ဆုပေးပွဲ၏ အကျိုးသက်ရောက်မှု အပိုင်း ၂
Vol. 25 Ch. 364
ဆုပေးပွဲ ထုတ်လွှင့်ပြီးသည့်နောက် လေနှင့်မိုး လော်ဂျစ်စတစ်၏ စီးပွားရေးသည်လည်း တိုးတက်လာခဲ့သည်။ ထိုက်ဟွ ကုန်သွယ်ရေး၏ ဗီဒီယို အတိုတွင် သူတို့၏ ရုံးအဆောက်အဦးနှင့် လေနှင့်မိုး လော်ဂျစ်စတစ်၏ အမှတ်တံဆိပ်ကိုလည်း ပြသထားသည့်အတွက်ကြောင့် ဖြစ်သည်။
ထိုဗီဒီယိုတွင် ထရပ်ကားကြီးများ အပြင်ဖက်တွင် အတန်းလိုက် ရပ်ထားသည်ကိုလည်း ပြသထားပေသည်။
ဖုန်းယွီ၏ အကြံပေးချက်အတိုင်း သူ့လုပ်ငန်များကို တောင်ပိုင်းနှင့် ဘေကျင်းတွင် ရုံးခွဲ ဖွင့်ရန်အတွက်လည်း စဉ်းစားနေသည်။ အရာအားလုံးက ကောင်းကောင်းမွန်မွန် ဖြစ်နေသည်။ သို့သော် ဖုန်းရှင်းထိုက်ကတော့ မပျော်ရွှင်ပေ။
ဆန်ကာတင်စာရင်းနှစ်ခါပါသည့် ထျန်ဖုန်းဝက်ခြံနှင့် ဆောင်ပုဒ်သည် တစ်နိုင်ငံလုံး၏ ရင်ထဲ ထင်ကျန်စေခဲ့သည်။ လူတိုင်းက ခေတ်မှီဝက်ခြံ ထျန်ဖုန်းဆိုသည့် နာမည်ကို သိကြပြီး ဖြစ်သည်။ ထိုခြံသည် တရုတ်နိုင်ငံတွင် အဆင့်မှီဆုံးခြံ ဖြစ်သည်။
စားသုံးသူများ ရုတ်တရက်တိုးလာသည့်အတွက် ထျန်ဖုန်းဝက်ခြံသည် ဈေးကွက်၏ ဝယ်လိုအားကို အမှီ မလိုက်နိုင်ပေ။ ဝက်ခြံသည် လုံကျန်းပြည်နယ်၏ လိုအပ်ချက်ကိုတောင် မဖြည့်ဆည်းနိုင်တော့ပေ။
ရှန်းယန်တွင်ရှိသည့် ဝက်ခြံသည်လည်း တည်ဆောက်နေဆဲ ဖြစ်သည်။ ထိုဝက်ခြံသည် ယခုနှစ် နွေရာသီမှ ပြီးစီးမည် ဖြစ်သည်။ ထိုရလဒ်က ထျန်ဖုန်းဝက်ခြံအတွက် အခက်တွေ့သည့် အခြေအနေ ဖြစ်စေသည်။
ကံကောင်းချင်တော့ ဖုန်းယွီသည် ထိုကိစ္စအတွက် တွေးပြီးသား ဖြစ်သည်။ သူက ထျန်ဖုန်းဝက်ခြံနှင့် အလုပ် အတူတွဲလုပ်ရန် လုံကျန်းပြည်နယ်ရှိ အခြား ဝက်ခြံများကို ဆက်သွယ်လိုက်သည်။ သူ့အနေဖြင့် ထိုဝက်ခြံများက သူတို့ တိရစ္ဆာန်အစာများကို အသုံးပြုပြီး ထျန်ဖုန်းဝက်ခြံ၏ နည်းလမ်းအတိုင်း ဝက်များကို မွေးမြူရန် ဖြစ်သည်။ ထိုခြံများသည်လည်း သူတို့၏ ဝက်သားများကို ထျန်ဖုန်း အမှတ်တံဆိပ်၏ နာမည်အောက်တွင် ရောင်းချခွင့် ရကြပေမည်။
