← Chapters

လယ်သမားတွေကို ထောက်ပံ့ပေးမှာလား။

Vol. 25 Ch. 374

လယ်သမားတွေကို ထောက်ပံ့ပေးမှာလား။

Vol. 25 Ch. 374

ကီရီလန်ကို ထွက်သွားပြီးနောက် မော့စ်ဂို့သည် ဖုန်းယွီနှင့် ဆက်သောက်ချင်ခဲ့သ်ည။ ဖုန်းယွီသည် နောက်ထပ် တစ်ခွက်သာ သောက်ပြီးနောက် သူ့တွင် အရေးကြီးသည့် ကိစ္စလုပ်ရန် ရှိကြောင်းပြောကာ သောက်တာကို ရပ်လိုက်သည်။

ယင်းက ကောင်းမွန်သည့် အကြောင်းပြချက်ပင် ဖြစ်သည်။ မော့စ်ဂိုသည်လည်း လယ်သမားကိစ္စဖြစ်ကြောင်း ပြောနိုင်ပေသည်။ ဖုန်းယွီ၏ ပြောပုံအရ ယင်းက ကီရီလန်ကိုအတွက် အရေးကြီးပေမည်။ ကီရီလန်ဂိုနှင့် ဖုန်းယွီသည် ကုမ္ပဏီ ပိုင်ရှင်များ ဖြစ်သည်။ သူက သူတို့နှစ်ယောက်အတွက် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။ ဖုန်းယွီက ဆက်မသောက်တော့ဟု ပြောသည့်အခါ သူ ကူကယ်ရာ မဲ့သွားခဲ့သည်။ ထို့ကြောင့် သူသည် ဖုန်းယွီနှင့်အတူ ဟင်းများ ဆက်စားရန်သာ ရှိတော့သည်။

ဖုန်းယွီသည် ရုရှားဟင်းပွဲများကို နှစ်သက်သည်။ သူက ရုရှားအစားစားများကို ကြိုက်နှစ်သက်၏။

ကီရီလန်ကို ပြန်လာသည့်အခါ ဖုန်းယွီသည် ဗိုက်ဝလုနီးပါး ဖြစ်နေပြီ ဖြစ်ကာ ဖုန်းယွီသည် အချိုတည်းစရာနှင့် အသီးများကို စမှာတော့သည်။

“ဖုန်း... အခုလေးတင် နယ်စပ်က အစိုးရ အရာရှိတွေနဲ့ ဖုန်းပြောခဲ့တယ်။ မင်းနဲ့ အတူ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို သူတို့နဲ့ ဆွေးနွေးခဲ့တယ်။ပြီးတော့ သူတို့က သဘောတူခဲ့တယ်။ လယ်သမားတွေက ရုရှားရဲ့ ဥပဒေတွေကို လေးစားလိုက်နာသမျှ သူတို့ ပြဿနာ ဖြစ်မှာ မဟုတ်ဘူး။”

ကီရီလန်ကိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ဖုန်းယွီသည် သူ့ကို လယ်သမား ပြတ်လပ်မှု ပြဿနာိကု ကူညီဖြေရှင်းခြင်း ဖြစ်သည်။ ထို့နောက် ရုရှား၏ စိုက်ပျိုးရေးလုပ်ငန်းသည်လည်း တိုးတက်လာမည် ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ရုရှားလူမျိုးများက လယ်ယာစိုက်ပျိုးရေးသည်လည်း အကျိုးအမြတ် ရလာမည်ဟို နားလည်လာကြကာ သူတို့ စတင် စိုက်ပျိုးကြမည် ဖြစ်သည်။ ထို့နောက် သူတို့သည် တရုတ်လူမျိုးများကို မှီခိုရန် မလိုတော့ချေ။

ကီရီလန်ကိုသည် ထက်မြက်ပေ၏။ ဤနည်းလမ်းဖြင့် သူသည် နိုင်ငံရေးသမားများ ကြုံတွေ့နေရသည့် ထိုပြဿနာများကို ဖြေရှင်းနိုင်တော့မည် ဖြစ်ကာ အပြန်အလှန်အနေဖြင့် သူ့စီးပွားရေးဆောင်တာ လုပ်ငန်းများသည် ပိုမို ချောမွေ့လာမည် ဖြစ်သည်။ သူ့အနေဖြင့် အထက်အရာရှိများထံမှ ထောက်ပံ့မှု ပိုမို ရရှိမည် ဖြစ်သည်။

ဖုန်းယွီသည်လည်း သူ့ကို ကူညီရသည်ကို ပျော်ရွှင်၏။ သူသည်လည်း လုံကျန်းပြည်နယ်၏ အလုပ်လက်မဲ့ လယ်သမား ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ အကျိုးအမြတ်အချို့ ရနိုင်ပေ၏။ သူသည် ကျန်းရွေ့ချင်နှင့် ဦးလေးဝမ်ကို နိုင်ငံရေးအရ အမှတ်အချို့ရရန်လည်း ကူညီပေးနိုင်မည် ဖြစ်သည်။

