ဆုပေးပွဲ၏ သက်ရောက်မှုများ
Vol. 25 Ch. 363
ထိုခေတ်အခါက တီဗွီ ကြည့်ရှုမှုမျာနှင့် ပတ်သတ်ပြီး တိကျသည့် တိုင်းတာမှုများ မရှိသေးချေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် နေရာများစွာတွင် စီစီတီဗွီ ရုပ်သံလိုင်း ၁နှင့်၂ကို ကြည့်ရှု၍ ရနိုင်သည်။ လူများသည် တီဗွီကြည့်ရန်အတွက် အင်တာနာများကို အသုံးပြုနေရဆဲ ဖြစ်သည်။
ပြည်နယ်ရုပ်သံ ဌာနများသည်လည်း စိတ်လှုပ်ရှားဖွယ် အစီအစဉ်မျိုး ပြသခဲ့သည်။ ထို့ကြောင့် ထိုဆုပေးပွဲသည် တစ်ရာရာခိုင်နှုန်း ကြည့်ရှုမှုရသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။
လူများစွာသည် ထိုအစီအစဉ်ကို အထူးအစီအစဉ်ဟု သိသော်လည်း သူတို့ ကြည့်နေသည့်အခါမှ ဆုပေးပွဲ အစီအစဉ်ကို သိခဲ့ကြသည်။သို့သော် သူတို့အားလုံးသည် ထိုအစီအစဉ်ကို ကျေနပ်ကြသည်။
ထိုအနိုင်ရရှိသည့် သူများနှင့် ဆန်ကာတင် စာရင်း တင်သူများကို လူတိုင်းက အားကျကြသည်။ သူတို့သည် စီစီတီဗွီတွင် သူတို့ မျက်နှာများကို ပြသနိုင်ပေသည်။ ယင်းအဓိပ္ပာယ်ကား တရုတ်နိုင်ငံရှိ သူတိုင်း သူတို့ မည်သူ ဖြစ်ကြောင်း သိရှိသွားမည် ဖြစ်သည်။
ထို့အပြင် ထိုသူများကို တရုတ်နိုင်ငံကို ကောင်းကျိုးပြုခဲ့သည့် သူများဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။ တရုတ်နိုင်ငံ၏ စက်မှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများသည် ကမ္ဘာကို အမှီလိုက်နေပြီ ဖြစ်သည်။ ထိုသူများက တရုတ်နိုင်ငံ၏ ဂုဏ်ယူစရာပင် ဖြစ်သည်။
တီဗွီ ကြည့်ရှုသူများသည် အစီအစဉ်အပေါ် ခံစားချက်များ ကျန်ရှိသည်ကား ဖျော်ဖြေမှုများနှင့် အနိုင်ရရှိသူများ မဟုတ်ပေ။ တိုက်ရိုက် ကြည့်ရှုသူများ၏ လက်ကိုင်ပိုစတာများနှင့် ကြွေးကြော်သံများဖြစ်သည်။
တီဗွီကြည့် ပရိသတ်များသည် ဆောင်ပုဒ်ကိုသာ မှတ်မိရုံသာမက သူတို့သည် ထိုအလုပ်သမားများ၏ ယူနီဖောင်းများကိုလည်း အမှန်ရကြသည်။
အကယ်၍ တိုက်ရိုက်ကြည့်ရှုနေသည့် ပရိသတ်များကို အမှတ်ပေးရပါက သူတို့သည် ထိုသူများကို ပေးကြမည် ဖြစ်ကာ သူတို့သည် ပရိသတ်ရင်ထဲကို ကျန်ခဲ့သည်။ အကြောင်းမှာ လဲ့ဟဟကြောင့် ဖြစ်ပေသည်။ သူတို့၏ ကာတွန်းပုံသည် ထွက်ပေါ်လာခဲ့သည်။ ထျန်းဖုန်းဝက်ခြံတောင် သူတို့ကို ရှုံးသွားပေသည်။
