← Chapters

ဆုပေးပွဲ အစီအစဉ် ထုတ်လွှင့်ခြင်း

Vol. 25 Ch. 362

ဆုပေးပွဲ အစီအစဉ် ထုတ်လွှင့်ခြင်း

Vol. 25 Ch. 362

ညနေခင်းတွင် ဖုန်းယွီ၏ အတန်းဖော်များ အားလုံးသည် ဖုန်းယွီတိုက်ခန်းကို တီဗွီကြည့်ရန်အတွက် ရောက်လာကြသည်။ သူတို့သည် နှစ်သစ်ကူးဂါလာ ညစာစားပွဲကို ကြည့်ချင်ကြသည်။ ဖုန်းယွီသည် သူတို့ကို ယခုအစီအစဉ်သည့် စီစီတီဗွီတွင် ပြသည့် အစီအစဉ်တွင် အကောင်းဆုံး ဖြစ်ကြောင်း ပြောထားသည်။

အစီအစဉ်အစတွင် ထျန်လေ့နှင့် ကျန်သည့်သူများသည် စိတ်လှုပ်ရှားနေကြသည်။

“ဒီအဖွင့် သီချင်းကို ဆိုတဲ့သူက ဘယ်သူလဲ။ သီချင်းက အရမ်းကို ကောင်းတာပဲ။”

ယင်းအဆိုတော်သည် ဆန်းနန် ဖြစ်သည်။ အနာဂတ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်း အဆိုတော် တစ်ယောက် ဖြစ်သည်။ ယခုလက်ရှိတွင်လည်း မထင်ရှားသေးသည့် အဆိုတော် တစ်ယောက် ဖြစ်သည်။ သူသည် အယ်လ်ဘမ်ထုတ်ပြီး ဖြစ်သော်ငြား မည်သူမျှ သူဘယ်သူကို မကြားဖူးပေ။ သို့သော် ယခုအစီအစဉ် ထုတ်လွင့်သည်နှင့် ဆန်းနန်ကို လူများစွာ သိလာမည် ဖြစ်ကြောင်း ယုံကြသည်။ သူ့တန်ဖိုးနှင့် ကျော်ကြားမှုသည်လည်း အဆပေါင်းများစွာ တိုးတက်သွားမည် ဖြစ်သည်။

ဖုန်းယွီသည် ဆန်းနန်အတွက် သီချင်း နှစ်ပုဒ်ကို ရေးပေးကာ သူ့ကို အခွင့်အရေး ပေးခဲ့ခြင်း ဖြ်စသည်။ ဖုန်းယွီသည် သူနာမည် ကြီးရန်အတွက် ကူညီပေးသည့်သူ ဖြစ်လာမည်ပင်။ သေချာသည်မှာ ယင်းက အခမဲ့တော့ မဟုတ်ပေ။ ယခုလက်ရှိတွင် အနုပညာ အေဂျင်စီများ မရှိသော်ငြား ဆန်းနန်သည် ထိုက်ဟွကုန်သွယ်ရေး၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ၁၀နှစ်စာချုပ် လက်မှတ် ရေးထိုးရသည်။ သူ့ရငွေသည် အလွန်နည်းသည်။ ၁၀နှစ်အတွက် ယွမ် ၁သန်းသာ ဖြစ်သည်။ ပြီးနောက် သူသည် လေနှင့်မိုး ထုတ်ကုန်များအတွက် အကန့်အသတ်မရှိ လုပ်ပေးရမည် ဖြစ်သည်။

ဆန်းနန်သည် လေနှင့်မိုး ဗွီစီဒီစက်အတွက် ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်လာမည်ပင်။ ထို့နောက် ဗွီစီဒီ နာမည် ကျော်ကြားလာပြီးနောက် အဓိက သုံးစွဲသူများသည် ကာရာအိုကေဆိုင်များ ဖြစ်လာမည် ဖြစ်သည်။ ထို့နောက် ကေတီဗွီသည်လည်း နာမည် ကြီးလာမည် ဖြစ်သည်။

