← Chapters

အဆင့်မြင့် အရာရှိတွေရဲ့ အာရုံစိုက်မှုလား။ ၁

Vol. 25 Ch. 366

အဆင့်မြင့် အရာရှိတွေရဲ့ အာရုံစိုက်မှုလား။ ၁

Vol. 25 Ch. 366

စာမေးပွဲ ပြီးသွားပြီ ဖြစ်ကာ ကျောင်းသားတိုင်းက ကျောင်းပိတ်ရက်အတွင်း သူတို့ဇာတိကို ပြန်ကြသည်။ သို့သော် ဖုန်းယွီသည် ဘေကျင်းတွင်သာ ရှိနေသည်။ ထျန်ဖုန်းဝက်ခြံ၏ ပြဿနာက ပိုထိန်းချုပ်ရန် ခက်ခဲလာခြင်း ဖြစ်သည်။ ကျန်းမင်၏ နည်းဗျူဟာသည် အစပိုင်းတွင် အလုပ်ဖြစ်သော်ငြား ဒေသ အစိုးရများက ထိုကိစ္စကို လျစ်လျူရှုကြသည်။ ထိုဝက်သားအတု ရောင်းချသူများက သူတို့၏ ဈေးကွက်ကို ပိုမို ချဲ့ထွင်လာခဲ့သည်။

ကျန်းမင်သည် ထျန်ဖုန်း အမှတ်တံဆိပ်ကို တစ်နိုင်ငံလုံတွင် ရင်းနှီးရန်ပြုလုပ်ခဲ့သည်။ သို့သော် သူ မျှော်မှန်းထားသလောက် အကျိုးအမြတ် မရခဲ့ပေ။ အစပိုင်းက ဒေသတွင်း အစိုးရများသည် ထိုကိစ္စကို လက်ခံရန် ခက်ခဲ့သည်။ မင်းက ငါတို့ကိုတောင် တစ်ပြားမှ မပေးဘဲ မင်းတို့ကို ငါတို့က ဝေစုခွဲပေးရမှာလား။ မင်းက ငါတို့ကိုတောင် မင်းတိရစ္ဆာန်အစာတွေကို ကျွေးစေချင်သေးတာလား။ ငါတို့ရဲ့ ဝက်တွေကို ငါတို့ စက်ရုံကထွက်တဲ့ တိရစ္ဆာန်အစာတွေ ကျွေးတာ ဘာမှားလို့လဲ။

မင်းတို့ရဲ့ တိရစ္ဆာန်အစာက ဝက်တွေကို မြန်မြန် ကြီးထွားနိုင်တယ်ဆိုရင်တောင် အရမ်းကုန်တယ်။ ငါတို့တွေရဲ့ ဝက်တွေကို ဒေသ စက်ရုံက ထွက်တဲ့ အစားအစာပဲ ဖြစ်ဖြစ် အစေ့အဆံနဲ့ ဝက်စာပဲ ဖြစ်ဖြစ် ကျွေးလို့ရတယ်။ ဝက်တွေက ကြီးလာမှာပဲလေ။ ဒီလိုဆိုရင် ငါတို့ဒေသက စက်ရုံတွေတောင် ငွေပိုရမှာ။ ဘာလို့ ငါတို့က မင်းကို ပေးရမှာလဲ။

အဆုံးတွင် ကျန်းမင်၏ နည်းဗျူဟာသည် နေရာများစွာတွင် ကျရှုံးခဲ့သည်။ အချို့သော ဒေသများတွင် အောင်မြင်သော်ငြား ယင်းက ထျန်ဖုန်းဝက်အတု ပြဿနာကို မဖြေရှင်းနိုင်ခဲ့‌ေ၌ပ။

ကျန်းမင်လုံးဝ မမျှော်လင့်ထားသည်ကား ဒေသ အစိုးရများက သူတို့၏ ဒေသတွင်း လုပ်ငန်းများအား အလွန်အကာအကွယ် ပေးထားခြင်း ဖြစ်သည်။ အစိုးရသည် တရားဝဝင်လုပ်ဆောင်ချက်များ ဆက်လက် လုပ်ဆောင်ခွင့် ပေးထားသည်။ ကျန်းမင်သည် ဒေသ အစိုးရများအား ယင်းက ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ပြောခဲ့သော်ငြား ဒေသ အစိုးရများက တရားမဝင် ဝက်ရောင်းချသူများကို သူတို့ အလိုရှိသည့်အတိုင်း ဆက်လက် လုပ်ဆောင်ခွင့် ပေးထားသည်။ အချို့သော အစိုးရများက အမတော်ငွေပေးခြင်းဖြင့်တောင် ထောက်ပံ့ကြ၏။

