အခန်း (၃၆၁)
Vol. 25 Ch. 361
“ထတော့ ထတော့ ၇နာရီတောင် ထိုးတော့မယ ်”
ထျန်လေ့က အခန်း၏ အလယ်မှ နေ၍ အော်လိုက်သည်။
ယနေ့သည် သူတို့အတွက် အရေးပါသည့် နေ့တစ်နေ့ ဖြစ်သည်။ သူတို့သည် နှစ်သစ်ကူးကို ဂုဏ်ပြုရန် သွားမည် မဟုတ်ပေ။ ဖုန်းယွီသည် သူတို့ကို ဘေကျင်းပညာရေးတက္ကသိုလ်မှ ကျောင်းသူများနှင့် စုဝေးပွဲ တစ်ခုလုပ်ရန်အတွက် ကူညီပြီး စီစဉ်ပေးထားခြင်း ဖြစ်သည်။
ဖုန်းယွီမှ လွဲပြီး ကျန်သည့် အခန်းဖော်များ အကုန်လုံးသည် လူလွတ်များ ဖြစ်သည်။ ထျန်လေ့တောင် ရည်းစားကောင်မလေး မရှိသေးပေ။
“မြန်မြန်လုပ် မျက်နှာသစ်ပြီး မနက်စာ သွားစားရအောင်။ ငါတို့တွေ ဒီနေ့ နောက်ကျလို့တော့ မဖြစ်ဘူး။ ငါတို့တွေ အကုန်လုံး လောင်စစ်ထံကနေ သင်ယူကြရမယ်။ (သူတို့ အခန်းတွင် လေးယောက်မြှောက် အသက်ကြီးသည့်သူ ဖြစ်သည့် ဖုန်းယွီကို ရည်ညွှန်းခြင်း ဖြစ်သည်။ သူတို့သည် အသက်အရွယ်အလိုက် နာမည် တပ်ခေါ်ကြခြင်း ဖြစ်သည်။။ ငါတို့တွေ စောစော ကောင်မလေး ရမှ ရမယ်။ ငါတို့တွေ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အထိ ရည်းစားမရှိတာကတော့ မဖြစ်သင့်ဘူး။”
ထျန်လေ့က အပြေးပြိုင်ပွဲတွင် အားပေးသည့်ပမာ အော်လိုကသ်ည်။
အံ့အားသင့်စွာပင် ထျန်လေ့၏ နည်းလမ်းသည် အလွန် အသုံးဝင်ပေသည်။ သူတို့ အကုန်လုံးသည် အိပ်ရာမှ မြန်မြန်ထကာ ရေချိုးခန်းကို ပြေးသွားတော့သည်။
လူအလွန်များသည့်အတွက်ကြောင့် ဖုန်းယွီသည် ကားမမောင်းပေ။ သူသည် ဘက်စ်ကားတစ်စီးကို ခေါ်လိုက်ကာ ကျန်သည့် သူများနှင့်အတူ တိရစ္ဆာန်ရုံကိုသွား၏။ သူတို့သည် ဝင်ပေါက်တွင် ဆယ်မိနစ်ခန့် စောင့်ပြီးနောက် အလွန် ချောမောလှပသည့် မိန်းမပျို ၈ဦး သူတို့ဆီ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ဖုန်းယွီနှင့် သူ့အခန်းဖော်များသာမက ဖြတ်သွားသည့် သူများကလည်း ချစ်စရာကောင်းသည့် မိန်းမပျိုများကို ငေးကြည့်မိသည်။
“ငါ မိတ်ဆက်ပေးမယ်။ ဒါက ငါတို့ အခန်းရဲ့ အကြီးဆုံး အကိုကြီး။ သူက ငါတို့အတန်းရဲ့ အတန်းခေါင်းဆောင်ပဲ။ သူက ထျန်လေ့ ဘေကျင်းကပါ။...”
