မင်းငါ့ကို လိုတုန်းပဲ
Vol. 26 Ch. 377
ကျန်းရွေ့ချင်သည် သူပြောသည်ကို လက်ခံသည့်အတွက် အံ့အားသင့်နေသည်။ ပြီးနောက် သူပုံစံက သူသည် မြို့တော်သားကောင်းဆုကို ကောင်းကောင်းကြီး လက်ခံတော့မည်ပုံ ပေါ်နေ၏။
တစ်ခုခု မှားနေတာပဲ။ ဒီ မြို့တော်သားကောင်းဆု ယူပြီး သူဘာလုပ်မှာလဲ။
ဖုန်းယွီက ခပ်သွက်သွက်ပင် ကျန်းရွေ့ချင်ကို ရုရှားအစိုးရ၏ ဆက်သွယ်ရမည့် လိပ်စာကို ပေးလိုက်သည်။ သူက ကျန်းရွေ့ချင်ကို ရုရှားနိုင်ငံ၏ အခြေအနေအကြောင်းကိုလည်း ရှင်းပြပြီး သူ၏ စည်းမျည်းများကို ပြောပြသည်။ အချိန်ကာလသည် အနည်းဆုံး ၇နှစ်ခန့် ဖြစ်ရမည် ဖြစ်ကာ သူတို့ ဒေသမှ လယ်သမားများကို အဓိက ခေါ်ရမည့် ဆိုသည့်အချက်ပင် ဖြစ်သည်။
ကျန်းရွေ့ချင်သည် သဘောတူလိုက်သည်။ ဖုန်းယွီသည် သူ့လူများကို ဂရုစိုက်သည်မှာ ပထမဆုံး အချိန်မဟုတ်ပေ။ ယင်းက တော်တော်များသော်ငြား ကျန်းရွေ့ချင် လက်ခံနိုင်ပေသေးသည်။
ကျန်းရွေ့ချင်သည် ထိုကိစ္စကို ချက်ခြင်းပင် ပါတီ အတွင်းရေးမှုးကို အစီရင်ခံလိုက်သည်။ ယင်းက အရေးကြီးသည့် ကိစ္စ ဖြစ်သည်။ ပါတီအတွင်းရေးမှူးသည် အူမြူးသွား၏။ ပြည်နယ်နံပါတ်တစ် အစိုးရက ထိုသူကို မြင့်မားသည့် ရည်မှန်းချက် ရှိသည်ကို အံ့အားသင့်စရာ မရှိပေ။ သူက တကယ်ပင် စွမ်းဆောင်နိုင်ပေသည်။
ကျန်းရွေ့ချင်သည် ယမန်နှစ် နှစ်ကုန်ပိုင်းက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အကြောင်းကို ခန့်မှန်းခဲ့စဉ်က လူတိုင်းက သူ့ကို ဝိုင်းဟားကြသည်။ ပြည်နယ် အစိုးရ နံပါတ်တစ်တောင် သူ့ ခန့်မှန်းချက်ကို သဘောမတူပေ။ ကျန်းရွေ့ချင်သည် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ကာ သတင်းစာထဲတွင် ထည့်ခဲ့သည်။ တစ်နိုင်ငံလုံး ထိုအကြောင်းကို သိ၏။ သူ့ကို ပါတီကို နာမည်ဖျက်သူဟုတောင် စဉ်းစားကြ၏။
အကြောင်းမှာ မီခေးဂိုဘာချော့သည် တရုတ်နိုင်ငံကို လာလည်ခဲ့ကာ မင်းက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမယ်လို့ ပြောတာလား။ ရိုင်းလိုက်တာ။
ကျန်းရွေ့ချင်နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ နံပါတ်တစ်တောင် မပျော်ရွှင် ဖြစ်သွားကာ သူနှင့် အဝေးတွင် မထားပေ။ အကြောင်းမှာ သူက ကျန်းရွေ့ချင်သည် စွမ်းဆောင်ရည် ရှိပြီး သင့်တော်သည်ဟုထင်သည်။ ကျန်းရွေ့ချင်သည် သူ့ယုံကြည်ချက်ကိုယ်တိုင် ရှိကာ သူ့ကို ပြည်နယ်အစိုးရ နံပါတ်တစ်၏ ဆက်ခံသူဟုတောင် ရှုမြင်ကြသည်။ သူက အမှားအယွင်း တစ်ခုကို လုပ်ခဲ့သော်ငြား ပြည်နယ်အစိုးရ နံပါတ်တစ်က သူ့ကို ခွင့်လွှတ်ဆဲပင် ဖြစ်သည်။
သို့သော် တစ်ပြည်နယ်လုံးနှင့် တစ်နိုင်ငံလုံး ကျန်းရွေ့ချင်ကို ဟားတိုက်နေစဉ် ဆိုဗီယက်ပြည်ထောင်စုတွင် အာဏာသိမ်းကြောင်းကို ကြေညာခဲ့သည်။ အာဏာသိမ်းခြင်း မဖြစ်မြောက်သော်ငြား ဆိုဗီယက် ပြည်ထောင်စုသည် မရေမရာ ဖြစ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သွားခဲ့သည်။ မီခေးဂိုဘာချော့ကို အတင်းဆင်းချသည်။ ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများ(မိတ်ဖက်နိုင်ငံများ)က တစ်နိုင်ငံပြီးတစ်နိုင်ငံ လွတ်လပ်ရေး အသီးသီးကြေငြာကြသည်။
