← Chapters

ဂါလာ ညစာစားပွဲတွင် ချီးကျူးဩဘာနှင့် လက်ကိုင် ပိုစတာများ ၃

Vol. 24 Ch. 358

ဂါလာ ညစာစားပွဲတွင် ချီးကျူးဩဘာနှင့် လက်ကိုင် ပိုစတာများ ၃

Vol. 24 Ch. 358

“လေနှင့်မိုး အိမ်သုံးပစ္စည်း။ သင့်ဘဝကို ပြောင်းလဲနိုင်မဲ့ နည်းပညာ"

ထိုက်ဟွ ကုန်သွယ်ရေး၏ ဝန်ထမ်းများသည် သူတို့၏ လက်ကိုင်ပိုစတာများကို ကိုင်မြှောက်လိုက်သည့် အချိန်တွင် ရွှီယီဖန်သည် တိတ်တိတ်လေးသာ နေတော့သည်။

အခြားသော ပရိသတ်များသည်လည်း ထိုက်ဟွ ကုန်သွယ်ရေး ဝန်ထမ်းများဖက်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုက်ဟွကုန်သွယ်ရေး၏ ဝန်ထမ်းများ၏ ပုံစံသည် ရှက်ရွံ့သည့် ပုံမပြပေ။ ထိုအစား သူတို့မျက်နှာထက်တွင် ဂုဏ်ယူသည့် မျက်နှာထားမျိုး ပေါ်နေ၏။

မင်းတို့တွေ အကုန်လုံးက ကုမ္ပဏီက ကိုယ်စားလှယ်တွေလား။ ထိုက်ဟွ ကုန်သွယ်ရေးရဲ့ ဝန်ထမ်းတွေ အကုန်လုံးက ဒီကို ရောက်နေတာလား။

မင်းတို့တွေ အကုန်လုံးက တိုက်ရိုက် ရိုက်ကူးတဲ့ ဆုချီးမြင့်ပွဲ အစီအစဉ်ကို ပိုက်ဆံ မပေးဘဲ လာကြည့်နေကြတာလား။ ငါတို့တွေက ဒီမှာ လစာလာယူတာ ပြီးတော့ ငါတို့တွေ အပိုဆုငွေတွေလည်း ရဦးမှာ။

မင်းတို့တွေ အကုန်လုံးက ရထားနဲ့လာတာလား။ ငါတို့တွေက ဒီကို လေယဉ်နဲ့လာလား။

မင်းတို့တွေ အကုန်လုံးက ပုံမှန် ဟိုတယ်မှာပဲ နေပြီး စားနေကြ အစားအသောက်တွေပဲ စားတာလား။ ငါတို့တွေက ဖိုက်စတား ဟိုတယ်မှာ နေပြီးတော့ ငါတို့ရဲ့ အစားအစာတွေ အကုန်လုံးက ချွမ်ကျောက်စိမ်းမှာ။ ငါတို့ရဲ့ သူဌေးက အကုန်လုံး အကုန်ကျခံတာ။ တကယ်လို့ ငါတို့တွေ မကုန်ဘူးဆိုရင် ငါတို့တွေ အိမ်ကို ထုတ်သွားလို့ ရတယ်။

မင်းတို့တွေက ပုံမှန် အဝတ်အစားဒါမှမဟုတ် ယူနီဖောင်းတွေကို ဝတ်သာလား။ ငါတို့ အကုန်လုံးက အမှတ်တံဆိပ်ရှိတဲ့ ရှပ်အင်္ကျီတွေနဲ့ သားရေဖိနပ်တွေ စီးတာ။