ဖုန်းယွီသည့် သူ့အခန်းဖော်များ အထူးသဖြင့် ထျန်လေ့ကို ကြည့်လိုက်သည့်အခါ ပြောစရာ စကားမဲ့သွားသည်။ သူသည် ဒီကို မလာခင်က စိတ်အတက်ကြွဆုံး ဖြစ်သည်။ သို့သော် ယခုတွင် သူသည် ထိန်းမိန်းမပျိုလေးများကိုတောင် လက်ဆွဲ နှုတ်မဆက်ရဲပေ။ သူရဲဘောကြောင်ကောင်
“ငါ လက်မှတ်တွေ ဝယ်ပြီးသွားပြီ။ အထဲဝင်ရအောင်။ ပျော်ကြမယ်နော်”
ဖုန်းယွီက သူ့လက်ထဲမှ လက်မှတ်အထုတ်လိုက်ကို ယမ်းပြလိုက်သည်။ သူတို့သည် အချိန်အတော်ကြာ ဝင်ပေါက်တွင် မတ်တပ် ရပ်နေကြခြင်း ဖြစ်သည်။
ဖုန်းယွီနှင့်် လီနသည် လက်ခြင်းချိတ်ကာ အတူတူ လမ်းလျှောက်သွားသည်။ သူတို့ နှစ်ယောက်လုံးက ခိုးခိုးပြီး ကျန်သည့် သူများကို ကြည့်နေကြသည်။ သူတို့ သူငယ်ချင်းများက ဆန့်ကျင့်သည့် လိင်ဘက်နှင့် ထိတွေ့ နိုင်မနိုင်ဆိုသည်ကို သိချင်နေကြသည်။
ဖုန်းယွီက ခေါင်းခါလိုက်သည်။ ဘာလို့ သူတို့ အကုန်လုံး တည်တည်ကြီး နေနေကြတာလဲ။ ဒါက စုဝေးပွဲ တစ်ခုလေ ပြီးတော့ သူငယ်ချင်း မိတ်ဆွေတွေ အများကြီး ရမှာကို။ သူ့အခန်းဖော်များ အားလုံးက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သင့်ပေသည်။ ဘေကျင်းတွင် တက္ကသိုလ် ကျောင်းသူ များစွာ ရှိသော်လည်း ထိုကျောင်းသူများသည် ဘေကျင်းပညာရေး တက္ကသိုလ်ရှိ ကျောင်းနိုင််များနှင့် ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း။ သူတို့ အတန်းရှိ အလှဆုံး မိန်းကလေးတောင် လီနတို့ အဆောင်ရှိ ရုပ်အဆိုးဆုံး မိန်းကလေးနှင့် မယှဉ်နိုင်ပေ။
“အို ကြည့်လိုက်။ ငန်းတစ်ကောင်။ ဒီလောက် နီးနီးကပ်ကပ်နဲ့ မြင်ရတာ ပထမဆုံးပဲ။”
မိန်းကလေး ထဲမှ တစ်ယောက်က အော်လိုက်သည်။
ထျန်လေ့သည် လျှောက်လှမ်းလာပြီးနောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ငန်းဆိုတာက ငှက်မျိုးစိတ်ထဲက တစ်ခုပဲ။ ရေကူးနိုင်တဲ့ ငှက်မျိုးထဲက တစ်ခုပေါ့။ သူတို့တွေက ရေကန်အနီးနားနဲ့ ရွံ့ပွက်အိုင်တွေမှာ နေကြတယ်။ သူတို့ရဲ့ အစားအစာက ရေမှော်တွေ။ ငန်းတွေက သူတို့ဘဝမှာ လက်တွဲဖော် တစ်ယောက်ပဲ ထားကြတယ်။ ငါ ကြားဖူးတာတော့ သူတို့ရဲ့ လက်တွဲဖော် သေသွားရင် အခြားလက်တွဲဖော် ငန်းကလည်း သေတယ်တဲ့။”
“တကယ်ကြီးလား။ ရှင်က တော်တော်လေး ဗဟုသုတ ကြွယ်ဝတာပဲ။ ဘေကျင်းတက္ကသိုလ်ရဲ့ ကျောင်းသား ဖြစ်တာ မအံ့ဩစရာ မရှိပါဘူး”
မိန်းကလေး၏ မျက်လုံးများက တောက်ပသွားသည်။
