ဆိုဗီယက် ပြည်ထောင်စုနှောင်းပိုင်းကာလ
Vol. 25 Ch. 369
လေယဉ်ပေါ်မှ ခြေချလိုက်သည်နှင့် ဖုန်းယွီသည် လေယဉ်ပြေးလမ်းတွင် လမ်းယမ်းပြနေသည့် ကီရီလန်ကိုကို တွေ့လိုက်ရသည်။ ပုံမှန်အတိုင်း ဖုန်းယွီသည် ကီရီလန်ကို၏ ရင်ချင်းအပ်၍ အားရပါရ ဖက်ခြင်းကို ခံလိုက်ရသည်။
ချီး ဒီအရူးကောင်က သူ့အားကို မထိန်းနိုင်ဘူးလား။
“ဖုန်း နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပဲ။ လာ.. ငါတို့တွေ မင်းတို့ရဲ တရုတ်ရိုးရာ ဧည့်သည်တွေကို ကြိုဆိုတဲ့အတိုင်း လုပ်ထားတယ်။ ငါတို့တွေ မင်းရောက်လာပြီဆိုတော့ အရင်စားပြိး သောက်ကြတာပေါ့။”
ဖုန်းယွီ၏ မျက်နှာက ပြောင်းသွားကာ
“အစ်ကိုကီ ကျွန်တော်တို့ စားတာနဲ့သောက်တာကို နောက်မှ လုပ်ရအောင်။ ကျွန်တော်တို့ အရင် စကားပြောရအောင်။”
ချီး ကြိုဆိုတဲ့ အစားအစာလား။ မင်းက ငါ့ကို မူးအောင် လုပ်နေတာပဲ။ အကယ်၍ သူသည် ကီရီလန်ကိုနှင့် သောက်ပါက သူ့အနေဖြင့် နှုတ်မြိန်စာ မစားရသေးခင် မူးသွားမည် ဖြစ်သည်။
ကီရီလန်ကိုက စိတ်ပျက်စွာဖြင့်
“ကောင်းပြီလေ။ မင်းအရင်ဆုံး အနားယူလိုက် ငါတို့ရဲ့ မိုင်းတွင်း ကုမ္ပဏီအကြောင်း မင်းကို ပြောပြမယ်”
....
“ငါတို့တွေ သံယံဇာတ ၅မျိုးကို ရရှိတယ်။ စုစုပေါင်း မိုင်းတွင်း ၁၂ခုမှာပေါ့။ ဝယ်ယူတဲ့ အချိန်တုန်းက အဲ့မိုင်းရဲ့ ဈေးနှုန်းက နည်းတယ်။ အခုလက်ရှိမှာ တန်ဖိုးကလည်း များစွာ မြင့်လာခဲ့တယ်။ မင်းရဲ့ ညွှန်ကြားချက်အတိုင်း သတ္တုတွေကို လျော့ထုတ်ဖို့အတွက် လုပ်ခဲ့တာ။ ငါတို့တွေက ကုန်ကျစရိတ် ကာမိရုံပဲ ထုတ်လုပ်နေတာ။ ဒါပေမဲ့ ငါတို့တွေ ဘယ်အချိန်မှာ လုပ်ငန်းပြည့် စတင် လည်ပတ်မှာလဲ။ ငါတို့အနေနဲ့ အကြောင်းမရှိပဲ မပစ်ထားသင့်ပြီး ပြီးတော့ အမြတ်လည်း မရဘူး။”
ကီရီလန်ကိုသည် အနည်းငယ် ဒေါသထွက်မိသည်။ သူက သူ့ပိုင်ဆိုင်မှုအားလုံးကို မိုင်းတွင်းကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံထားသည်။ သို့သော် ဖုန်းယွီက သူ့ကို ထိုသတ္တု များရောင်းရန် အချိန်မကျသေးဟု ပြောခဲ့သည်။ ထိုဈေးနှုန်းသည် အလွန်နည်းပေသည်။ ဖုန်းယွီသည် သူ့အား ကုန်ကျစရိတ်ကာမိရန်သာ တူးဖော်စေ၏။