ထိုအစိုးရများ သူ့အမှတ်တံဆိပ်ကို မရင်းနှီးချင်သည်ကို မြင်ပြီးနောက် သူသည် ငွေများဖြင့် ရင်းနှီးမြှပ်နှံရန် ကမ်းလှမ်းသည်။ မည်သို့ပင် ဖြစ်စေ ထိုက်ဟွ အစားအစာ ထုတ်လုပသ်သည့် စက်ရုံသည် စက်ရုံများကို ဝယ်ပြီးသည့်တိုင်အောင် ငွေများ ရှိနေဆဲ ဖြစ်သည်။ သူ့အနေဖြင့် ဘဏ်မှ ချေးငွေကိုတောင်ရယူနိင်ပေ၏။

သို့သော် ဒေသ အစိုးရ ချမှတ်ထားသည့် စည်းမျည်းများက အလွန် ပြင်းထန်လွန်းလှသည်။ အချို့သော ဒေသအစိုးရများက ပြတ်ပြတ်သားသားတောင် ငြင်းပယ်ကြသည်။ သူတို့သည် မရင်းနှီးမမြှပ်နှံလိုဘဲ သူတို့သည် ထိုက်ဟွ အမှတ်တံဆိပ် ဝက်သားများကို ရောင်းချကာ အကျိုးအမြတ်များ ယူချင်၏။

ဟာ... မင်းက ငါတို့ဝက်သားကို ထျန်ဖုန်း ဝက်သားအတုလို့ ပြောတာလား။ မင်းမှာ ဘာသက်သေ ပြစရာရှိလို့လဲ။ မင်းတို့ရဲ့ ဝက်ခြံကိုပဲ ထျန်ဖုန်းလို့ ခေါ်လို့ ရတာလား။ ငါတို့ရဲ့ ဝက်ခြံကလည်း အဲ့နာမည်ကို သုံးလို့ ရတာပဲ။

မင်းက အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားတာလဲ။ ဘာအမှတ်တံဆိပ်လဲ။ ထျန်းဖုန်မာရှယ်က ကျူးပါကျဲ။ မင်းက ငါ့ကို ကျူးပါကျဲကလည်း မင်းတို့ အပိုင်လို့ ပြောချင်တာလား။

ကျန်းမင်က ထိုလူများအား လုံးဝကို စုက်ဆုပ်ရွံရှာသွားသည်။ သူတို့နှင့် ငြင်းခုန်ရန်လည်း နည်းလမ်း မရှိပေ။ ဒေသအစိုးရက ဥပဒေအတိုင်းလုပ်ရန် ငြင်းပယ်၏။ ဒေသ ရဲတပ်ဖွဲ့နှင့် ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုသည်လည်း ဒေသ အစိုးရ၏ အောက်တွင် ရှိသည်။ သူတို့သည် အပြင်သူများကို ကူညီလိမ့်မည် မဟုတ်ချေ။

ကျန်းမင်၏ နည်းဗျူဟာသည် မမှားမှန်း ဖုန်းယွီ သိသည်။ သို့သော် သူသည် နိုင်ငံခြားတွင် ကာလရှည်ကြာ နေလာရသည် ဖြစ်၍ ဒေသ ထုံးစံနှင့် မကျင့်သားရခြင်း ဖြစ်နိုင်ပေ၏။ ဆိုးဝါးသည့် ပတ်ဝန်းကျင်နှင့် မကောင်းသည့် အကျင့်များက ခေတ်မမှီသည့် လူများကို မွေးထုတ်ပေ၏။ ထိုနေရာများသည် ဆင်းရဲသည်။ ပြီးနောက် ထိုလူများသည် ခေတ်နောက်ကျသည့် အတွေးများသာ ရှိသည်။ သူတို့သည် ယုတ္တိကျကျ မလုပ်တက်ပေ။ သူတို့သည် ပိုက်ဆံမြင်လျှင် ဘာဖြစ်ဖြစ်လုပ်ဖို့သာ မြင်သည်။ အကယ်၍ ရဲခေါ်လျှင်တောင် အသုံးဝင်မည်မဟုတ်။ အတူတူပင် ဖြစ်ပေမည်။ ပြီးနောက် သူတို့သည် ဆွေမျိုးများ ဖြစ်ကြပေမည်။ သူတို့ကို ဘာလုပ်နိုင်မည်နည်း။

ထိုလူများနှင့် ဆက်ဆံရန်အတွက် ကိုယ့်ဖက်တွင် အစိုးရ အရာရှိ ရှိရမည် ဖြစ်သည်။ မင်းငါ့ကိုပြော ဒီဒေသ အစိုးရက ဒီလူတွေကို ကာကွယ်တာလား။ အဲတာဆိုရင် ငါတို့ကလည်း ဒီဒေသ အစိုးရတွေကို သူတို့ကို ကာကွယ်တဲ့ အရေးကနေ ရပ်တန့်အောင် လုပ်ရမယ်။ ပြီးတော့ ဒီလူတွေိကို နောက်ထပ် မလုပ်ရဲအောင် လုပ်ရမယ်။

.....