မင်းတို့တွေ အကုန်လုံး တစ်လကို ဘယ်လောက်ရလဲ။ မင်းတို့မှာ ဘောနပ်စ်ကော ရှိရဲ့လား။ ငါတို့ရဲ့ လစာက အမျိုးသားစံသတ်ဖိုး သတ်မှတ်ထားတဲ့ လခထက်များတဲ့အပြင် ငါတို့တွေ ပေဂျာတွေလဲ ရသေးတယ်။ နောက်နှစ်က စပြီးငါတို့တွေ မော်တော်ဆိုင်ကယ်တွေ အတွက် ဆီဖိုးတောင် တောင်းနိုင်တယ်။ ဘယ်ကုမ္ပဏီကများ ငါတို့လောက် ခံစားခွင့် ရလို့လဲ။

ငါတို့တွေက ထိုက်ဟွ ကုန်သွယ်ရေးက ဝန်ထမ်းတွေ။ ငါတို့တွေ ထိုက်ဟွမှာ လုပ်ရတဲ့အတွက် ဂုဏ်ယူတယ်။

ထပ်ပြောရရင် ငါတို့ရဲ့ ဆောင်ပုဒ်က ဘာမှားနေလို့လဲ။ ငါတို့တွေ ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲနိုင်တဲ့ ထုတ်ကုန်တွေကို ရောင်းချနေတာ။ မန်နေဂျာဖုန်းက အထူးဘောနပ်စ်အဖြစ် စူပါပန်ကာကိုလည်း ဒီနှစ် အထူးဘောနပ်စ်အဖြစ် ပေးဦးမှာ။ ဒီပန်ကာရဲ့ ဈေးကွက်တန်ဖိန်းက ထောင်ချီ ကျလိမ့်မယ်။ တရုတ်နှစ်သစ်ကူးကျရင်လည်း ဟုန်ပေါင်းတွေ ရဦးမှာ။ ပြီးတော့ ကြက်၊ ဘဲ၊ ငါးနဲ့ အသားတွေကို ရဦးမှာ။ ရတဲ့ အစားအစာတွေက ငါတို့မိသားစု တစ်လလုံး စားတာတောင် မကုန်ဘူး။

ထိုက်ဟွကုန်သွယ်ရေးရဲ့ လူမှုဖူလုံကြေးကလည်း အရမ်းကောင်းတယ်။ မန်နေဂျာဖုန်း ပြောထားတာက အချို့တွေက သူတို့ကို အားကျရုံသာ မကဘူး ဘယ်ကုမ္ပဏီရဲ့ လူမှုဖူလုံကြေးက သူတို့ထက် ပိုတောင် မကောင်းဘူးတဲ့။

ထိုက်ဟွ ကုန်သွယ်ရေးရဲ့ ဝူကျီကန်းသည် စင်ပေါ်ကို တက်ပြီး ဆုလက်ခံ ရယူသည့်အခါ ဖုန်းယွီ ပြင်ဆင်ထားသည့် စာကို ဆိုလိုက်၏။

“ဘင်းမြို့တော် အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော် ဘင်းမြို့တော် လေယဉ် ထုတ်လုပ်တဲ့ စက်ရုံ၊ ဘင်းမြို့တော် စက်ပစ္စည်းစက်ရုံနဲ့ YADU ကုမ္ပဏီအကုန်လုံးကို ထောက်ပံ့ပေးမှုအတွက် အထူးကျေးဇူးတင်မိပါတယ်။ ကျွန်တော်အနေနဲ့ မစ္စတာ ဖုန်းရှင်းထိုက်၊ မဒမ် ကျန်းမူဟွတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ မစ္စတာ လီရှစ်ချင်နဲ့ မစ္စ ဖုန်းတန့်ယင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပညာတွေကို ကျွန်တော်တို့ရဲ့ ဘဝကို တိုးတက်စေဖို့အတွက် အသုံးပြုသင့်ပါတယ်။ ကျွန်တော်တို့ ထိုက်ဟွ ကုန်သွယ်ရေး က အောင်မြင်အောင် လုပ်မှာပါ။ အကုန်လုံးလည်း လိုက်လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည့်ပါတယ်။ ကျွန်တော်တို့တွေ နည်းပညာကို သုံးပြီးတော့ ကျွန်တော်တို့ ဘဝတွေနဲ့ အနာဂတ်တွေကို ပြောင်းလဲလိုက်ရအောင်။”