ထို့နောက် ထိုအစီအစဉ် ထုတ်လွှင့်ပြီး လဲဟဟ၏ ရောင်းအားသည်လည်း တိုးတက်လာခဲ့သည်။ တရုတ်တစ်နိုင်ငံလုံးရှိ ဖြန့်ချိသူများသည်လည်း လဲဟဟ၏ ရုံးခန်းကို ဖုန်းခေါ်ဆိုကာ သူတို့ အမှာစာများကို တိုးမှာကြ၏။
လူအနည်းငယ်ကသာ လဲ့ဟဟ၏ သာမန် ကြော်ငြာကို သတိပြုမိသည်။ အကြောင်းမှာ တရုတ်နိုင်ငံရှိ အိမ်တိုင်းတွင် တီဗွီ မရှိသည့်အတွက် ဖြ်စသည်။ သို့သော် ယင်းက စီစီတီဗွီ၏ အထူးအစီအစဉ် ဖြစ်သည်။ တီဗွီမရှိသည့် သူများကလည်း သူတို့ မိတ်ဆွေ သူငယ်ချင်းများဆီကို ထိုအစီအစဉ် ကြည့်ရန် လာကြ၏။
ဒေသအသီးသီးမှ ဖြန့်ချသူများသည်လည်း ချက်ခြင်းပင် ထိုအကြောင်းကို သတိပြုမိကာ သူတို့ အမှာစာများကို တိုးမြင့် မှာကြသည်။ လူများက ထိုကာလအတွင်း လဲဟဟ၏ ထုတ်ကုန်များကို ရှာကြသည်။ ယင်းက ပိုက်ဆံရှာရန်အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။
တစ်ဖန် ကျုံးချင်းှန်သည်လည်း ဖုန်းယွီ၏ ရှေ့ပြေးအမြင်ကို အမှန်ပင် အထင်ကြီးမိသည်။ အကြောင်းမှာ ဖုန်းယွီသည် ထိုက်ဟွ ကုန်သွယ်ရေးတွင် တစ်ပတ်ခန့် အလိုကတည်းက လဲဟဟ၏ အချိုရည်များကို ကြိုတင် သိုလှောင်ထားရန် ပြောသည့်အတွက် ဖြစ်သည်။ ယင်းက လဲ့ဟဟ နာမည်ကြီးပြီးနောက် ထိုက်ဟွ ကုန်သွယ်ရေးတွင် ပစ္စည်းများ ပြတ်တောက်သွားမည် ဆိုးသည့်အတွက် ဖြစ်သည်။ ယခုလက်ရှိတွင် လဲ့ဟဟ၏ စက်ရုံသည်လည်း အပြည့်လည်ပတ်နေရသည်။ ရုတ်ခြည်း ဝယ်လိုအား တိုးမြင့်လာမှုကို အမှီလိုက်ရန်အတွက် စက်ရုံကို ၂၄နာရီ အပြည့် လည်ပတ်နေရသည်။
ကျုံးချင်းရှန်သည် သူ့ အရောင်းမန်နေဂျာ၏ အစီရင်ခံစာကို ကြားသည့်အခါ သူဖုန်းယွီပြောသည်ကို နားမထောင်မိတာ နောင်တရခဲ့သည်။ အကယ်၍ သူသာ စက်ရုံကို စောစောစီးစီးဆောက်ထားပါက ယခုတွင် လည်ပတ်နိုင်တော့မည် ဖြစ်သည်။
သို့သော် ယခုလက်ရှိတွင် သူ့စက်ရုံသည် ဝယ်လိုအားကို မမှီနိုင်ပေ။ သူတို့သည် အမှာစာများကိုပင် ရပ်ထားရသည်။ သူ့လက်ထဲမှ ပိုက်ဆံများ လွင့်ထွက်သွားသကဲ့သို့ ခံစားရသည်။ စက်ရုံအသစ်၏ တည်ဆောက်မှုသည်လည်း မကြာခင်တွင် ပြီးတော့မည် ဖြစ်ရာ တရုတ်နှစ်သစ်ကူးပြီးနောက် စတင် ပွင့်နိုင်မည် ဖြစ်သည်။ စက်ရုံအသစ်အတွက် စက်ပစ္စည်းများကိုလည်း ဖုန်းယွီထံမှ ဖြစ်သည်။ ဆိုဗီယက်၏ စက်များ ဖြစ်၏။
.....
