အခန်း (၃၅၉)
Vol. 24 Ch. 359
ဆုချီးမြင့်ပွဲ အစီအစဉ်သည် ပြီးဆုံးသွားပြီ ဖြစ်သည်။ ပြီးနောက် ပရိသတ်များသည်လည်း ဖြည်းဖြည်းချင်းထကာ ပြန်ထွက်သွားတော့၏။ သူတို့လက်များသည်လည်း လက်ခုပ်တီးရလွန်းသည့်အတွက် ကိုက်ခဲနေကြပြီ ဖြစ်သည်။ သို့သော် သူတို့သည် ဆက်ပြီးတော့ လက်ခုပ် တီးချင်နေသေး၏။ သူတို့သည် ယခုပွဲကို အမှန်ပင် နှစ်သက်ပေ၏။ ဖျော်ဖြေတင်ဆက်သူများသည် ထိပ်တန်း အနုပညာရှင်များ ဖြစ်ကြသည်။ ပြီးနောက် ယင်းပွဲသည် ဆုပေးပွဲ ဖြစ်သည်။ သူတို့ ကုမ္ပဏီများသည်လည်း အားထုတ်ကြိုးပမ်းမှုများအတွက် အသိအမှတ်ပြုမှု ရရှိကြသည်။ ထိုအပြင် သူတို့ကို ကင်မရာများကလည်း ရိုက်ကူးလိုက်သေး၏။
ရွှီယီဖန်သည် ပရိသတ်များဆီမှ လက်ခုပ်တီးသံ ကြားသည့်အခါမှ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ယနေ့ညဆုပေးပွဲသည် အောင်မြင်သည့်ပုံပေါ်၏။ လက်ခုပ်သံများက တရုတ်နှစ်သစ်ကူးပွဲထက်တောင် ပိုမြိုင်နေသလိုပင်။
သို့သော် ရွှီယီဖန်သည် မော်နီတာကို ကြည့်လိုက်သည့်အခါ သူ သတိလစ်လုနီးပါး ဖြစ်သွားသည်။ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ သူတို့တွေ ဘာလို့ လက်ကိုင်ပိုစတာကို ကိုင်နေကြသေးတာလဲ။ သူတို့ ဘာလုပ်ကြမလို့လဲ။
ဖုန်းယွီနှင့် သူ့သူငယ်ချင်းများသည် ဝင်ပေါက် အပြင်ဖက်တွင် ထိုင်နေကြကာ သူ့မိဘများကို စောင့်ဆိုင်နေကြသည်။
“အဖေနဲ့ အမေ အောင်ပွဲခံဖို့အတွက် သွားကြရအောင်။”
ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် သူ့သားသည် သူ့သူငယ်ချင်းများနှင့် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူတို့ သတိထားမိသည်ကား ဖုန်းယွီနှင့် သူ့သူငယ်ချင်းများ၏ အနေအထား ဖြစ်သည်။ သူတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့ တစ်ခုခု မှားနေမှန်း သိပေသည်။
ဖုန်းယွီနှင့်အတူ သူငယ်ချင်း ငါးယောက် ရှိနေခြင်း ဖြ်စသည်။ ဖုန်းယွီအနေဖြင့် လျိုခွင်သည် ကောင်မလေး ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
