ဇဝေဇဝါ ဖြစ်သွားတဲ့ ကျန်းရွေ့ချင်
Vol. 25 Ch. 375
ဖုန်းယွီ နောက်တစ်နေ့တွင် ဘင်းမြို့တော်သို့ ပြန်မည် ဖြစ်သည်။ မပြန်ခင် အယ်လီနာသည် သူ့အခန်းတွင် ရှိနေဆဲ ဖြစ်သည်။ သူသည် ဖုန်းယွွီ၏ အခန်းထဲမှတောင် မထွက်လာပေ။
သူ့အမေကို ဖုန်းယွီက ပီတာဘက်စ်မြို့မှ မော်စကိုကို ပြောင်းပေးမည် ဖြစ်ကြောင့် ပြောသည့်အခါ သူ အထူး ကျေးဇူးတင်သွားသည်။ သူမက ဖုန်းယွီကို ကျေးဇူးတင်ကာ သူမသည် မည်သည့် တောင်းဆိုမှုမဆို တောင်းနိုင်လောက်သည်အထိတော့ မတော်ပေ။
ဖုန်းယွီသည် တခဏကြာ တွေးလိုက်ပြီးနောက် သူမပြန်ခင် သူမအတွက် ပိုက်ဆံ အချို့ ထားခဲ့၏။
.....
လေယဉ် ဘင်းမြို့တော်လေဆိပ်တွင် ဆင်းသည်နှင့် ဖုန်းယွီက သူ့ ခရီးဆောင်အိမ်ကို ကားပါကင်ကို ယူခဲ့တော့သည်။
“မန်နေဂျာဖုန်း ရောက်လာပြီပဲ။ ကျွန်တော်ကားကို ဒီကို မောင်းလာခဲ့တယ်။”
လေနှင့်မိုး လောဂျစ်စတစ်မှ ဒါရိုက်ဘာသည် ဖုန်းယွီကို လက်ယမ်းပြလိုက်သည်။
လီရှစ်ချင်က သူ့ဝန်ထမ်းကို ဖုန်းယွီအတွက် Rolls Royce ကားကို မောင်းသွားရန် ပြောခဲ့သည်။ ထိုကားသည် ဂိုထောင်ထဲတွင်သာ ရှိကာ အသုံးပြုမှု နည်းပေသည်။ လီရှစ်ချင်က ယင်းကားသည် အသစ်အတိုင်း သန့်သည်ဟု ခံစားမိသည်။
ဖုန်းယွီက ထိုသို့ မထင်ပေ။ စက်ယန္တရားကုမ္ပဏီကို မဆိုထားနှင့် ထိုက်ဟွ ကုန်သွယ်ရေး တစ်ခုတည်းတွင်တောင် အောင်မြင်မှုသည် လုံလောက်နေပြီ ဖြစ်သည်။ အသစ်အတိုင်းသန့်သည်မှာ ဘာများ မှားစရာရှိမည်နည်း။
ဒါရိုက်ဘာသည် ဖုန်းယွီကို မြို့ထဲကို မောင်းပို့ပြီး ကားသော့ကို ပေးခဲ့သည်။ ထို့နောက် သူသည် အများပြည်သူသုံး ဘက်စ်ကားဖြင့် ကုမ္ပဏီကို ပြန်သွားခဲ့သည်။ ဖုန်းယွီသည် အိမ်ကို မပြန်ဘဲ မြို့တော် အစိုးရရုံးကို မောင်းသွားတော့၏။
မြို့တော်အစိုးရရုံး ဝင်ပေါက်တွင် ဖုန်းယွီကို လုံခြုံရေးများက တား၏။ သူက ဘယ်သူလဲ။ ဒီကားကို အရင်က မမြင်ဖူးပါဘူး။ သူက ဘာလို့ မြို့တော် အစိုးရရုံးထဲကို ဒီအတိုင်း ဝင်ရတာလဲ။"
ဖုန်းယွီသည် တံခါးမှန်ကို ချလိုက်ကာ
“အစ်ကိုချူ ကျွန်တော်လေ။”
“အို... မန်နေဂျာဖုန်းပါလား။ ကားလဲလိုက်တာလား။ ဒီကားက မင်းရဲ့ ဟိုခပ်ကြီးကြီး ကားထက်တောင် ကြည့်ကောင်းသေးတယ်။ အထဲဝင်ပါ။ အပြင်မှာ ကားရပ်ဖို့ နေရာ မရှိဘူး။”