သူ့ ကျေးဇူးတင်စကား ပြောကြားပြီးနောက် ပရိသတ်များက လက်ခုပ်တီးကြသည်။ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ သူတို့ကို ကျေးဇူးတင်သည့်အတွက် ဖြစ်သည်၊။ လီရှစ်ချင်နှင့် သူ့ဇနီးသည် ရှိမနေပေ။ လီရှစ်ချင်သည်လည်း ယာယီအားဖြင့် ထိုက်ဟွ ကုန်သွယ်ရေးကို ကူညီပေးနေ၏။

ကုမ္ပဏီ အချို့ ခေါင်းဆောင်များနှင့် ပါမောက္ခများက ဝူကျီကန်းပြောသည့် အကြောင်းအရာများကို တွေးနေကြသည်။ နည်းပညာတွေကို ကျွန်တော်တို့ ဘဝတွေ တိုးတက်ဖို့အတွက် အသုံးပြုသင့်ပါတယ်။

အစိုးရ အရာရှိများကလည်း အချင်းချင်း ကြည့်လိုက်ကြကာ ခေါင်းညိတ်လိုက်ကြသည်။ ထိုက်ဟွ ကုန်သွယ်ရေး လုပ်သည့် အရာများသည် မှန်ကန်ပေ၏။

ရွှီယီဖန်သည် ကျန်ရှိနေသည့် ဆုအမျိုးအစားရှိ ဆန်ကာတင် စာရင်းများကို ကြည့်လိုက်သ်ည။ ထိုက်ဟွနှင့် စတင်သည့် မည်သည့်ကုမ္ပဏီမျှ မရှိတော့ပေ။ ထို့အတွက် လက်ကိုင်ပိုစတာ သို့မဟုတ် ကြွေးကြော်မှုများ ရှိတော့မည် မဟုတ်ပေ။

သို့သော် ရွှီယီဖန် လုံးဝ မမျှော်လင့်ထားသည်ကာ ဘင်းမြို့တော် စက်ပစ္စည်းကုမ္ပဏီသည်လည်း ထိုသို့ ပြုလုပ်ခြင်းပင် ဖြစ်သည်။

“ဘင်းမြို့တော် စက်ပစ္စည်းကုမ္ပဏီ၊ အကောင်းဆုံး ကြိုးစားနေ။”

ချီး နောက်ထပ် ဘင်းမြို့တော်ရဲ့ ကုမ္ပဏီ ဒီ ဘင်းမြို့တော်မှာ ရှိတဲ့ကုမ္ပဏီတွေ အကုန်လုံးက ကြိုတင်ပြင်ဆင်ထားကြသည်လော။ သူတို့ အကုန်လုံးသည် တူညီ ဝတ်စုံ ဝတ်ဆင်ထားပြီး လက်ကိုင်ပိုစတာများ ကိုင်ဆောင်ထားကြကာ ကြွေးကြော်အော်ဟစ်နေ၏။ သူတို့ ဘာလုပ် နေကြသနည်း။

ရွှီယီဖန်သည် ယခုအကြောင်းအရာကို ခေါင်းဆောင်များစီ အစီရင်ခံစာ တင်ရမည် ဖြစ်သည်။ ထိုသူများသည် သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။ ဒါက စီစီတီဗွီ၊ ဘင်းမြို့တော် မဟုတ်ဘူး။ သူတို့ လုပ်ချင်တိုင်းလုပ်ခွင့် မပေးနိုင်ဘူး။

.....