ဟန်.... လျိုခွင်ရဲ့ ကောင်မလေးက သူ့ကျောင်းမှာ အတော်ဆုံး ကျောင်းသူပဲ ဖြစ်ရမယ်။ သူတို့ နှစ်ယောက်လုံးသည် သူတို့ကျောင်းရှိ သင်္ချာဝါသနာရှင် ကလပ် တစ်ခုတွင် တွေ့ခဲ့ကြပြီး သူတို့ နှစ်ယောက်သားသည် အရှေ့မြောက်ပိုင်းမှ ဖြစ်ကြောင်းသိရှိသွားခဲ့သည်။ ထို့နောက် သူတို့ နှစ်ယောက်လုံးသည် ခက်ခဲသည့် သင်္ချာပုဒ်စာကို အတူတူ ငြင်းခုံ တွက်ကျရင်း အဖြေကို ရရှိခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သား ပြေလည်သွားခဲ့ကြသည်။ သူတို့သည် မတူညီသည့် နည်းလမ်းကို အသုံးပြုကာ ဖြေရှင်းခဲ့ကြခြင်း ဖြစ်သည်။
ထိုအတိုင်းပင် ထိုထိပ်တန်းမိန်းကလေး သူငယ်ချင်းသည် လျိုခွင်နှင့်အတူ စာကြည့်တိုင် အတူတူသွားကြသည်။ နောက်ဆုံးတွင် သူတို့ နှစ်ယောက်သား ချစ်မိသွားကြ၏။ ဉ
ဖုန်းယွီသည် ထိုအကြောင်းကို သိသည့်အခါ သူ့မေးရိုးများ ပြုတ်ကျလုမတက်ပင်။ သင်္ချာဝါသနာရှင် ကလပ်လား။ ဘလိုကြီးလဲ။ သင်္ချာပုဒ်စာ တစ်ပုဒ်ကို အတူတူ ဖြေရှင်းကြတာလား။ ဖုန်းယွီအနေဖြင့် သက်ပြင်းချရုံသာ ရှီသည်။ သူ့အနေဖြင့် ကမ္ဘာ့ထိပ်တန်း ကျောင်းသားများကို ဘယ်လိုမှ နှိုင်းမယှဉ်နိုင်ပေ။
ထို့ကြောင့် ၃စုံတွဲက ဆုချီးမြင့်ပွဲ အခမ်းအနားကို အတူတကွ ကြည့်ရှုကြသည်။ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွ သူတို့ကို မြင်သည့်အခါ ချက်ခြင်းပင် ဖုန်းယွီနှင့် လီနသည် တွဲနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
....
သိုးသားဟော့ပေါ့ဆိုင်တွင် သူတို့ အားလုံး ထိုင်လိုက်ပြီးနောက် အစားအသော်များစွာ မှာလိုက်၏။
ပုံမှန်အတိုင်း ဆယ်ကမ္ဘာလောက် အစားမစားရသည့် လူအတိုင်း ဝမ်တုန့်ကျွင်းသည် စစားတော့သည်။ အကြောင်းမှာ သူသည် ဖုန်းယွီ၏ မိဘများနှင့်လည်း သိသည့်အတွက် ဖြစ်သည်။ သူသည် ဖုန်းယွီ၏ အိမ်တွင် ညစာ ကြိမ်ဖန်များစွာ စားဖူးသည်။ ပြီးနောက် ကျန်းမူဟွက သူ့ကို အစားစားချင်စိတ်ရှိသည့်အတွက် အမြဲ ချီးကျူး၏။
ဖုန်းရှင်းထိုက်သည် ချက်ခြင်းဆိုသလို လီနနှင့် ဖုန်းယွီသည်လည်း အထက်တန်းကျောင်း တစ်ကျောင်းတည်း ဖြစ်သည်ကို အမှတ်ရမိလိုက်သည်။ သူတို့သည် အားလပ်ရပ်များတွင် ဒေသကို အတူတူ ပြန်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် သူသည် တစ်ခုခု မှားယွင်းနေသလို ခံစားမိသည်။
အထူးသဖြင့် ယနေ့တွင် ဖုန်းရှင်းထိုက်သည် ဝူကျီကန်းနှင့် ကျန်သည့်သူများနှင့်အတူ ဘေကျင်းကို ရောက်လာခဲ့သည်။ ဖုန်းယွီသည် ဘေကျင်းတွင် တိုက်ခန်းတစ်ခန်း ဝယ်ထားသည်။ သို့သော် သူ့မိဘများ နေရေးအတွက် ဟိုတယ်တွင် စီစဉ်ခဲ့သည်။ ဘယ်အတွက် ဖုန်းယွီသည် သူ့မိဘများကို တိုက်ခန်းကို မခေါ်သနည်း။