သေချာသည်မှာ အခြားဝက်ခြံမှာ ဝက်သားအရည်အသွေးသည် ထျန်ဖုန်းဝက်ခြံကို ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် သူတို့၏ ဝက်ခြံကို တင်းတင်းကြပ်ကြပ် စစ်ဆေးပြီးနောက် သူတို့၏ ဝက်များကိုလည်း လင်းပြည်နယ်တွင် ရောင်းချနိုင်သည်။ ထျန်ဖုန်းဝက်ခြံသည် လင်းပြည်နယ်ရှိ အခြားသော ဝက်ခြံများနှင့်လည်း အလုပ်စလုပ်နေပြီ ဖြစ်သည်။ သို့သော် ယခုအချိန်ကာလသည် တရုတ်နှစ်သစ်ကူးကာလတွင် ဖြစ်သည်။ အချို့သော ဝက်များကို ဘေကျင်းတွင် မရောင်းချနိုင်သေးပေ။
ဖုန်းယွီက ထိုက်ဟွအစားအစာ ထုတ်လုပ်သည့် စက်ရုံတွင် မန်နေဂျာအသစ်ကို ငှားယမ်းထားသည်။ သူ့ဝန်ထမ်းကို ဘေကျင်းတွင် ဈေးကွက် အချက်အလက်များ စုံစမ်းရန်အတွက် စုံစမ်းရန် စေလွှတ်ထားသည်။ သူတို့ သတိပြုမိသည်ကား ထျန်ဖုန်း အမှတ်တံဆိပ်နှင့် ဝက်သားများ ထိုနေရာတွင် ရောင်းချနေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။
မန်နေဂျာသည်လည်း ဒေါသထွက်သွားသည်။ သူက ဘေကျင်းတွင် သူတို့ ဝက်သားများကို ရောင်းချနေသည်ကို သိသွားသည်။ ယင်းက သူတို့၏ ဈေးကွက် နည်းပညာများကို ဖြတ်တောက်ခြင်းပင် ဖြစ်သည်။ သို့သော် နောက်ထပ် အံ့အားသင့်စရာ ကောင်းသည့် သတင်းလည်း ရှိသေးသည်။
ဘေကျင်းတွင်သာမက ထျန်ကျင်းနှင့် တောင်ပိုင်းပြည်နယ်ရှိ အခြားပြည်နယ်များတွင်လည်း ထျန်ဖုန်းဝက်ကို ရောင်းချနေသည်။
မန်နေဂျာသည် တစ်ခုခု မှားယွင်းနေမှန်း သိသွားသည်။ အကယ်၍ ဘေကျင်းတွင်သာဆိုပါက ဖြစ်နိုင်သေးသည်။ သူတို့၏ ဝယ်ယူသူများထဲမှ တစ်ယောက်သည် ဘေကျင်းတွင် ရောင်းချသည်ဟု ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် သူတို့၏ ဝက်သားများကို ထျန်ကျင်းသို့ ပို့သည်မှာ မဖြစ်နိုင်ပေ။ ပို့ဆောင်ရေး စရိတ်စက အလွန်ကြီးသည်။ ထို့နောက် အကျိုးအမြတ်များများလည်း ကျန်တော့မည် မဟုတ်ပေ။
ထျန်ဖုန်းဝက်သည် အခြားသော ဝက်များထက် ရောင်းအား ကောင်းသော်ငြား သက်ရှိဝက်များကို ကုန်သွယ်ခြင်းက ဈေးများပေသည်။ ထျန်ဖုန်းဝက်များကို ရှန်းယန်နှင့် ထျန်ကျင်းသို့ ပို့ဆောင်သည်ကား မဖြစ်နိုင်သည့် ကိစ္စရပ်ပင် ဖြစ်သည်။
မန်နေဂျာသည် သူ့လူများကို ဈေးကွက်အတွင်းရှိ ထျန်ဖုန်းဝက်များကို တွေ့ရှိသွားပြီးနောက် စုံစမ်းရန်အတွက် သူ့လူများကို စေလွှတ်လိုက်သည်။ ထိုဝက်များက ဝဖြိုးကာ မတူညီသည့် ဝက်မျိုးစိတ်ပင်။
အတုအပများလည်း ရှိသေးသည်။ ထျန်ဖုန်း အမှတ်တံဆိပ်များကို အသုံးပြုနေသည်ပင်။ အရည်အသွေးနိမ့် ဝက်များကို သူတို့ ရောင်းချခြင်းက ထျန်ဖုန်း၏ အမှတ်တံဆိပ်ကို ထိခိုက်စေနိုင်သည်။ ယင်းကိစ္စကိုတော့ သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
