အဆင့်မြင့် အရာရှိတွေရဲ့ အာရုံစိုက်မှုလား။ 2
Vol. 25 Ch. 367
“ဘာ ဖုန်းယွီဒီကို ထပ်ပြီး ရောက်နေပြန်တာလား။ သူက ငါတို့ကို ရုပ်သံတစ်ခု သူ့အတွက် ရိုက်စေချင်တာလား။ သူက စီစီတီဗွီကို သူ့အိမ်လို့ ထင်နေတာလား။”
လက်ထောက်ရုပ်သံအရာရှိ ကျားကစိတ်မပျော်ရွှင် ဖြစ်သွားသည်။ ဖုန်းယွီသည် ကျန်းပေါင်ကျွင်းကို အပူကပ်ပြီးနောက် သူ့ဆီကို ရောက်လာခဲ့သည်။ အကယ်၍ နှစ်သစ်ကူး အထူးအစီအစဉ်သာ မအောင်မြင်ခဲ့က သူသည်လည်း ဖုန်းယွွီနှင့်အတူ ရှုံးနိမ့်မည် ဖြစ်သည်။
အဘယ်တွက် စီစီတီဗွီ၏ လက်ထောက် အရာရှိက ကောင်စုတ်လေး၏ နှောက်ယှက်မှုကို ခံနေရသနည်း။
“အရာရှိချုပ်ကား အရာရှိက ကျွန်တော်ကို သူ့ကို မောင်းထုတ်စေချင်တာလား။ ဒါပေမဲ့ ရုပ်သံအရာရှိ ကျွန်တော်ကို နောက်နှစ်ကြော်ငြာကနေ ရတဲ့ ငွေတွေကို တိုးချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။”
ယင်းအကြောင်းပြချက်ကြောင့် ရုပ်သံ အရာရှိချုပ်ကျားသည် ဖုန်းယွီ၏ နောက်ယှက်မှုကို ခံနေရခြင်း ဖြစ်သည်။ ဖုန်းယွီသာ ရှိနေပါက စီစီတီဗွီ၏ ကြော်ငြာလေလံပွဲက ကြောက်စရာ ရှိမည် မဟုတ်ပေ။ ဖုန်းယွီက သူ့ကို မရောင်းရသည့် ကြော်ငြာ များအားလုံးကို ဝယ်ယူမည်ဟု ပြောထားသည်။
ရုပ်သံ အရာရှိချုပ်ကျားက ချန်းပေါင်ကျွင်းကို ရပ်ရန်အတွက် လက်မြောက်လိုက်ကာ
“ဖုန်းယွီကို အထဲခေါ်ခဲ့ ငါသူနဲ့ စကားပြောချင်တယ်။”
“အု... ရုပ်သံ အရာရှိချုပ်ကျားလည်း ဒီမှာပဲ။ ကျွန်တော်ထင်တာတော့ ရုပ်သံ အရာရှိချုပ်ချန်းက ကျွန်တော်လိုချင်တာကို ပြောပြီးသားနေမယ်။ စီစီတီဗွီက ဘယ်လောက်လိုချင်တာလဲ။”
“ငါတို့ ဘယ်လောက်လိုချင်တာလဲဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ ငါတို့တွေက သဘောတောင် မတူရသေးဘူး။”
ရုပ်သံ အရာရှိချုပ် ကျားက အော်ပြော၏။
“ဟာ.... သဘောမတူရသေးဘူးလား။ ဒီနှစ် ကျွန်တော်တို့ရဲ့ ရုပ်သံက အစီအစဉ်သစ်တွေကို ထုတ်လွှင့်မှာ မဟုတ်ဘူးလား။ လုံလောက်တဲ့ ရံပုံငွေ ရှိလို့လား။ ဒီနှစ် ကြော်ငြာကြေးက မနှစ်ကတက် တိုးလာပေမယ် အတော်လေးလည်း ကုန်ကြခဲ့တယ်လေ။ ကျွန်တော်ကြားတာကတော့ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် ကြော်ငြာကြေး အကုန်နီးပါးကုန်သွားပြီလို့ ပြောတယ်။”
