← Chapters

အသာစီး ယူသလို ဖြစ်သွားတာ..

Vol. 25 Ch. 370

အသာစီး ယူသလို ဖြစ်သွားတာ..

Vol. 25 Ch. 370

“လာ...ဖုန်း ဒါက ငါတို့ရဲ့ မိုင်းလုပ်ငန်း ချီးယား"

ချီး... အရက်မသောက်ဖို့ ရှောင်ဖို့ နည်းလမ်း မရှိဘူးပဲ။ ဖုန်းယွီက သူ့ဖန်ခွက်ကို မကာ တဂျိုက်တည်း ကူကယ်ရာမဲ့စွာဖြင့် သောက်လိုက်တော့၏။

ဘာလို့ ဒီ ရုရှားကောင်တွေက ဗော်ကာကို ကြိုက်ကြတာလြ။ ဘာလို့ သူတို့တွေက ဝိုင်နီ မသောက်ရတာလဲ။ ဝိုင်နီရဲ့ အရသာက ပိုလို့တောင် ကောင်းသေးတယ်။.....

ဖုန်းယွီသည် သူ့၏ အမဲအသားလွှာကို တစ်ကိုက်တည်း စားချင်သော်ငြား ကီရီလန်ကိုက သူ့ဖန်ခွက်ကို ဖြည့်ပြီး ဖြစ်သည်။

ချီးပဲ။ .... ဖြည်းဖြည်းလုပ်လို့ မရဘူးလား။ ဘာလို့ ဗော်ကာခွက်တွက် ဒီလောက်ကြီးတဲ့ ခွက်ကို ဘယ်ကောင်က သုံးတာလဲ။ ငါ့အတွက် ခွက်သေး လဲပေးလို့ မရဘူးလား။

“ဘာ... ဖုန်း ဒါက ငါတို့ရဲ့ နေ့စဉ် လူသုံးကုန် ပစ္စည်း အရောင်းအတွက် ဒီအတွက် ငါမင်းကို အရမ်းပဲ ကျေးဇူးတင်တယ်ကွာ... ချီးယား။”

ဖုန်းယွီက သူ့ဗော်ကာခွက်ကို ကြည့်လိုက်သည်

“အစ်ကိုကီ ကျွန်တော် ခွက်တောင် မကိုင်နိုင်တော့ဘူး။ ဖြည်းဖြည်း သောက်လို့ မရဘူးလား။ ဖြည်းဖြည်းသောက်တယ်ဆို ကျွန်တော်တို့ ကြာကြာ သောက်နိုင်တာပေါ့။”

“အ..... ငါတို့ စကားပြောချင်ရင် ကြိုက်တဲ့ အချိန်တိုင်း ပြောလို့ ရတယ်။ ငါတို့တွေ ဒီလို့ တွေ့ပြီး သောက်ဖို့ဆိုတာက တော်တော်လေးကို ရှားတယ်လေ။ ဘာပဲ ဖြစ်ဖြစ် မင်းက ရုရှားမှာ ရှိနေဦးမှာပဲလေ။ ဒီတော့ ငါတို့ မနက်ဖြန်ကျလည်း စကား ပြောလို့ ရတာပဲ။ မြန်မြန်သောက်။ အရှေ့မြောက်ပိုင်းက လူတွေက အရမ်းကို တည့်တိုးဆန်တယ်လို့ ငါတွေးမိတယ်။ ဟုတ်တယ်မလား။”

ချီး ဒီအကြောင်းကို ဘယ်နေရာက ကြားခဲ့တာလဲ။ ဘယ်သူက မင်းကို ဒီလို ပြောတာလဲ။

ဖုန်းယွီက သူ့၏ ဒုတိယမြောက် ဗော်ကာခွက်ကို အပြီးသက်လိုက်ကာ ချက်ခြင်းပင် သူ့ဗော်ကာခွက်ကို သူ့လက်ဖဝါးဖြင့် အုပ်ထားတော့သည်။ သူ့အနေဖြင့် ကီရီလန်ကိုအား ထပ်ဖြည့်ခွင့် မပေးနိုင်ပေ။

“ဖုန်း... ဘာလို့ မင်းခွက်ကို လက်နဲ့ အုပ်ထားရတာလဲ။ အရင်နှစ်က ငါမင်းကို မေးတုန်းက မင်းက တရုတ်နိုင်ငံမှာမို့လို့ ပြောတယ်။ သောက်ခွင့်ရှိတဲ့ အသက်က ၁၈နှစ်တဲ့။ အခု မင်းက ၁၈နှစ် ပြည့်နေပြီလေ။ ဘာလို့ မသောက်ရသေးတာလဲ။”

ဖုန်းယွီက “......”