ဖုန်းယွီသည် ဆန်းနန်နှင့် ကိစ္စများကို ရှင်းရှင်းလင်းလင်း လုပ်ထားသည်။ ယခုလက်ရှိတွင် ထိုစာချုပ်သည် ဆန်းနန်အတွက် အကျိုးအမြတ်များသည်။သို့သော် နောက်နှစ်နှစ်အတွင် ဆန်းနန်သည် သေချာပေါက် နောင်တရမည် ဖြစ်သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံရှိ အိမ်ထောင်စုတိုင်းသည် သူဘယ်သူကို သိလာမည် ဖြစ်သည်။ သူ့ တန်ဖိုးသည့်လည်း အဆပေါင်းများစွာ တိုးတက်လာမည် ဖြစ်သည်။ သို့သော် ဖုန်းယွီသည် ဆန်းနန်ကို လေနှင့်မိုး အိမ်သုံးပစ္စည်းများနှှင့် ဗွီစီဒီစက်၏ ပြောရေးဆိုခွင့် ရှိလာသူ ဖြစ်ပြီးနောက် သူ့သီချင်းများကို လူများစွာက နားထောင်လာမည် ဖြစ်ကာ သူ့ကို ပိုသိလာမည် ဖြစ်သည်။ ယင်းက သူ့အတွက် အကျိုးအမြတ်ပင် ဖြစ်သည်။

ဆန်းနန်သည် ဖုန်းယွီကို သူ့ကဲ့သို့ ရွက်ပုန်းသီး အဆိုတော် တစ်ယောက်ကို အခွင့်ရေး တစ်ရပ်ပေးသည့်အတွက် ကျေးဇူးတင်နေမိသည်။ သူကိုယ်တိုင်လည်း အသာစီးယူသည်ဟု မခံစားရပေ။ သူ အောင်မြင်ကျော်ကြားလာသည်နှင့် သူ့အနေဖြင့် အခြားသော ထုတ်ကုန်များကိုလည်း ထောက်ခံနိုင်မည် ဖြစ်သည်။ ၁၀နှစ်သည် အလွန် ရှည်လျားသော်ငြား ဖုန်းယွီသည် သူ့ရှေ့တွင် ယွမ် ၁သန်းထုတ်ပေးလိုက်သည်။ ထိုယွမ် ၁သန်းသည် သူ့မိသားစုနှင့် သူ့အတွက် အလွန် အရေးပါသည်။ ထိုငွေများသည် သူ အဆိုတော် ဖြစ်ရန် ကြိုးစားသမျှအားလုံးအတွက် အရာထင်သည်ဟု ခံစားမိသည်။

ယနေ့မှ စပြီး ဆန်းနန်သည် အောင်မြင်ကျော်ကြားတော့မည် ဖြစ်သည်။ ဖုန်းယွီက နောက်နှစ် နွေဦးရာသီ ပွဲတော်တွင် ဆန်းနန် ဖျော်ဖြေရန် ဖိတ်ကြားခံရမည်ဟု ခံစားမိသည်။ ယခုလက်ရှိတွင် တရုတ်နိုင်ငံ၌ တရုတ်ပေါ့စ်အဆိုတော်များစွာ မရှိသေးပေ။

“ဟေး... ကြည့်လိုက်ဦး။ ပရိသတ်တွေက လက်ကိုင်ပိုစတာတွေ ကိုင်ထားတာ မလား။ ဖုန်းယွီ၊ ဝမ်လေ့ မင်းတို့ ဘင်းမြို့တော် လေယဉ်ထုတ်လုပ်တဲ့ စက်ရုံက တကယ်ကို အံ့မခန်းပဲ”

ထျန်လေ့က လက်မ ပေးလိုက်သည်။

ထိုခေတ်က လူများသည် သူတို့ ဇာတိမြို့အတွက် ဂုဏ်ယူကြသည်။ သူတို့ ဇာတိမြို့တွင် ဘာမှ ကောင်းတာ မရှိလျှင်တော် ဂုဏ်ယူကြသည်ပင်။

ဖုန်းယွီ၏ ပုံက တည်ငြိမ်နေသည်။ သို့သော် ဝမ်လေ့သည် သူ့မေးကို မော့ကို ဂုဏ်ယူသည့် ပုံစံမျိုး ဖမ်းနေသည်။ သူ့အဖေသည်လည်း အလုပ်သမား ဖြစ်သည်။ ပြီးနောက် ဝမ်လေ့သည်လည်းထို သာမန် အလုပ်သမားများအတွက် ဂုဏ်ယူနေသည်ပင်။

....