ဖုန်းယွီက ငါသိနေတယ်လေဆိုသည့် အပြုံးပြုံးလိုက်သည်။ စီစီတီဗွီတွင် ငွေကြေး လုံလောက်မှု မရှိိမှန်းသူသိကာ သူ့တွင် ငွေရှိသည်။ ယခုပင် ဖုန်းယွီက သူတို့ကို ငွေထုတ်ပေးနိုင်သည်။ သူတို့က မလိုချင်တာလား။ စီစီတီဗွီသည် ကြော်ငြာများမှ ငွေ အမြောက်မြားစွာ ရသော်ငြား သူတို့၏ သုံးစွဲမှုက အလွန်ပင် မြန်ဆန်လွန်းလှသည်။
“ရုပ်သံ အရာရှိချုပ်ကျား။ ဘာလို့ ကျွန်တော်မှာဒီအစီအစဉ်တွက် အကြံရှိတာကို ဘာလို့ နားမထောင်တာလဲ။ အဲအစီအစဉ် သင့်တော်မတော်က အရာရှိ ဆုံးဖြတ်လို့ ရပါတယ်။ တကယ်လို့ မသင့်တော်ဘူးဆိုရင် ကျွန်တော် ထွက်သွားပါမယ်။ ဒါပေမဲ့ အဲအစီအစဉ် သင့်တော်တယ်ဆိုရင်တော့ ကျွန်တော်တို့တွေ ဈေးအကြောင်း ပြောကျတာပေါ့။”
လက်ထောက်ရုပ်သံအရာရှိချု့ပ် ကျား၏ စိတ်ထဲတွင် သူသည် ဖုန်းယွီ ဘာပြောပြော သူမသင့်တော်ဟု ပြောတာက သူ့ကို ထွက်သွားခိုင်းရန် ဖြစ်သည်.
လက်ထောက်ရုပ်သံ အရာရှိချုပ် ကျားက ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ... ငါ့ကို အခုပြော”
ဖုန်းယွီက ထိုင်လိုက်ပြီးနောက် သူ့အိတ်ထဲမှ စာရွက်အထုတ်လိုက်ကို ထုတ်လိုက်တော့သည်။
“ရုပ်သံ အရာရှိချုပ်ကျား။ ဒါက မနှစ်က ကုန်သွယ်ရေးနဲ့စက်မှုဗျူရိုက ယူခဲ့တဲ့ အတုအပ ပစ္စည်းစာရင်းတွေပါ။ ဒီထဲမှာ ကျွန်တော်အနေနဲ့ အစားအသောက်ပိုင်းက အရမ်းကို အန္တရာယ်များတယ်လို့ တွေးမိတယ်။ ပြီးတော့ စားသုံးသူတွေက ဒီအစားအစာတွေကို စားမိမှာ။ ပြီးတော့ အခြားထုတ်ကုန်တွေနဲ့ ယှဉ်ရင် အဲတာတွေက အရည်အသွေးမကောင်းဘူး။ စားသုံးသူတွေက အဲ့ပစ္စည်းတွေကို မစားသင့်ဘူး လွင့်တောင် ပစ်သင့်တာ။ပြီးတော့ အတုအပ ပစ္စည်းတွေက အသက်ကိုတောင် သေစေနိုင်တယ်။”
ရုပ်သံ အရာရှိချုပ်ကျားသည် ထိတ်လန့်သွားကာ ဖုန်းယွီလက်ထဲရှိ စာရွက်များကို ယူလိုက်ကာ သူက ဂရုတစိုက် ဖတ်လိုက်တော့သည်။
တခဏကြာပြီးနောက် ဖုန်းယွီက ဆက်ပြော၏။
