စူပါပန်ကာ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း
Vol. 25 Ch. 365
စူပါပန်ကာသည် အလုံးစုံ မဖြစ်မြောက်သေးပေ။ မတူညီသည့် လုပ်ဆောင်ချက်များကို အတူတကွ ပေါင်းထည့်ပါက ထိုပန်ကာသည် ကြီးသွားမည် ဖြစ်သည်။ ဗီဒီယိုထဲရှိ ပန်ကာသည် လုပ်ဆောင်ချက် များများ မပါပေ။ ယင်းက ကနဦးထုတ်ကုန်သာ ဖြစ်သည်။ ထိုပန်ကာသည် လုပ်ဆောင်ချက် နှစ်ခုကိုသာ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်ပြီး ထုတ်လုပ်သည့် အခြေအနေသို့ မရောက်သေးပေ။
တောင်ပိုင်းပြည်နယ်များအတွက် ပန်ကာတွင် အပူပေးကိရိယာ ပူးပေါင်း ပါဝင်မည် ဖြစ်သည်။ ဖုန်းယွီသည်လည်း ထိုက်ဟွကုန်သွယ်ရေးအတွက် သတ်မှတ်ချက် ပေးထားသည်။ ထိုစူပါပန်ကာသည် နောက်နှစ်ရောင်းအား ၂ဆ ဖြစ်ရမည် ဖြစ်သည်။
ရေနွေးငွေ့ထုတ်ကိရိယာနှင့် ဒလက်မဲ့ပန်ကာကို မြောက်ပိုင်းဈေးကွက်အတွက် မိတ်ဆက်မည် ဖြစ်သည်။ သောချာသည်မှာ ထိုမော်ဒယ်အတွက် ရေနွေးငွေ့ထုတ်မှုက အဓိက ရောင်းချသည့် အချက်ပင် ဖြစ်လာပေမသည်။ ထိုမော်ဒယ်နှစ်ခုသည် ယခုနှစ်အတွက် သူတို့၏ အာရုံစိုက်ရမည့် အရာ ဖြစ်သည်။ ရေနွေးငွေ့စက် မော်ဒယ်ဟောင်းများနှင့် ဒလက်မဲ့ပန်ကာ ထုတ်လုပ်မှုကို လျော့ချမည် ဖြစ်သည်။
ထိုမော်ဒယ်အဟောင်းများကို အလုံးစုံ ဖယ်ရှားဦးမည် မဟုတ်ချေ။ ပြီးနောက် ထိုစူပါပန်ကာ၏ လက်လီရောင်းဈေးသည် ၅၀ရာခိုင်နှုန်း ပိုလာမည် ဖြစ်ကာ ယခုလက်ရှိ တရုတ်နိုင်ငံ၌ အတော်လေး ဈေးကြီးသည်ဟု ပြောနိုင်ပေ၏။
သို့သော် ဥရောပနှင့် အမေရိကန် ပြည်ထောင်စုဈေးကွက်အတွက်မူ ပုံမှန် ဒလက်မဲ့ ပန်ကာများအတွက် ရောင်းဈေးသည် နှစ်ဆ ဖြစ်သွားမည် ဖြစ်သည်။
အကယ်၍ ဈေးကြီးလျှင်တောင် စူပါပန်ကာသည် ထုတ်ကုန်အသစ် ဖြစ်သည်။ ယင်းက ဖြန့်ချီသူ အများအပြားကို စွဲဆောင်နိုင်ပေသည်။ ထို ဖြန့်ချီသူများသည် ထိုပန်ကာ၏ အလားအလာကို မြင်နိုင်ပြီး ထိုပန်ကာ ရောင်းကောင်းမည်မှန်း သိသည်။
ယင်းက ဖုန်းယွီ ပြောသည့်အတိုင်းပင် လျှပ်စစ်ပန်ကာ တစ်ခုအတွက် အမေရိကန် ဒေါ်လာ ၃၅၀ ပေးဝယ်ပါက ဘက်စုံသုံးပန်ကာအတွက် နောက်ထပ် ၃၅၀ ထပ်ပေးရလျှင်လည်း စိတ်ထဲထားမည် မဟုတ်ပေ။
