အရာရာတိုင်းက ဘင်းမြို့တော် အတွက်
Vol. 26 Ch. 376
“မြို့တော်ဝန်ကျန်း ဘင်းမြို့တော်ရဲ့ စိုက်ပျိုးရေး လုပ်ငန်းအကြောင်း ဘယ်လောက် သိလဲ။”
ဖုန်းယွီက ပြုံးလျက်သား မေးလိုက်သည်။
“ငါက စိုက်ပျိုးရေးအပိုင်းမှာ တာဝန်ရှိသူ မဟုတ်ပေမဲ့ ငါ အခြေအနေတော့ သိတယ်။ ငါတို့ ဘင်းမြို့တော်မှာ လယ်သမား တစ်သန်းကျော်ရှိတယ်။ ပြီးတော့ သူတို့တွေက ဝင်ငွေ ကောင်းကြတယ်။ သူတို့တွေက စက်မှုလုပ်ငန်းဖက်ကတောင် ပိုများသေးတယ်။ ငါ့တို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းကလည်း တော်တော်လေး ကောင်းပါတယ်။”
ကျန်းရွေ့ချင်သည် ယခုအခါ စီမံခန့်ခွဲရေး လက်ထောက် မြို့တော်ဝန် ဖြစ်လာပြီ ဖြစ်သည်။ ပြီးနောက် သူ တာဝန်ယူရသည့် ဒေသအတွင်း အခြေအနေများကို နားလည်ထားရန် လိုအပ်သည်။ အလုပ်သမားများ၏ ဝင်ငွေသည် အမျိုးသား ပျမ်းမျှလစာထက် များပေသည်။ ယင်းက စိုက်ပျိုးရေးကဏ္ဍသည် စွမ်းဆောင်မှုကောင်းကြောင်း အဓိပ္ပာယ်ပင် ဖြစ်သည်။
ဖုန်းယွီက သူ့ခေါင်းခါလိုက်ကာ
“မဟုတ်ဘူး။ ဘင်းမြို့တော်မှာ လူအယောက် တစ်သန်းကျော်က လယ်သမားအဖြစ် မှတ်ပုံတင်ထားကြတာ။ ဒါပေမဲ့ အဲတာက သူတို့က လယ်သမား အစစ်ဖြစ်ကြောင်း မဆိုလိုဘူး။ အရိုးရှင်းဆိုး ပြောရရင် လယ်သမားတွေ ဆိုတာ လယ်စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုတဲ့သူတွေ။ ဒါပေမဲ့ အဲလူတွေထဲမှာ သောင်းဂဏန်းလောက်ကပဲ လယ်ဘယ်လို စိုက်ရလဲဆိုတာ သိတာ။ မြို့တော်ဝန် ပြောတာက သူတို့ရဲ့ ဝင်ငွေက မြင့်တာလား။ ဒါပေမဲ့ ဘာဝင်ငွေမှ မရှိတဲ့ လယ်သမားတွေကို မမြင်ဖူးဘူးလား။”
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့သွားကာ
“ဒါ ဘာကို ဆိုလိုချင်တာလဲ။”
ဖုန်းယွီ၏ လေသံက သူ့အား အပြစ်တင်ပုံ ပေါ်နေသည်။ ဘင်းမြို့တော်သည် စက်မှုမြို့တော် ဖြစ်သည်။ ဘင်းမြို့တော် စုစုပေါင်း ဝင်ငွေ၏ ၈၀ရာခိုင်နှုန်းကျော်သည် စက်မှုလုပ်ငန်းမှ ဖြစ်သည်။ စိုက်ပျိုးရေးက မည်မျှ အကျိုးပြုနေသနည်း။
စိုက်ပျိုးရေးကဏ္ဍတွင် အခြားမြို့များက ဘင်းမြို့တော်ထက် သာပေသည်။ သို့သော် စက်မှုလုပ်ငန်းအတွက်မူ ဘင်းမြို့တော်သည် တရုတ်နိုင်ငံတွင် ထိပ်တန်းမြို့များထဲမှ တစ်မြို့ ဖြစ်သည်။
