ထျန်ဖုန်းဝက်ခြံ အနိုင်ရခြင်း
Vol. 25 Ch. 368
ထိုအစီအစဉ်သည် တရားမဝင် ဝက်သားရောင်းချသူများအတွက် အိပ်မက်ဆိုး ဖြစ်သည်။ ဗဟိုအစိုးရသည်လည်း ထိုကိစ္စကို သတိပြုမိကာ ထိုကိစ္စအတွက် ပါဝင်သူများကို ရှာတော့၏။ ရောင်းချသူများနှင့် ဝက်ခြံများကို အစီအစဉ်အတွင်း ဖတ်ပြခဲ့၏။
ဝက်ခြံနှင့် ရောင်းချသူများရှိသည့် ဒေသများရှိ အစိုးရများသည် ရူးချင်မတက် ဖြစ်သွားသည်။ သူတို့ အထက်အရာရှိများက သူတို့ကို ခေါ်ယူ အပြစ်တင်သည်ပင်။
ယင်းက အရှက်ရစရာ ဖြစ်သည်။ ပြီးနောက် သူတို့၏ မကောင်းသည့် အရာသည် တစ်နိုင်ငံလုံးကို ဘူးပေါ်သလို ပေါ်သွားခဲ့၏။
“ထျန်ဖုန်းဝက်အတု သုတ်သင်ခြင်း” လှုပ်ရှားမှုသည် တရုတ် တစ်နိုင်ငံလုံး ပေါ်ပေါက်လာခဲ့သည်။
ထျန်ဖုန်း အမှတ်တံဆိပ် အသုံးပြုခဲ့သည့် ဝက်ခြံများစွာသည် အမြတ်မှ အရှုံးသို့ ပြောင်းကုန်ကြသည်။ ယခုလက်ရှိတွင် အစိုးရက သူတို့ကို စတင်ပြီး အာဏာသုံး နှိပ်ကွက်ပြီ ဖြစ်သည်။
သို့သော် ထိုသူများသည် သတိပေးချက်များကို လျစ်လျူရှုဆဲပင် ဖြစ်သည်။ ဒေသ အစိုးရသည်လည်း သူတို့ကို ဆန့်ကျင်ပြီး မည်သည့် တုံ့ပြန်မှုကိုမျှ မလုပ်ရသေးပေ။ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက သူတို့ကို ထိုသို့ လုပ်နိုင်မည်လော။ ယခုလက်ရှိတွင် ဒေသရှိ အာဏာပိုင်များအနေဖြင့် ထိုလုပ်ဆောင်ချက်များအပေါ် မျက်ကွယ် မပြုနိုင်တော့ပေ။ ပြစ်ဒဏ်က အလွန် ပြင်းထန်ပေ၏။
ပြင်းထန်သည့် ဒဏ်ကြေးငွေ၊ ပိတ်သိမ်းခြင်း၊ သူတို့ ယဉ်များကို သိမ်းယူခြင်းနှင့် တရားမဝင် ငွေများကို ပြန်လည် ယူခြင်းတို့ ဖြစ်သည်။ ထိုဝက်ခြံပိုင်ရှင်များနှင့် ရောင်းချသူများအကုန် ဒုက္ခရောက်ကုန်၏။ သူတို့အကုန်လုံး သတိပေးချက်များကို ဂရုမစိုက်မိသည့်အတွက် နောင်တရကုန်ကြ၏။
ထို ဝက်ခြံပိုင်ရှင်များနှင့် ရောင်းချသူများနှင့် အကြံတူလုပ်ခဲ့သည့် အစိုးရ အရာရှိများကို အဆင့်မြင့် အရာရှိများက စုံစမ်းနေ၏။ အချို့သူများက ထောင်ကျကုန်၏။
ထိုသူများအားလုံးက မကြာခင်က ငွေများစွာ ရှာဖွေနိုင်ကြသည်။ သူတို့အတွေးတွင် လွန်ခဲ့သည် နှစ်ကထက် နှစ်ဆ ပိုရသည်ဟုတောင်ရှိခဲ့ကြသည်။
သို့သော် စီစီတီဗွီက သူတို့အကြောင်းကို ဖော်ထုတ်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။ ဗဟိုအစိုးရမှ ထိပ်တန်းအရာရှိများက ချေမှုန်းချင်၏။ သူတို့သည် ပထမဆုံး နစ်နာသူများ ဖြစ်ကြပေ၏။
အစိုးရက ထိုပြဿနာကို စတင် ကိုင်တွယ်ကတည်းက ထျန်းဖုန်း ဝက်အတုကိစ္စသည် သုံးရက်အတွင်း ပျောက်ကွယ်သွားတော့၏။