လေနှင့်မိုး အိမ်သုံးလျှပ်စစ် ပစ္စည်းကို အမေရိကန်နှင့် ဥရောပ နိုင်ငံများများတွင် တရားစွဲဆိုထားကြသည်။ ထိုတရားခွင်အကြောင်း သတင်းစာများတွင် ချဲ့ချဲ့ကားကား ပြောထားသည်။ ထိုသူများသည် ယခင်က ထိုအမှတ်တံဆိပ်ကို မသိကြသော်ငြား ယခုအခါ တရုတ်နိုင်ငံ၏ လျှို့ဝှက်ဆန်းကျယ်သော အမှတ်တံဆိပ်အဖြစ် သိလာကြသည်။
အနောက်နိုင်ငံများက လေနှင့်မိုး၏ အမှတ်တံဆိပ် လိုဂိုကို စိတ်ဝင်စားကြသည်။ သူတို့သည် ထိုလိုဂိုက တရုတ်၏ ရှေးဟောင်းစကားလုံးကို အခြေခံထားမှန်း ကြားဖူးကြသည်။ ယင်းက လူများစွာ၏ စိတ်အာရုံကို ဖမ်းစား၏။
ယခုလက်ရှိတွင် YADU ၏ ထုတ်ကုန်များသည်လည်း အနောက်နိုင်ငံများကို ဝင်ရောက်နေသည်။ သူတို့၏ ဈေးနှုန်းက လေနှင့်မိုး ထုတ်ကုန်များနှင့် အတူတူပင် ဖြစ်သည်။ ပြီးနောက် တရားစွဲဆိုမှုကိုလည်း ဆက်လက် လုပ်နိုင်တော့မည် မဟုတ်ချေ။
ဖူကွမ်းကျန်းသည် ငြိမ်ငြိမ်လေး ထိုင်ပြီး အနားမယူပေ။ သူက ချက်ခြင်းပင် အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲ့သည်။ သူ့အနေဖြင့် အများပြည်သူရှေ့တွင် တောင်းပန်ခြင်းကို လိုချင်၏။
ယင်းက ဖူမိသားစု၏ နည်းဗျူဟာပင် ဖြစ်သည်။ သူတို့သည် တရားခွင်ကို ဖော်ထုတ်ကာ ကိစ္စ ကြီးအောင် လုပ်ချင်သည်။ တရားခွင်သည် မကြာတော့သော်ငြား လေနှင့်မိုး အမှတ်တံဆိပ်၏ အကြောင်းအရာများ မီဒီယာတွင် မကြာခဏ ပါပါလာ၏။ ယင်းက ဝယ်ယူသူများကို စွဲဆောင်စေ၏။
ယင်း ပရိုမိုးရှင်းနည်းလမ်းသည် ကြော်ငြာခြင်းထက် ပိုပြီး သက်ရောက်မှု အားကောင်းသည်။ အပျက်အစီးအတွက် ၁ဒေါ်လာလည်း ရပေသည်။ ဖူကွမ်းကျန်း လိုချင်သည်ကား အများပြည်သူ၏ အာရုံစိုက်မှုပင် ဖြစ်သည်။
လူများကလည်း ထိုထုတ်ကုန်များကို စိတ်ဝင်စားလာကြကာ အဘယ်ကြောင့် အများအပြား တရားစွဲဆိုမှု ခံရကြောင်း သိချင်နေကြသည်။ ထိုထုတ်ကုန်များက အမှန်တကယ် ကောင်းသည်လော။
ထိုသူများသည် ထုတ်ကုန်များက ဒလက်မဲ့ပန်ကာနှင့် ရေနွေးငွေ့စက်များ ဖြစ်ကြောင်းမကြာခင် သိသွားတော့သည်။ ထိုအချိန်တွင် ဖူကွမ်းကျန်းသည် ဘက်စုံသုံး ဒလက်မဲ့ပန်ကာများ၏ ပရိုမိုးရှင်းကို အားစိုက်လုပ်လိုက်ကြသည်။