ဖုန်းယွီက အံ့အားသ်င့နေသည်။ ချီး ထျန်လေ့က တကယ်ကောင်ပဲ။ သူက ငန်းအကြောင်းကို သိတာလား။ သူ ဒီကို မလာခင် အသေကျက်ထားတာပဲ ဖြစ်ရမယ်။ ဒါက သူ ဗဟုသုတကြွယ်ဝကြောင်းကို ပြချင်နေတာပဲ။”
ထျန်လေ့က အောင်မြင်သည်ဟု ပြောချင်သည့်အတွက် တိတ်တဆိတ် သူ လက်သီး တစ်ချက် ဆုပ်ပြလိုက်သည်။ သူသည် တစ်နေ့တွင် သတ္တဗေဒ မော်ကျူးသည် တစ်နေ့တွင် သူ့အတွက် အရေးပါလာမည်အကြောင်း သိသည်။ ကြည့်ရှုခြင်းက ကူညီပေးသည်။
ထျန်လေ့သည် ထိုမိန်းကလေးနား တိုးသွားသည်။ သူသည် သူ့ပစ်မှတ်ကို တွေ့ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက် အတွဲ ညီမညီ ကြည့်ရန်သာ ရှီတော့သည်။
အခြားသော လူပျိုလေးများသည်လည်း အချင်းချင်း ကြည့်လိုက်ကြသည်။ ဒါကို ဗဟုသုတ ရှိတယ်လို့ တွေးလို့ ရနိုင်တာလား။ သူတို့တွေလည်း ဘေကျင်းတက္ကသိုလ်မှ ဖြစ်သည်။ မင်းအနေနဲ့ အဆင့်အကြောင်း ပြောမယ်ဆိုရင် ထျန်လေ့က ငါတို့ကြားထဲမှာ အဆင့်အနိမ့်ဆုံးပဲ။
ကျန်တဲ့သူများသည်လည်း သူတို့ ဗဟုသုတများကို စတင် ထုတ်ပြတော့သည်။ နက္ခတာရာ၊ သမိုင်းကြောင်း အစရှိသဖြင့် ဖြစ်သည်။ သူတို့သည် မိန်းကလေးများထံမှ စိတ်ဝင်စားမှု ရရန်အတွက် သူတို့သိသည့် အရာအကုန်လုံးနှင့် လေထွားနေကြတော့သည်။
ဖုန်းယွီသည် ခေါင်းညိတ်လိုက်သည်။ ယင်းက မှန်ပေသည်။ မိန်းကလေး တစ်ယောက်ကို သိချင်တယ်ဆိုရင် ဘာလို့ ရှက်နေရမှာလဲ။ ပညာရှင်တွေကလည်း သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ဖို့ လိုတယ်။
လီနသည် သူမ ပါးစပ်ကိုကာရင်း တခစ်ခစ် ရယ်မောလိုက်ကာ
“ရှင့်အတန်းဖော်တွေက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ သူတို့ စကားပြောတဲ့အခါ သာမန် ကိုးကားချက်တွေကိုတောင် အသုံးပြုကြတယ်။ ဒါပေမဲ့ သူတို့တွေ အကုန်လုံးက ဗဟုသုတ အရမ်းရှိကြတယ်။”
ဖုန်းယွီက သူတို့နှင့် မလှမ်းမကမ်းရှိ ဒေါင်းကို လက်ညှိုးထိုးလိုက်ကာ
“မင်းသိလား။ သူတို့တွေ အကုန်လုံးက အဲ့ ဒေါင်းလိုမျိုးပဲ။ သူတို့တွေက ဆန့်ကျင်ဖက်လိင်ရဲ့ စိတ်ဝင်စားမှုကို ရဖို့အတွက် သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြကြတယ်။ တကယ်တော့ ငါက သူတို့ထဲမှာ အကျွမ်းကျင်ဆုံးသူပဲ။ ဒါပေမဲ့ ကိုယ်က နိမ့်နိမ့်ချချ နေတယ်လေ။”
“ရ...ရ...ရ.... ရှင်က အတော်ဆုံး အကျွမ်းကျင်ဆုံးလား။ အစောက မြင်ခဲ့တဲ့ ငန်းတွေရဲ့ သိပ္ပံနာမည်ကို ပြောပြပါလား။”