“ကျွန်တော်တို့တွေက အစားအစာ ဘေးကင်းမှုအကြောင်းကို အပိုင်းတစ်ပိုင်း ရိုက်ချင်တာ။ အစားအစာ ထုတ်ကုန်တွေဖြစ်တဲ့ ဆန်၊ ဂျုံ၊ ဆီ၊ ဆား၊ အသား၊ ကြက်ဥနဲ့ ဟင်းသီးဟင်းရွက်တွေက အခြေခံကျတဲ့ စားသောက်ကုန်တွေ။ ကျွန်တော်တို့တွေ ဒီအစားအသောက်တွေထဲက တစ်ခုကို ရွေးချယ်ပြီး လုပ်မှရမယ်။ ကြည့်ရှုသူတွေကို ဆွဲဆောင်စေဖို့အတွက် ကျွန်တော်တို့ အသားကို ရွေးချယ်မယ်။ အသားက ဈေးအကြီးဆုံးပဲလေ။”
ရုပ်သံ အရာရှိချုပ်ကျားက ခေါင်းညိတ်လိုက်သည်။ စားသုံးသူများအနေဖြင့် ဈေးကြီးသည့် ပစ္စည်းများကို ပို၍ စိုးရိမ်ကြသည်။ အကယ်၍ ဆန်တုဆိုရင် အဆင်ပြေသည်။ အများဆုံးအနေဖြင့် သဲနှင့် ကျောက်ကို ဆန်နှင့် ရောထားခြင်းသာ ဖြစ်သည်။ စားသုံးသူများအနေဖြင့် ဆေးကြောစဉ် လွှတ်ပစ်နိုင်ပေ၏။ ဥများကို အတုလုပ်ရန်ကား မဖြစ်နိုင်ပေ။ အများဆုံးအနေဖြင့် ကြက်ဥများသည် ပုတ်သွားခြင်း ဖြစ်ပေမည်။ ကြက်ဥပွင့်သည်နှင့် စားသုံးသူများသည် ချက်ခြင်းပင် သိကြပေ၏။
ဟင်းသီးဟင်းရွက်များသည်လည်း ပြဿနာ မရှိပေ။ စားသုံးသူများအနေဖြင့် ဟင်းသီးဟင်းရွက်များကို မချက်ပြုတ်ခင် ဆေးပြီး ချက်ပြုတ်နိုင်ပေသည်။ ဟင်းချက်ဆီ မကောင်းပါက စားသုံးသူများအနေဖြင့် နမ်းကြည့်ရုံဖြင့် အရည်အသွေးနိမ့်ကြောင်း ပြောနိုင်ပေသည်။ ဆားကို အစိုးရက ထိန်းချုပ်ထားသည်။ အတုထွက်ပေါ်လာစရာ အကြောင်းမရှိပေ။
“ဝက်အတုဆိုတာကဘယ်လိုလုပ် ပါလာရတာလဲ။ မင်းက နာမကျန်း ဖြစ်နေတဲ့ ဝက်တွေကို ပြောချင်တာလား။”
ပတ်ဝန်းကျင်တွင် နာမကျန်း ဖြစ်နေသည့် ဝက်များ မရှိပေ။ ကပ်ဘေးတစ်ခု ဖြစ်လျှင် ဝက်များစွာ သေမည် ဖြစ်ကာ ဈေးကွက်ထဲတွင်ရှိနိုင်မည်လော။ အကယ်၍ နာမကျန်း ဖြစ်နေသည့်ဝက် ဒါဇင်သာ ရှိပါကလည်း ထိုဇာတ်လမ်းအတိုင်း ရိုက်ရန်အတွက် သင့်တော်မည် မဟုတ်ပေ။
ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ
“ဟုတ်တယ် ဈေးကွက်ထဲမှာ အရည်အသွေးမကောင်းတဲ့ ဝက်တွေကို အရည်အသွေးကောင်းတဲ့ ဝက်အမှတ်တံဆိပ်ယူပြီး ရောင်းနေတာတွေ တွေ့တယ်။ ဒီလူတွေက စားသုံးသူတွေကို လိမ်ညာပြီးတော့ ငွေရနေကြတာ။ ကျွန်တော်တို့နိုင်ငံဥို ကမ္ဘာက အာရုံစိုက်နေတာ။ နေ့တိုင်းနေ့တိုင်း နိုင်ငံခြားမီဒီယာတွေက ကျွန်တော်တို့ နိုင်ငံအကြောင်းကို တင်ပြနေကြတာ။ အခြားနိုင်ငံက မီဒီယာတွေက ကျွန်တော်တို့ ဝက်သားအတုတွေကို လူတွေကို ရောင်းတာကို သိသွားရင် ဘယ်လိုလုပ်မလဲ။”