သေချာသည်မှာ ဖုန်းယွီသည် နှစ်သက်မှုနှင့် မိတ်ဆွေဖြစ်မှုကို ရရုံသာမက သူ့အနေဖြင့် အလုပ်သမားထောက်ပံ့ရေးကုမ္ပဏီနှင့် စက်ယန္တရားကုမ္ပဏီကို ရုရှားဈေးကွက်အတွင်း ဝင်ရောက်ရန်အတွက်လည်း အကူအညီ ပေးနိုင်ပေ၏။

“အစ်ကိုကီ ကျွန်တော် ပြန်သွားတာနဲ့ လူစွမ်းအားအရင်းအမြစ် ထောက်ပံ့ရေးကုမ္ပဏီကို တည်ထောင်မယ်။ အဲ့ကုမ္ပဏီ ထောင်ပြီးတာနဲ့ အစ်ကိုကို ပြန်ဆက်သွယ်မယ်။ ကျွန်တော်လိုချင်တဲ့ စိုက်ကွင်းတွေက ကောင်းရမယ်။ လယ်ကွက်က ပြန့်ပြီးတော့ တောင်ကုန်းတွေ ရွံ့တွေ မရှိရဘူး။”

ဖုန်းယွီက သူ့လိုလားချက်များကို ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။ လုံကျန်းပြည်နယ်၏ လယ်သမားများသည် ပြန့်ပြူးသော စိုက်ကွင်းတွင် ပြောင်း၊ ပဲပိစပ်နှင့် ဂျုံများ စိုက်ပျိုးရတွင် အတွေ့အကြံရှိပြီး ဖြစ်သည်။ တောင်ကုန်းများသည် လယ်ယာသုံး စက်ပစ္စည်းများအတွက် မသင့်တော်ပေ။

“စိတ်ချလိုက် စိုက်ကွင်းတွေ အကုန်လုံးက ကောင်းစေရမယ်လို့ ငါ ကတိပေးတယ်။ အဲဒီမှာ မြေရိုင်းတွေကော ရှိဦးမှာ။ တကယ်လို့ မင်းတို့ လယ်သမားတွေသာ အဲ့မြေတွေမှာ ထွန်ယက်ချင်တယ်ဆိုရင်လည်း ရတယ်။ အခွန်ကတော့ အရမ်းကို နည်းလိမ့်မယ်။"

ကီရီလန်ကိုက ပြောလိုက်သည်။

“အဲတာဆိုရင် ကျွန်တော်တို့တွေက ဘယ်လောက်ကြာကြာငှားယမ်းနိုင်မှာလဲ။ တကယ်လို့ ၃နှစ်ပဲဆိုရင် လယ်သမားတွေကို စွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ လယ်သမားတွေက သူတို့ အိမ်ကို ပစ်ပြီး တခြားနိုင်ငံမှာ ကြိုးကြိုးစားစား လာလုပ်ရမှာ။ ရုရှားလူမျိုးတွေလည်း သူတို့ အိမ်ကို ခွဲပြီး အလုပ်လုပ်ရတာကို မကြိုက်ဘူးလို့ ထင်တယ်။”

ကီရီလန်ကိုက မေးလိုက်သည်။

“လေးနှစ်ဆိုရင်ကော ဘယ်လိုလဲ။ လေးနှစ်ဟူသော အချိန်သည် ထိုလယ်သမားများ ငွေရဖို့ အချိန် လုံလောက်ပြီပဲ။ ငါတို့ နိုင်ငံကလည်း စိုက်ပျိုးရေးလုပ်ငန်းမှာ ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်နေတယ်။ ငါတို့က မင်းတို့ကို အကြာကြီး ငှားပေးလို့ မရဘူး။”

“လေးနှစ်ပဲလား။”

ဖုန်းယွီက ပြုံးရယ်လိုက်သည်။ ပထမနှစ်တွင် မြေကိုပြုပြင်ရမည် ဖြစ်သည်။ လယ်သမားများသည်လည်း ဤနေရာတွင် နေသားကျအောင် ကြိုးစားရဦးမည် ဖြစ်သည်။ ပြီးနောက် သူတို့သည် အကျိုးအမြတ်များများ ရမည်မဟုတ်ပေ။ ဒုတိယနှစ်မှ စပြီး လယ်သမားများသည် အကျိုးအမြတ်များ မြင်ရလာမည် ဖြစ်သည်။ သို့သော် သူတို့သည် ထွန်စက်များနှင့် အခြားစိုက်ပျိုးရေးသုံး ပစ္စည်းများ ဝယ်ယူရဦးမည် ဖြစ်သည်။ အိမ်ဆောက်ရဦးမည် ဖြစ်သည်။ လေးနှစ်က လုံလောက်ခြင်း ရှိမည် မဟုတ်ပေ။