ထိုစူပါပန်ကာသည် ဈေးနှုန်း အလွန်ကြီးမြင့်စွာဖြင့် ရောင်းချသော်ငြား ရောင်းအားက ကြောက်ခမန်း လိလိ ကောင်းမွန်သည်။ လူများစွာက အဘယ်တွက် ဆောင်းရာသီတွင် ပန်ကာရောင်းသည်ကို သိချင်နေကြသည်။ သူတို့တွေ ရူးသွားပြီလား။
သို့သော် ထိုသူတို့ သိသွားသည်ကား ယင်းပန်ကာသည် လေပူများကို ထုတ်ပေးသည်။ လျှပ်စစ်ပန်ကာ တစ်ခုက လေပူတွေကို ထုတ်ပေးနိုင်တာလား။ ယခင်က မည်သူမျှ မမျှော်လင့်ထားပေ။
အပူပေးကိရိယာနှင့် စူပါပန်ကာ၏ ရောင်းအားသည် တိုးတိုးလာခဲ့သည်။ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုရှိ မိသားစု တော်တော်များများတွက် အပူပေး စနစ်မျိုး မရှိသေးပေ။ သူတို့က မီးမွှေးကာ သူတို့ကို သူတို့ နွေးအောင် လုပ်ကြရသည်။
ရေနွေးငွေ့စက် ပါဝင်သည့် မော်ဒယ်သည်လည်း အတော်လေး ရောင်းအား ကောင်းသည်။ ပုံမှန် ဒလက်မဲ့ ပန်ကာများနှင့် ရေနွေးငွေ့စက်များသည်လည်း မီဒီယာကြောင့် ရောင်းအား တက်လာခဲ့သည်။
ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ရောင်းအားက တရုတ်နိုင်ငံထက် ပို၏။ သေချာသည်မှာ အမြတ်လည်း များလာမည် ဖြစ်သည်။ ဖြန့်ချီသူများက နေ့တိုင်းလိုလို ပစ္စည်းများကို လှမ်းမှာနေကြရသည်။ ဖူကွမ်းကျန်းသည် ပါး နားတက်ချိတ်လုမတက် ပြုံးနေ၏။
YADU နှင့် အလုပ်လုပ်ရသည်ကား အကောင်းဆုံးပင် ဖြစ်သည်။ YADU ၏ နည်းပညာနှင့် စက်ရုံများကြောင့် လေနှင့်မိုး ထုတ်လုပ်ရေးသည်လည်း များစွာ တိုးတက်လာခဲ့သည်။ YADU ဈေးကွက်ထဲ ဝင်လာခြင်းနှင့်အတူ ဖြန့်ချိသူများနှင့် ဝယ်ယူသူများ ပိုရွေးချယ်ခွင့် ရလာ၏။
မည်သည့် အမှန်တံဆိပ်ပင် ဖြစ်စေ ဖူကွမ်းကျန်းသည် အမြတ်ရရှိနေဆဲပင်။ ယင်းက မျှမျှတတယှဉ်ပြိုင်မှု ဖြစ်ကာ သူတို့၏ ဈေးကွက် ဝေစုသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခုလက်ရှိတွင် ပန်ကာနှင့် အဲယားကွန်း ကုမ္ပဏီများက လေနှင့်မိုးနှင့် YADUကို သူတို့၏ အဓိက ပြိုင်ဖက်အဖြစ် မြင်လာကြသည်။
ထိုကုမ္ပဏီများက ဒလက်မဲ့ပန်ကာများသည် သူတို့အတွက် ပြဿနာမဟုတ်ဟု တွေးခဲ့ကြသည်။ သို့သော် သူတို့သည် အရောင်းပိုင်းကို မြင်သည့်အခါ သူတို့အနေဖြင့် ထိုကုမ္ပဏီနှစ်ခုအား အလေးအနက် ထားရမည်ကို သိခဲ့သည်။ သူတို့အနေဖြင့် ထိုလျှပ်စစ်ပန်ကာတွင် အခြားသော ထပ်တိုးအသုံးဝင်မှုများ ပါမည်ဟု မမျှော်လင့်ထားကြပေ။