“ဒါက... အဲလောက်အထိ လေးနက်တာလား။ အရည်အသွေးပြည့်မှီတဲ့ ဝက်တွေအဖြစ် ဘယ်လိုရောင်းကျတာတုန်း။”
လက်ထောက်ရုပ်သံအရာရှိချုပ်ကျားက ဖုန်းယွီချဲ့ကား ပြောနေသည်ဟု ခံစားမိသည်။
“ရိုးရိုးလေးပါပဲ။ အသားကို ရေထိုးတာပေါ့။ ဝက်ခြံကလူတွေက ဝက်တွေရဲ့ ပါးစပ်ထဲ ပိုက်ထိုးပြီး အရှိန်ပြင်းပြင်းနဲ့ ဝက်မသေခင်အထိ ရေတိုက်သတ်တာလေ။ ဒီနည်းနဲ့ဆိုရင် ဝက်သားက ၁၀ရာခိုင်နှုန်း ပိုများလာလိမ့်မယ်။ ဝက်ကဘယ်လိုလုပ် အသား ၁၀ရာခိုင်နှုန်း တိုးစရာ အကြောင်းရှိမှာလဲ။ အဲတာတွေက ရေတွေလေ။ စားသုံးသူတွေက ဒီဝက်ကို ဝယ်ပြီး အိမ်ပြန်ချက်တဲ့အခါ အသားက ရေတွေထွက်နေပြီ။ ပြီးတော့ အသားထဲကို ရေထိုးတာတွေကော ရှိသေးတယ်။ ဒီနည်းလမ်းက ဝက်အလေးချိန်ကို ၁၅ရာခိုင်နှုန်း တိုးလာစေတယ်။ သူတို့တွေ သုံးတဲ့ ဆေးထိုးအပ်တွေက ကာကွယ်ဆေးထိုးတဲ့နေရာက အသုံးပြုတဲ့ အပ်တွေပဲ။ အဲ့ဝက်သားကို အရာရှိသာဆိုရင်ကော စားရဲလား။”
ဖုန်းယွီ၏ အရင်ဘဝတွင် ထိုတစ်ပိုင်းထုတ်လွှင့်ပြီးနောက် အောင်မြင်ခဲ့သည်။ ဖုန်းယွီက ရှေ့ကို ဆွဲခေါ်ခဲ့ခြင်း ဖြ်စသည်။ ယခုလက်ရှိတွင် ဝက်ရေထိုးထားသည့် ဈေးကွက် ရှိနေပြီ ဖြစ်သည်။
ဖုန်းယွီက ဆက်ပြောလိုက်၏။
“ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကျွန်တော်တို့တွေက ပြည်သူ့အတွက် မဟုတ်ဘူးလား။ ဒီကိစ္စက ကျွန်တော်တို့ ပြည်သူအတွက် စိတ်ပူစရာလို့ မတွေးမိဘူးလား။”
“ဒါပေမဲ့ မင်းဒီအကြောင်းကို သိပြီဆိုရင် ဘာလို့ ရဲကို မတိုင်ရတာလဲ။"
ရုပ်သံ အရာရှိချုပ်သည် ခဏကြာ တွေးပြီးနောက် ပြန်ပြောလိုက်သည်။
“ကျွန်တော် ရဲကိုလည်း တိုင်ပြီးပြီ။ ဒါပေမဲ့ ဒေသက ရဲတွေက ဝက်ခြံနဲ့ ရောင်းတဲ့သူတွေနဲ့ အကြံအတူတူပဲ။ ဘယ်သူမှ ဂရုမစိုက်ဘူး။ အချို့သူတွေကိုတောင် ဒေသ အစိုးရအချို့က အကူအညီတောင် ပေးနေသေးတယ်။ သူတို့တွေက ဒီဝက်တွေကို မစားကြဘူး။ ဒါပေမဲ့ သူတို့တွေက အခြားသူတွေကို ရောင်းကြတယ်။ သူတို့က နတ်ဆိုးတွေလို့ မထင်ဘူးလား။ ဘာလို့ အပြစ်ပေးရမှာလဲ။”