“အို... မန်နေဂျာဖုန်း ဒီနေ့ ဘာလို့ စီစီတီဗွီကို ရောက်နေရတာလဲ။ ကျွန်တော်တို့တွေ ကြော်ငြာကဏ္ဍတွေကို ပြန်ပြီး မချုပ်ဆိုသေးဘူးမလား။”

ချန်းပေါင်ကျွင်းက ဖုန်းယွီကို ကြည့်လိုက်သည်။

နှစ်သစ်ကူး အထူးအစီအစဉ်ကြောင့် စီစီတီဗွီ၏ ကြော်ငြာကဏ္ဍများကို လေလံဆွဲသည့် အချိန်က ရှေ့သို့ ရောက်လာခဲ့သည်။ ကြော်ငြာကဏ္ဍများ၏ ဈေးနှုန်းသည် ယမန်နှစ်များကထက် ပိုများပေ၏။ သို့သော် ဖုန်းယွီအနေဖြင် သူ့စာချုပ်များကို တွန့်ဆုတ်ခြင်း မရှိဘဲ ချုပ်ဆိုမည် ဖြစ်သည်။ သူသည် လဲဟဟအတွက် နောက်ထပ် ကြော်ငြာကဏ္ဍ နှစ်ခုရရန်လည်း ပြောထားသည်။ ယင်းက သူတို့၏ ထုတ်ကုန်အသစ် ဒိန်ချဉ်နှင့် လက်ဖက်ရည်များ အတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်။

စီစီတီဗွီသည်လည်း နောက်နှစ်မှ စတင်ပြီး ကြော်ငြာကြေးများသည် တသတ်မက်တည်း ရှိတော့မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ယင်းက လေလံဆွဲခြင်းပင် ဖြစ်ပေမည်။ လေလံဆွဲနိုင်သူသည် ထိုအချိန်ကို ရမည် ဖြစ်သည်။

ယင်းကဲ့သို့ ဖြစ်ရသည့် အကြောင်းအရင်းသည် ကြော်ငြာကဏ္ဍများ ဝယ်ယူရာတွင် ငွေအလွန်အကျွံ သုံးသည့်အတွက် ဖြစ်သည်။ ပြီးနောက် ထိုက်ဟွ၏ ရောင်းအားသည်လည်း တိုးတက်လာခဲ့သည်။ အကယ်၍ ဖုန်းယွီသာ ထိုကဲ့သို့ ဝယ်ယူခြင်း မရှိပါက ကြော်ငြာလေလံဆွဲခြင်းများက ၁၉၉၄နောက်ပိုင်းမှသာ ဖြစ်လာမည် ဖြစ်၏။

ဖုန်းယွီသည် စီစီတီဗွီ၏ သူ့ကြော်ငြာအတွက် လေလံဈေး တသတ်မက်ထဲ သတ်မှတ်ရန် ဆုံးဖြတ်ချက်ကို ငြင်းဆိုသည့်အတွက် စိတ်မကောင်း ဖြစ်မိ၏။

သို့သော် စိတ်ထဲမထားပေ။ ငါတို့အနေနဲ့ ငါတို့ လိုချင်တဲ့ အချိန်ကို ရအောင် လုပ်မှာ ပြီးမှ မင်းခံစားရအောင် လုပ်မှာ။

“ရုပ်သံ အရာရှိချုပ်ချန်း အို... ကျွန်တော် ဌာနခွဲမှုးချန်းလို့ အခု ခေါ်ရတော့မှာလား။”

“ငါက လက်ထောက်ဌာနခွဲမှုးပါ...လက်ထောက်”