တချိန်တည်းတွင် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် ကုမ္ပဏီ၏ ကိုယ်စားလှယ်သည် ပြန်ပေါ်လာကာ ထို ဝက်ခြံပိုင်ရှင်များနှင့် စတင် ဆွေးနွေးခဲ့သည်။ ယခုလက်ရှိတွင် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံသည် သူတို့ ဝက်ခြံများမှ ရှယ်ယာဝယ်ယူမည့် အကြောင်းကို ဆွေးနွေးတော့မည် မဟုတ်ချေ။ သူတို့သည် ဝက်ခြံ တစ်ခုလုံးကို ဝယ်ယူချင်ကြသည်။
ထိုခြံပိုင်ရှင်များသည် များစွာ ဆုံးရှုံးနေပြီ ဖြစ်သည်။ ပြီးနောက် သူတို့အနေဖြင့် ပြင်းထန်သည့် ဒဏ်ကြေးများကို မတက်နိုင်ပေ။ ပြီးနောက် သူတို့အနေဖြင့် ပြင်းထန်သည့် ဒဏ်ကြေးများကို တက်နိုင်စွမ်း မရှိပေ။ ဒေသ အစိုးရက် သူတို့ကို ထိုသူများအား ပြစ်ဒဏ်များကို မပေးနိုင်ပါက သူတို့၏ ခြံများကိုပါ အသိမ်းခံရမည် ဖြစ်သည်။
အကယ်၍ သူတို့၏ ခြံများ သိမ်းခံရပါက သူတို့အနေဖြင့် ဘာမျှ ကျန်တော့မည် မဟုတ်ပေ။ အကယ် သူတို့ခြံကို ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံကို ဒဏ်ကြေးများကို ပေးပြီးနောက် သူတို့အနေဖြင့် ငွေအချို့ ရနိုင်သေးသည်။ သူတို့ ပြန်လည်ဦးမော့ကောင်း ဦးမော့လာနိုင်၏။
သို့သော် ဆွေးနွေးမှု စတင်သည့်အခါ ထို ခြံပိုင်ရှင်များက ကြေကွဲသွားကြသည်။ သူတို့ ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံ၏ ကိုယ်စားလှယ်နှင့် ယခင်က စကားပြောစဉ်အခါက သူတို့၏ ရှယ်ယာ အများအပြား၏ ဈေးနှုန်းကို သတ်မှတ်ပြီး ဖြစ်သည်။ သို့သော် အရောင်းအဝယ် အတည်မဖြစ်ခင် ကိုယ်စားလှယ်များက ရုတ်တရက် ထွက်ခွာသွားကြသည်။
ယခုတွင် ထို ကိုယ်စားလှယ်များသည် ပြန်လာကြသည်။ သူတို့အနေဖြင့် ထိုအခွင့်အရေးကို အရယူပြီး သူတို့ကို အသားယူမည်မှာ ထင်ရှားနေပေ၏။ သူတို့၏ ယခင်က ကမ်းလှမ်းမှုသည်လည်း ပြောင်းသွားပြီ ဖြစ်သည်။ သူတို့အနေဖြင့် ဆက်ပြီး ရင်းနှီးမြှပ်နှံတော့မည် မဟုတ်ချေ။ သူတို့က ဝက်ခြံများကို ဝယ်ယူပြီးနောက် သူတို့ကမ်းလှမ်းသည့် ပမာဏသည်လည်း အလွန်နည်းပေ၏။
သူတို့ ပေးသည့် ပမာဏက ဝက်အတု မချေမှုန်းခင်က ရှယ်ယာ၏ ၇၀ရာခိုင်နှုန်းမျှသာ ဖြစ်သည်။ ယခုလက်ရှိတွင် ပိုင်ရှင်များအတွက် မည်သည့် အကျိုးအမြတ်မျှ မရှိတော့ပေ။