မနှစ်ကလည်း ငါသောက်တာ အရမ်းများတယ်။ ငါကသန်း တစ်ထောင်ကျော် ပိုင်ဆိုင်တဲ့သူလေ။ ငါ့အနေနဲ့ ဘာလို့ မင်းနဲ့ စကားပြောပြီးတိုင်း ဟိုတယ်ဖက်ကို သယ်တာ မြင်အောင် လုပ်မှာလား။

ဒါကတော့ အရမ်းလွန်တာပဲ။ တကယ်လို့ မင်းသောက်ချင်တယ်ဆိုရင်တောင် ငါဘီယာ သောက်လို့ ရတယ်။ ဘင်းမြို့တော်က လူတစ်ယောက်အနေနဲ့ဆိုရင် ငါ ဘီယာသောက်ရမှာကို မကြောက်ဘူး။ ဘီယာ ယှဉ်သောက်တဲ့အခါ ငါတို့တွေက ဆီးအိတ်ကို ထိန်းပြီးတော့တောင် ပြိုင်သောက်နိုင်သေးတယ်။

“အစ်ကိုကီ။ ကျွန်တော်က ရုရှားကိုလာတာ ရှားတယ်လေ။ ကျွန်တော်က ရုရှားပြည်တွင်းဖြစ် ဘီယာကို သောက်ချင်တာပေါ့။ ဘာလို့ ဘီယာကို ပြောင်းမသောက်ဘဲ နေမှာလဲ။”

“ငါတို့တွေ မနက်ဖြန်ကျ ဘီယာ သောက်လို့ ရတာပဲ။ ဒီညတော့ ငါတို့ ဒီဟာကို အရင်သောက်ကြရအောင်။ ဒါက ရုရှားရဲ့ မဟုတ်ဘူး။ ကမ္ဘာအကောင်းဆုံး ဗော်ကာပဲ။ ဒါက မင်းတစ်ယောက်တည်းအတွက်ကြောင့်သာ ဒီပုလင်းကိုထုတ်တာ။”

ဖုန်းယွီက ကီရီလန်ကိုကို သူ့အား သာမန်လူတစ်ယောက်အနေဖြင့်သာ ဆက်ဆံပြီး အရမ်းအကောင်းကြီး မဆက်ဆံရန် ပြောချင်ခဲ့သည်။

“အစ်ကိုကီ။ ကျွန်တော် အများကြီး မသောက်နိုင်ဘူး။ မနက်ဖြန်ကျ ကုမ္ပဏီအကြောင်း ဆွေးနွေရဦးမှာ။ ထပ်ပြောရရင် ကျွန်တော် ဒီဟင်းပွဲကို နည်းနည်းပဲ စားရသေးတယ်။ ဗိုက်ဆာနေပြီ။”

“ဟွမ်း....မင်းက မှုံတေတေသူပဲ။ ကောင်းပြီလေ။ ဒါက မင်းအတွက် နောက်ဆုံးအခွက်ပဲ။”

ချီး တစ်ခွက်က ၁၅၀ မီလီလောက်ရှိတယ်။ ၃ခွွက်က တစ်လီတာရဲ့ တစ်ဝက် ရှိနေပြီ။ ပြီးတော့ ဒါက အယ်ဂိုဟော ပမာဏ များတဲ့ ဗော်ကာ။ ဖုန်းယွီသည် ယနေ့ စားသုံးခဲ့သည့် အစားအစာများ သူ့ပါးစပ်မှ ပြန်အန်ထွက်တော့မည်ဟု ခံစားနေရသည်။

ခဏနေပါဦး။ ဘာလို့ ငါ ကီရီလန်ကို သူ့ခွက်ကို မဖြည့်ခွင် ဗော်ကာပုလင်းကို ကိုင်ထားလိုက်မယ်လို့ မတွေးမိတာလဲ။

ဖုန်းယွီသည် ရုတ်တရက် သူ့ယောက်ဖနှင့် ကီရီလန်ကို အရင်က သောက်ခဲ့သည့် အကြောင်းကို အမှတ်ရမိသည်။ သူသည် တစ်ခွက်လေးတောင် မသောက်ရပေ။ လူများကို သောက်ရန်အတွက် နည်းများစွာ ရှိသည်။ သူ့အနေဖြင့် ကီရီလန်ကိုကို အရင်မူးအောင် တိုက်ရမည် ဖြစ်သည်။