“ကျွန်တော်တို့ဘင်းမြို့တော်မှာ လယ်သမားတော်တော်များများက ဘယ်လိုလုပ်ရမလဲနဲ့ အတွေ့အကြုံတွေ ရှိကြတယ်။ ဒါပေမဲ့ လယ်က မလောက်ဘူး။ ဒီ လယ်သမားတွေက လယ်အကြီးကြီးကိုလည်း မထောင်နိုင်ကြဘူး။ ဒေသထဲမှာဆိုရင် စိုက်ပျိုးရေကနေ အများဆုံး ဝင်ငွေ ရတဲ့သူတွေက အများအားဖြင့်တော့ တိရိစ္ဆာန်မွေးတဲ့သူနဲ့ လယ်ကို သူတို့ကိုယ်တိုင် ခုတ်ထွင်တဲ့သူတွေပဲ။ သူတို့ ခုတ်ထွင်ပြီး ရတဲ့လယ်ကတော့ ကံတရားအတိုင်းပဲ။”
“ထွန်ယက် စိုက်ပျိုးမြေတဲ့လား။ ဒီအဓိပ္ပာယ်က သူတို့တွေက အခွန်မပေးတဲ့ သဘောပဲမလား။ မင်းက အခုမှ ငါ့ကို မင်းဒေသ ဖြစ်တဲ့အကြောင်းကို ပြောပြတာလား။”
ကျန်းရွေ့ချင်သည် မှားယွင်းသည့်အမြင်ကို ရောက်သွားခဲ့သည်။
“မြို့တော်ဝန်ကျန်း ဒါက အဓိက ပြဿနာ မဟုတ်ဘူးလေ။ အဓိက ပြဿနာက ကျွန်တော်တို့ လယ်သမားတွေ လယ်စိုက်ဖို့အတွက် အခွင့်အရေး တစ်ခု တွေ့ထားတာပဲ။ ဒါက တော်တော်ကျယ်တဲ့ နေရာနော်။”
“ဘာ.. မင်းက အစိုးရကို သူတို့တွေ ခုတ်ထွင်ထားတဲ့လယ်တွေကို တရားဝင် ဖြစ်အောင် ခွင့်ပြုချက်ပေးဖို့ကို ပြောနေတာလား။ မဖြစ်နိုင်တယ်။ ဒါက ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတာပဲ။ ငါ ဒီလူတွေကို အရေးယူမယ်။ ပြီးတော့ အထက်က အရာရှိတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော် စိုးရိမ်နေကြတာ။ မကြာမီမှာ ဒီအပြုအမူတွေ တိုက်ထုတ်ဖို့အတွက် ပေါ်လစီ ပေါ်လာလိမ့်မယ်။”
ကျန်းရွေ့ချင်သည် ဖုန်းယွီ၏ အကြံပေးချက်ကို မပျော်ရွှင်နိုင် ဖြစ်သေနည်.
အထက်အရာရှိများက ထို တရားမဝင် ခုတ်ထွင်ထားတဲ့လယ်များအကြောင်းကို ပြောသည့်အခါ လယ်သမားများက အခွန်အခ မပေးကြောင်းနှင့် ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း ပြောခဲ့သည်။ သူတို့ကို သေချာပေါက် ရပ်တန့်ရမည် ဖြစ်သည်။စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရေးအတွက် သင့်လျော်သည့် အကျယ်အဝန်း လိုအပ်ပေသည်။ ယင်းက ကာလတိုအတွင်း လုပ်ယူ၍ မရပေ။ ကျန်းရွေ့ချင်သည်လည်း အထက်အရာရှိများကို ပြန်မပြောနိုင်ပေ။
“သေချာတာကတော့ ကျွန်တော်က တရားမဝင်တဲ့ ခုတ်ထွင်ထားတဲ့ လယ်အကြောင်း ပြောဖို့ မဟုတ်ဘူး။ ကျွန်တော်က ဒီ တရားမဝင် ခုတ်ထွင်ထားတဲ့ လယ်တွေကို ပြန်သိမ်းယူပြီး သစ်တော အဖြစ် ပြောင်းဖို့ အကြံပေးမလို့ပါ။”
ဖုန်းယွီက ပြောသည်။
ကျန်းရွေ့ချင်က မျက်တောင် ပင့်လိုက်သည်။ ဒီလယ်မြေတွေကို သစ်တော အဖြစ် ပြန်ပြောင်းမှာလား။ ဖုန်းယွီက ပေါ်လစီ အသစ်အကြောင်းတွေကိုကော သိတာလား။ ဒါပေမဲ့ ပေါ်လစီ အစ်ကို စပြီးတော့တောင် မဆွဲရသေးတာ။ ဖုန်းယွီ ဇာတ်လမ်းဆင်နေတာလား။”