လီမင်က ဖုန်းယွီကို ထိုသတင်းကောင်းကို ပြောပြသည်။ စက်ယန္တရားကုမ္ပစီသည် သူတို့ စိုက်ပျိုးရေး စက်ပစ္စည်းများ အမှာစာများကို ရရှိခဲ့သည်။ ယင်းက သူတို့ အရင်က ထွက်ထားသည် နှစ်ကုန် အမြတ်အတွက် အနည်းဆုံး ၃၀ရာခိုင်နှုန်း ပိုလာခြင်း ဖြစ်သည်။ သူတို့သည် ယခုလက်ရှိတွင် အမျိုးသား စံညွှန်းစိုက်ပျိုးရေးစက်ပစ္စည်းစက်ရုံနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သူတို့ အဓိက ပစ်မှတ်သည် နောက်သုံးနှစ်အတါင်း တရုတ်နိုင်ငံတွင် နံပါတ်တစ် စိုက်ပျိုးရေး စက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ ဖြစ်ရန် ဖြစ်သည်။ သူတို့သည် နာမည်ကြီးအမှတ်တံဆိပ်များ ဖြစ်သည့် တုန့်ဖန်းဟုန်ကဲ့သို့ အမှတ်တံဆိပ်များကို အနိုင်ပိုင်းချင်သည်။
တုန့်ဖန်းဟုန်သည် နိုင်ငံပိုင် စက်ရုံ ဖြစ်ကာ အစိုးရ၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။ သူတို့ နည်းပညာများသည် သူတို့ နည်းပညာများနှင့် ယှဉ်ပါက ခေတ်နောက်ကျနေပြီ ဖြစ်သည်။ ဖုန်းယွီသည် စက်ယန္တရားကုမ္ပဏီအနေဖြင့် နောက်ထပ် နှစ်နှစ်အတွင်း တရုတ်ပြည်တွင် နံပါတ်တစ် ဖြစ်လာမည့်အတွက် ဂုဏ်ယူမိသည်။
ဖုန်းယွီသည် လီမင်တကို ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက် တောင်သူလယ်သမားများ၏ စကားကို နားဆွင့်ရန်လည်း ညွှန်ကြားထားသည်။ စက်ယန္တရားကုမ္ပဏီသည် သူတို့၏ နည်းပညာများကိုလည်း အဆင့်မြင့်တင်ရမည် ဖြစ်သည်။ သူတို့၏ လုပ်နိုင်စွမ်းနှင့် ကြံ့ခိုင်မှုအပိုင်းတွင် ဖြစ်သည်။ ဖုန်းယွီသည် သူတို့၏ လယ်ထွန်စက်များကို သူတို့၏ လုပ်နိုင်စွမ်းအလိုက် အဆင့်များ ခွဲခြားချင်သည်။
ယခုလက်ရှိတွင် ထွန်စက်အမျိုးအစား နှစ်မျိုးသာ ရှိသည်။ မြင်းကောင်ရေ ၅၅ရှိသည့် တုန့်ဖန်းဟုန် ထွန်စက်နှင့် မြင်းကောင်ရေ ၁၂ရှိသည့် ထွန်စက်အသေးလေးများ ဖြစ်သည်။ အလယ်အလတ်တန်းစား လယ်ထွန်စက်များမရှိပေ။ ထိုစက်များကို ပြည်ပမှ တင်သွင်းရသည်။ ဖုန်းယွီသည် ထိုဈေးကွက် ဝေစုကို ရလိုသည်။ ယင်းက အနာဂတ်တွင် အဓိက ထွန်စက်အပိုင်းတွင် အရေးပါဆုံးအပိုင်း