ထိုကိုယ်စားလှယ်များသည်လည်း ပြောသည့်အတိုင်း ပြတ်ပြတ်သားသားသာ ရှိသည်။ ယခုအခါ အချိန်က ပြောင်းလဲသွားပြီ ဖြစ်သည်။ အကယ်၍ သဘောမတူဘူးဆိုရင် အဆင်ပြေတယ်။ ငါတို့က မင်းကို တရားစွဲမယ်။ အစိုးရကို ဒဏ်ကြေးငွေ ပေးပြီးတာနဲ့ မင်းတို့ရဲ့ ပြဿနာတွေ အကုန် ဖြေရှင်းပြီးပြီလို့ ထင်နေတာလား။ ငါတို့က မင်းတို့ကို တရားစွဲဦးမှာ ပြီးတော့ မင်းတို့တွေ ငါတို့ရဲ့ ပျက်စီး ဆုံးရှုံးမှုတွေ အတွက်လည်းလျော်ကြေးပေးရမှာ။ ဒီကိစ္စက အခု ဘူးပေါ်နေသလို ပေါ်နေပြီ။ မင်းတို့ ဒဏ်ကြေးငွေ ပေးပြီးရင်တောင် မင်းတို့ ထောင်တောင် ကျနိုင်တယ်။
မင်းတို့သာ ငါတို့ ပေးတဲ့ ဈေးနဲ့ ဝယ်မယ်ဆိုရင် မင်းကို တရားမစွဲဘူး။ မင်းအနေနဲ့ ဝက်ခြံအကုန်လုံးကို ရှင်းပစ်ရမယ်။ ပြီးတော့ ငါတို့တွေက ဝက်တစ်သုတ်ကို လာပို့မှာ။ ငါတို့တွေရဲ့ သိပ္ပံနည်းကျ မွေးမြူရေးနဲ့ သားဖောက်တာတွေကို လုပ်မယ်။ နောင်ကျ ဒီဝက်တွေက ထျန်ဖုန်းဝက်အဖြစ် ရောင်းချနိုင်သည့် အရည်သွေးမျိုး ရလာလိမ့်မယ်။
ငါတို့တွေက မင်းတို့ခြံကို ဝယ်တာက မင်းတို့ရဲ့ နေရာကြောင့်ပဲ။ မင်းတို့ရဲ့ ဝက်ခြံကို ဖျက်ပစ်ပြီးတော့ ခေတ်မှီဝက်ခြံကို တည်ဆောက်မှာ။
ထိုသူများသည် ထိုဈေးနည်းနည်းကို သဘောမတူပါက သူတို့တွေ ဒဏ်ကြေးငွေ ပေးပြီးနောက် တပြားမှ ကျန်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ထိုကိုယ်စားလှယ်များသည် လှည့်ကွက်များနှင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အချို့သော သူများသည် လာဘ်ထိုးကြသည်။ လူရမ်းကားငှားကြသည်။ ပြီးနောက် အချို့သည် ပုန်းအောင်းနေကြ၏။
ကျန်းမင်က ထိုကိုယ်စားလှယ်များကို ထိုပိုင်ရှင်များကို လျစ်လျူရှရန် ပြောထားသည်။ ထိုဝက်ခြံကို ဝယ်နိုင်သည့် မည်သူမဆို ဆုကြေးရရှိမည် ဖြစ်သည်။ ဆုကြေးငွေ အမြင့်ဆုံးသည် ယွမ် တစ်သောင်းထက် ပိုပေ၏။ ထိုခြံပိုင်ရှင်များမှ လာဘ်ယူခဲ့ပါက သူတို့ကို အလုပ်ထုတ်ရုံသာ မက သူတို့အား ရဲလက်ကိုလည်း အပ်မည် ဖြစ်သည်။
အမှန်တကယ်တွင် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် ထိုခြံများ အားလုံးကို ဝယ်ယူရန်လည်း မဖြစ်နိုင်ပေ။ သူတို့တွေ ငွေများ မလုံလောက်သည်သာမက သူတို့တွေ ထိုခြံအများအပြားကို ခန့်ခွဲရန်အတွက်လည်း အရင်းအမြစ်များများစားစား မရှိပေ။ ထပ်ပြောရပါက ထိုခြံငယ်လေးများကို လက်လွဲယူဖို့က မလိုအပ်ပေ။ ထိုခြံအများစုက ထျန်ဖုန်း အမှတ်တံဆိပ်ကို ရင်းနှီးမြှပ်နှံကြသည်။
သို့သော် ကျန်းမင်ဝယ်ချင်သည့် ဝက်ခြံအကြီးများတော့ ရှိသည်။ ထိုခြံများသည် မြို့အဆင့်ရှိကာ ထျန်ဖုန်း ဝက်ခြံအဖြစ် ပြောင်းလဲရန်အတွက် သင့်တော်ပေ၏။