“ဟဟဟ ချန်ကွမ်းတိုင်နဲ့ ကျူးရှီမောက်တို့ရဲ့ ဟာသက တကယ် ရယ်ရတယ်။ ဒါက ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီရဲ့ ဖြစ်ရပ်မှန်အလွဲကို အခြေခံထားတာလား။”

“ဟုတ်တယ်။ ဒါက တကယ် ဖြစ်ရပ်မှန် အလွဲကို အခြေခံထားတာလား။ ဒါပေမဲ့ အလုပ်သမားက ချန်ကွမ်းတိုင်နဲ့ ယှဉ်ရင် ပိုကောင်းတဲ့ သူတစ်ယောက်ပဲ။”

ဖုန်းယွီက သူ့ပခုံးကို ပင့်လိုက်သည်။

“ဟ... ပရိသတ်တွေက လက်ကိုင်ပိုစတာတွေကို ကိုင်ထားရုံတင် မကဘူး။ သူတို့တွေ ကြွေးကြော်သံတွေကိုလည်း အော်နေကြတာပဲ။ ဒါပေမဲ့ သူတို့ ပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး။”

အဆုံးတွင် ရွှီယီဖန်သည် ထိုကြွေးကြော်သံများကို ပိတ်ရန်သာ တက်နိုင်တော့သည်။ သူ့ခေါင်းဆောင်များက လက်ကိုင်ပိုစတာပါသည့် အပိုင်းများကို ထုတ်လွှင့်ခွင့်ပေးလိုက်သည့်အတွက် ရွှီယီဖန်သည် လန့်သွားတော့သည်။

အကယ်၍ အထက်အရာရှိများ အားလုံးက သူ့ကို အပြစ်ပေးချင်လျှင်တောင် သူ့ခေါင်းဆောင်များက သူ့ကို အစိမ်းရောင်အချက်ပြမီး ဖြစ်သည်။ သူ့အနေဖြင့် ထိုအပြစ်တင်မှုများကို တစ်ယောက်ထဲ ခံစရာ မလိုတော့ပေ။

ထိုရိုက်ကူးမှုနှင့် ပတ်သက်ပြီး စီစီတီဗွီ၏ ထိပ်ပိုင်း ခေါင်းဆောင်များသည် အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့သည်။ ပထမက ထိုအစီအစဉ်ကို ထုတ်လွင့်ရန်အတွက် ငြင်းဆန်ကြသည်။ သူတို့က ထိုအစီအစဉ်သည် တီဗွီ အစီအစဉ် တစ်ခုနှင် မတူဟု ခံစားမိသည်။

သို့သော် လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားသည် ယင်းကို အဖွဲ့အစည်းက စီစဉ်ကြောင်း ပြောလိုက်သည်။ ယင်းက သူတို့၏ ဖျော်ဖြေမှုသာ ဖြစ်ကြောင်း ပြေသည်။ စီစီတီဗွီသည် ခန်းမကိုသာ ပေးကာ အဖွဲ့အစည်းကို ကူညီပေးခဲ့ကြောင်း ပြောခဲ့သည်။ထပ်ပြောရပါက ကုန်ကျစရိတ်အကုန်လုံးကို ထိုအဖွဲ့အစည်းက ပေးအပ်ခြင်းဖြစ်သည်။ ဤနည်းက စီစီတီဗွီသည် နောင်လာမည့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ရံပုံငွေများ ပိုမိုရရှိမည် ဖြစ်သည်။

ပွဲစီစဉ်သူများသည်လည်း အဆင်ပြေသည်။ သူတို့အနေဖြင့် ဘာပြောနိုင်မည်နည်း။ ထို့အပြင် အစီအစဉ်တင်ဆက်မှုများသည်လည်း စိတ်လှုပ်ရှားစရာ ကောင်းသည်။ ပြီးနောက် အစီအစဉ် တစ်ခုလုံးသည် ဖျော်ဖြေမှုများစွာ ပေးစွမ်းသည်။ ဆုရရှိသူများသည်လည်း တော်ပြီး ကျေးဇူးတင်စကားသည်လည်း အဓိပ္ပာယ်ရှိပေသည်။ သူတို့ ကျေးဇူးတင်စကားများသည် တရုတ်လူမျိုးများစွာကို ခွန်အား ဖြစ်စေပြီး တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် အမှီလိုက်နိုင်ပြီ ဖြစ်ကြောင်း ယုံကြမည် ဖြစ်သ်ည။ ယင်းက တရုတ်နိုင်ငံမှ တော်သည့် သူများ အခြားနိုင်ငံသို့ ထွက်သွားမည်မှ ကာကွယ်ရာလည်း ရောက်ပေသည်။