ယခုလက်ရှိတွင် ကီရီလန်ကို၏ အဓိက ဝင်ငွေမှာ တရုတ်မှ လူသုံးကုန်ပစ္စည်းများ တင်ပို့ခြင်းပင် ဖြစ်သည်။ ထိုအရာမှ အကျိုးအမြတ်များစွာ ရသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနော် ကီရီလန်ကိုသည် သူ့ပစ္စည်းများကို ရုရှားကို ရောင်းရုံသာရှိသည်။ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပိုင်ဆိုင်သည့် သူအဖို့ သူ့လက်ထဲရှိငွေသည် အမေရိကန်ဒေါ်လာ ၁သန်းမှ ၂သန်းသာ ရှိသည်။
“အခု ဆီဈေးတွေက တက်နေတဦ။ ၁၉၉၄ခုနှစ်မှာ ဆက်တက်မှာ။ အဲ့မတိုင်ခင်တော့ ကျွန်တော်တို့အနေနဲ့ မိုင်းတွင်းကို ကုန်ကျစရိတ် ကာမိရုံပဲ။ တူးဖော်ရမယ်။ ကျွန်တော်တို့တွေ အနေနဲ့ ထုတ်လုပ်တဲ့ ကိရိယာတွေတိုးတက်ဖို့အတွက် ငွေအချို့ လိုလိမ့်မယ်။ သံနဲ့ အခြားသတ္တုတွေက အတူတူပဲ။ သူတို့ ဈေးနဲ့ ပတ်သက်ပြီးတော့ ဘာမှ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်အရ တက်လာလိမ့်မယ်။ အချိန်ကျလာတဲ့အခါ ကျွန်တော်တို့ အကျိုးအမြတ် စရလာလိမ့်မယ်။ ဒါက ၁၉၉၀နှောင်းပိုင်းမှပဲ ဖြစ်လိမ့်မယ်။”
ကီရီလန်ကိုက ဖုန်းယွီကို ကြည့်လိုက်ကာ
“ငါတို့တွေက ရာစုနှစ်ကျော်မှ အကျိုးအမြတ်ကို ရနိုင်မှာလား။ အခုငါက မင်းပဲ ရင်းနှီးမြှပ်နှံဆိုလို့ ငါ့ငွေတွေ အကုန်လုံးကို ရင်းနှီးမြှပ်နှံထားတာ။"
ဖုန်းယွီက သူ့လက်ထုတ်ကာ ပါးစပ်ကို ပိတ်လိုက်ပြိး
“မင်းမိုင်းတွင်းတွေ အများကြီး ဝယ်ထားမယ်လို့ လုံးဝ မထင်ထားဘူး။ ထပ်ပြောရမယ်ဆို ငါက မင်းထက် ငွေတွေ အများကြီး ရင်းနှီးမြှပ်နှံထားခဲ့တာ။ စိတ်မပူနဲ့။ ရာစုနှစ် ပြောင်းတာနဲ့ မင်းငွေတွေပြန်ရမယ်လို့ အာမခံတယ်။ မင်းရဲ့ ပိုင်ဆိုင်မှုကလည်း အဆများစွာ တိုးတက်လာလိမ့်မယ်။”
ရာစုနှစ် အဆုံးပိုင်းတွင် စွမ်းအင်နှင့် သတ္တုဈေးနှုန်းများက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ထိုမိုင်းကုမ္ပဏီ၏ တန်ဖိုးသည်လည်း အဆများစွာ တိုးတက်လာမည် ဖြစ်သည်။
ဖုန်းယွီသည် အနာဂတ်တွင် ထိုသတ္တုများကို အခြားသော နေရာများ၌လည်း အသုံးပြုမည် ဖြ်သည်.