ဖြစ်လာမည် ဖြစ်၏။ အသေအချာပင် ဖုန်းယွီသည် မြင်းကောင်ရေအားကောင်းသည့် ထွန်စက်များကိုလည်း ထုတ်လုပ်ချင်သည်။ အနာဂတ်တွင် မြင်းကောင်ရေအားကောင်းသည့် ထွန်စက်များကို ရောင်းချမည် ဖြစ်သည်။ ထွန်စက်များတွင် ရိတ်သိမ်းပြီး အစေ့များကို ကျဲရန်သာမက သူတို့အနေဖြင့် ပစ္စည်းများကို ထုတ်ပိုးနိုင်အောင်လည်း လုပ်မည် ဖြစ်သည်။ နောက်တွဲယဉ်ကို တပ်ဆင်မည် ဖြစ်သည်။
နောက်တွဲယာဉ်များသည် ကောင်းပေ၏။ လေနှင့်မိုးလော်ဂျစ်စတစ် ပိုင်ဆိုင်သည့် Gaz ထရပ်ကားများတွင် နောက်တွဲယာဉ်များ ရှိသည်။ ထိုခေတ်အခါက ယဉ်ထိန်းရဲများသည် ထိုအရာကို ဂရုသိပ်မထားပေ။ လမ်းမထက်တွင် ယာဉ်အမျိုးအစား များစွာရှိ၏။ မကြာခဏ လေနှင့်မိုးလော်ဂျစ်စတစ်သည် ကုန်ပစ္စည်းများစွာကို ပို့ဆောင်ရသည်။ ထို့အခါ နေရာအများကြီး လို၏။ နောက်တွဲယဉ်ကို သူတို့ ကားများတွင် တပ်ဆင်မှသာ သူတို့ ဝန်ကိုနှစ်ဆ တင်နိုင်သည်။
လေနှင့်မိုးလော်ဂျစ်စတစ်သည် ထိုနည်းကို ယာယီနည်းအဖြစ်သာ အသုံးပြုသည်။ သူတို့ ထရပ်ကားယဉ်ကိုလည်း ထပ်ဆိုးန် မလိုအပ်ပေ။ စက်ယန္တရားကုမ္ပဏီကသာ သူတို့ ကိုယ်ပိုင် ကုန်တင်ကားများကို ထုတ်လုပ်ပါက ထိုအခါ လေနှင့်မိုး လော်ဂျစ်စတစ်အနေဖြင့် သူတို့ ကားကို ထပ်တိုးမည် ဖြစ်သည်။
ဆုချီးမြင့်သည့် အခမ်းအနားတွင် လူများစွာက စုန့်ကျန်းမော်တော်ဆိုင်ကယ်သည် ဘင်းမြို့တော်၏ စက်ယန္တရားကုမ္ပဏီ ပိုင်ဆိုင်ကြောင်းကို သတိပြုမိလာသည်။ သူတို့သည် စုန့်ကျန်းမော်တော်ဆိုင်ကယ်ကို မှာယူရန်အတွက် စက်ယန္တရားကုမ္ပဏီကို ကြိုးစားခေါ်ကြသည်။ သို့သော် သူတို့က ထိုက်ဟွ ကုန်သွယ်ရေးသည် မော်တော်ဆိုင်ကယ်အတွက် အရောင်းပိုင်းကို ယူထားကြောင်း ပြောသည်။
ဝူကျီကန်း ဘင်းမြို့တော်သို့ ပြန်သည့်အခါ သူ့ကုမ္ပဏီ ရှုပ်ပွနေသည်ကို မြင်လိုက်ရသည်။ လီရှစ်ချင်နှင့် လေနှင့်မိုး လော်ဂျစ်စတစ်မှ ဝန်ထမ်းများသာ မရှိပါကသူတို့ရုံးကို ဖောက်ထွင်းခံသည်ဟုတောင် ထင်နိုင်ပေသည်။
“မန်နေဂျာလီ ကျွန်တော်တို့ ရုံးဘာဖြစ်တာလဲ”
ဝူကျီကန်းက မေးလိုက်သည်။
“ဟ....”