သူက ထိုလယ်သမားများကို အင်အားမသုံးဘဲ ရပ်တန့်ရန် နည်းလမ်းကို စဉ်းစားနေသည်။ ထိုလယ်သမားများသည် သေချာပေါက် သူ့စကားကို နားထောင်မည် မဟုတ်ချေ။ အထက်အရာရှိများကလည်း ထိုအရေးကို ဆွေးနွေးနေဆဲ ဖြစ်ကာ ပေါ်လစီကို အဆုံးမသတ်ရသေးပေ။ လယ်သမားများအနေဖြင့် အစိုးရသာ ထိုလယ်များကို ပြန်သိမ်းပါက လျော်ကြေးငွေများ ပြန်ပေးရမည် ဖြစ်သည်။ လယ်သမားများ လယ်ယာသစ် ခုတ်ထွင်ခြင်းနှင့် ပတ်သက်ပြီး ထိရောက်သည့် ဥပဒေမျိုး မရှိပေ။
သို့သော် လယ်သမားအနေဖြင့် လယ်ပြန်သိမ်းခံရပြီး လျော်ကြေးငွေ ပေးအပ်ရုံဖြင့် သူတို့ ဘဝ မည်သို့ ရှေ့ဆက်မည်နည်း။ ထိုလယ်သမားများက အစိုးရကို သေချာပေါက် ပြဿနာ ဖန်တီးမည် ဖြစ်သည်။
ယခုလက်ရှိတွင် ဖုန်းယွီက သူ့ကို ထိုလယ်သမားများကို ဆန့်ကျင်ရန် ပြောသည်လော။ သူ ရူးသွားပြီလော။”
“ဒီမြေတွေိကို မင်းက ဘယ်လို သိမ်းယူပြီးတော့ သစ်တောအဖြစ် ဘယ်လို ပြန်တည်ထောင်မှာလဲ။ မင်းက ဒီ လယ်သမားတွေကို လျော်ကြေးငွေ ပေးမလို့လား။ မြို့တော်မှာ ငွေ မလောက်ဘူးနော်။”
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်သည် ဘာလဲ။မင်း ငါ့ကို သူတို့ကို လျော်ကြေးငွေ ပေးမယ်လို့တော့ မပြောလိုက်နဲ့နော်။ နည်းတဲ့ ငွေ ပမာဏ မဟုတ်ဘူး။
“တကယ်လို့ ကျွန်တော်တို့သာ သူတို့ စိုက်ပျိုးဖို့အတွက် အကွက်အကြီးကြီး ပေးထားမယ်။ ပြီးတော့ ငွေ့ရှာနိုင်မယ်ဆိုရင် သူတို့က အဲ့မြေကို ကျွန်တော်တို့ကို ပြန်ပေးမယ်လို့ ထင်လား။”
ဖုန်းယွီက မေးလိုက်သည်။
“သူတို့အတွက် စိုက်ပျိုးဖို့ အကွက်အကြီးကြီးလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းအဲလိုမျိး အကွက်ကို လုံကျန်း တစ်ပြည်နယ်လုံးတောင် ရှာနိုင်မှာ မဟုတ်ဘူး။ လယ်သမားတွေ လယ်တွေ ပြန်ပေးမယ်ဆိုရင်တောင် အနည်းငယ်ပဲ ရှိလိမ့်မယ်။”
ကျန်းရွေ့ချင်က ဖုန်းယွီကို ပဟေဠိဆန်စွာဖြင့် ကြည့်လိုက်သည်။ ဒီကောင်စုတ်လေးက ဘာတွေးနေတာလဲ။ သူက စိုက်ပျိုးဖို့အတွက် အကွက်အကြီးကြီးကို ရှာတွေ့ထားတာလဲ။ တောင်ပိုင်းမှာလား။ တောင်ပိုင်းပြည်နယ်မှာ မြေတွေထက် လူတွေက ပိုများတာ မဟုတ်ဘူးလာ,း။”
“မြို့တော်ဝန်ကျန်း ကျွန်တော်တို့ လောင်းကြမလား။”
“မလောင်းဘူး။ ငါက ပြည်သူ့ဝန်ထမ်း။ ဘယ်လိုလုပ် မင်းနဲ့ အလောင်းအစားလုပ်မှာလဲ။”