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားက တုန်လှုပ်သွားသည်။
“ရဲတွေက ဒီကိစ္စကို အရေးမယူ။ အလေးလဲ မထားဘူးပေါ့။ ဒေသ အစိုးရကတောင် သူတို့တွေကို ထောက်ပံ့ပေးနေတာလား။”
“ကျွန်တော်က ဒီလို အရေးကြီးတဲ့ ကိစ္စကို ညာပြောမယ်လို့ တွေးနေတာလား။ တကယ်လို့ ဒီအကြောင်းသာ စီစီတီဗွီက ထုတ်လွှင့်မယ်ဆိုရင် တရုတ်နိုင်ငံမှာရှိတဲ့ လူတိုင်းက အရာရှိကို ကျေးဇူးတင်ကြပြီး ချီးကျူးကြမှာ"
ဖုန်းယွီက သူ့ကို ဆက်လက် စည်းရုံး၏။
“တစ်ခုခုတော့ မဟုတ်သေးဘူး။ ဒီကနေ မင်းအနေနဲ့ ဘာအကျိုးအမြတ်ရစရာ ရှိလို့လဲ။ ဒီဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် အခမဲ့အနေနဲ့ ထုတ်လွှတ်စေချင်တာလား။”
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားက ဖုန်းယွီကို သံသယဖြင့် ကြည့်လိုက်သည်။ သူက ဖုန်းယွီသည် ထိုမျှ မြင့်မြတ်သည့်သူမှန်း မသိပေ။
ဖုန်းယွီက ပြုံးကာ....
“အာ.... အဲ့ဝက်တွေကို ထျန်ဖုန်းဝက်တွေ အဖြစ် ရောင်းချနေကြတာ။ ထျန်းဖုန်းဝက်ခြံဆိုတာက ကျွန်တော်အဖေရဲ့ ဝက်ခြံလေ။ ဒီလူတွေက ကျွန်တော်တို့ရဲ့ နာမည်တွေိကို ဖျက်ဆီးနေကြတာ။ ကျွန်တော်တို့တွေ နောက်ကျ ဝက်သား ဘယ်လိုရောင်းမလဲ။”
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားက စိတ်ထဲတွင် တွေးလိုက်သည်။ ငါထင်တာမှန်တယ်။ ဒီဝက်ကိစ္စက ဒီကောင်စုတ်နဲ့ ဆက်စပ်နေတာကြောင့်ပဲ။ ဒီကောင်လေး ဒီလောက်အထိ မမြင့်မြတ်ပါဘူးဆို။
“ကောင်းပြီလေ... မင်းက ငါ့ကို ပြောတာက ဒီဝက်သားအတု ရောင်းချတဲ့သူတွေကို ဖော်ထုတ်ဖို့နဲ့ သူတို့ကို ထောက်ပံ့ပေးနေတဲ့ အရာရှိတွေကို ဖော်ထုတ်ဖို့အတွက်မလား။”
“သေချာတာပေါ့။ ဒီလူတွေက တော်တော်ကို လွန်တယ်။ သူတို့တွေက နိုင်ငံရဲ့ ပုံရိပ်ကို ဖျက်စီးနေကြတာ ပြီးတော့ သူတို့တွေက ပါတီနာမည်ပျက်အောင် ဖျက်နေကြတာ။”
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားက သူ့မျက်လုံးကို ဝေ့လိုက်ကာ
“ငါ့အထင်တော့ ဒီအပိုင်းကို ရိုက်ကူးဖို့အတွက် အနည်းဆုံး ၁ပတ်တော့ လိုမယ်ထင်တယ်။ ငါတို့တွေ ဒေသတွေအများကြီးကို ရိုက်ကူးဖို့အတွက် လွှတ်ရဦးမှာ။ အရမ်းကို အလျင်လိုတယ်ဆိုရင် အရင်းအနှီးကလည်း လိုအပ်လိမ့်မယ်။ ငါ့အထင်တော့အနည်းဆုံး ယွမ် ၁၀၀,၀၀၀ကနေ ၂၀၀,၀၀၀ထိ ကုန်ကျလိမ့်မယ်။”