မည်သည့် ခွင့်ပြုချက်မှ မလိုဘဲ ဖုန်းယွီသည် ဘင်းမြို့တော် အစိုးရရုံးကို သူ့မျက်နှာ ပြရုံဖြင့် ဝင်နိုင်ပေ၏။ သေချာသည်မှာ သူက အစောင့်များကို အရင်က လက်ဆောင် ပေးခဲ့ဖူးသည်။
ဒေါက်ဒေါက်
“မန်နေဂျာဖုန်း ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ။”
အတွင်းရေးမှူးကျောက်က နှုတ်ဆက်လိုက်ကာ သူ့အတွက် ဖုန်းယွီ လက်ဆောင်များ ယူလာငြား အခန်းထဲမှ ထွက်လာခဲ့သည်။ ရုံးခန်း အပြင်ဖက်တွင် မည်သည့် သေတ္တာမျှ မရှိပေ။ ဖုန်းယွီသည် လက်ဗလာနှင့် လာတာ ဖြစ်ရပေမည်။ အတွင်းရေးမှူးကျောက်က ဖုန်းယွီဖက် လှည့်ကာ သံသယ အကြည့်ဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက ဘာလို့ လက်ဗလာနဲ့ လာရတာလဲ။ ဒါက သူ့ပုံစံ မဟုတ်ပါဘူး။”
ဖုန်းယွီက “.....”
ဘာတွေ ကြည့်နေတာလဲ။ ငါ လက်ဆောင်မပါဘဲ လာတာကို မင်းအတွက် အသားမကျတာလား။
“အစ်ကိုကျောက် ကျွန်တော် အဝေးကို ရောက်တာ အတော်ကြာပြီလေ။ ကျွန်တော်ပြန်လာတာနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကို လာနှုတ်ဆက်တာ။ အစ်ကိုကျောက် ဒီနေ့ ကြည့်ကောင်းနေတာပါလား။ ဒီဟာက... အစ်ကို အခု ဖတ်နေတဲ့ ဟာက... အစ်ကိုကျောက် အစ်ကိုက ပြန်ထမ်းဝန် အစိုးရဖက်ကို ပြောင်းမလို့လား။
ခေါင်းဆောင် တစ်ယောက်၏ အတွင်းရေးမှုး အနေဖြင့် ပြန်ထမ်းဝန် အစိုးရဖက်ကို ပြောင်းချင်းက ကောင်းသည့် အရာပင် ဖြစ်သည်။ အထူးသဖြင့် ထိုဒေသတွင် ခေါင်းဆောင်သည့် တာဝန် ရှိသည့်အခါတွင် သူသည် အမှတ်များ ရနိုင်ကာ ရာထူးလည်း အတိုးခံရနိုင်၏။
အတွင်းရေးမှုး ကျောက်က ပြုံးကာ
“ငါ အထဲဝင်ပြီး မင်း ရောက်နေကြောင်းကို ခေါင်းဆောင်ကို သွားပြီး အကြောင်းကြားလိုက်ဦးမယ်။”
“အထဲဝင်ခဲ့ သူ အလုပ်မရှုပ်ဘူး။"
“မင်္ဂလာပါ ခေါင်းဆောင် ကြည့်ရတဲ့ ပုံအရတော့ ကျန်းမာရေး ကောင်းတဲ့ ပုံပဲ။”
“မဟုတ်တမ်းတရားတွေ ရပ်လိုက် ဘာလို့ ဒီကို ရောက်လာတာလဲ။”
ကျန်းရွေ့ချင်သည် ဆိုဖာပေါ်တွင် ထိုင်နေကာ ဖုန်းယွီ ဝင်လာသည့်အခါ သူ့စားပွဲ ခုံတွင် စောင့်နေခြင်းမျိုး မဟုတ်ပေ။ ယင်းက သူနှင့် နီးစပ်သည့် သူများ၏ ဆက်ဆံပုံပင် ဖြစ်သည်။