ကျန်းရွေ့ချင်က ချက်ခြင်းပင် ပြန်ဖြေလေ၏။
သူသည် လွန်ခဲ့သည့် အချိန်က ဖုန်းယွီကို ရှုံးခဲ့သည်။ ယင်းက သူ့အနေဖြင့် ဖုန်းယွီနှင့် ပြိုင်ပါက မည်သည့်အချိန်မှ အနိုင်ရမည့်ပုံ မပေါ်ပေ။ အချိန်တိုင်း သူ့ကို ဖုန်းယွီက အကျိုးအမြတ်သာ ယူခဲ့သည်။ သူ့တွင် ဖုန်းယွီနှင့် လောင်းပါက နိုင်စရာ မရှိပေ။ မြို့တော်အတွက်သာ ဖြစ်သည်။
ဖုန်းယွီက နှာခေါင်းပွတ်လိုက်သည်။ သူတို့သည် အရင်က မြောက်မြားစွာသော အလောင်းအစားများ ပြုလုပ်ပြီး ဖြစ်သည်။
“ကောင်းပြီလေ။ ကျွန်တော် တဲ့တိုးပဲ ပြောတော့မယ်။ ကျွန်တော် အခုပဲ ရုရှားကနေ ပြန်လာခဲ့တာ။ အဲ့မှာ စွန့်ပစ်ထားတဲ့ မြေတော်တော်များများ ရှိယ်။ ပြီးတော့ ခုတ်ထွင်ဖို့ စောင့်နေတဲ့ မြေတွေလည်း ရှိတယ်။ ဒါပေမဲ့ ရုရှားမှာ လယ်သမားတွေ ပြတ်တောက်နေတယ်။”
“ရုရှားမှာလား။ မြေအများစုနဲ့ လယ်သမားတွေ ပြတ်တောက်နေတယ်.”
ကျန်းရွေ့ချင်၏ မျက်လုံးများက ပေါက်ထွက်တော့မည့် အတိုင်းပင်။ ဒါက တကယ်ပဲ ဟုတ်လို့လား။
သို့သော် ဖုန်းယွီသည် သူ့ထက် ရုရှားအကြောင်း ပိုသိပေ၏။ ဖုန်းယွီကို ဘင်းမြို့တော်က လယ်သမားတွေ အလုပ် အတူတူလုပ်ဖို့ အကြံပေးသည်လော။ ယင်းက ဖြစ်နိုင်မည်လော။
“ဒါက အမှန်ပဲ။ ကျွန်တော် သူငယ်ချင်းကို အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ မြေငှားဖို့ ရှိလားလို့ မေးထားတယ်။ ဒါပေမဲ့ ရုရှား အစိုးရက ကျွန်တော်တို့ကို မြေဧရိယာ ကျယ်ကျယ် ငှားချင်တယ်ဆိုရင် သာမန်လယ်သမားတွေ ငှားဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျွန်တော်က ရုရှားအစိုးရရဲ့ မြေငှားယမ်းဖို့အတွက် ကုမ္ပဏီတစ်ခုမှတ်ပုံတင်ချင်တယ်။ ကျွန်တော်ငှားတဲ့ မြေတွေက ကျွန်တော်တို့ ဘင်းမြို့တော်က လယ်သမားတွေအတွက် သင့်တော်ရမယ်။ ဒါဆိုရင် လယ်သမားတွေက စိုက်ပျိုးနိုင်ပြီး ပြီးတော့ သူတို့သာ စိုက်ပျိုးရေး ပစ္စည်းတွေကို လိုမယ်ဆိုရင် ကျွန်တော်တို့ ထောက်ပံ့နိုင်တယ်။ သူတို့တွေက ကျွန်တော်ကို အရစ်ကျ ပေးရုံပဲ။ ဘယ်လိုထင်လဲ။ ဒါကို သတင်းကောင်းလို့ ထင်လား”
ဖုန်းယွီသည် သူကိုယ်တိုင်အတွက် အရမ်းကို ပျော်ရွှင်နေ၏။ အကယ်၍ အရာရာတိုင်း သူစီစဉ်ထားသည့်အတိုင်း ဖြစ်ပါက ကျန်းရွေ့ချင်သည် နောက်ထပ် နိုင်ငံရေး အရ အောင်မြင်မှု ရမည် ဖြစ်သည်။ ပြီးနောက် သူသည် ဖုန်းယွီကို လွန်စွာ နှစ်ခြိုက်မည် ဖြစ်သည်။
