို့တွေက ဒီဗီဒီယို အတိုတွေ အတွက် ကုမ္ပဏီအနေနဲ့ ဆန်ကာတင် စာရင်းဝင်ဖို့အတွက် အကြောင်းပြချက်တွေကို ရိုက်ဖို့ပဲ ပြောထားတာလေ။ ဘယ်သူက ဒီထဲမှာ ကြော်ငြာ ထည့်ခိုင်းလို့လဲ။ ဘယ်သူက ဒီဗီဒီယိုကို ရိုက်တာလဲ။ ငါ အဲ့ကောင်းကို သတ်ပစ်မယ်။
ရွှီယီဖန်သည် ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့် ထိုဆုကို ရမည်ဆိုသည်ကို သိသည်။
မဟုတ်ဘူး။ ပရိသတ်ကြားထဲက အလုပ်သမားတွေကလည်း နောက်ပိုင်းကျ ပြဿနာ ဖန်တီးကြဦးမှာ။ ဒါက ဘယ်လို ဆုပေးပွဲမျိုးလဲ။ ဟာသ တစ်ခုလား။ ငါက မကြာခင်မှာပဲ ရာထူးတိုးတော့မှာကို.........။ နောက်ပိုင်းကျ မှတ်တမ်းအစီအစဉ်ရဲ့ ဒါရိုက်တာ တစ်ယောက်ပဲ ဖြစ်ရင်တောင် ပျော်စရာကောင်းတော့မယ်......”
ဖုန်းယွီ ငါမင်းကို သတ်မိတော့မယ်။