အကယ်၍ လယ်သမားများသည် မည်သည့်ငွေမျှ မရှာနိုင်လျှင် ဖုန်းယွီသည် သူတို့ ပိုက်ဆံများကို စုဆောင်းနိုင်ဦးမည် ဖြစ်ကာ ဖုန်းယွီသည်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးကို ကူညီသည်ဟု စဉ်းစား၍ ရနိုင်မည် မဟုတ်ပေ။ သူက သူ့ဒေသမှ လူများဆီမှ ငွေများယူခြင်းသာ ဖြစ်ပြီး သူ့ဒေသမှ လူများသည် အလုပ်အတွက် အခမဲ့ လုပ်ပေးရသကဲ့သို့ ဖြစ်မည် ဖြစ်သည်။

ကာလကြာချိန်သည် အနည်းဆုံး ၅နှစ် ဖြစ်သင့်ပေ၏။

ပူတင်အာဏာရလာမှ ရုရှား၏ စိုက်ပျိုးရေးလုပ်ငန်းသည် စတင်ကုစားနိုင်သည်ဟု ဖုန်းယွီ မှတ်မိလိုက်သည်။ ရုရှား၏ စိုက်ပျိုးရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုကို ပူတင်က ဦးဆောင်ခဲ့ကာ ထိုအချိန်က သူသည် ဒုတိယ သမ္မတသာ ဖြစ်သေး၏။ ယက်ဆင် အာဏာရစဉ် ပူတင်သည် ရုရှား၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက တာဝန် ရှိသူ ဖြစ်သည်။

၆နှစ်ကြာပြီးနောက် တရုတ်လယ်သမားများအတွက် ငွေရှာရန်အတွက် အချိန်လုံလောက်မည် ဖြစ်သည်။

“အစ်ကိုကီ ကျွန်တော်တို့ရဲ့ စာချုပ်က ၂၀၀၀ပြည့်နှစ်အထိ ဖြစ်သင့်တယ်လို့ ထင်တယ်။ ကာလကြာလေလေ လယ်သမားတွေက ပိုအာရုံ စိုက်လေလေပဲ။ သူတို့တွေ ပိုပြီး ကြိုးစားကြတယ်။ ပြီးတော့ သူတို့ရဲ့ ထုတ်လုပ်မှုကလည်း တိုးတက်လေပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် အစိုးရက သီးနှံတွေ ပိုရလာလိမ့်မယ်။ ကျွန်တော်တို့တွေ လယ်သမားတွေရဲ့ သီးနှံတွေကို အခွန်နဲ့ ငှားယမ်းခအဖြစ် တောင် ရာခိုင်နှုန်းနဲ့ ဖြတ်လို့ ရသေးတယ်။ ဒါက အစိုးရနဲ့ လယ်သမားတွေကြား နှစ်ဦးနှစ်ဖက် ကောင်းတာပဲလေ။”

ဤနည်းလမ်းဖြင့် သီးနှံများ၏ ဈေးနှုန်းပြောင်းလဲမှုသည် လယ်သမားများအပေါ် သက်ရောက်မျု ရှိမည် မဟုတ်ပေ။

“ငါတို့တွေဒီနှစ်ကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ၉နှစ်ကျော်ပဲ။ ဒါက အရမ်းကို ရှည်လွန်းတယ်။ အဲ့နိုင်ငံရေးသမားတွေက သဘောတူမှာ မဟုတ်ဘူး။ ငါ့အနေနဲ့ မင်းကို ငါးနှစ်အထိ တိုးဖို့အတွက် အဲ့နိုင်ငံရေး သမားတွေကို နားချနိုင်တယ။ ဒါက ငါ အကောင်းဆုံး လုပ်နိုင်တဲ့ အတိုင်းအတာပဲ။”

“အစ်ကိုကီ။ ကျွန်တော် ခန့်မှန်းမိသလောက်ဆို အဲဒီ အရာရှိတွေက မြေတွေကို ပြန်သိမ်းမှာလား။ ဒါက ရုရှားအတွက် ကောင်းပေမဲ့လည်း ရုရှားလယ်သမားတွေက ငွေမရှာနိုင်သေးဘူးလို့ ကျွန်တော် ပြောရဲတယ်။ လယ်သမားကောင်း တစ်ယောက်ဖြစ်ဖို့က မလွယ်ဘူး။ ကျွန်တော် မိသားစုကလည်း လယ်လုပ်တာပဲလေ။ ကျွန်တော်က အစ်ကိုထက် စိုက်ခင်းတွေ အကြောင်း ပိုသိတယ်။ ဥပမာအနေနဲ့ ကျွန်တော် မော့စ်ဂို့နဲ့ အစ်ကိုကို လယ်သမား လုပ်ခိုင်းမယ် အစ်ကို ငွေရှာနိုင်မယ်လို့ ယုံကြည်ချက် ရှိလား။”