ကျန်းရွေ့ချင်က ဖုန်းယွီကို ခေါင်းထက်မှ ခေါင်းအောက်သည် သံသယ အကြည့်ဖြင့် စကား တစ်ခွန်းမျှ မပြောဘဲ ကြည့်နေ၏။
“ဘာမှားလို့လဲ။ ကျွန်တော်ကို မယုံဘူးလား။ ကျွန်တော် ဘယ်တုန်းက အစ်ကိုကို လိမ်းဖူးလို့လဲ။”
ဖုန်းယွီက စိတ်တိုတိုဖြင့် မေးလိုက်သည်။
“မင်းငါ့ကို လှည့်ဖြားတာ ဘယ်နှစ်ကြိမ်ရှိပြီလဲ။ မင်းရဲ့ အဘိဓာန်မှာ အဲတာတွေက လိမ်တာ မဟုတ်ဘူးလား။”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
ဖုန်းယွီက ချွေးဆိုသွား၏။ သူ့ကာရိုက်တာက အလွန်ပင် မေးခွန်းထုတ်စရာပင်။
“အနည်းဆုံးတော့ ကျွန်တော်က ဒီလိုမျိုး အရေးကြီး ကိစ္စတွေမှာတော့ လိမ်မှာ မဟုတ်ဘူး။”
ကျန်းရွေ့ချင်က တခဏကြာ တွေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ယင်းက မှန်ပေသည်။ သို့သော် ဘာလို့ ဖုန်းဘွီက ထိုကဲ့သို့သော အကျိုးအမြတ်ရအောင် ယူဆောင်ပေးသနည်း။ လယ်သမားတွေ ကောင်းဖို့လား။ ဒီကနေ ဖုန်းယွီ ဘယ်လို အကျိုးအမြတ်မျိုး ရမှာလဲ။ ဖုန်းယွီက အရမ်းကိုတော်တဲ့ စီးပွားရေး ပညာရှင် ပြီးတော့ သူ့အနေဖြင့် ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး။”
“ဒီကနေပြီး မင်းဘာတွေ ရမှာလဲ။ မင်းက ရုရှားကနေ မြေတွေကို ဈေးချိုချိုနဲ့ငှားပြီး လယ်သမားတွေကို ဈေးကြီးကြီးနဲ့ ပြန်ငှားမလို့လား။”
“ပြီးတော့ ကျွန်တော်က အဲလိုလူမျိုးလား။”
ဖုန်းယွီက စော်ကားသလို ခံစားလိုက်ရသည်။
“ဒီကနေပြီးတော့ ကျွန်တော် အတွက် အကျိုးအမြတ်ရတယ်ဆိုတာ မှန်ပါတယ်။ ကျွန်တော် ဘာမှ ပြန်မရဘဲ အများကြီး ရင်းနှီးမြှပ်နှံမှု မလုပ်နိုင်ဘူး။ တကယ်လို့ ကျွန်တော်ကို မယုံကြည်ဖူးဆိုရင် ကျွန်တော် ရုရှားကို ဆက်သွယ်ဖို့ လိပ်စာကို ကျွန်တော် ပေးလိုက်မယ်။ သူတို့ကို ကိုယ်တိုင် ပြောကြည့်လိုက်သည်။ ကျွန်တော် ဒီဆွေးနွေးမှုမှာ မပါဘူး။ ကျွန်တော်ကို အကျိုးအမြတ် သေးသေးလေးအတွက် ယူမဲ့သူလို့ ထင်နေတာ။ ကျွန်တော်က ဘင်းမြို့တော်ရဲ့ မြို့တော်သားကောင်း တစ်ယောက်ပါ။”
ရုရှား အစိုးရရဲ့ ဆက်သွယ်ဖို့ လိပ်စာကို ဒီအတိုင်းပေးလိုက်တာလား။ ဖုန်းယွီက ဘင်းမြို့တော် အတွက် အလုပ်လုပ်တာ ဟုတ်ရဲ့လား။”
“ကောင်းပြီလေ။ ငါ့ကို နောက်တစ်ယောက်ရဲ့ ဆက်သွယ်ရမဲ့ လိပ်စာကို ပြောလိုက်။ ဒီကိစ္စ ပြီးပြီ ဆိုတာနဲ့ မြို့တော်က မင်းကို မြို့တော်သားကောင်း တံဆိပ်ကို ပေးမယ်။ ကျန်းရွေ့ချင်က ပြောလိုက်၏။”