အဲယားကွန်းကုမ္ပဏီများက အဓိကအားဖြင့် လေအေးပေးစက်များကိုသာ ထုတ်လုပ်နေသည်။ အချို့သော ကုမ္ပဏီများက အဲယားကွန်းများတွင် အပူပေးကိရိယာများ တပ်ဆင်ကြသော်ငြား ထိုဈေးကွက်၏ တုန့်ပြန်မှုက မကောင်းပေ။
ထိုကုမ္ပဏီများသည် လေပူထွက်သည့် စူပါပန်ကာသည် အဘယ်ကြောင့် ရောင်းကောင်းသည်ကို နားမလည်နိုင် ဖြစ်နေသည်။ သတင်းစာထဲရှိ သူတို့ တရားစွဲခံရမှုကြောင့် ဖြစ်မည်လော။ သို့မဟုတ် ထိုပန်ကာသည် သေးငယ်ပြီး လျှပ်စစ်အား သုံးစွဲမှု သက်သာ၍လော။
ထိုသို့ ခန့်မှန်ချက် ပေါင်းစုံ ထွက်လာရခြင်းသည် အချိန်ခဏအတွင်း နာမည်ကြီးလာသည့်အတွက် ဖြစ်သည်။ အခြားသော အကြောင်းပြချက်သည် အဲယားကွန်းနှင့် ပန်ကာဈေးကွက်တွင် ယှဉ်ပြိုင်သူများစွာ ရှိသည့်အတွက် ဖြစ်သည်။ စူပါပန်ကာအတွက်မူ ပြိုင်ဖက်မရှိပေ။ သို့မဟုတ် လေနှင့်မိုးနှင့် သူတို့ ပြိုင်ဖက် YADU သည် တစ်ဖက်တည်းတွင် ရှိနေသည့်အတွက် ဖြစ်သည်။
ဝယ်ယူသူများသည်လည်း သူတို့၏ စိတ်ဝင်စားမှုကြောင့် ဝယ်ယူကြခြင်း ဖြစ်သည်။ သူတို့သည် ပစ္စည်းအသစ်ကို စိတ်ဝင်စားသော်ငြား စူပါပန်ကာသည် အဲယားကွန်းများထက် ပိုဈေးချို၍ စိတ်ဝင်စားနေကြခြင်း ဖြ်စသည်။
သို့သော် တရုတ်နိုင်ငံတွင်မူ စူပါပန်ကာများသည် အဲယားကွန်းများထက် ဈေးနှုန်း ပိုချိုသာပေ၏။ လေနှင့်မိုး ၏ အမှတ်တံဆိပ်အားနှင့် ဖြန့်ချီရေးလမ်းကြောင်းများကြောင့် စူပါပန်ကာသည် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများထက် ရောင်းအားကောင်းသည်။
သို့သော် YADUသည် တရုတ်နိုင်ငံတွင်တော့ ကောင်းကောင်း အလုပ်မဖြစ်ပေ။ သူတို့ရောင်းအားသည် လေနှင့်မိုးကဲ့သို့ မကောင်းပေ။ ဖုန်းယွီသည် YADU၏ ထုတ်ကုန်များကို သူ့ အရောင်းကိုယ်စားလှယ်များကို မိတ်ဆက်ပေးသော်ငြား ထို ဖြန့်ချီသူများက YADU၏ထုတ်ကုန်များကို စိတ်ဝင်စားခြင်း မရှိပေ။
YADUတွင် မည်သည့် ကြော်ငြာမျှ မရှိချေ။ ပြီးနောက် သူတို့၏ အမှတ်တံဆိပ် လူသိမှုသည်လည်း အလွန်ကို နည်းသည်။ လူများစွာက ထိုအမှတ်တံဆိပ်ကို မကြားဖူးကြချေ။ ထုတ်ကုန်နှစ်ခု ပစ္စည်းအတူ ဈေးအတူ ဖြစ်လျှင်တောင် ဝယ်ယူသူများသည် သူတို့ ကြားဖူးသည့် အမှတ်တံဆိပ်ကိုသာ ယူကြမည် ဖြစ်သည်။