ဖုန်းယွီက
“အို... ကြည့်ပါဦး။ ဒီနေ့ ရာသီဥတုက တော်တော်လေး ကောင်းတယ်။ မြန်မြန်လျှောက်ပြီး အခြားသူတွေကို အမှီလိုက်ရအောင်။”
လီနက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဒါကို ရာသီဥတုကောင်းတယ်လို့ ပြောလို့ ရတာလား။ သူမက ထိုစုဝေးပွဲကို ကတိမပေးခဲ့လျှင် သူတို့အနေဖြင့် အဆောင်ထဲမှ ထွက်ကြမည်တောင် မဟုတ်ပေ။
နှစ်နာရီခန့် သူတို့ကြား အချင်းချင်း အတူတူ ပျော်ကြပြီးနောက်။ ထျန်လေ့မှ လွဲပြီး အတွဲ သုံးတွဲ ပေါ်လာခဲ့သည်။ ဖုန်းယွီ မျှော်မှန်းထားသည်ထက်ပင် သူတို့၏ တိုးတက်မှုက မြန်ဆန်လွန်းလှသည်။
နေ့လည်စာ စားရန်အတွက် နေ့လည်ခင်းတွင် သူတို့ အုပ်စုသည် တိရစ္ဆာန်ရုံမှ ထွက်ခဲ့ကြသည်။
စားသောက်ဆိုင်တွင် ဖုန်းယွီသည် သူတို့အကုန်လုံး ခပ်ခွာခွာ ထိုင်ချင်သည်ကို မြင်ပြီးနောက် ချက်ခြင်းပင် ခေါင်းခါလိုက်သ်ည။ သူက ချက်ခြင်းပင် ယောကျ်ားလေးနှင့် မိန်းကလေး အတူတူ ထိုင်ဖို့ အကြံပေးသည်။ စားပွဲနှစ်လုံးကို ယူထားပြီး စားပွဲ တစ်လုံးတွင် လူ၈ယောက် ထိုင်နိုင်သည်။ စုံတွဲ လေးတွဲသည် တစ်ခုံထဲတွင် အတူထိုင်ပြီး ကျန်သည့် သူ ခြောက်ယောက်သည် ဖုန်းယွီနှင့် လီနတို့နှင့် အတူ ထိုင်၏။သူတိုသည် အချင်းချင်း ရင်းနှီးအောင် ကြိုးစားနေကြသည်။
လီန၏ အတန်းဖော်များသည် အချို့သော အကြောင်းအရင်းများကြောင့် ထိုစုဝေးပွဲကို လာချင်ကြသည်။ ထိုခေတ်အခါက ဟွာချင်းတက္ကသိုလ်နှင့် ဘေကျင်းတက္ကသိုလ်မှ ဘွဲ့ရများကို အစိုးရက အလုပ်ခေါ်ကြသည်။ ထိုဘွဲရများအတွက် အဆိုးဆုံး အလုပ်တောင် ဘေကျင်း၏ ဆင်ခြင်ဖုံးတွင် ဖြစ်သည်။ သို့သော် ဘေကျင်းတက္ကသိုလ်မှ ဘွဲ့ရအများစုသည် သူတို့ ပြည်နယ်များကို ပြန်ကြရသည်။ ဘေကျင်းတွင် ဆရာဆရာမအင်အား တောင့်တင်းနေသည့်အတွက် ဖြစ်သည်။
ထိုတက္ကသိုလ်မှ ဘွဲ့ရများသည် အခြားသော ပြည်နယ်မြို့တော်များတွင် အလုပ်ရသော်ငြား ဘေကျင်းနှင့် မယှဉ်နိုင်သေးပေ။ အကယ်၍ ဘေကျင်းတက္ကသိုလ်မှ ဘွဲ့ရများနှင် ချိန်းတွေ့မှုများ ပြုလပ်ပါက သူတို့သည် ဒေသအတူတူတွင် နေရာအချခံရမည် ဖြစ်သည်။
ထပ်ပြောရပါက ထိုကျောင်းသားများ အကုန်လုံးသည် ဘေကျင်းတက္ကသိုလ်မှ ဖြစ်သည်။ သူတို့တွင် တောက်ပသည့် အနာဂတ် ရှိသည်။ ပြီးနောက် သူတို့ကို အစိုးရက ခန့်ထားမည် ဖြစ်သည်။ သူတို့နှင် တန်းတူ ကျောင်းသားများထက်တောင် သူတို့ ရာထူးတိုးမှုက ပိုမြန်မည် ဖြစ်သည်။ ထိုအမျိုးသားများကိုဆွဲစားသင့်သည့် သူများဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။