ဖုန်းယွီအနေဖြင့် လျို့ဝှက်ထားသည့်အရာ တစ်ခုခု ရှိပေမည်။
“လီန သမီးက ဘယ်ကျောင်းတက်နေတာလဲ။”
ဖုန်းရှင်းထိုက်က မေးလိုက်သည်။
“သမီးက အခု ဘေကျင်းပညာရေး တက္ကသိုလ်မှာ ကျောင်းတက်နေတာပါ။ အင်္ဂလိပ်စာ သင်နေပါတယ်။”
လီနက ပြန်လည် ဖြေကြသည့်အခါ ရှက်သွေးဖြာနေ၏။
သူထိုသို့ခံစားချက်မျိုး ရဖူးသည်ဟု ခံစားမိနေနေသည်။ ယခုအကြိမ်သည် ဖုန်းယွီ၏ မိဘများနှင့် အတူစားတာ ပထမဆုံးကြိမ် ဖြစ်သည်။ သူ့အတွက်လွယ်ကူမည် မဟုတ်ပေ။ ယခုစားပွဲကို သူ့ ယောက္ခမလောင်းများနှင့် တွေ့ဆုံခြင်းဟု စဉ်းစား၍ ရနိုင်မည်လော။
လီနသည် အေရွန်ကော့နှင့် ယနေ့မတိုင်မီက တွေ့ခဲ့သည်။ ဖုန်းယွီသည် သူမကို စင်နောက်ကို ခေါ်သွားပြီး သူ့မ၏ အိုင်ဒေါနှင့်အတူ အတူတူ ဓာတ်ပုံရိုက်စေသည်။ သူမသည် တစ်နေ့လုံး စိတ်လှုပ်ရှားနေသည်။ သို့သော် ယခုလက်ရှိတွင် သူမသည် ကြောက်ရွံ့ပြီး ပြာယာခက်နေ၏။
“ဒါဆိုရင် သမီးက နောက်ကျ ဆရာမတစ်ယောက် ဖြစ်လာမှာပေါ့။ ဆရာမက အရမ်းကောင်းတယ်။ ဆရာမတွေကပဲ ကလေးတွေကို ကောင်းကောင်းပညာပေးနိုင်တာ”
ဖုန်းရှင်းထိုက်က ပြုံးလျက်သား ပြောလိုက်၏။
ဘေကျင်းပညာရေးတက္ကသိုလ်။ လီနနှင့် ဖုန်းယွီသည် ကျောင်းအတူတူ မဟုတ်ပေ။ ဖုန်းယွီသည် သူ့ကို ဆုပေးပွဲ အခမ်းအနားကို ခေါ်ခဲ့သည်။ သူတို့ နှစ်ယောက်ကြား တစ်ခုခု ရှိရမည်ပင်။
ကျန်းမူဟွသည် သူ့ခင်ပွန်းကို ဆွဲစိတ်လိုက်သည်။ ရှင်ဘာတွေ ပြောနေတာလဲ။ ကလေးတွေကို ဘာပညာပေးရမှာလဲ။ ရှင်မေးခွန်းလေးတောင် မမေးတက်ဘူးလား။
“လီန သမီးရဲ့ မိဘတွေက ဘယ်သူတွေလဲ။ နောင်ကျ သမီး ဘာလုပ်ဖို့ စီစဉ်ထားလဲ။”
ကျန်းမူဟွက ဆက်မေးလိုက်သည်။
ဖုန်းယွီသည် ချောင်းဟွတ်လိုက်သည်။ ဝမ်တုန့်ကျွင်းသည်လည်း ဆိတ်သားဟင်းကို တစ်ပန်းကန်လုံး သွပ်နေသည်။ သူတစ်ယောက်တည်းနှင့် ဆိတ်သားဟင်းပွဲကြီး လေးပွဲ ကုန်သွားပြီ ဖြစ်သည်။
ဒီဆုပေးပွဲခင် မတိုင်ခင်က မင်းကို ဘာပြောခဲ့သလဲ။ မင်းငါ့ကို ဘာကတိပေးခဲ့လဲ။ မင်းအခု လုပ်နေတာတွေ အကုန်က စားဖို့ စားဖို့ကြီးပဲ။”
ဝမ်တုန့်ကျွင်းသည် ဖုန်းယွီသူ့ခြေထောက်ကို နင်းသည့်အခါ သူ့အစားအစာကို နှစ်ခြိုက်စွာ စားနေ၏။ သူသည် အောင်မည့်တော့မည်ပင်။ သူသည် ဖုန်းယွီ၏ စိတ်ဆိုးသည့် ပုံကို ကြည့်သည့်အခါ သူ့အစောပိုင်းက ဖုန်းယွီကို ကတိပေးထားသည့် အရာအား သတိရသွားသည်။