“အစ်ကိုကီ။ ကျွန်တော် အစ်ကိုကီကို ထည့်ပေးမယ်။ အစ်ကို ပြောမှတော့ ကျွန်တော်တို့ ကျွန်တော်တို့ခွက်ကို ကိုယ်တိုင် ဖြည့်ကြတာပေါ့။ ကျွန်တော် အများကြီး မသောက်နိုင်ဘူး။ အစ်ကိုတော့ သောက်နိုင်တယ်။ အစ်ကို ပိုသောက်သင့်တယ်။”

ဖုန်းယွီက သူ့ပုလင်းကို ကိုင်လိုက်ကာ ကီရီလန်ကို၏ ခွက်ထဲကို ဖြည့်ပေးလိုက်သည်။ သူခွက်ကို အနည်းငယ် ထည့်လိုက်ပြီး ချက်ခြင်းပင် သောက်လိုက်တော့သည်။ ကီရီလန်ကိုက ဖုန်းယွီသည် သူ့ကို လှည့်စားနေမှန်း သတိမထားမိပေ။ သူ့အတွေးတွင် ဖုန်းယွီသည် တစ်ခွက်လုံးကို သောက်လိုက်သည်ဟုသာ ထင်၏။ သူ့ခွက်သည်လည်း ဗလာအကျင်း ဖြစ်နေသည်။

ဖုန်းယွီသည် ဆက်ပြီး ကီရီလန်ကို၏ ခွက်ကို ဖြည့်ပေးသည်။

ပြီးနောက် ဖုန်းယွီသည် ရီဝေဝေ ဖြစ်လာတော့သည်။ ကီရီလန်ကိုသည်လည်း တရိပ်ရိပ် တက်လာ၏။

“ဖုန်း ဒီနေ့ မင်းနဲ့ အတူသောက်ရတာ အကောင်းဆုံးပဲ။ ဒီနေ့ညကျ ငါတို့ စကားဆက်ပြောကြတာပေါ့။”

ချီး... ဘယ်အရူးက မင်းနဲ့ အခန်းအတူတူမှာ အိပ်ချင်မှာလဲ။ မင်းရဲ့ ဟောက်သံက ပြတင်းပေါက်မှန်တွေတောင် ကြွေမွ အက်ကွဲစေတယ်။ ဘယ်လိုလုပ် ငါက မင်းနဲ့ အတူ အိပ်မယ်လို့ ထင်မိတာလဲ။ ငါက မင်းနဲ့ ပြိုင်ဖို့အတွက် ဟောက်တဲ့နေရာ၊ လေလည်တဲ့နေရာနဲ့ သွားကြိတ်တဲ့နေရာတွေမှာ မတော်သေးဘူး။”

“အစ်ကိုကီ အစ်ကို ဒီနေ့ အိမ်ပြန်သင့်တယ်။ ကျွန်တော်တို့တွေ တစ်ခန်းထဲ အိပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

ကီရီလန်ကိုက ရုတ်တရက် ပြုံးလိုက်သည်။

“ကောင်းပြီလေ။ အဲတာ မှန်တာပဲ။ အဲတာက မသင့်တော်ဘူး။ ငါမင်းဟော်တယ်ကို ပြန်ပို့ဖို့အတွက် လူခေါ်ပေးမယ်။ မနက်ဖြန်ကျ ငါမင်းဆီကို လာကြိုမယ်။ မိုင်းတွင်းကို သွားကြည့်ကြတာပေါ့။”

ဖုန်းယွီသည် အစားအစာ အချို့ စားပြီးနောက် ကီရီလန်ကို၏ လူက သူ့ဟော်တယ်ကို ပြန်ပို့တော့၏။ သူ့အခန်းထဲရောက်သည့်အခါ တစ်ယောက်ယောက်ကို လက်လွဲပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူက မျက်လုံးကို အတန်ငယ် ဖွင့်ကြည့်လိုက်သည့်အခါ လီန ဤနေရာကို ရောက်နေသည်ကို မြင်လိုက်ရသည်။ ငါ တရုတ်ကို ပြန်ရောက်နေတာလား။ ဘာလို့ လီနက ဒီမှာ ရောက်နေရတာလဲ။ ဖုန်းယွီ၏ အင်္ကျီများကို ထိုသူက ချွတ်ပေးလိုက်ကာ သူ့ကို ထိုလူက ရေပတ်တိုက်ကာ သန့်ရှင်းပေးနေသည်ဟု ခံစားလိုက်ရသည်။

လီနက အကောင်းဆုံးပဲ။ သူ ငါ့ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိတယ်။ ဖုန်းယွီသည် သူ့လက်များကို ဖြန့်ကားလိုက်ကာ လီနကို သူ့လက်မောင်းဆီသို့ ဆွဲခေါ်လိုက်သည်။ သူ့က လှဲချလိုက်ကာ သူ့မအပေါ်တွင် နေလိုက်တော့သည်.