သို့သော် ထိုအတွဲများသည် သူတို့ ဘွဲ့ရသည်အထိ အတူတူ ရှိနေမှ ရပေမည်။
ဖုန်းယွွီသည် သူတို့အချင်းချင်း သိအောင် မိတ်ဆက်ပေသည်။ ကျန်သည့် အပိုင်းများသည် သူတို့နှင့်သာ ဆိုင်ပေသည်။ ဖုန်းယွီနှင့် လီနသည်လည်း ကြားဝင်လိုခြင်း မရှိပေ။
အစပိုင်း မိတ်ဆက်မှုမှလွဲပြီး လီနနှင့် ဖုန်းယွီသည် စကားများများစားစား မပြောပေ။ နေ့လည်စာစားချိန်တွင် သူ့အတန်းဖော်များ၏ အကြောင်းအရာ တစ်ခု ပြောသည့်အပေါ်တွင်သာ နားဆင်နေတော့သည်။ သူ့အတန်းဖော်များသည် သူတို့ သိသည့် ဗဟုသုတများကို ဆက်လက် ထုတ်ဖော်နေကြသည်။
နေ့လည်စာစားပြီးနောက် လီနနှင် သူမ အတန်းဖော်များ မပြန်ခင် ခဏ လမ်းလျှောက်သည်။ သူတို့ စာမေးပွဲသည်လည်း ရောက်လာတော့မည် ဖြစ်သည်။ ပြီးနောက် သူတို့အနေဖြင့် စာပြန်လေ့လာရတော့မည် ဖြစ်သည်။ လီနသည် သူမ အဆောင်ကိုပြန်ချင်သည်။ ဖုန်းယွီသည် စိတ်ပျက်သွားသည်။ သူသည် သူမကို နောက်တစ်နေ့ မနက်ခင်းမှသာ အမြဲတမ်း ပြန်လိုက်ပိုတာ ဖြစ်သည်။
သူတို့ လမ်းမခွဲခင် ဖုန်းယွီက ထိုမိန်းကလေးများကို ယနေ့ညနေတွင် ထုတ်လွှင့်မည် နှစ်သစ်ကူးဂါလာ ညစာ အထူးအစီအစဉ်ကို ကြည့်ရန် သတိပေးလိုက်သည်။
သူတို့ အဆောင်ပြန်သည့် လမ်းတွင် ဖုန်းယွီ၏ သူငယ်ချင်းများသည် သူတို့ အောင်မြင်မှုများကို အချင်းချင်း နှိုင်းယှဉ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်က စာမေးပွဲပြီးနောက် တရားဝင် ချိန်းတွေ့တော့မည် ဖြစ်သည်။ နောက်ထပ် တစ်ယောက်သည် သူတို့သည် ပြည်နယ် အတူတူမှ ဖြစ်ကာ သူတို့သည် စာမေးပွဲပြီးနောက် အိမ်ကို ပြန်သည့်အခါ ရထားနှင့် အတူတူ ပြန်ကြမည် ဖြစ်သည်။
မိန်းကလေး တစ်ယောက်မှ မရသည့်သူက မျက်နှာသေကြီး ဖြစ်နေကြသည်။ ဘာလို့ ငါတို့ကို စိတ်မဝင်စားကြတာလဲ။
သူတို့ အစပိုင်း လုပ်ဆောင်ချက်များကြောင့် ဖုန်းယွီသည် ထိုလူငယ်များအနေဖြင့် ရည်းစားမရနိုင်ကြောင်း သိပြီး ဖြစ်သည်။ သူတို့သည် မိန်းကလေးနှင့် စကားပြောရန်တောင် ရှက်ရွံ့နေကြသည်။ ဘယ်အတွက် သူတို့သည် မိန်းကလေးများ ပထမဆုံး လှုပ်ရှားမည်ကို စောင့်နေကြသနည်း။
မင်းတို့ မိဘတွေ ပေးစားတာကိုပဲ စောင့်နေလိုက်တော့။ မင်းတို့တွေက အဲတာနဲ့ပဲတန်တယ်။