လီရှစ်ချင်က မာန်ဖီသံဖြင့်
“မင်းတို့တွေပဲ ပျော်ကြပေါ့။ မင်းတို့တွေ ရုံးမျာ တစ်ယောက်မှတောင် မထားခဲ့ဘူး။ ပြီးတော့ မင်းတို့က ငါတို့ကို ကုမ္ပဏီကို ကြည့်ခိုင်းဖို့ကလည်း ပြောသေးတာ။ ဒီရက်ပိုင်း ဖုန်း ခေါ်ဆိုမှု ဘယ်လောက်အထိ ရှိလဲဆိုတာ သိလား။ ငါတို့မှာ နေ့လည်စာစားဖို့ အချိန်တောင် မရှိဘူး။ မင်းတို့တွေရဲ့ ပစ္စည်းတွေ ဘယ်လောက်နဲ့ ရောင်းလဲဆိုတာကို သမိဘူး။ မင်းတို့တွေအတွက် ဆက်သွယ်ရမဲ့ နံပါတ်တွေပဲ မှတ်ထားပေးတယ်။ မင်းတို့ ပြန်လာပြီဆိုတော့ မင်းတို့ဘာသာ မင်းတို့ပဲ လုပ်ကြတော့”
သူတို့စကားပြောနေစဉ် ဖုန်းက မြည်လာ၏။ ဝူကျီကန်းက ပြုံးကာ ဖုန်းကို ကိုင်လိုက်သည်။
“ဟယ်လို ထိုက်ဟွ ကုန်သွယ်ရေးကပါ။ အို တောင်းပန်ပါတယ်။ ကျွန်တော်တို့ အဲ့မှာ ဖြုန့်ချီတဲ့ ကိုယ်စားလှယ် ရှိပါတယ်။ ကျွန်တော်တို့ ရောင်းပေးလို့ မရပါဘူး။ ခင်ဗျားက ဖြန့်ချီရေးကိုယ်စားလှယ် ဖြစ်ချင်တာလား။ မရပါဘူး။ ကျွန်တော်တို့တွေက ဖြန့်ချီတဲ့သူတွေနဲ့ လက်မှတ် ထိုးထားလို့ပါ။ ကျေးဇူးတင်ပါတယ်”
ရက်သတ္တပတ် အနည်းငယ်ကြာပြီးနောက် ဖုန်းယွီက ဝူကျီကန်းကို နှစ်သစ်ကူးပြီးနောက် ထိုက်ဟွ၏ ထုတ်ကုန်များ ဈေးတက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူက ဝူကျီကန်းကို နှစ်သစ်ကူးမတိုင်ခင် အရောင်းကိုယ်စားလှယ်များ ပစ္စည်းဖြည့်ထားရန် ပြောခိုင်းထားသည်။ ဝူကျီကန်းသည်လည်း လုပ်ပြီး ဖြစ်သည်။ သူတို့သည် ဆိုဗီယက် ပြည်ထောင်စုနှင့် နောက်ဆုံး ကုန်သွယ်မှုသည်လည်း ပြီးသွားပြီ ဖြစ်သည်။ သူတို့အနေဖြင့် ဘာမျှ လုပ်စရာ မလိုတော့ပေ။ ဖို့ကြောင့် သူသည် ထိုက်ဟွ ကုန်သွယ်ရေးမှ ဝန်ထမ်းများအားလုံးကို ဘေကျင်းသို့ ခေါ်ခဲ့သည်။ တစ်ချိန်တည်းတွင် အားလပ်ရက်တိုလည်း ပေးသည်။
ဖုန်းယွီက သူတို့ကို ယခုခရီးစဉ်သည် သူတို့အတွက် ယခုနှစ် အလုပ်သမားဆု အဖြစ် တွေးရန် ပြောသည်။ အနာဂတ်တါင် ထိုက်ဟွ ကုန်သွယ်ရေးက နှစ်စဉ် ကုမ္ပဏီခရီးများ စီစဉ်ပေးမည် ဖြစ်သည်။ ဝန်ထမ်းတိုင်း မိသားစုဝင်တစ်ယောက်စီ ခေါ်ယူခွင့်ရှိသည်။
ဝူကျီကန်းသည် ထိုအကြောင်းကို ကြားသည့်အခါ သူတို့အနေဖြင့် အလုပ်များ လုပ်ရန်မကျန်တော့်သည့်အတွက် လီရှစ်ချင်ကို ရက်အနည်းငယ်ကြာ အကူအညီ တောင်းခဲ့သည်။ ဝူကျီကန်းသည် ထိုနေရာတွင် ကိုယ်စားလှယ်များရှိကြောင်း ပြောရန် မေ့ခဲ့သည်။
ကံကောင်းချင်တော့ သူတို့သည် နှစ်သစ်ကူးပြီး ဒုတိယမြောက်နေ့တွင် ပြန်လာခဲ့သည်။ ပြီးနောက် လေဆိပ်မှကုမ္ပဏီကို တန်းလာခဲ့ကြသည်။
ဝူကျီကန်းသည် ရင်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ယင်းဆုပေးပွဲက စီစီတီဗွီတွင် ကြော်ငြာခြင်းထက်တောင် ထိရောက်မှု ရှိသည်။ မန်နေဂျာဖုန်းက ဒီလို အကြံမျိုး ဘယ်ကနေ ရလာပါလိမ့်။