လီနနှင့် အခြားသူများသည် ဖုန်းယွီကို ကြည့်လိုက်ကြသည်။ ပြောစရာ မလိုဘဲ ထိုလုပ်ရပ်များ အားလုံးသည် ဖုန်းယွီနှင့် ဆက်စပ်နေမည်ပင်။ မည်သူမျှ ထိုကဲ့သို့သော အရာမျိုးကို မလုပ်ရဲကြပေ။

သူတို့ ခန်းမကို ဝင်လာသည့် လမ်းတစ်လျှောက် စားပွဲတိုင်းတွင် ရေနွေးငွေ့စက်ကို တွေ့ရသည်။ ယင်းက ဖုန်းယွီ၏ အကြံ ဖြစ်မှန်း သူတို့ အကုန် သိကြပေသည်။ ယခုလက်ရှိတွင် ဖုန်းယွီသည် စတင်ပြီး လက်ခုပ်တီးသူ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ထိုကိစ္စတွင် မပါဝင်ဘဲ နေမည်နည်း။

သို့သော် သူတို့ အကုန်လုံးက တစ်ခုခု ထူးဆန်းနေသကဲ့သို့ သတိပြုမိသည်။ စက်ပစ္စည်းစက်ရုံနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံ၏ ဆောင်ပုဒ်များသည် ပုံမှန်အတိုင်းသာ ဖြစ်သည်။ သို့သော် စက်ယန္တရားကုမ္ပဏီနှင့် ထိုက်ဟွ ကုမ္ပဏီ၏ ဆောင်ပုဒ်များသည် အလွန် ဆန်းသစ်မှု ရှိ၏။

အထူးသဖြင့် သူတို့ “တိမ်တွေက ကောင်းမွန်တဲ့ အဝတ်အစားတွေကို တွေးကြတယ်။ ပန်းတွေက ဖူးပွင့်ဖို့ တွေးကြတယ်။ ဝက်တွေက ဝက်ဖို့ တွေးကြတယ်။ ပြီးတော့ လူတွေက ကျော်ကြားဖို့အတွက် တွေးကြတယ်”ကို ကြားလိုက်သည့် အချိန်တွင် ပရိသတ် အကုန်လုံးက ရယ်မောကြ၏။

သူတို့အနေဖြင့် ထိုဝက်ခြံသည် အလွန် ထူးဆန်းနေသည်ဟု ခံစားနေရပြီး နာမည်သည်းလည်း တမျိုးကြီး ဖြစ်နေသည်။ ထျန်ဖုန်းဝက်ခြံ။ သို့သော် သူတို့ထဲမှ တစ်ယောက်မှ ထိုဝက်ခြံနာမည်ကို မရည်ရွယ်ဘဲ စိတ်ထားတွင် မှတ်ထားသည်ကို သတိမပြုမိပေ။

ယင်းက ဖုန်းယွီလိုချင်သည့် အရာ ဖြစ်သည်။ ထိုဆုပေးပွဲကို ဗွီစီဒီဖြင့်လည်း သွင်းထားမည် ဖြစ်ကာ လေနှင့်မိုး ဗွီစီဒီစက်နှင့်အတူ မိတ်ဆက်မည် ဖြစ်သည်။ ဗွီစီဒီစက် အိမ်များတွင် ရှိလာသည့်အခါ ယခု ကြော်ငြာသည် အကုန်လုံးဆီ ရောက်ရှိမည် ဖြစ်သည်။ ပိုပြီး အရေးကြီးသည်ကား ယင်းက အခမဲ့ ဖြစ်သည်။

ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံနှင့် လေယဉ်ထုတ်လုပ်သည့် စက်ရုံကို အကြောင်းကြားသည့်အခါ လီရှစ်ယုံနှင့် ဟိုဟိုက်ထောင်က တွန့်ဆုတ်နေကြသည်။ သို့သော် ဖုန်းယွီက သူတို့က ယင်းက သူတို့စက်ရုံ၏ လုပ်ငန်းသဘာဝကို တစ်နိုင်ငံလုံးကို ပြသရန်အတွက် အခွင့်အရေးဟု ပြောခဲ့သည်။ သူတို့အနေဖြင့် ထိုအခွင့်အရေး လွတ်ပါက နောင်မှ နောင်တ ရကြမည် ဖြစ်သည်။