ထိုမိုင်းတွင်းနှင့် ရေနံလုပ်ကွက်များကို ကီရီလန်ကို မဝယ်လျှင် အမေရိကန်က ဝယ်ယူမည် ဖြစ်သည်။ ထိုသို့ ဖြစ်ပါက ရုရှားရှုံးလိမ့်မည် ဖြစ်သည်။ ထိုကုမ္ပဏီတွေကို ဝယ်ဖို့အတွက် ဘဏ်ချေးငွေတွေကို အသုံးမပြုခဲ့ဘူးလား။ မင်းရဲ့ချေးငွေကို ဘယ်တော့မှ ပြန်ပေးရမှာလဲ။ ရူဘယ်ငွေကြေးက အဆပေါင်းများစွာ ကျလာလိမ့်မယ်။ ဒါက မင်းကို လမ်းဘေးဈေးနဲ့တင် မိုင်းတွင်းနဲ့ ရေနံလုပ်ကွက်တွေ ရသလို ဖြစ်လာမှာပဲ။
သူတို့၏ ရင်းနှီးမြှပ်နှံမှုအကြောင်းကို ပြောသောအခါ ကီရီလန်ကိုသည် ဘာမျှ မပြောပေ။ ဖုန်းယွီသည် သူ့ထက် ငွေများ ရင်းနှီးမြှပ်နှံခဲ့သော်ငြား ကီရီလန်ကိုထက် ရှယ်ယာနည်းရသည်။
“အစ်ကိုကီ အစ်ကိုအဖေ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ရာထူးတိုးတယ်မလား။”
ဖုန်းယွီသည် ကီရီလန်ကို ပျော်ရွှင်စေမည့် အကြောင်းကို လမ်းကြောင်းလွဲ ပြောလိုက်သည်။
ယမန်နှစ်က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့သည်။ ကုလသမဂ္ဂကလည်း အတည်ပြုပြီး ဖြစ်သည်။ ယခုကာလသည် ဆိုဗီယက် ပြိုကွဲပြီး နှောင်းပိုင်းကာလ ဖြစ်၏။
“ဟဟဟ ငါ့အဖေက အခု စစ်တပ်ရဲ့ ဒုတိယ ဗှိုလ်မှူးကြီး ဖြစ်သွားပြီ”
ကီရီလန်ကိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ယခု သူ့အဖေ၏ အသက်အရွယ်အနေဖြင့် နောင်ကျ သူသည် ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးခံရမည် ဖြစ်သည်။ သူ့အနေဖြင့် အနာဂတ်တွင် အာဏာ ပိုရလာမည် ဖြစ်သည်။
သူ့အဖေသည် ထောက်ပို့တွင် ဗိုလ်မှူးတစ်ဦးသာ ဖြစ်ခဲ့သည်။ ယင်းက သူ့သက်တမ်းတလျှောက် အဆင့်အမြင့်ဆုံးဟုသာ မှတ်ယူခဲ့သည်။
ကီရီလန်ကို၏ အစ်ကိုကြီးသည် ရေတပ်တွင် ဖြစ်ကာ သူသည် ဒုတိယ ဗှိုလ်မှူးကြီးအဖြစ် ရာထူးတိုးခံရသည်။ သူ့အနေဖြင့် နှစ်နှစ်ကြာပြီးနောက် နောက်ထပ် ရာထူးတိုးမည် ဖြစ်သည်။ ထိုအရာများအားလုံးသည် ကီရီလန်ကိုသည် ယက်ဆက်ကို အစောပိုင်းကတည်းက ထောက်ပံ့သည့်အတွက် ဖြစ်သည်။