နောက်ဆုံးတွင် ရုပ်သံ အရာရှိချုပ်သည် ထုတ်လွင့်ရန်အတွက် မီးစိမ်းပြလိုက်သည်။ ယင်းက အစီအစဉ်ကောင်းတစ်ခု ဖြစ်ကာ အခမ်းအနားမှုး တွေဝေနေသည့် အပိုင်းကိုသာ ဖြတ်ထုတ်ရန်လိုသည်။ ကျန်သည့် အပိုင်းများကို ဖြတ်ထုတ်ရန် မလိုပေ။ ပရိတ်များ၏ အပိုင်းကိုတော့ ပြရမည် ဖြစ်သည်။ သူတို့ ဆန်ကာတင်စာရင်းဝင်သူများနှင့် ဆုရရှိသူများ၏ အလုပ်သမားများ ဖြစ်ကြပေသည်။ ထိုရိုက်ကူးမှုများကို ဘယ်အတွက် ဖြတ်တောက်နိုင်မည်နည်း။ စင်ပေါ်တွင် ဆုလက်ခံရယူသည့်သူမှာ ကုမ္ပဏီ၏ ကိုယ်စားလှည်သာ ဖြစ်သည်။ ထိုဆုသည် အလုပ်သမားများ အားလုံးနှင့်လည်း ဆိုင်ပေသည်။ အကယ်၍ သူတို့သာ ထိုရိုက်ကူးမှုများကို ဖြတ်ထုတ်ပစ်ပါက သူတို့ကြိုးစားမှုများကို ညင်းပယ်ရာ ကျပေမည်။

သို့သော် ထိုကြွေးကြော်သံများကတော့ မသင့်တော်ပေ။ ယင်းက ဆုပေးပွဲ တစ်ခုလုံးအပေါ် သက်ရောက်မှုများ ရှိနိုင်ပေသည်။ ထိုကြွေးကြော်သံများကို မထုတ်လွင့်ခွင် ပိတ်ထားရမည် ဖြစ်ပေသည်။ သူတို့အနေဖြင့် ထိုအစီအစဉ် အောင်မြင် မအောင်မြင် ဆုံးဖြတ်ရန်အတွက် ကြည့်ရှုသူများ၏ အသံများကိုလည်း နားထောင်ရဦးမည် ဖြစ်သည်။ ခေါင်းဆောင်များ၏ အတွေ့အကြုံအရ ထိုအစီအစဉ်က ကြည့်ရှုသူများ၏ နှစ်သက်မှုကို ရမည် ဖြစ်ကြောင်းသည်။

....

“ဟဟဟ ထျန်ဖုန်း ဝက်ခြံက ရီစရာ အရမ်းကောင်းတာပဲ။ တိမ်တွေက ကောင်းမွန်တဲ့ အဝတ်အစားတွေကို တွေးကြတယ်။ ပန်းတွေက ဖူးပွင့်ဖို့ တွေးကြတယ်။ ဝက်တွေက ဝက်ဖို့ တွေးကြတယ်။ ပြီးတော့ လူတွေက ကျော်ကြားဖို့အတွက် တွေးကြတယ်။ ဒီကဗျာမှာ နောက်ထပ် တစ်ကြောင်း လိုသေးတယ်။ ငါမမှတ်မိတော့ဘူး”

တီဗွီကြည့်သည့်သူ တစ်ယောက်က တီဗွီရှေ့တွင် ရယ်နေ၏။

“ငါလည်း မမှတ်မိတော့ဘူး။ ဟာ.. မင်းဒီနေ့ အနီရောင် အင်္ကျီ ဝတ်ထားတာပဲ”

သူ့သူငယ်ချင်းက ပြောလိုက်သည်။

(အနီရောင်၏ တရုတ်လို နောက်ထပ် အဓိပ္ပာယ်သည် ကျော်ကြားခြင်း ဖြစ်ပေသည်။)

ထို တီဗွီကြည့်သူသည် ချက်ခြင်းပင် သူ့အနီရောင် အပေါ်ဝတ်ကို ချွတ်လိုက်သည်။ သို့သော် သူသည် အနီရောင် ခါးပတ်ကိုတော့ ဝတ်ထားဆဲ ဖြစ်သည်။

“အ.. ဒါက လေနှင့်မိုး ဒလက်မဲ့ ပန်ကာမလား။ ငါတို့တွေ ဒီပန်ကာကို ဝယ်ခဲ့သေးတယ်။ ဒါက နောက်ထပ် မော်ဒယ် အသစ်လား။ စူပါပန်ကာလား။ ဒါက အသုံးဝင်တာတွေ တော်တော်များများ ပါတာပဲ။ အချစ်ရေ ကိုယ်တို့ ပန်ကာကို လဲရအောင်။ ငါတို့ ပန်ကာက တော်တော်လေး ဟောင်းနေပြီ။ ငါတို့တွေ ပန်ကာအဟောင်းကို အခန်းထဲမှာ သုံးဖို့အတွက်ပဲ ထားရအောင်။"