လီရှစ်ယုံနှင့် ဟိုက်ဟိုက်ထောင်သည် စက်ယန္တရားကုမ္ပဏီနှင့် ထိုက်ဟွ ကုန်သွယ်ရေးမှ သူတို့ လက်ကိုင်ပိုစတာများနှင့် ကြွေးကြော်သံများကို မြင်သည့်အခါ ချက်ခြင်းပင် သူတို့၏ ဝန်ထမ်းများကိုလည်း ပြင်ဆင်ခိုင်းသည်။ ထိုသို့ လုပ်ရန် ခွင့်ပြုမပြုကို မသိသော်ငြား အကုန်လုံးသည် အတူတူပင် လုပ်နေကြသည်။ အကယ်၍ အကုန်လုံး အတူတူ ထိုအရာကို လုပ်ပါက သူတို့အနေဖြင့် ပြဿနာ တက်မည် မဟုတ်ပေ။ ထပ်ပြောရပါက ဖုန်းယွီသည်လည်း သူကိုယ်တိုင် ထိုပွဲတွင် အာဏာ အချို့ ရှိသည်ကို ပြောထားသည်။ ဖုန်းယွီသည် ထိုသို့ ပြောသည့်အတွက် သူတို့အနေဖြင့် ဒုက္ခတွေ့မည် မဟုတ် အဆင်ပြေပြေ ဖြစ်မည်ပင်။ ဖုန်းယွီသည် သူတို့ကို လိမ်ညာခြင်း မရှိပေ။

သို့သော် ဖုန်းယွီ အကြံပေးသည့် ဆောင်ပုဒ်များကို အသုံးပြုရန် ငြင်းဆိုကြသည်။ ဘယ်လို ဆောင်ပုဒ်မျိုးလဲ။ ဘင်းမြို့တော် လေကြောင်းထုတ်လုပ်တဲ့ ကုမ္ပဏီ ကောင်းကင်ကိုထိ ရောက်အောင် ပျံသန်းလိုက်မယ်။ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ကုမ္ပစီ တိမ်တွေကြားမှာ ပျံသန်းမယ်။ ဘင်းမြို့တော် စက်ပစ္စည်းကုမ္ပဏီ ဂျင်နရေတာတွင် နံပါတ်တစ်။

ထိုဆောင်ပုဒ်များသည် ကလေးသီချင်းများနှင့် ပိုဆင်တူပေ၏။ ပြီးနောက် ယင်းက အလွန်ပင် ကွဲပြားနေသည်။ သူတို့အနေဖြင့် ထိုဆောင်ပုဒ်မျိုးကို မည်သို့ ဆိုရဲမည်နည်း။ တီဗွီတွင် ထုတ်လွှင်သည့်အခါ အခြားကုမ္ပဏီများက သူတို့ကို ရယ်ကြမည် ဖြစ်သည်။

ဖုန်းယွီသည် သက်ပြင်းချလိုက်ပြီး သူတို့ လုပ်ချင်သလိုသာ လုပ်ခွင့် ပေးလိုက်သည်။ ထိုလူများ မသိကြသည်ကား ထိုဆောင်ပုဒ်များသည် ရိုးရိုးရှင်းရှင်း ဖြစ်သကဲ့သို့ လွယ်လွယ်ကူကူဖြင့် မှတ်မိနိုင်ပေသည်။ ယင်းနည်းလမ်းဖြင့် လူများသည် မှတ်မိလာကာ ပြန့်သွားမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ။ ထိုစက်ရုံ နှစ်ရုံသည် နိုင်ငံပိုင်လုပ်ငန်းများ ဖြစ်ကြသည်။ သူတို့ လစာနှင့် ပတ်သက်ပြီး စိတ်ပူစရာ မလိုပေ။ သူတို့နှစ်ယောက်သား ဖုန်းယွီပေးသည့် အကြံပေးချက်ကို လက်မခံချင်တော့ ဖြစ်ချင်သည့်အတိုင်းသာ ဖြစ်စေတော့မည်။ ဘာပဲ ဖြစ်ဖြစ် ငါ့ကုမ္ပဏီကတော့ ဒီဆောင်ပုဒ်တွေကို အသုံးပြုပြီးတော့ တစ်နိုင်ငံလုံး မှတ်မိအောင် လုပ်မယ်။

...