ကီရီလန်ကိုသည် ယက်ဆင်ကို ပြိုင်ဖက်များက အာဏာသိမ်းရန် ကြံစည်မှုကို သတင်ပေးပြီးနောက် သူတို့သည် ယက်ဆက်ထံမှ ယုံကြည်မှု ရခဲ့သည်။ ထိုသူများက မီခေးဂိုဘာချော့လ်ကို အိမ်တွင် အကျဉ်းချပြီးနောက် ယက်ဆင်ကို ရှင်းပစ်ရန်တောင် စီစဉ်ခဲ့သည်။ ကီရီလန်ကို အဖေ၏ သတိပေးမှုကြောင့် ယက်ဆင်သည် ကြိုတင်ကာကွယ်နိုင်ခဲ့သည်။ ပြီးနောက် သူသည် အာဏာလည်း ပိုရလာခဲ့၏။
ဆိုဗီယက် ပြည်ထောင်စု၏ ပြည်ပပိုင်ဆိုင်မှုများ အကုန်လုံးကို ရုရှားမှ ယူခဲ့သည်။ ဘယ်လာရုဇ်နှင့် ယူကရိန်က ပြည်မမှာ ပိုင်ဆိုင်မှု အချို့သာ ရခဲ့၏။ ရုရှားတစ်ခုတည်းကသာ ကျန်သည့် မိတ်ဖက်နိုင်ငံများ အားလုံး ပိုင်ဆိုင်မှုထက် ပိုပြီး ရခဲသည်။ ယင်းက ရုရှားကို အထွတ်အထိပ်အထိ ရောက်စေနိုင်သည့် ကာလ ဖြစ်စေခဲ့၏။
ဖုန်းယွီထံသို့ ရောင်းချသည့် စက်ပစ္စည်းများသည် အခြားသော မိတ်ဖက်နိုင်ငံများမှ ဖြစ်သည်။ စက်ရုံဒါရိုက်တာများက သူတို့ စက်ပစ္စည်းများကို ရောင်းချလိုကြောင်း ပြောသော်ငြား သူက ရုရှားစက်ရုံများကို ထိခြင်း မရှိပေ။ ထိုမှသာ ရုရှားစီးပွားရေး မြန်မြန်နှင့် ဦးမော့လာနိုင်မည် ဖြစ်သည်။
ယက်ဆင်နှင့် သူ့အသင်းက ကီရီလန်ကို ထိုအလုပ် လုပ်နေမှန်းသိသည်။ သို့သော် သူတို့က ကီရီလန်ကိုသည် ဖုန်းယွီကို ရုရှားမှ စက်ရုံများကို ရောင်းချခြင်း မရှိသည်ကို သိသည့်အခါ သူတို့က ထိုကိစ္စကို ဆက်မလိုက်တော့ပေ။ မိတ်ဖက်နိုင်ငံများကို အားနည်းအောင် လုပ်ခြင်းက ယက်ဆင်အတွက် ကောင်းမွန်သည့် အရာလည်း ဖြစ်သည်။
ယင်းက ရုရှားကို အရှေ့ဥရောပတွင် ခေါင်းဆောင်တစ်ယောက် အဖြစ် ရှိနေအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကီရီလန်ကိုသည် ဘယ်လာရုဇ်နှင့် ယူကရိန်းမှ စက်ပစ္စည်းများစွာကို ရောင်းချခဲ့သည်။
ကီရီလန်ကိုသည် စစ်တပ်မှ ထွက်ခဲ့သည်။ ယခုလက်ရှိတွင် သူသည် စီးပွားရေး သမား စစ်စစ် ဖြစ်သွားပြီ ဖြစ်၏။ သူ့အကိုကြီးသည် သူ့အဖေ၏ စစ်တပ်နေရာကို ဆက်ခံမည် ဖြစ်သည်။ ကီရီလန်ကိုသည် ပျော်ပျော်ကြီး သူကြွယ် သူဌေး တစ်ယောက် ဖြစ်နိုင်၏။
“ဂုဏ်ပြုပါတယ်။ ကျွန်တော် အရင်က ပြောတဲ့ ကိစ္စမှာတော့ မင်းအကူအညီ လိုတုန်းပဲ။ အလျင်မလိုပေမဲ့ ဒီကိစ္စကို မြန်နိုင်သမျှ မြန်မြန် လုပ်မှရမယ်”