ဖုန်းယွီသည်လည်း ထိုအကြောင်းကို သိသွားခဲ့သည်။ သို့သော် သူ့၏ စာမေးပွဲသည် အရမ်းနီးနေပြီ ဖြစ်သည်။ ထို့အပြင် ထိုမန်နေဂျာအသစ်၏ စွမ်းရည်ကိုလည်း စစ်ဆေးချင်သေးသည်။ ထိုမန်နေဂျာအသစ်က ဖုန်းယွီကို သူသည် နိုင်ငံခြားတွင် ဘွဲ့ရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စုရှိ အဆင့်မှီ ဝက်ခြံများကိုလည်း စီမံဖူးသည်ဟု ဆိုသည်။ ယင်းအတွက်ကြောင့် ဖုန်းယွီက သူ့ကို မက်လောက်စရာ ကောင်းကောင်းပေးကာ ငှားယမ်းခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ထိုမန်နေဂျာသည် ထိုပြဿနာကို မဖြေရှင်းနိုင်ခဲ့ပါက သို့မဟုတ် တရုတ်၏ ယဉ်ကျေးမှုကို နားမလည်ပါက သူ့ကို အရည်အချင်း မပြည့်မှီဟု သတ်မှတ်ကာ သူ့ကို အစားထိုးမည် ဖြစ်သည်။
အကယ်၍ ထိုကိစ္စကို စုံစမ်းသည့်သူမှာ ဖုန်းယွီသာ ဆိုလျှင်လည်း သူ့အနေဖြင့် အစိုးရ အရာရှိများနှင့် ဝက်သားရောင်းချသူများကို ချည်းကပ်မည် ဖြစ်သည်။ သူ့အနေဖြင့် စားသုံးသူများကို ထိုဝက်သားသည် အတု ဖြစ်ကြောင်း သိအောင် လုပ်မည် ဖြစ်သည်။ ရောင်းချသူများကိုလည်း အပစ်ပေးမည် ဖြစ်သည်။ အကယ်၍ ရောင်းချသူသည် သူတို့ ရောင်းချသည့် ဝက်များက ထျန်ဖုန်းဝက်မဟုတ်လျှင် ယင်းက သူတို့၏ ကံတရားသာ ဖြစ်သည်။ သို့သော် သူတို့မအနေဖြင့် သူတို့၏ လက်လွဲရောင်းချခြင်းများအတွက် အပျက်အစီးများအတွက် တောင်းယူနိုင်ပေသည်။
ထို ထျန်ဖုန်းဝက်အတုများကို ထောက်ပံ့ပေးနေသူများ နောက်ကွယ်တွင် ရှိပေမည်။ သူတို့ကို ပြစ်ဒဏ်ပေးရမည်ပင်။ သေချာသည်မှာ ဖုန်းယွီ သူကိုယ်တိုင် အပြစ်ပေးလျှင် အခက်တွေ့မည် ဖြစ်သည်။ ပြီးနောက် အစိုးရ၏ ထောက်ပံ့မှု မပါဘဲ ယင်းကိစ္စကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းမင်သည်လည်း ထိုရက်များအတွင်း ကံမကောင်းသည်ဟု ခံစားနေရသည်။ အမေရိကန် ပြည်ထောင်စုမှ ပြန်လာပြီးနောက် သူ့ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အထွေထွေ မန်နေဂျာအဖြစ် ခန့်ခဲ့သည်။ သူ့ကို ပေးသည့် အမောင့်က အတော် ဆွဲမက်စရာ ကောင်းသည်ပင်။သူသည် သူ့အလုပ်တွင် သုံးနှစ်ကြာပြီးနောက် ရှယ်ယာများကို