ဝက်ခြံများကို ပြောင်းလဲခြင်းက လွယ်ကူသည့် ကိစ္စတစ်ရပ် မဟုတ်ချေ။ အကြောင်းမှာ ထိုခြံ၏ ပုံစံနှင့် ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းမင်သည် ပါမောက္ခစု၏ အကူအညီကို ယူရသည်။ ပါမောက္ခစု အကြံပေးသည့် ခြံများကိုသာ ခေတ်မှီဝက်ခြံအဖြစ် ပြောင်းလဲမည် ဖြစ်ကာ ထိုခြံများကလည်း ကျန်းမင်၏ အဓိက ပြစ်မှတ် ဖြစ်သည်။
မသင့်တော်သည့် ခြံများကို ထျန်းဖုန်း ဝက်ခြံ၏ အမှတ်တံဆိပ်ကို သုံးဖို့က မဖြစ်နိုင်ပေ။
ကျန်းမင်သည် ချန်းဒူးတွင်သာ ရှိသေးသည်။ ထင်ရှားသည့် ဝက်ခြံပိုင်ရှင်နှင့် ညှိုနှိုင်းနေသည်။ ထိုခြံသည် သူ့၏ ထိပ်ပိုင်း ပြစ်မှတ် ဖြစ်သည်။ ပြီးနောက် သူ့အနေဖြင့် ထိုခြံကို ရရမည် ဖြစ်သည်။ အကြောင်းမျာ စီချွမ်းပြည်နယ်သည် ဝက်အကောင်ရေ အများဆုံး ပြည်နယ် ဖြ်စသည်။ ထိုပြည်နယ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းနံပါတ်တစ် ဝက်သားထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းသည် စီချွမ်းမှ ဝက်များကို အသုံးပြုခြင်း ဖြစ်သည်။
အကယ်၍ ကျန်းမင်သာ ထိုခြံကို လက်လွဲ ဝယ်ယူနိုင်ခဲ့လျှင် ထျန်းဖုန်းအမှတ်တံဆိပ်သည် ထိုဒေသတွင် တည်ထောင်ပြီး ဖြစ်သွားပေလိမ့်မည်။
.....
“မန်နေဂျာကျန်း ဒီအချက်တွေက လွန်ခဲ့တဲ့ ရက်က ကမ်းလှမ်းထားတာနဲ့ မတူဘူးနဲ. ဘာလို့ ခင်ဗျား ပြောင်းလိုက်ရတာလဲ။”
“အရင်နေ့က အရင်နေ့ပဲ။ အဲတာတွေက အတိတ်တွေပဲ။ ခင်ဗျားက ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်ကို တရားမဝင် အသုံးပြုခဲ့တယ်။ အခုလက်ရှိ အစိုးရက ဒီကိစ္စကို စုံစမ်းနေပြီ။ ခင်ဗျား ဆုံးရှုံးမှု များမှာပဲ။ ဟုတ်တယ်မလား။ တကယ်လို့ ခင်ဗျားသာ ဒီဝက်ခြံကို ရောင်းဖို့ ငြင်းဆိုမယ်ဆိုရင် ဒဏ်ကြေးတွေ ပေးနိုင်မှာ မဟုတ်ဘူး ပြီးတော့ ဘဏ်ချေးငွေတွေကိုလည်း ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ခြံ အသိမ်းခံရရုံတင် မကဘူး ခင်ဗျား ထောင်ထဲတောင် ရောက်မှာ။”
ကျန်းမင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မန်နေဂျာကျန်း ဒါပေမဲ့ ကမ်းလှမ်းမှုကို ဒီလောက် အများကြီး လျော့ချလိုက်လို့ မရဘူးလေဦ။ မင်းက ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို အသားယူနေတာပဲ။”
ကျန်းမင်က ပြုံးလိုက်ကာ
“ကျွန်တော်က ခင်ဗျားကို အခွင့်အရေး ပေးနေတာ။ ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ လူတွေနဲ့ ခြံတွေကို တစ်နိုင်ငံလုံးမှာ အပြစ်ပေးနေတာကို ခင်ဗျား မမြင်မိဘူးလား။”
........