ဝမ်တုန့်ကျွင်းသည် ဖုန်းယွီကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်ပြီးနောက် မတ်တပ်ထလိုက်ကာ
“ဦးလေးဖုန်း။ ဦးလေး ဘာတွေ စားနေတာလဲ။ ဘာလို့ ဆိတ်သားမစားတာလဲ။ ဆိတ်သား မကြိုက်ဘူးလား။ ဦးလေး မကြိုက်ရင် ဦးလေးရှေ့က ပန်းကန်ကို ကျွန်တော်ကို ပေးလေ။”
ဖုန်းယွီသည် ခေါင်းငုံ့လိုက်ကာ သူ့မျက်နှာကို လက်ဖြင့် ကာရင်း ချီး မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား။
ကျန်းမူဟွသည် အံ့အားသင့်နေ၏။ သူမက ဝမ်တုန့်ကျွင်း၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူတို့ မိသားစုသည် အချင်းချင်း ရင်းနှီးသော်ငြား ယခုအပြုအမူသည် အလွန်ရိုင်းသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ ထို့အပြင် လျိုခွင်၏ ကောင်မလေးသည်လည်း သူတို့နှင့် ပထမဆုံးအကြိမ် တွေ့ဖြူးခြင်း ဖြစ်သည်။ ယင်းက အလွန်ပင် ရှက်စရာပင်။
ဖုန်းရှင်းထိုက်သည် လီနကို မေးခွန်းများ ဆက်မေးနေသည်။ ဝမ်တုန့်ကျွင်း ပြောသည်ကို ကြားသည့်အခါ သူ့ရှေ့ရှိ ဆိတ်သားပန်းကန်ပြားကို ကြည့်လိုက်ပြီးနောက် ဝမ်တုန့်ကျွင်းရှေ့ရှိ ပန်းကန်အလွတ်များကို ကြည့်လိုက်သည်။ သူက အင်တင်တင်ဖြင့် သူ့ရှေ့ရှိ ဆိတ်သားပန်ကန်ကို ဝမ်တုန့်ကျွင်းကို ပေးလိုက်သည်။ ဝမ်မိသားစုရဲ့ ကောင်စုတ်လေးက တော်တော်ကို စားနိုင်သား။ ဘာလို့ ဒီလောက်အထိ အရပ်ရှည်ပြီး သန်မာနေလဲဆိုတာ မအံ့ဩစရာ မရှိဘူး။
ဖုန်းရှင်းထိုက်သည် လီနဖက်သို့ လှည့်လိုက်ကာ မေးခွန်း မေးမည့်ဆဲဆဲတွင် ဝမ်တုန့်ကျွင်းက ထရပ်လိုက်ပြန်ကာ
“အန်တီကျန်း အန်တီ ဖရဲသီးပန်ကန်ကို လှမ်းပေးလို့ ရမလား။”
နောက်ထပ် ငါးမိနစ်ဆက်တိုက် လူတိုင်းက ဖုန်းယွီ၏ မိဘများက ဝမ်တုန့်ကျွင်းနှင့် ပန်းကန် အလဲအလှယ် လုပ်နေသည်ကို ကြည့်နေကြသည်။ ဝမ်တုန့်ကျွင်း၏ စားနှုန်းသည် တစ်ပန်ကန်ပြီး တစ်ပန်ကာ လက်မလည်နိုင်ပင် ဖြစ်သည်။ သူသည် တော်တော်လေး စားနိုင်သည်ပင်။
ဟော့ပေါ့စားသောက်ဆိုင် ဖြစ်သော်ငြား ပါဝင်သည်ကားမများပေ။ အရည်အသွေးက အတော်လေး ကောင်းမွန်၏။ ဝမ်တုန့်ကျွင်းသည် သူ ဖုန်းရှင်းထိုက်ရှေ့ရှိ ပန်ကန်များများ မမေးခင် သူသည် တော်တော် စားပြီးပြီ ဖြစ်သည်။ သူ့အနေဖြင့် အရာအားလုံးကို အပြတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