‘

“ဒီစူပါပန်ကာက တော်တော်လေး အသုံးဝင်တာတွေ ပါတယ်။ တော်တော် ဈေးကြီးမှာပဲ။”

“စိတ်မပူနဲ့။ ငါတို့တွေ ဒီနှစ်ထဲ ပိုက်ဆံ အများကြီး ရှာထားနိုင်ခဲ့တယ်။ ငါတို့တွေ ဒီပန်ကာက ယွမ် တစ်သောင်း ဖြစ်ရင်တောင် ကိုယ်တို့ တက်နိုင်တယ်”

…..

“ထိုက်ဟွကုန်သွယ်ရေးရဲ့ ကိုယ်စားလှယ် ပြောတာက နည်းပညာတွေက လူတိုင်းရဲ့ လူမှုဘဝကို တိုးတက်ဖို့အတွက် အသုံးပြုသင့်တယ်တဲ့။ မင်းရဲ့ သုတေသန စင်တာကို ကြည့်လိုက်ဦး။ မင်းလုပ်တာတွေ အကုန်က တိုက်လေယဉ်တွေနဲ့ ဗုံးတွေကြီးပဲ။ ဒါတွေ အကုန်လုံးက စစ်ပွဲအတွံက်။ ဘာလို့ မင်းတို့ သုတေသနစင်တာက ငါတို့ ဘဝတွေ တိုးတက်ဖို့အတွက် တစ်ခုခု မလုပ်နိုင်ရတာလဲ။”

သုတေနသ စင်တာ၏ အင်ဂျင်နီယာ၏ အမျိုးသမီး ဖြစ်သူက ညည်းလိုက်သည်။

“ငါတို့တွေက တိုင်းပြည်ခုခံဖို့အတွက် လုပ်နေကြတာပဲ။ ဒီကုမ္ပဏီရဲ့ ထုတ်ကုန်တွေက အသုံးမဝင်တာတွေ့ပဲ။"

အင်ဂျင်နီယာက ပြန်ပြောလိုက်သည်။

“ဘာက အသုံးမဝင်တာလဲ။ အဲတာဆိုရင် ရှင့်ရဲ့ ဂျက်လေယဉ်တွေနဲ့ ဗုံးတွေက ဘာလုပ်နိုင်လဲ။ ဘယ်မှာ အသုံးပြုနေလို့လဲ။ သူတို့ လုပ်တဲ့ ပစ္စည်းတွေကို ကြည့်လိုက်။ အဲ့ထုတ်ကုန်တွေက နိုင်ငံခြားကို တင်ပို့ပြိးတော့ အခြားနိုင်ငံကနေတောင် တိုင်းပြည်အတွက် ငွေတွေရတယ်။ ရှင့်ရဲ့ သုတေသန စင်တာက နိုင်ငံခြားကနေပြီးတော့ဘာတွေ ဝယ်ရမလဲပဲ တွေးနေတာ။”

အင်ဂျင်နီယာသည် ဘာမျှ ပြောစရာ မရှိတော့ပေ။ သူ့သည် စိတ်ထဲတွင်သာ တွေးနေတော့သည်။ သူတို့တွေ မှားနေတာလား။ သူတို့တွေရဲ့ သုတေသနတွေက လူတိုင်းရဲ့ ဘဝကို တိုးတက်ဖို့ပဲ ဖြစ်သင့်တယ်။

....

ထိုညတွင် အိမ်တိုင်းနီးပါး ထိုဆုပေးပွဲ အစီအစဉ်ကို ကြည့်ကြသည်။ သူတို့သည် ဆုကို အာရုံ သိပ်မစိုက်ပေ။ သူတို့သည် ဖျော်ဖြေမှုများကို ကြည့်ရှုသည်။ တီဗွီမရှိသည့် သူများကလည်း သူတို့ အိမ်နီးချင်းအိမ်များကို သွားကြည့်ကြသည်။ ယခုတွင် အကုန်လုံးက ရယ်မောနေကြသည်။

ထိုညတွင်တော့ လမ်းများထက်တွင် လူများ ခြောက်ကပ်နေတော့သည်။

All Chapters