ချန်းပေါင်ကျွင်း ထိုသို့ပြောသည့်အခါ အပြုံးတပွင့် ပေါ်လာခဲ့သည်။ သူ့စိတ်ထဲရှိ ဖုံးကွယ်ထားသည့် ပျော်ရွှင်မှုအား မဖုံးကွယ်နိုင် ဖြစ်နေ၏။ သူသည် ကြော်ငြာဌာနတွင် ရှိနေသည့်အချိန်က ကြော်ငြာဝင်ငွေကို တိုးတက်အောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ ရာထူးတိုးခဲ့သည်။ သူသည် ကြော်ငြာပိုင်းတွင် အဓိက တာဝန်ရှိသူ ဖြစ်သော်ငြား သူ့လစာသည် တိုးလာကာ အချို့သော အကျိုးအမြတ်များလည်း ရလာခဲ့သည်။

“ကျွန်တော်က ဒီကို ကြော်ငြာအကြောင်း ပြောဖို့ လာတာ မဟုတ်ဘူး။ ကျွန်တော် အစီအစဉ်တစ်ခုအကြောင်း ပြောဖို့ လာခဲ့တာ။”

ဖုန်းယွီ၏ အရင်ဘဝတွင် ထိုအစီအစဉ်ကို ဖယ်ရှားပစ်မည် ဖြစ်သည်။ သို့သော် ယခုလက်ရှိတွင် ဖုန်းယွီ ‌ရှိနေသည်။ အစီအစဉ်နောက်ကွယ်မှ အရာများကို ပြောင်းလဲရုံသာမက သူသည် ထိုအစီအစဉ်အတွက် အကြံဉာဏ်များကိုလည်း ပေးမည် ဖြစ်သည်။ ထိုအစီအစဉ်သည် ပြန်လည် ဆန်းသစ်မည် ဖြစ်ကာ ကြည့်ရှုသူများလည်း ကျေနပ်ကြမည် ဖြစ်သည်။ သေချာသည်မှာ ဖုန်းယွီသည် သူ့ထုတ်ကုန်များကို ထိုအစီအစဉ်တွင် ပြသထားမည် မဟုတ်ပေ။

“ဘာ... ဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ ဘာမှားတာများ ရှိလို့လဲ။ ငါတို့တွေက မင်းရဲ့ လိုလားချက်အတိုင်း မင်းထုတ်ကုန်တွေကို အစီအစဉ်မှ ပြသထားတာပဲလေ။ ငါတို့တွေ မင်းရဲ့ နောက်ဆုံးထွက် စူပါပန်ကာကိုတောင် ပြောင်းထားလိုက်သေးတယ်။ ဘယ်မှာ ပြဿနာ ဖြစ်နေလို့လဲ။”

ကျန်းပေါင်ကျွင်းက မေးလိုက်သည်။

“ကျွန်တော်က အထူးအစီအစဉ် တစ်ခုလုပ်ချင်လို့။ သေချာတာကတော့ ကျွန်တော် အဲ့အစီအစဉ်အတွက် ပိုက်ဆံ ပေးမှာပါ။”

ထိုအစီအစဉ်သည် အနာဂတ် အစီစဉ်များ၏ တင်ဆက်မှုနှင့် ဆန်းသစ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကာ ထိုအစီအစဉ်သည် သာမန် ပြည်သူလူထု၏ နေ့စဉ်ဘဝနှင့် သူတို့ ကြုံတွေနေရသည့် အခက်အခဲများကို နှိုက်နှိုက်ချွတ်ချွတ် ရိုက်ပြမည် ဖြစ်သည်။ ထိုအစီအစဉ်သည် တနည်းအားဖြင့် ကြော်ငြာခြင်း တစ်ခု ဖြစ်ကာ လီရှစ်ယုံနှင့်တောင် အင်တာဗျူးထားသေးသည်။

“အထူးအပိုင်းလာ။ မန်နေဂျာဖုန်း. ကျွန်တော် ခင်ဗျားကို မကူညီနိုင်ဘူး။ ဒီဟာက ကျွန်တော်ရဲ့ ဆုံးဖြတ်ချက် အောက်မှာလည်း ရှိတာ မဟုတ်ဘူး။”