ဖုန်းယွီသည် ချက်ခြင်းပင် သူ့အိတ်ထဲမှ ခွေများကို ထုတ်လိုက်ကာ
“ကျွန်တော် ဒီအကြောင်းကို ရိုက်ကူးဖို့အတွက် လူငှားပြီးသွားပြီ။ ဒီရိုက်ကူးချက်တွေက နာမည်ရ သတင်းသမားတွေဆီကပဲ။ သတင်းသမားတွေကလည်း ဒီစာရွက်ထဲမှာ လက်မှတ်ထိုးထားတယ်။ ပြီးတော့ ဒီက ဗီဒီယိုတိတ်ပေါမှာ စီရီယယ် နံပါတ်တွေလည်း ပါတယ်။ သတင်းသမားတွေက တောင်းဆိုထားတာ တစ်ခုပဲ ရှိတယ်။ အစီအစဉ် ထုတ်လွှင့်တဲ့အခါ သူတို့နာမည်ကို အစီအစဉ် တင်ဆက်သူက ဖတ်ပေးဖို့ပဲ။ ဒါကြောင့် ကျွန်တော် ဈေးနှုန်းကို လျော့ချနိုင်မလား။ ယွမ် ၁၀,၀၀၀ဆိုရင်ကော ဘယ်လိုလဲ။”
ဘာနာမည်ရ သတင်းသမားတွေလဲ။ မင်းက သူတို့ကို မင်းလိုချင်တဲ့ အတိုင်း ရိုက်ပေးဖို့ ခိုင်းထားတာလေ။ ပြီးတော့ သူတို့ တီဗွီမှာ ပေါ်ဖို့အတွက် အခွင့်အရေးလည်း ရသေးတယ်။ သူတို့တွေက မင်းအတွက် ဗီဒီယို တည်းဖြတ်ပေးရုံပဲ။ နှစ်နာရီစာ အစီအစဉ်အတွက် လုံလောက်ပြီ။
လက်ထောက်ရုပ်သံ အရာရှိချုပ်ကျားက
“.....””
အစီအစဉ် တစ်ခုလုံး ရိုက်ကူးပြီးသွားပြီလား။ ဒီကောင်စုတ်လေးက အကုန်လုံးကို ပြင်ဆင်ခဲ့တာပဲ။
“ငါတွေးနေတာကငါတို့အတွက် မင်းရဲ့ ယွမ် ၁၀,၀၀၀က မလိုအပ်ပါဘူး။ ဒါပေမဲ့ စီစီတီဗွီ ၃က အစီအစဉ်သစ် ၂ခုအတွက် ငွေမလုံလောက်ဘူး ဖြစ်နေတာ။ မင်းအနေနဲ့ ငါတို့ကို ငွေကြေးအချို့ ကူညီပေးပေါ့။ ပြီးတော့ မင်းကိုအစီအစဉ်အဆုံးအတွက် ကြော်ငြာကဏ္ဍပေးမယ်လေ။ မဟုတ်ဘူးလား။”
“ကျွန်တော် ဒီအစီအစဉ်ရဲ့ ကြော်ငြာကဏ္ဍကို အစကတည်းက လိုချင်နေတာ။ ပြီးတော့ ကျွန်တော်က ဒီအစီအစဉ်တွေမှာ ထုတ်ကုန် နေရာထားဖို့ပါ ယူချင်တယ်။”
ဖုန်းယွီက သူ့လိုလားချက်များကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ လူအချို့သာ စီစီတီဗွီ၃ကို ကြည့်သော်ငြား ယင်းက ကြော်ငြာ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ထိုအစီအစဉ်တွင် အနည်းဆုံးတော့ သူ့ထုတ်ကုန်များကို ပြသနိုင်ပေ၏။
“သဘောတူတယ်။ချန်းပေါင်ကျွင်းနဲ့ မင်းနဲ့ ဘယ်လောက်လိုလဲဆိုတာ ဆွေးနွေးကြပေါ့။”
.....