“ပထမ စီးပွားရေး အကျိုးပြုဆုပေးပွဲ ကျန်းမာရေးဆုအမျိုးအစား ဆန်ကာတင်စာရင်းကတော့ ဟန်ကျိုးရဲ့ လဲ့ဟဟ ကုမ္ပဏီ။”

“လဲ့ဟဟကို သောက်။ ညစာက ပိုပြီး အရသာ ရှိလာလိမ့်မယ်။”

ပရောဂျက်တာလသည် လဲ့ဟဟ၏ ဗီဒီယို အတိုကို ပြသ၏။ ကလေးငယ် အုပ်စု တစ်စုက လဲ့ဟဟ တစ်ဘူးဆီ ကိုင်ထားပြီး သူတို့၏ ဆောင်ပုဒ်ကို အတူတူ ရွတ်ဆိုနေကြသည်။

ကင်မရာသည် ပရိသတ်ဖက်ကို လှည့်သည့်အခါ လဲ့ဟဟ၏ ဝန်ထမ်းများ အားလုံးက တစ်... နှစ်....သုံး မတ်တပ်ရပ်။ သူတို့သည် ကြီးမားသည့် ဖြတ်ထားသည့် ကာတွန်းပုံကို ကိုင်လိုက်ကြသည်။ ထိုကာတွန်းပုဲသည် သူတို့ အမှတ်တံဆိပ်၏ လာဘ်ကောင် ဖြစ်သည်။

ရွှီယီဖန်သည် အလုပ်သမားများ သူတို့၏ ဆောင်ပုဒ် “လဲ့ဟဟကို သောက်။ညစာ ပိုစားကောင်းလာလိမ့်မယ်”ကို သူ့နားကြပ်မှ ကြားသည့်အခါ သူ ဒေါသထွက်သွားကာ စိတ်တိုတိုနှင့် ကြမ်းပြင်ပေါ်ကို နားကြပ်ကို ကောက်ပေါက်လိုက်တော့သည်။

ဘယ်လိုလုပ် လဲ့ဟဟကလည်း ဒီလို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေမှာ ဝင်ပါရတာလဲ။ ဒါက တောင်းပိုင်းက ကုမ္ပဏီမာလး။ ဘာလို့ ဖုန်းယွီလို လိုက်လုပ်ရတာလဲ။ ဘာလို့ ဖုန်းယွီရဲ့ ကုမ္ပဏီအတိုင်း လိုက်ကူးကြတာလဲ။

ရွှီယီဖန်အတွေးတွင် အရှေ့မြောက်ပိုင်း ကုမ္ပဏီများ မရှိတော့သည့်အတွက် ယခင် ဖြစ်ရပ်များကဲ့သို့ အဖြစ်အပျက်များ မရှိတော့ဟု တွေးမိသည်။ သို့သော် လဲ့ဟဟလုပ်သည်ကား ကာတွန်းပုံ အကြီးကြီး ဖြစ်သည်။ သူတို့သည် ထိုပွဲမတိုင်ခင်ကတည်းက ပြင်ဆင်ထားခဲ့သည်လော။

ရွှီယီဖန်သည် ရူးသွားတော့သည်။ သူ့အနေဖြင့် အထက်အရာရှိများက သူ့ကို အပြစ်မပေးလျှင်တောင် နောက်နှစ် အစီအစဉ်များတွင် ဝင်ပါတော့မည် မဟုတ်တော့ပေ။

တရုတ်နိုင်ငံ၏ ထိပ်တန်း ဒါရိုက်တာ တစ်ယောက်နှင့် ယခု ဆုပေးပွဲ၏ ဒါရိုက်တာချုပ်တို့သည် ဒေါသ ထွက်လွန်းကာ လဲပြိုသွားတော့၏။

All Chapters