ဖုန်းယွီသည် ကျန်းမင်၏ နောက်ဆုံး သတင်းပေးမှုကို နားထောင်ရင်း ခေါင်းညိတ်လိုက်သည်။ ကျန်းမင်သည် သူ့စီးပွားရေးနည်းဗျူဟာနှင့် ညှိုနှိုင်းမှု ပြုခဲ့ရာတွင် အလွန် ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ခဲ့သည်။ သူသည် ဒါဇင်ပေါင်းများစွာသော ဝက်ခြံများကို အောင်မြင်စွာ ရင်းနှီးမြှပ်နှံနိုင်ခဲ့ရုံသာမက သူသည် ဝက်ခြံအကြီး ၄ခုကိုလည်း စုဆောင်းနိုင်ခဲ့သည်။ ထိုဝက်ခြံ လေးခြံသည် အခုလက်ရှိတွင် ပြန်လည် တည်ဆောက်နေပြီ ဖြစ်သည်။
ယခုလက်ရှိတွင် ထျန်းဖုန်း အမှတ်တံဆိပ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ဝက်သားတံဆိပ် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် သူတို့သည် တရုတ်တနိုင်ငံလုံး၏ ဈေးကွက်ကို မသိမ်းပိုက်နိုင်သေးပေ။ သူတို့သည် အဓိက မြို့ကြီးများ၏ ဈေးကွက်ကိုသာ ရနိုင်သေးသည်။ သူတို့ ဝယ်ယူခဲ့သည့် အစားအစာ ထုတ်လုပ်သည့် စက်ရုံသည် လုပ်ငန်းစတင် လည်ပတ်ပါက ထိုက်ဟွ တိရစ္ဆာန် အစာသည် တရုတ်နိုင်ငံ၏ ထိပ်တန်း တိရစ္ဆာန် အစာ ဖြစ်လာမည် ဖြစ်သည်။
အလုံးစုံတွင် ဖုန်းယွီသည် ကျန်းမင်၏ ထိုမတော်တဆမှုအပေါ် ကိုင်တွယ်မှုအား ကျေနပ်မိသည်။ အကယ်၍ ဖုန်းယွီသည် ကျန်းမင်သာ သုံးနှစ်အတွင်း တရုတ်တနိုင်ငံလုံးကို ထျန်းဖုန်းဝက်ရောင်းချနိုင်ပါက ဖုန်းယွီအနေဖြင့် စာချုပ်အသစ် ချုပ်ဆိုမည် ဖြစ်ကာ သူကတိပေးထားသည့်အတိုင်း ကုမ္ပဏီရှယ်ယာများကို ပေးမည် ဖြစ်သည်။
ထျန်းဖုန်းဝက်ခြံ၏ မတော်တဆမှုသည် ပြီးဆုံးတော့မည် ဖြစ်သည်။ ဖုန်းယွီ ရုရှားကို သွားရန်အတွက် အချိန်ရောက်လာပြီ ဖြစ်သည်။ သူ့အနေဖြင့် ကီရီလန်ကိုနှင့် မိုင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ဆွေးနွေးရမည် ဖြစ်သည်။
ဘာသာပြန်မှတ်စု ဒီထျန်းဖုန်းဝက်ခြံ ကိစ္စက ဖုန်းယွီအနေနဲ့ အစိုးရကို ဘယ်လောက်ကပ်ဖို့ လိုကြောင်း ပြသနေခြင်း ဖြစ်သည်။ ဒေသ အစိုးရအဖွဲ့ဝင်များတောင် ထိုစီးပွားရေးတွင် အကြံတူ ပါဝင်ကြတယ်။ ဒီအစိုးရအဖွဲ့ဝင်တွေက သူတို့ ဒေသမှာဆိုရင် ဘာမဆို လုပ်ရဲတယ်။ ဗဟိုအစိုးရက အဆင့်မြင့် အရာရှိတွေက အရေးယူမှု မလုပ်ဘူးဆိုရင် တရားမဝင် ကိစ္စတွေကို မျက်ကွယ် ပြုကြတယ်။ သူတို့ဒေသမှာတော့ အာဏာရှိကြတာပေါ့။
ဖုန်းယွီက ဘင်းမြို့တော်အစိုးရဆီကနေ အကျိုးအမြတ် ရယူတယ်ဆိုပေမဲ့ သူ့အနေနဲ့ ဘင်းမြို့တော်ကနေပြီး သူ့လည်ပတ်မှုတွေကို မရွေ့ဘူး။ ဘာလို့ ဆိုရင် ဒေသ အစိုးရကသာ သူတို့ရဲ့ လူတွေကို အရင်ကာကွယ်ပေးတာ ဖြစ်တဲ့အတွက်ပဲ။ တကယ်လို့ ဖုန်းယွီသာ အခြားဒေသကို လုပ်ငန်းပြောင်းတယ်ဆိုရင် အဲ့နေရာ ဘင်းမြို့တော်ထက် ပိုဆိုးမည်ပင်။