“ငါလည်း မေးကြည့်သေးတယ်။ ငါ့နိုင်ငံမှာတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ အရင်က မိတ်ဖက်နိုင်ငံတွေဆိုရင်တော့ ငါမပြောတက်ဘူး။”
ကီရီလန်ကိုက ဖုန်းယွီ အဘယ်တွက် ထိုအရာကို လိုချင်နေသည်ကို နားမလည်နိုင် ဖြစ်နေသည်။ သူကအဲ့ဟာကို အသုံးပြုမှာမိုလာ့း။ အဲ့အရာကို တရုတ်နိုင်ငံအတွက် ဝယ်ပေးမလို့လား။ ဒါပေမဲ့ တရုတ်က အဲ့ပစ္စည်းကို ထုတ်နေပြီလေ။ ဆိုဗီယက်ပြည်ထောင်စုရဲ့ ထုတ်ကုန်တွေကို ဝယ်ဖို့အတွက် အကြောင်းပြချက်မှ မရှိတာ။ နှစ်အနည်းငယ် ကြာတာနဲ့ အဲတာက ပျက်ဆီးသွားတော့မှာ။
“ကိစ္စမရှိဘူး။ ငါစောင့်နိုင်တယ်။”
ဖုန်းယွီက ကီရီလန်ကို သဘောတူသည့်အခါ စိတ်သက်သာရာ ရခဲ့သည်။ သူက ကီရီလန်ကိုကို ယုံကြည်၏။ သူသည် ဘယ်တော့မှ သူ့ကတိကို မဖောက်ဖျက်ပေ။
“ဖုန်း နောက်လကစပြီးတော့ ကုန်ပစ္စည်းတွေကို တိုးမြင့်လို့ရလား။”
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှား၏ လူသုံးကုန် ပစ္စည်းဈေးနှုန်းများသည် ပြန်ပြီး ကုစားနိုင်နေဆဲ ဖြစ်သည်။ ရုရှားသည် လူသုံးကုန် ပစ္စည်းများအတွက် တင်သွင်းခွင့် ဖွင့်လိုက်သည်။ ယင်းက သူ့အတွက် အမြတ်များစွာ ရနိုင်သည့် အခွင့်အရေးပင် ဖြစ်သည်။
“ကိစ္စမရှိဘူး။ မင်းရဲ့ ရထားတွဲက တင်နိုင်သမျှ ငါ ဖြည့်ပေးမယ်။ မင်းကို အရင်ဆုံး ကုန်ပစ္စည်းပို့မယ်လေ။ ပြီးမှ ငါ့ကို ပြန်ပေးပေါ့။”
သူတို့နှစ်ယောက်သား၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန် ဒေါ်လာ သန်း တစ်ထောင်ထက် တန်ကြေးရှိသည်။ သူတို့သည် အခြားသူအနေဖြင့် ငွေမပေးဘဲ သွားမည်ကို မစိုးရိမ်ပေ။
“ဖုန်း မင်းက တကယ်ကို ငါ့ညီအစ်ကိုပဲ။ အဲတာဆို ဒီကိစ္စ အဆင်ပြေသွားပြီ။ ငါ့ကို ရထားတွဲလုံးပြည့်သာ တင်ပေးလိုက်တော့။ အခုတောင် နောက်ကျနေပြီ။ သွားသောက်ကျရအောင်။”
ကီရီလန်ကိုက သူ့နာရီကို ကြည့်ကာ ပြောလိုက်သည်။
မဟုတ်သေးဘူးလေ။
“အခုက နောက်ကျနေပြီဆိုတော့ ညစာ သွားစားတော့မှာလား။”
ဖုန်းယွီကို ကီရီလန်ကိုက သူ့အခန်းမှ ဆွဲခေါ်သွားတော့သည်။ ဖုန်းယွီ၏ စိတ်ထဲတွင် အရက်မသောက်ဖို့ အကြောင်းပြရမည့်ကို တွေးနေတော့၏။