“နန.... မသွားပါနဲ့... ကိုယ်မင်းကို နမ်းပါရစေ။”

ဟာ.... ဘယ်လိုလုပ် သူ့ရင်က သေးသွားရတာလဲ။ ငါမူးနေလို့ ဖြစ်မယ်။

......

ညသန်းခေါင်တွင် ဖုန်းယွီသည် နိုးလာခဲ့သည်။ သူ့ခုတင်ဘေးတွင် ရေတစ်ခွက် ရှိနေသည်။ သူက ထိုခွက်ကို ယူလိုက်ကာ သောက်လိုက်သည်။ ယင်းက ပျားလီမွန်ရည် ဖြစ်သည်။

ငါ ဘယ်ကို ရောက်နေတာလဲ။ ဒါက ငါ့တိုက်ခန်းမှ မဟုတ်တာ။

ဟို ငါ မော်စကိုကို ရောက်နေတာပဲ။ ဒါက ဟိုတယ်အခန်းပဲ ဖြစ်ရမယ်။ ဖုန်းယွီက သူ့ခေါင်းကို ခါကာ သန့်စင်ခန်းကို သွားလိုက်တော့သည်။ အပေါ့သွားပြီးနောက် သူ့အိပ်ရာကို ပြန်လာတော့၏။

ဖုန်းယွီသည် သူ့နေရာတွင် အိပ်လိုက်သည့်အခါ ခပ်နွေးနွေး ခန္ဓာကိုယ် တစ်ခုက သူ့ခြေထောက်ကို ပူးကပ်လာသည်ဟု ခံစားလိုက်ရသည်။ သူက ရုတ်တရက် ထခုန်လိုက်တော့၏။

ဒါက မော်စကို ငါ့တိုက်ခန်း မဟုတ်ဘူး။ ဘာလို့ သူ့အိပ်ရာထဲတွင် မိန်းမတစ်ယောက်ရှိနေရသနည်း။

ဖုန်းယွီသည် သူ့ခုတင်မှ ထလိုက်ပြီးနောက် မီးကို ဖွင့်လိုက်သည်။

“မစ္စတာဖုန်း ရေဆာလို့လား။ ရေနွေးနွေးလေး ထည့်ပေးရမလား။”

ထိုမိန်းကလေးသည် မီးရောင်ကြောင့် နိုးလာတော့သည်။ သူမကို ဖုန်းယွီကို ကြည့်သည့်အခါ ရှက်သွေးဖြာနေသော်ငြား သူမက ဖုန်းယွီအတွက် ရေငဲ့ပေးလိုက်၏။

ဖုန်းယွီက ထိုမိန်းကလေးကို ကြည့်လိုက်ပြီးနောက် သူ့အောက်ပိုင်းကို ကြည့်လိုက်သည်။ ချီးပဲ။ ငါ့အဝတ်တွေ ဘယ်ရောက်ကုန်တာလဲ။ ငါ့အတွင်းခံကော ဘယ်မှာလဲ။

“အယ်လီနာ ဘာလို့ ဒီမှာ ရောက်နေတာလဲ။”

ဖုန်းယွီက ကြောင်သွားတော့သည်။

“မစ္စတာဖုန်းက မနေ့ညက သောက်ထားတော့ ကျွန်မက ဒီကိုလာပြီး မစ္စတာဖုန်းကို စောင့်ရှောက် ပေးနေတာပါ။”

ဖုန်းယွီက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြီးနောက် အဝတ်ဗလာဖြင့် လီနကို လက်ညှိုးထိုးလိုက်သည်။

“ဒါက ငါ့ကို စောင့်ရှောက်တဲ့ ပုံစံလား။"

ယင်းက ဖုန်းယွီကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ယမန်နေ့ညက ကိစ္စသည် အိပ်မက် မဟုတ်ပေ။ ယင်းက လီနမဟုတ် အယ်လီနာ ဖြစ်သည်။ သူ့ညီတော်ငယ်လေးနားတွင် သွေးအချို့ ကျန်နေသည်ကို တွေ့လိုက်ရသည်။