ကီရီလန်ကိုနှင့် မော့စ်ဂို့က အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့သည် အဖြေကိုသိ၏။

ကီရီလန်ကိုက စိတ်ထဲတွင် တွေးလိုက်၏။ ယင်းအဓိပ္ပာယ်က ၉နှစ်ကြာပြီးနောက် စိုက်ခင်းများ ရုရှားသို့ ပြန်ရမည် ဖြစ်ကာ သူတို့ လယ်သမားများသည်လည်း လယ်စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး နှံ့စပ်နေပြီ ဖြစ်မည်။

ထိုကာလအတွင်း သူတို့သည် တရုတ်လယ်သမားများကို မှီခိုရမည် ဖြစ်သည်။

“အစ်ကိုကီ အဲတာက ကျွန်တော်တို့ ဆွေးနွေးဖို့ မသင့်ဘူး။ကျွန်တော်က လုံကျန်းပြည်နယ်က လယ်သမားတွေ ခန့်ထားဖို့ ကူညီပေးမယ်။ ဘာလို့ ဒီကိစ္စကို လုံကျန်းပြည်နယ် အစိုးရနဲ့ ရုရှား အစိုးရတွေကို မဆွေးနွေးခိုင်းရမှာလဲ။ ကျွန်တော်တို့ နှစ်ဦး နှစ်ဖက်လုံးကို ဆွေးနွေးနိုင်ရင် ကျွန်တော်တို့ကို နှစ်သက်ကြမှာ။”

ထို အစိုးရ အရာရှိများသည် ထိုင်ဆွေးနွေးသည့်အခါတွင် ရလဒ်ကောင်းများ ထွက်လာနိုင်ပေသည်။ ထပ်ပြောရပါက ဖုန်းယွီနှင့် ကီရီလန်ကိုသည် ထိုကိစ္စကြောင့် ဆက်ဆံရေး မပျက်ယွင်းလိုပေ။

ကီရီလန်ကိုသည် တခဏကြာ တွေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူသည် နိုင်ငံရေးသမားထက်မှာ မျက်နှာလိုခြင်းသာ ဖြစ်သည်။ သူသည်လည်း မြေငှားယမ်းမှု စီးပွားရေးကို စိတ်မဝင်စားပေ။ ထိုစီးပွားရေးမှ မည်မျှရမည်နည်း။

ကီရီလန်ကိုသည် ထိုစီးပွားရေးမှ အကျိုးအမြတ်ကို မတွက်ချက်ရပေ။ အကျိုးအမြတ် အတော်များမည်ပင်။ အကယ်၍ ၁၀,၀၀၀ ဟတ်တာ မြေကို ငှားယမ်းနိုင်ပါက တစ်နှစ်လျှင် အမြတ် သန်းဂဏန်း ရနိုင်ပေ၏။အကယ်၍ ၁၀၀,၀၀၀ ဟတ်တာဆိုပါက သန်းရာချီ ရှိနိုင်သေည်။ သို့သော် ကနဦး ရင်းနှီးမြှပ်နှံမှုကား များမည် ဖြစ်သည်။

ဖုန်းယွီသည် လယ်သမားဆီမှ ငှားယမ်းမှုကိုလည်း တောင်းခံနိုင်ပေသည်။ အကယ်၍ လယ်သမားများ ငွေမရှိပါက သူတို့အနေဖြင့် ပြန်ချေးယူနိုင်သည်။ ဖုန်းယွီက သူတို့၏ အာမခံသူ ဖြစ်နိုင်ပေ၏။

“ဖုန်း ဒီတစ်ခေါက်လည်း ကူညီလိုက်ပြန်ပြီ။ ချီးယား။”

ဖုန်းယွီသည် သူ၏ တစ်ဝက်သာ ရှိသည့် ဘီယာခွက်ကို ဗော်ကာခွက် အပြည့်ထည့်ထားသည့် ကီရီလန်ကို ခွက်ကို တိုက်လိုက်သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူ့ဘီယာကို သောက်လိုက်သည်။ ကီရီလန်ကိုသည် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီက သူ့ ဗော်ကာခွက်ကို ကြည့်နေသည်ကို မြင်သည့်အခါ ကီရီလန်ကိုသည် ရွေးချယ်စရာ မရှိတော့ဘဲ သူ့ခွက်ကို ပြီးအောင် ဖြတ်လိုက်ရသည်။ သူသည် ဖုန်းယွီလောက် အရှက်မရှိသူ မဟုတ်ပေ......

All Chapters