“ကျွန်တော် ဒီကို ရောက်လာတာက သတင်းကောင်း ရှိလို့ပါ။ အစ်ကိုကျောက် ကျွန်တော် ရေ တစ်ခွက် ရနိုင်မလား။”
“တကယ်လို့ မင်းရေဆာတယ်ဆိုရင် ကိုယ့်ဘာသာ သွားထည့်လေ။ ရှောင်ကျောက် မင်းအလုပ် မင်း သွားလုပ်ချေ။ မင်းအတွက် အစီရင်ခံစာ တင်ဖို့ ပြင်ဆင်ဖို့ လိုသေးတယ်။”
ဖုန်းယွီသည် စိတ်ထဲ မထားပေ။ ပြီးနောက် အပြင်ကို လမ်းလျှောက်သွားတော့သည်။ သူသည် ဗီဒိုဆီကို သွားကာ အံဆွဲထဲမှ အကောင်းဆုံး လက်ဖက်ခြောက်ကို ထုတ်ယူလိုက်သည်။ အတွင်းရေးမှူးသည် သတိမထားမိပေ။ သူ့လက်ဖက်ခြောက်ကို ရေပူနှင့် စဖျော်တော့သည်။ အတွင်းရေးမှူးကျောက်က ဖုန်းယွီ ရေနွေး လောင်းချသည်ကို မြင်သည့်အခါ သူ့ကို စိုက်ကြည့်နေ၏။ ဒီမှာ လက်ဖက်ခြောက်တွေ အများကြီး ရှိတာ။ မင်းက လက်ဖက်ခြောက် ကောင်းတာနဲ့ ဆိုးတာကို ခွဲခြားနိုင်လား။ ဘာလို့ မင်းက ဈေးအကြီးဆုံးကိုမှ ရွေးရတာလဲ။
ဖုန်းယွီက ကျန်းရွေ့ချင်၏ ရုံးခန်းကို ဝင်သွားပြန်သည်။ ကျန်းရွေ့ချင်သည်လည်း လက်ဖက်ရည်၏ အနံ့ကို ခံနိုင်ကာ သူက ဖုန်းယွီကို အော်လိုက်၏။
“မင်းငါ့ရဲ့ ထိပ်တန်း အကောင်းစား လက်ဖက်ခြောက်ကို ထပ်ခိုးပြန်ပြီလား။”
“အာ.. ဒီတစ်ခါလည်း ကျွန်တော် မှားယူမိပြန်ပြီလား။ ကျွန်တော် နောက်တစ်ခေါက်ကျ မှတ်ထားပါ့မယ်။”
ဖုန်းယွီက အံ့အားသည့် အမူအရာဖြင့် ပြန်ဖြေ၏။
ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ မင်းက အခေါက်တိုင်း ဒီအတိုင်း ပြောတာ ပြီးတော့ အကြိမ်တိုင်း အကြိမ်တိုင်း အဲလို လုပ်တာ။ မင်းအတွက် နောက်တစ်ခေါက်ကျ လက်ဖက်ရည်ကို ပြင်ခိုင်းမှကို ရမယ်။
“မင်းငါ့အတွက် သတင်းကောင်းတွေ ယူခဲ့တယ်လို့ ပြောခဲ့တယ်။ ဘာ သတင်းကောင်းလဲ။ ဒီ တခါကို မင်း ဘယ်ကျောင်းကို လှူမှာလဲ။”
ကျန်းရွေ့ချင်သည် ဖုန်းယွီနှင့် ချစ်မုန်း ဆက်ဆံရေး ရှိသည်။ ဖုန်းယွီသည် ကျောင်းအဆောက်အဦး အသစ်၊ အားကစားကွင်းနှင့် စာကြည့်တိုက်များကို ဘင်းမြို့တော် ကျောင်းများသို့ လှူဒါန်းခဲ့သ်ည။ ကျန်းရွေ့ချင်သည်လည်း ထိုလှူဒါန်းမှုများကို လက်ခံသည်။