အယ်လီနက သူ့ခေါင်းကို ညိတ်လျက်သား ရှက်ရှက်ဖြင့် ပြန်ဖြေလေ၏။

“မစ္စတာဖုန်း မစ္စတာဖုန်းက ကျွန်မ ထွက်သွားတော့မယ်လို့ ပြောတာကို ငြင်းတဲ့သူပါ။”

ဖုန်းယွီက ယမန်နေ့ညက သူမကို လီနဩု ခေါ်ခဲ့သည်။ ဖုန်းယွီသည် အရက်မူးနေသည့်အတွက် နာမည်မှားခေါ်မိမှန်း အယ်လီနာ သိပေသည်။ လွန်ခဲ့သည့်အချိန် သူတို့ တွေ့ဆုံခဲ့စဉ်က သူမခန္ဓာကိုယ်ကို ပေးစဉ်က သူမကို ငြင်းပယ်ခဲ့သည်။ ဖုန်းယွီသည် အရက်မူးချင်ယောင်ဆောင်ပြီး သူမကို အသားယူမည့် လူစားမျိုး မဟုတ်ပေ။

သို့သော် ယနေ့ သူမလုပ်ခဲ့သည့် အရာအားလုံးသည် ဖုန်းယွီအတွက်ဖြစ်ကြောင်း သိသည်။ ကိဗ်ယက်မှ မော်စကို အကဖွဲ့ကို ပြောင်းရွေ့ပြီးနောက် သူ့မခင်နှင့် ပြန်လည် ဆုံတွေ့နိုင်ခဲ့သည်။ သူမသည် မော်စကိုတွင် အရေးပေးမှု ခံခဲ့ရသည်။ ထိုအရာများ အားလုံးသည် ထို တရုတ်လူမျိုးကြောင့် ဖြစ်သည်။

သူမနှင့် ထို တရုတ်အမျိုးသားကြား ဘာမှ မဖြစ်ခဲ့ပါက သူမ၏ ကံကောင်းမှုများ အဆုံးသတ်သွားမည် ဖြစ်သည်။ အကအဖွဲ့မှ အကသမများ၏ ကံတရားသည်လည်း အတူတူပင် ဖြစ်သည်။ သူတို့ အကသမဘဝ၏ နောက်ဆုံးအချိန်တွင် ရိုင်းစိုင်းသော စစ်တပ် အရာရှိများနှင့် လက်ထပ်ရမည် ဖြစ်သည်။

အယ်လီနာသည် ထိုသူများအစား အရင်က တွေ့ခဲ့သည် ထိုသူကို ရွေးချယ်မည် ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ငယ်ရွယ်ပြီး ကြည့်ကောင်းသည်။ ယင်းနည်းလမ်းက ထိုအမျိုးသားထံမှ သူမ ကာကွယ်မှု ရမည် ဖြစ်ကာ သူနှင့် သူ့အမေသည်လည်း ကောင်းမွန်သည့် ဘဝတွင် နေထိုင်နိုင်မည် ဖြစ်သည်။

ယင်းက အမှန်တရားပင် ဖြစ်သည်။ အချို့သော သူ့မ သူငယ်ချင်းများသည်လညး် အတူတူပင် ဖြစ်သည်။ ထိုသူတို့၏ ဘဝသည် ယခုထက် ပိုကောင်းသွားသည်ဟု သူမ ကြားမိသည်။

ယခုတွင် အရာအားလုံး ဖြစ်ပွားပြီး ဖြစ်သည်။ ပြီးနောက် အယ်လီနာသည် စိတ်လှုပ်ရှားနေသည်။ မစ္စတာဖုန်းအနေဖြင့် မည်သို့ တုန့်ပြန်မည်နည်း။

ဖုန်းယွီက အယ်လီနာကို ကြည့်လိုက်သည်။ သူက ပြောစရာ စကားမဲ့သွားသည်။ ထိုအရာများ အားလုံးသည် အရက်ကြောင့် ဖြစ်သည်။ ဘာတွေ ဖြစ်ခဲ့တာလဲ။ သူတွင် ခံစားချက် တစ်ခု ရှိနေသည်။ ယင်းက သူ့အနေဖြင့် အသားယူခဲ့သည့် ပုံစံမျိုးပင်......။

Paid Docs 19 ပြီးပါပြီ။ Paid Docs 20ကို SwaeNyoe Sales Channel တွင် ဝယ်ယူနိုင်ပါသည်။

All Chapters