ရယူမည်ဟု ကတိပေးထားသည်။ ယင်းက အမေရိကန် ပြည်ထောင်စုတွင် ခြံများကို စီမံခန့်ခွဲရခြင်းထက်ကောင်းပေသည်။ ပိုအရေးကြီးဆုံးက သူသည် တရုတ်နိုင်ငံကို ပြန်ရောက်ပြီ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင် အလုပ်လုပ်ခြင်းနှင့် ယှဉ်ပါက အမိမြေတွင် အလုပ်လုပ်ခြင်းထက် ပိုလွယ်ကူမည်ပင်။
ထိုကုမ္ပဏီသည်လည်း ချဲ့ထွင်နေသည်။ ပြီးနောက် လုံလောက်သည့် ငွေပမာဏနှင့် အဆင့်မြင့် နည်းပညာများလည်း ရှိပေသည်။ အမှတ်တံဆိပ်သည်လည်း တည်ဆောက်ပြီးသား ဖြစ်သည်။ ယင်းက သူ့အတွက် တောက်ပနိုင်မည့် အခွင့်အရေးဟု ခံစားမိသည်။ စီစီတီဗွီတွင် ဆုပေးပွဲ ထုတ်လွှင့်ပြီးနောက် ထျန်ဖုန်း ဝက်ခြံ၏ နောင်လာမည့် နှစ်များအတွင်း တိုးတက်မှုနှုန်းကို မြင်နေရသည်။ သို့သော် သူမပျော်ရွှင်ရသေးခင် ထိုကုမ္ပဏီ၏ အမှတ်တံဆိပ်က တရုတ်တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်နေသည်ပင်။ အရှေ့မြောက်ပိုင်းတွင် ဖြစ်သည့် ကိစ္စများသာ ဆိုပါက လွယ်လိမ့်မည် ဖြစ်သည်။ သို့သော် တောင်ပိုင်းအထိ ထိန်းချုပ်ရန်ကား လွယ်ကူသည့် ကိစ္စတစ်ရပ် မဟုတ်ပေ။
အကယ်၍ အမေရိကန်တွင်သာ ဖြစ်ပါက သူ့အနေဖြင့် ယင်းကိစ္စကို လျင်လျင်မြန်မြန် ဖြေရှင်းနိုင်မည် ဖြစ်သည်။ သူ့အနေဖြင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထိုလူများကို တရားစွဲဆိုနိုင်သည်။ သို့သော် ယခုသည် တရုတ်နိုင်ငံတွင် ဖြစ်သည်။ သူသည် ထိပ်တန်းရှေ့နေအချို့ကို ငှားပြီး ထိုတရားမဝင် ဝက်ရောင်းချသည့် သူများနှင့် ထောက်ပံ့သည့်သူများကို နို့တစ်စာ ပေးခဲ့သည်။ သို့သော် ထိုလူများက သူ့ကို အရေးတောင် မထားကြပေ။
ကျန်းမင်သည် ယခုကိစ္စတွင် ဒေသအစိုးရလည်း ပါဝင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ဒေသအစိုးရသည်လည်း ထိုထျန်ဖုန်းဝက်ခြံအတုမှ အကျိုးအမြတ်များကို ရှယ်ယာ ယူနေသည်။
ဟ..မင်းက ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုပဲ။ အစိုးရကို ဆန့်ကျင်တဲ့အခါ နိုင်မယ်လို့ တွေးနေတာလား။