သို့သော် ဖုန်းယွီ လှူဒါန်းသည့်အခါတိုင်း မြို့တော်၏ မာစတာပလန်ကို အမြဲတမ်း လျစ်လျူရှုသည်။ ကျေးရွာများ၌ ကျောင်းသားသိပ်မရှိပေ။ ပြီးနောက် ဖုန်းယွီသည် ထိုကျောင်းအတွက် ကျောင်းအဆောက်အဦး အသစ် ကြီးကြီးကို ဆောက်လှုပ်သည်။ ကျယ်ဝန်းသည့် စာကြည့်တိုက်များတောင် ရှိသည်။ ထို ကျေးရွာများအတွက် ကျောင်းငယ်လေးများတွင် ထိုကဲ့သို့ လိုအပ်ချက်မျိုး မလိုပေ။
အမှတ်သုံး အထက်တန်းကျောင်းတွင်လည်း ဖြစ်သည်။ ဖုန်းယွီသည် ထိုကျောင်းအတွက် အားကစားကွင်းအသစ်ကို လှူဒါန်းထားသည်။ အမှတ်သုံး အထက်တန်းကျောင်းတွင် ကျောင်းသား မည်မျှ ရှိမည်နည်း။ သူတို့သည် အားကစားကွင်း အသစ်ကို လိုအပ်သည်လော။ မြို့တော်သည် မြို့တောင် ပြင်ဖက်တွင် ကျောင်းများအတွက် အားကစားကွင်း ဆောက်လုပ်ရန် ပြင်ဆင်ထားသည်။ ထိုအားကစားကွင်း တည်ဆောက်မည့် နေရာသည် ကျေးလက်များနှင်လည်း နီးသည်။ သို့သော် ဖုန်းယွီက ငြင်းဆိုသည်။ လူတိုင်း ပြောနိုင်သည်ကား ဖုန်းယွီ လှူဒါန်းသည့် အရာများက သူနှင့် နီးကပ်သည် အရာများ ဖြစ်သည်။ ပြီးနောက် ထိုနေရာများ လိုအပ်မအပ် အရေးမထားပေ။
ငါ့ကို သဘောမတူဘူးလား။ ရတယ်။ ငါ မလှူဘူး။
လှူဒါန်းမှုရှိခြင်းက မလှူတာထက်တော့ ကောင်းသည်။ ယင်းက မြို့တော် အစိုးရကို ငွေများ ချွေတာရာလည်း ရောက်ပေသည်။ ချွေတာထားသည့် ငွေများကို အခြားကျောင်းများတွင် အသုံးပြုနိုင်သည်။ မနှစ်က ဖုန်းယွီသည် ကျန်းရွေ့ချင်နှင့် အလောင်းအစား လုပ်ခဲ့သည်။ သူတို့သည် အဆောက်အဦးသစ် ၁၀ခု ဆောက်ရန်အတွက် လောင်းခဲကြခြင်း ဖြစ်သည်။ ပြီးနောက် အစိုးရအနေဖြင့် သူတို့ ဆောက်လိုသည့် နေရာတွင် ဆောက်မည်ဆိုသည့် အချက်ကို ထပ်ခဲ့ခြင်း ဖြ်စသည်။
အဆုံးတွင် ကျန်းရွေ့ချင် ရှုံးသွားခဲ့သည်။
ယမန်နှစ်က လူတိုင်းက တရုတ်နိုင်ငံအနေဖြင့် အိုလံပစ်ကျင်းပခွင့်ကို အနိုင်ရမည်ဟု တွေးခဲ့သ်ည။ သို့သော် ဖုန်းယွီ၏ အတွေးသည်။ မတူပေ။ သူက ကျန်းရွေ့ချင်ကိုတောင် ဒေသ အစိုးရရုပ်သံလိုင်းတွင် အိုလံပစ် အစီအစဉ်များ ထုတ်လွှတ်မှုကို ရပ်တန့်ရန်နှင့် ဂုဏ်ပြုမှုမျိုး မလုပ်ရန် ပြောခဲ့သည်။ ဖုန်းယွီသည် ကျင်းပခွင့် မရမည်ကို သေချာပေါက် ပြောနိုင်ပေသည်.