ဆွေးနွေးမှုက ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားသည်။ ယွမ် ၃၀၀၀၀နှင့် ရေနွေးငွေ့စက် ၁၀ခုက တစ်နှစ်အတွက် ထိုအစီအစဉ်နှစ်ခုကို စပွန်စာ ပေးရမည် ဖြစ်သည်။ အစီအစဉ်မစခင် ဖုန်းယွီ၏ ရေနွေးငွေ့စက် ကြော်ငြာကို ထုတ်လွှင့်မည် ဖြစ်သည်။
ထိုစပွန်စာပေးမှုက မည်သည့် အကျိုးအမြတ်မျှ ပြန်မရပြီး ရှုံးတောင် ရှုံးသော်ငြား စီစီတီဗွီနှင့် သူ့ဆက်ဆံရေး ပိုမို နီးကပ်လာခဲ့သည်။ ဖုန်းယွီ အလိုရှိသည့် အရာများကို စီစီတီဗွီ ငွေလိုအပ်ပါက သို့မဟုတ် မရောင်းရသည့် ကြော်ငြာကဏ္ဍများရှိပါက စီစီတီဗွီသည် ဖုန်းယွီကို တွေးမည် ဖြစ်သည်။
ထို့ပြင် ထိုအပိုင်းသည် ဖုန်းယွီအတွက် အလွန်အရေးကြီးသည်။ ယွမ် ၃၀,၀၀၀ဖြင့် ဖြစ်နေသည့် ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကာ ယင်းက ကောင်းမွန်သည့် အပေးအယူဟုလည်း စဉ်းစား၍ ရနိုင်ပေသည်။
ဖုန်းယွီသည် ထိုဝက်ခြံများနှင့် ညှိုနှိုင်းနေသော ကျန်းမင်ကို အသိပေးလိုက်သည်။ သူ့အတွေးတွင် သူတို့ ထျန်ဖုန်းဝက်တွေကို ရောင်းချနိုင်ဦးမည်ဟု တွေးနေသည်လေား။ ရက်အနည်းငယ်အတွင်း ထိုလူများက သူ့ဆီကိုလာခယမည် ဖြစ်သည်။ ယခုလက်ရှိ ဖုန်းယွီ ကမ်းလှမ်းသည်ထက် ပိုပြီး ကွဲပြားခြားနားသွားမည် ဖြစ်သည်။
ကျန်းမင်သည် ဖုန်းယွီအဘယ်ကြောင့် ထိုသို့ ပြောမှန်း မသိသော်ငြား ဖုန်းယွီသည် ထိုကိစ္စအတွက် အဖြေရှိပြီကိုတော့ သိပေ၏။ ကျန်းမင်၏ ခန့်မှန်းတွက်ချက်မှုအရ ဖုန်းယွီသည် အကူအညီအတွက် အဆင့်မြင့်အရာရှိထံ အကူအညီ တောင်းထားခြင်းပင် ဖြစ်ပေမည်။
၃ရက်ကြာပြီးနောက် စီစီတီဗွီသည် နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့ပြီး အုတ်အုတ်သောင်းသောင်း ဖြစ်စေခဲ့သည်။
ဘာ.. သူတို့ ဝယ်ခဲ့တဲ့ ထျန်ဖုန်းဝက်တွေက အတုတွေလား။ အဲတာတွေက ဒီဒေသက ဝက်ခြံတွေကပဲတဲ့လား။ ချိး... ငါ ဒီဝက်သားအတွက် ပိုက်ဆံ ပိုပေးဝယ်ခဲ့ရတာ။ အခုတော့ အတုတဲ့။
ဒေသရှိ ဝက်များကို ရောင်းချခြင်း သည်းခံနိုင်သေးသည်။ သို့သော် ရောင်းချသူများက ဝက်ထဲကိုတောင်ရေထိုးထားသည်လော။ အိမ်ပြန်လမ်းတွင် ဝက်သားတွေ ရေများ ရှိနေခြင်းက အံ့ဩစရာ မရှိပေ။
အို ဘုရားရေ.. ဒီမကောင်းတဲ့ ဝက်သားရောင်းချတဲ့သူတွေက နေမကောင်းတဲ့ ဝက်တွေကို ထျန်ဖုန်းဝက်အဖြစ် ရောင်းချတာတဲ့။ ဒီဝက်တွေကို စားမိရင် လူတွေ ဒုက္ခရောက်ကုန်တော့မှာပဲ။
....