ဝမ်တုန့်ကျွင်းသည် ခုနှစ်ကြိမ်မြှောက် မတ်တပ်ထရပ်လိုက်သည့်အခါ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွသည် အချင်းချင်း ကြည့်လိုက်ကြသည်။ ဝမ်တုန့်ကျွင်းက ဘာလုပ်နေတာလဲ။ သူတို့ ရှေ့ရှိ ပန်းကန်ထဲတွင် ဂေါ်ဖီထုတ်သာ ကျန်တော့၏။ ဝမ်တုန့်ကျွင်းအနေဖြင့် အကုန်လုံးကို သယ်သွားချင်သည်လော။ သူတို့ နှစ်ယောက်လုံးက အခုမှ စစားတော့မည် ရှိနေသေး၏။
ဝမ်တုန့်ကျွင်းက ရုတ်တရက် ထအော်လိုက်ကာ
“အာ... ရှောင်ယွီ။ ဒီစားသောက်ဆိုင်က ပိတ်တော့မှာ မလား။ ဦးလေးဖုန်း အန်တီကျန်း နှစ်ယောက်လုံး ဗိုက်ဝပြီမလား။”
ဖုန်းရှင်းထိုက်သည် သွေးများ ဆောင့်တက်တော့မည့် အလားပင်။ ဝမ်တုန့်ကျွင်း သူ့ရှေ့ရှိ ပန်ကန်များကို မတောင်းခင်က သူသည် ဆိတ်သားတစ်ဖက်သာ စားရသေးသည်။
ဖုန်းယွီသည် ဝမ်တုန့်ကျွင်းက သိုသိုဝှက်ဝှက်ဖြင့် လက်မပေးလိုက်သည်။ တော်တယ် တကယ်တော်တယ်။ သူ့မိဘများသည် လီနကို မေးခွန်း မေးခွင့် မေးရန်အခွင့်အရေး မရတော့ပေ။
“စားပွဲထိုး ဒီကို နောက်ထပ် ဆိတ်သားဟင်းပွဲ လေးပွဲနဲ့ ဖရဲသီး၊ ခေါက်ဆွဲ မှို.... တွေကို ချပေးပါ”
ဖုန်းယွီက အော်လိုက်သည်။
“အဖေအမေ။ အရင်စားပါ။ ကျွန်တော်တို့ နောက်မှ ပြောကြမယ်လေ”
ဟင်းပွဲများ အကုန် သုံးဆောင်ပြီးသည့်အခါ ဝမ်တုန့်ကျွင်းသည် ဗိုက်ပြည့်သွားပြီ ဖြစ်သည်။ အခြားသူများအတွက် ပြုတ်ပေးတော့သည်။ သူသည် စတင် ပြုတ်ပြီး ဟော့ပေါ့အိုးထဲရှိ အစားအသောက်များကို အခြားသူများထဲ တည့်ပေး၏။ သူ အဓိက ထည့်ပေးသည်မှာ ဖုန်းရှင်းထိုက်နှင့် ကျန်းမူဟွ ဖြစ်သည်။ သူသည် သူတို့ စကားပြောသည်ကို ဟန့်ရန်အတွက် အဆက်မပြတ် ထည့်ပေးနေခြင်း ဖြစ်သည်။
ထိုနည်းလမ်းက ထိရောက်မှု ရှိ၏။ ဝမ်တုန့်ကျွင်းသည် ဖုန်းယွီ၏ မိဘများကို လီနကို မေးခွန်းမေးခြင်းမှ အောင်အောင်မြင်မြင် တားနိုင်ခဲ့သည်။
“တက္ကစီ ရောက်လာပြီ။ တုန့်ကျွင်း အဖေနဲ့ အမေကို ဟိုတယ်ကို လိုက်ပို့ပေးလိုက်ပါဦး။ ငါလည်း မင်းအတွက် တစ်ခန်း ဘိုကင်လုပ်ထားတယ်။ ငါ လျိုခွင်နဲ့ ကျန်တဲ့သူတွေကို ကျောင်းကို လိုက်ပို့လိုက်ဦးမယ်။ အဖေနဲ့ အမေ မနက်ဖြန် မှ တွေ့မယ်နော်။ ကောင်းကောင်း အနားယူပါ။”
ဖုန်းယွီသည် သူ့မိဘများကို ပြန်ပို့သည်သာမက ဝမ်တုန့်ကျွင်းကိုလည်း ကူညီပေးသေး၏။ ငါက မင်းအတွက် အခွင့်အရေး လုပ်ပေးထားတယ်နော်။ ကျန်တာကတော့ မင်းအပိုင်းပဲ။