ကျန်းရွေ့ချင်သည် ဒေါသထွက်သွားသည်။ မင်း အခု ဘာတွေ ပြောနေတာလဲ။ တရုတ်က အခု ဩစတေးလျနဲ့ ပြိုင်နေတာ။ ဘယ်လိုလုပ် ငါတို့က သူတို့ကို ရှုံးမှာလဲ။ မင်းက တရုတ်မဟုတ်ဘူးလား။ ဘာလို့ ဒီလို အထင်သေးရတာလဲ။
တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သော်ငြား သူတို့အတွက် အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပခွင့်တွင် ပြဿနာ ရှိမည် မဟုတ်ချေ။ ထပ်ပြောရပါက အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီတောင် တရုတ်သည် ကျင်းပခွင့်ရရန် အခွင့်အရေးများကြောင်း ပြောခဲ့သည်။
ဖုန်းယွီက သူ့ပခုံးတွန့်ကာ သူ့နှင့် အလောင်းအစား လုပ်မလားဟု မေးခဲ့သည်။ လောင်းကြတာပေါ့။ တကယ်လို့ တရုတ်နိုင်မယ်ဆိုရင် ဘင်းမြို့တော်အတွက် မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းတွေကို ကျောင်းဆောင်လှူမယ်။ မြို့တော်ဝန် နေရာ ရွေးလို့ ရတယ်။ တကယ်တို့ တရုတ်ကျင်းပခွင့် ရှုံးမယ်ဆိုရင် ကျန်းရွေ့ချင်အနေဖြင့် တီဗွီမှ သတင်း တင်ဆက်သူများနှင့် သူ့ကိုယ်တိုင် ဖုန်းယွီ အဖေ၏ ထိုက်ဟွ အစားအစာထုတ်လုပ်သည့်စက်ရုံကို လာရောက် ရိုက်ကူးရမည် ဖြစ်သည်။
ကျန်းရွေ့ချင်၏ နောက်ခံနှင့်ဆို သူ့အဖေကို ဒေသတွင်း အာဏာပိုင်များက ပြဿနာ ဖန်တီးရဲမည် မဟုတ်ချေ။
ကျန်းရွေ့ချင်သည် ထို အလောင်းအစားကို သဘောတူလိုက်သည်။ သူက သေချာပေါက် နိုင်လိမ့်မည်ဟု တွေးကာ သူသည် ကျောင်းဆောင်သစ်များအတွက် နေရာကိုတောင် စတင် စီစဉ်နေခဲ့သည်။
သို့သော် ကျန်းရွေ့ချင်သည် ဖုန်းယွီ ပြောသည်ကို ယုံမယုံ ဖြစ်နေသေးသည်။ သူ့လူများက တင်ပြသည့် ဂုဏ်ပြုမှုများကို သဘောတူခဲ့ခြင်း မရှိပေ။ ယင်းက ဆက်သွယ်ရေးမှ အရာရှိချုပ်ကို မပျော်ရွှင်ဖြစ်စေ၏။ သူ့အနေဖြင့် ကျန်းရွေ့ချင်သည် သူ့ဌာနအတွက် ပြဿနာ ဖန်တီးသည်ဟုတောင် ထင်ခဲ့သည်။
အိုလံပစ် ကျင်းပခွင့်ကို ကြေညာသည့်အခါ ကျန်းရွေ့ချင်သည် တုန်လှုပ်သွားခဲ့သည်။ ဩစတြေးလျကို တရုတ်က တစ်မဲဖြင့် ရှုံးခဲ့သည်။ အိုလံပစ် ကော်မတီက တရုတ်အတွက် မဲကြေငြာသည့်အခါ တရုတ် သေချာပေါက် နိုင်လိမ့်မည်ဟု တွေးခဲ့သည်။ ဩစတေးလျအတွက် မကြေညာရသေးပေ။ သူက တရုတ်သည် သေချာပေါက် ရှုံးပြီ ဖြစ်ကြောင်း သဘောပေါက်ခဲ့၏။