“ရပ်ကျေး အစိုးရ ရပ်ကျေးအစိုးရ ကျွန်တော်တို့ ဝက်ခြံအပေါ် တစ်ခုခု ဖြစ်နေပြိ။”
“ဝက်ခြံနဲ့ ပတ်သက်ပြီးတော့ ဘာတွေ ဖြစ်နေလို့လဲ။ ဝက်နာကျတာလား။”
ရပ်ကျေး အစိုးရသည် သူ့လက်ဖက်ရည်ခွက်မှ လက်ဖက်ရည် တစ်ငုံ သောက်လိုက်သည်။ ရုံးချိန်ပြင်ပသာ ရှိသေးသည်။ သူ့၏ လက်အောက်ငယ်သားက မနက်ဖြန်ကို မစောင့်နိုင်ဘူးလား။
“အဲတာထက် ပိုအရေးကြီးတယ်။ ကျွန်တော်တို့တွေ စီစီတီဗွီရဲ့ အစီအစဉ်မှာ ပါလာပြီ။ အချို့ သတင်းသမားတွေက ကျွန်တော်တို့ နာမကျန်း ဖြစ်နေတဲ့ ဝက်တွေ ရောင်းတာကို ရိုက်ကူးသွားခဲ့တာ။ ပြီးတော့ စီစီတီဗွီမှာ ထုတ်လွှင့်တာ။ အခုလက်ရှိမှာ တစ်နိုင်ငံလုံးဒီအကြောင်း သိသွားကြပြီ။”
“ဘာ.... ဘာလို့ ဒီလိုဖြစ်အောင် မင်းခွင့်ပြုရတာလြ။ ငါမနက်ဖြန် မနက်ကျ ဖြေရှင်းပေးမယ်။”
ရပ်ကျေး အစိုးရသည် ဖုန်းကို ချလိုက်သည်။ ပြီးနောက် ဖုန်းထပ်မြည်လာလေ၏။
“ဒေသနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နေတာလဲ။ မင်းတို့ရဲ့ဝက်ခြံက နာမကျန်း ဖြစ်နေတဲ့ ဝက်တွေကို ဘာလို့ ထျန်ဖုန်းဝက်လို့ ရောင်းတာလဲ။ အခုလက်ရှိမှာ ဗဟိုအစိုးရက ဒီကိစ္စကို လုပ်နေပြီ။ မင်းက ငါတို့ ပြည်နယ်ကို အရှက်ရအောင် လုပ်နေတာပဲ။ မင်းအနေနဲ့ ဒီကိစ္စကို အမြန်ဖြေရှင်းမှ ရမယ်။ ငါဝင်တဲ့ သူတွေကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ပေးမယ်။ မနက်ဖြန်ကျရင် ငါတို့ မြို့တော်က ဒီ ပစ္စည်းအတုတွေကို ဖျက်စီးပျစ်မယ်။ ငါတို့တွေက ဒီဝက်တွေကို စရောင်းရမယ်။”
ရပ်ကျေးအစိုးရသည် မျက်စိ ပိတ်လိုက်တော့သည်။ သူ့ယောက်ဖ၏ ဝက်ခြံသည် အဆုံးသတ်ပြီ ဖြစ်သည်။ ထိုကိစ္စကို မြို့တော်အစိုးရက စုံစမ်းပါက သူသည်လည်း ပတ်သက်နေသည် ဖြစ်ရာ သူလည်း အဆုံးသတ်တော့မည် ဖြစ်သည်။
ထိုကဲ့သို့သော အခြေအနေမျိုးက နေရာပေါင်းစုံတွင် ဖြစ်ခဲ့သည်။ ထိုအစီအစဉ်ကို ကြည့်သည့်သူများက အံ့အားထိတ်လန့်သွားကြသည။ ယင်းက ပြဿနာ သေးသေးလေးသာ ဖြစ်သည်။ အဘယ်တွက် အဆင့်မြင့်အရာရှိများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသနည်း။ ထိုအစီအစဉ်တွင် နာမည်များကိုတောင် ရေရွတ်ပြလိုက်သေးသည်။ ထိုသူများ လွတ်မြောက်ရန် နည်းလမ်း မရှိတော့ပေ။
ယခုလက်ရှိ တစ်ခုတည်းသော အဖြေသည် ထိုအတုအပ ရောင်းချသူများကို ချက်ခြင်း ဖယ်ရှားရန် ဖြစ်သည်။