YADUကို ဝယ်ယူသူများက မဝယ်ကတည်းက မော်လ်မျာနှင့် ဆိုင်များသည်လည်း ဖြန့်ချီသူများထံမှ အမှာစာများကို ရပ်လိုက်ကြသည်။ ပြီးနောက် ဖြန့်ချီသူများသည်လည်း သူတို့ထံမှ မှာယူခြင်း မရှိပေ။ လေနှင့်မိုး၏ ထုတ်ကုန်များကို ရောင်းချခြင်းက သူတို့အတွက် ပိုကောင်းပေသည်။ သူတို့သည် အလုပ်အတူတူ ကာလရှည်ကြာ အလုပ်တွဲလုပ်ပြီး ဖြစ်ကာ ထိုအမှတ်တံဆိပ်ပေါ်တွင် ဝယ်ယူသူများ၏ ယုံကြည်မှုသည်လည်း ရှိနေပြီ ဖြစ်၏။
YADUသည် မကြာမီတွင် ထိုက်ဟွနှင့် အလုပ်အတူ တွဲလုပ်ခြင်းက မှားယွင်းသည့် အရွေ့ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူတို့က မူပိုင်ခွင့်ကို အခမဲ့ရပြီးနောက် အကျိုးအမြတ် ရပြီဟု တွေးခဲ့ကြသည်။ သို့သော် ယခုလက်ရှီတွင် ထိုက်ဟွ ကုန်သွယ်ရေးက သူတို့ပေါ် စီးနေပုံရသည်။ ယခုလက်ရှိတွင် YADU၏ စက်ရုံများသည် သူတို့၏ ထုတ်ကုန်များထက် လေနှင့်မိုး၏ ထုတ်ကုန်များကို တိုးမြင့် ထုတ်လုပ်နေရသည်။
YADU၏ ဒလက်မဲ့ပန်ကာသည် ဘဲဥပုံ ဖြစ်ကာ ဝယ်ယူသူများက ထိုပုံသည် အလွန်ရုပ်ဆိုးသည်ဟု ခံစားရသည်။ ဝယ်ယူသူများအနေဖြင့် အဝိုင်းပုံပန်ကာများကိုသာ ရွေးချယ်ကြဆဲ ဖြစ်သည်။ ငါတို့ရဲ့ ပန်ကာက အရမ်းလေထွက်တယ်။ ပြီးတော့ ဘဲဥပုံစံက နေရာလည်း မယူဘူး။ ဒါ့အပြင် ငါတို့ပန်ကာရဲ့ ဘယ်အပိုင်းက ရုပ်ဆိုးနေတာလဲ။ ဒါက လျှပ်စစ် ပန်ကာလေ။ လှနေဖို့လိုလို့လား။
YADUသည် ဘက်စုံသုံး စူပါပန်ကာကို ထုတ်လုပ်ရန် လိုအပ်သေးသည်။ သူတို့အနေဖြင့် ဒလက်မဲ့ ပန်ကာအတွင်း အသုံးဝင်သည့် အရာများစွာ ထည့်ရဦးမည် ဖြစ်သည်။ ပြီးနောက် ပန်ကာသည် ကြီး၍ မရေ၌။ သူတို့အနေဖြင့် ထိုက်ဟွ ကုန်သွယ်ရေးကို သူတို့ နည်းပညာများကို ပေးရဦးလည်း ဖြစ်သည်။
YADUအတွေးတွင် နည်းပညာဖလှယ်မှု၊ သူတို့ စက်ရုံ အရွယ်အစားနှင့် အစိုးရ ထောက်ပံ့မှုနှင့် ဆိုပါက သူတို့သည် လေနှင့်မိုး အမှတ်တံဆိပ်ကို ကျော်နိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော် ယခုလက်ရှိတွင် လေနှင့်မိုးသည် အမှားတစ်ခုမျှ လုပ်ခဲ့ပုံ မပေါ်ပေ။ သူတို့အနေဖြင့် လေနှင့်မိုး၏ အရိပ်အောက်မှ ရုန်းထွက်နိုင်တော့မည် မဟုတ်ချေ။