ယင်းက မမျှော်လင့်ထားသည့် ရလဒ်ပင် ဖြစ်သည်။ တရုတ်မှမည်သူမျှ ထိုအချက်ကို လက်မခံနိုင်ကြပေ။ စီစီတီဗွီကတောင် တရုတ် သေချာပေါက် နိုင်လိမ့်မည်ဟု တွေးခဲ့သည်။ လူတိုင်းက စိတ်ပျက်သွားကြသည်။
သို့သော် ဖုန်းယွီ၏ မျက်နှာထက်တွင် ဂုဏ်ယူသည့် ပုံစံမျိုး ရှိနေ၏။ သူက ကျန်းရွေ့ချင်ရုံးကို ဖုန်းခေါ်ကာ သူ့အဖေဆီ မြို့တော်ဝန်ကျန်း လာဖို့ ပြင်ဆင်ရန် ပြောခဲ့သည်။
ကျန်းရွေ့ချင်သည် ဖုန်းယွီအနေဖြင့် ဩစတေးလျအနေဖြင့် အဘယ်ကြောင့် သေချာပေါက်နိုင်မည်ဟု ယုံကြည်သည်ကို နားမလည်နိုင် ဖြစ်နေသည်။ ဖုန်းယွီက အနာဂတ် အဖြစ်အပျက်တွေကို မှန်းနိုင်တာလား။
ထိုအချိန်တွင် ဖုန်းယွီသည် ဂုဏ်ယူစွာဖြင့် ပြုံးနေမိသည်။ ငါက အနာဂတ်က လာတဲ့သူ ဗေဒင်ဆရာ မဟုတ်ဘူး။ တရုတ်က ဒီကျင်းပခွင့်ကို စီးပွားရေးနဲ့ နိုင်ငံရေးကြောင့် ရှုံးလိမ့်မယ်။ ဥရောပနိုင်ငံတွေနဲ့ အမေရိကန်က ဆင်းရဲပြီး ခေတ်နောက်ပြန်ဆွဲ၊ ပညာမတက်တဲ့ တိုင်းပြည်ကို မမြင်ချင်လို့ပဲ။
“မြို့တော်ဝန်ကျန်း ကျွန်တော်က ဒီကို ကျောင်းလှူဖို့ လာတာ မဟုတ်ဘူး။ ဘင်းမြို့တော် လယ်သမားတွေ ကြုံတွေနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လာတာ။"
“ငါတို့ ဘင်းမြို့တော်ရဲ့ လယ်သမားတွေရဲ့ အခက်အခဲကို ဖြေရှင်းဖို့ ဟုတ်လား။"
ကျန်းရွေ့ချင်က ဇဝေဇဝါ ဖြစ်သွားသည်။ ဖုန်းယွီက ဒီလောက် သဘောကောင်းလို့လား။
____
2000ပြည့်နှစ် နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲအတွက် ကျင်းပခွင့် ယှဉ်ပြိုင်တဲ့အခါ ဘေကျင်းက ဆစ်ဒနီကို ၂မှတ်နဲ့ ရှုံးခဲ့တဲ့ မှတ်တမ်း ဖြစ်ပါတယ်။
အဲ့အချိန်က တီအန်းမင်ရင်ပြင် ဖြိုခွင်းမှုကြောင့် နဲ့ နူးကလီးယား စမ်းသပ်မှုတွေကြောင့် ပါပါတယ်။
အိုလံပစ်ပြိုင်ပွဲ လက်ခံ မကျင်းပမှီ လူ့အခွင့်အရေးနဲ့ လူ့အသိုက်အဝန်းမှာ သိက္ခာရှိရှိနဲ့ လွှမ်းမိုးနိုင်ရမယ်လို့တောင် ပြောခဲ့ကြပါတယ်။
ဘေကျင်းကျင်းပခွင့် ရှုံးပြီးနောက် အမေရိကန် သံရုံးမှာ ဘေကျင်း တက္ကသိုလ်က ကျောင်းသားတွေ ဆန္ဒပြတဲ့အထိကို ဖြစ်ခဲ့ပါတယ်။
ဒါက ဗဟုသုတအနေနဲ့ မျှဝေခြင်းသာ ဖြစ်ပါတယ်။
ဝတ္ထုဆိုတဲ့ မူရင်းနဲ့ လွဲအောင် ရေးရတာဆိုတော့ တစ်မဲတည်းလို့ပဲ ပါတာပေါ့။