ငါတို့တွေက ဒီနေရာမှာ ထိန်းချုပ်ထားပြီးပြီ။ ငါတို့ အလိုရှိတဲ့အတိုင်း လုပ်နိုင်တယ်။ ထပ်ပြောရမယ်ဆိုရင် ထျန်ဖုန်းဝက်ခြံက ဈေးကွက်ရဲ့ လိုအပ်ချက်ကို လိုက်မှီနေတာ မဟုတ်ဘူး။ ငါတို့ ထျန်ဖုန်းဝက်ကို ရောင်းတာ ဘာအမှားရှိလို့လား။ ငါတို့တွေက အရှေ့မြောက်ပိုင်းဒေသတွေကို ဒီဝက်တွေကို ရောင်းလို့လား။ အဲဒီမှာလည်း လူတွေ အများကြီး ရောင်းချနေတာ။ သွားရှာလို့ ရတယ်။ တကယ်လို့ သူတို့ ရောင်းတာ ရပ်မယ်ဆိုရင် ငါတို့လည်း ရပ်မယ်။
ကျန်းမင်သည် ထိုကိစ္စကို သူ ကောင်းကောင်းကိုယ်တွယ် ဖြေရှင်းနိုင်ခြင်း မရှိပါက အစားထိုးခံရမည်ကို သိပေသည်။ သို့သော် သုံးနှစ်ကြာပြီးနောက် စာချုပ်ပြန်ချုပ်ရုံက လွဲပြီး မဖြစ်နိုင်ပေ။ ပြောစရာ မလိုပေ။ မည်သည့်ကုမ္ပဏီမှ ရှယ်ယာများကို အပိုဆုအဖြစ် ပေးအပ်ခြင်း မရှိပေ။
ထိုသူများသည် ကျန်းမင်၏ အလုပ်ကို အထင်သေးကြသည်။ ကျန်းမင်သည် စိတ်တိုသွားသည်။
ကျန်းမင်သည် ချက်ခြင်းဆိုသလိုပင် တရုတ်နိုင်ငံရှိ ဝက်ခြံအကြီးများကို ဆက်သွယ်ကာ ထျန်ဖုန်း အမှတ်တံဆိပ်ကို အသုံးပြုပြီး ထိုခြံများနှင့် ရှယ်ယာ ခွဲယူရန် လုပ်သည်။ သူသည် ထိုခြံများကို ထျန်ဖုန်းအမှတ်တံဆိပ်အဖြစ် ရောင်းချခွင့်ပေးရန်အတွက် ခွင့်ပြုခွင့် ရရှိသူ ဖြစ်သည်။
ကျန်းမင်သည် စိတ်ထဲတွင် ရယ်နေသည်။ မင်းတို့က ဒေသ အစိုးရရဲ့ အကာအကွယ်ကို ရထားတာလား။ အဲတာဆိုရင် ငါလည်း မင်းတို့ကို ယှဉ်ပြိုင်မယ်လေ။ ဘယ်အစိုးရက မင်းတို့တွေကို ပြန်ကာကွယ်မလဲဆိုတာ မြင်ချင်သေးတယ်။ ဒီထောက်ပံ့သူ သေးသေးလေးတွေနဲ့ ရောင်းချသူတွေက ဒီလို ကြီးမားတဲ့ ယှဉ်နိုင်မှာ မို့လို့လား။
ယင်းက ထျန်ဖုန်း အမှတ်တံဆိပ်၏ တန်ဖိုးကို ကျဆင်းစေသော်ငြား ယင်းက ထျန်းဖုန်း အမှတ်တံဆိပ်ကို တစ်နိုင်ငံလုံးတွင် ရောင်းချစေလိုက်ခြင်းပင် ဖြစ်သည်။
ထျန်ဖုန်းဝက်ခြံသည် တရုတ်တွင် နံပါတ်တစ် ဝက်သားရောင်းချသူ ဖြစ်လာမည်မှာ အချိန် အတိုင်းအတာ တစ်ခုအထိသာ စောင့်ရမည် ဖြစ်သည်။
ကျန်းမင်သာ ထိုအရာကို မလုပ်ပါက သူ့အနေဖြင့် တောင်းပိုင်းပြည်နယ်ရှိ တိရစ္ဆာန် အစားအစာ ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ဝယ်မည် ဖြစ်ကာ သူ့အနေဖြင့် ထျန်ဖုန်း အမှတ်တံဆိပ် တိရစ္ဆာန်အစာများကို ရောင်းချကာ တောင်ပိုင်းဈေးကွက်ကို ဝင်မည် ဖြစ်သည်။ သူ့အတွက် ဝက်ခြံကြီးများသည် အလုပ်လုပ်ပေးကတည်းက သူ့အနေဖြင့် ထို စက်ရုံများသည်လည်း အရှုံးပေါ်မည်ကို စိတ်ပူစရာ မလိုပေ။
ဝက်သား စစ်ပွဲ စတင်ပြီ ဖြစ်သည်။