ချန်းပေါင်ကျွင်းက ပြန်ပြောလိုက်သည်။

ဖုန်းယွီက ချန်းပေါင်ကျွင်းကို တစ်ချက် စိုက်ကြည့်လိုက်သည်။

“ဌာနခွဲမှူး ချန်း... ဒါက မဟုတ်သေးဘူးနော်။ ကျွန်တော် မှတ်မိတာကတော့ အစီအစဉ်ရဲ့ နာမည်ရယူပိုင်ခွင့်ကို တောင်းဆိုတုန်းက မရဘူးလို့ ပြောခဲံတယ်။ ပြီးတော့ အစိုးရတွေနဲ့ တွေ့ပြီး အစည်းအဝေး ထိုင်ဖို့ ပြောတော့ ကျွန်တော်အကြံကို ပယ်ချခဲ့တယ်။ ယမန်နှစ်တုန်က အစီအစဉ်အသစ် တစ်ခုကို လွှင့်ခဲ့တယ်။ အဲ့အစီအစဉ်ကို ကျန်းတ လုပ်ငန်းက စပွန်စာပေးခဲ့တယ်။ ပြီးတော့ အဲ့အစီအစဉ်ရဲ့ နာမည်ကိုလည်း ရခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့လဲ။ သူက နိုင်ငံခြားလုပ်ငန်း ပြီးတော့ နိုင်ငံခြားကုမ္ပဏီ မို့လို့လား။ အကုန်သဘောတူတာက။ ကျွန်တော်က တရုတ်လူမျိုး ပြီးတော့ ပုဂ္ဂလိက ကုမ္ပဏီ ပိုင်ဆိုင်ထားတယ်။ ကျွန်တော် ခွဲခြား ဆက်ဆံခံနေရတာလား။”

ဖုန်းယွီသည် ယခင်က သူနှင့် စီစီတီဗွီတုန်းက ပြောသည့်အခါ ပါသည့်အရာကို မေ့သွားခဲ့သည်။ မဟုတ်ပါက သူအနေဖြင့် ထိုအရာကိုသာ ပြောပါက စီစီတီဗွီက သူ့ကို ထိုအစီအစဉ် လုပ်ခွင့်ပေးမည် ဖြစ်သည်။ ယင်းအစီအစဉ်သည် နှစ်ပေါင်းများစွာအထိ စီစီတီဗွီသည် လူကြည့်အများဆုံး အစီအစဉ် ဖြစ်လာမည် ဖြစ်သည်။

တခြားသူတောင် ဒီလို လုပ်နိုင်တာ။ ဘာလို့ ငါက မရရတာလား။ မင်းအနေနဲ့စပွန်ဆာ ပေးလို့ရတယ်။ အစီအစဉ်မျိုးစုံအတွက် အမည်ရခွင့်တွေ ရှိတယ်။ ပြီးတော့ ငါလည်း အဲ့အတိုင်း အတူတူ လုပ်တာပါ။ အရင်တုန်းက ကောင်းတဲ့ အစီအစဉ်တွေပဲ။ နာမည် ပြောင်းလိုက်ရင် ပိုတောင် ကောင်းသွားလိုက်ဦးမယ်။

သို့သော် စီစီတီဗွီသည် ဖုန်းယွီ၏ လိုလားချက်ကို သဘောမတူသေးပေ။

ဖုန်းယွီသည် ယင်းအချက်ကို အသုံးပြုခြင်းက စီစီတီဗွီကိုဆန့်ကျင်သလို ဖြစ်နေသည်။ စီစီတီဗွီသည် သူတို့၏ အစီအစဉ်များ ကောင်းမွန်ရန်အတွက် ဖုန်းယွီ၏ အကြံဉာဏ်များကို အသုံးပြုခဲ့သည်။ ပြီးနောက် သူ့ကို မည့်သည့် နာမည် ရပိုင်ခွင့်ကိုမျှ မပေးခဲ့ပေ။ ထိုအကြောင်းကြောင့် ဖုန်းယွီသည် လက်ထောကအရာရှိချုပ်ကို ကြိမ်ဖန်များစွာ ရှာနေရခြ်း ဖြစ်သည်။

အခုလက်ရှိမှာ ကျွန်တော်အတွက် အထူးအပိုင်းလေးပဲ လိုချင်တာ။ ဘာလို့ မဖြစ်နိုင်ရတာလဲ။ ငါက မင်းကို မပေးလို့လား။ ငါတို့တွေက ဈေးတောင် ညှိပြီးပြီးလေ ဘာလို့ ငြင်းနေရတာလဲ။

ချန်းပေါင်ကျွင်းက ငြိုးငယ်သည့် မျက်နှာထားဖြင့် ပြန်ဖြေ၏။

“မန်နေဂျာဖုနး် ကျွန်တော် ခေါင်းဆောင်တွေကို မေးကြည့်ပေးပါမယ်။ သူတို့တွေ ဒီအချက်ကို ငြင်းမယ်ဆိုရင် ကျွန်တော်ကို ခက်ခဲအောင် မလုပ်ပါနဲ့။ ကျွန်တော်က အစီအစဉ်ကို ဆုံးဖြတ်တဲ့သူ မဟုတ်ဘူး။ ဘာလို့ ကျွန်တော်ကိုပဲ အပူလိုက်ကပ်နေရတာလဲ။”

All Chapters