ထိုအချိန်တွင် လူတိုင်းက ဆိုဗီယက် ပြည်ထောင်စု၏ ပြဿနများကို အမြင်သစ်ဖြင့် ရှုမြင်ကြသည်။ သူတို့က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည့်အရေးသည် မဖြစ်မနေ ဖြစ်လာမည့် ကိစ္စဟု ရှုမြင်လာကြသည်။ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲဟု ခိုင်ခိုင်မာမာ ယုံကြည်ထားသည့် သူများက ကျန်းရွေ့ချင်၏ ဆောင်းပါးကို ပြန်ဖတ်ကာ သုံးသပ်ကြ၏။
ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများ လွတ်လပ်ရေးကြေညာလျှင်တောင် ဆိုဗီယက် ပြည်ထောင်စု လျင်လျင်မြန်မြန် ပြိုကွဲဖို့ကား မဖြစ်နိုင်ပေ။ ထို ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများသည် ဆိုဗီယက် ပြည်ထောင်စု၏ပိုင်ဆိုင်မှုများကို ခွဲဝေယူရဦးမည် ဖြစ်ကာ ယင်းက အနည်းဆုံး တစ်နှစ်ခန့် ကြာပေမည်။ မင်းက ဆိုဗီယက် ပြည်ထောင်စုကို ၁၉၉၁ခုနှစ်မှာ ပြိုကွဲမှာတဲ့လား။ မဖြစ်နိုင်တာ။
သို့သော် ၁၉၉၁ခုနှစ် ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ကုလသမ္မဂ အဖွဲ့က ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီ ဖြစ်ကြောင်း ကြေညာသည်။ ကျန်းရွေ့ချင်၏ ခန့်မှန်းမှုသည် မှန်ကန်ခဲ့၏။
ထိုသူများက ကျန်းရွေ့ချင်၏ ဆောင်းပါးကို သုံးသပ်သည့်အခါ သူတို့ ဘာမျှ ပြောစရာ မရှိတော့ပေ။ သူတို့က အံ့အားသင့်သွားကြသည်။ ထိုသူများထဲမှ တချို့သည် ကျန်းရွေ့ချင်၏ ရှေ့ပြေးအမြင်ကိုတောင် စတင်ပြီး ချီးကျူးကြတော့သည်။
အထက်အရာရှိများကလည်း လုံကျန်းပြည်နယ်၏ ခေါင်းဆောင်များနှင့် ဘင်းမြို့တော်၏ အစိုးရကို ချီးကျူးသည်။ အထက်အရာရှိများအနေဖြင့်လည်း ထို မိတ်ဖက်နိုင်ငံများနှင့် စတင်ပြီး သံတမန်ဆက်ဆံရေးများကို ပြန်လည် ထူထောင်ရန်အတွက် ကောလဟာလများလည်း ထွက်ပေါ်လာခဲ့သည်။ ပြီးနောက် ပြည်သူများသည် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို စတင်အရေးစိုက်လာကြသည်။ အချို့အရာရှိများသည် လုံကျန်းပြည်နယ်နှင့် ဘင်းမြို့တော်မှ ပြောင်းရွေ့ခံရသည်။ လူအများက ကျန်းရွေ့ချင် ပြောင်းသွားလိမ့်မည်ဟု ထင်ကြသည်။
အကယ်၍ အခြားသူသာ ရှိလျှင် သူတို့ မပြောင်းရွေ့ချင် ပြဿနာ ဖြစ်နိုင်သည့် ပရောဂျက်များတွင် ဝင်ပါမည် မဟုတ်ပေ။ အကယ်၍ ကျန်းရွေ့ချင်သာ ဘင်းမြို့တော်၏ လယ်သမားများ လယ်ငှားယမ်းမှု ပရောဂျက်တွင် ဦးဆောင်ဦးရွက် ပြုခဲ့လျှင် ပြီးနောက် ထိုပရောဂျက်သည် အခုမှ စလုပ်သည့် ပရောဂျက် ဖြစ်သည့်အတိုင် ကျန်းရွေ့ချင်သည်လည်း ထိုပရောဂျက်ကြောင့် ခြေချုပ်မိမည် ဖြစ်ကာ ဗဟိုအစိုးရကို ပြောင်းရွေ့ခွင့် ရမည် မဟုတ်ပေ။
အရာရှိတိုင်းက ဗဟိုအစိုးရဆီ ပြောင်းချင်ကြသည်။ ထိုနေရာကား ထိပ်ပိုင်းခေါင်းဆောင်များနှင့် အနီးဆုံးနေရာလည်း ဖြစ်သည်။ ရာထူးတိုးရန်အတွက် အခွင့်အလမ်း များစွာ ရှိပေသည်။
ဘင်းမြို့တော်၏ ပါတီ အတွင်းရေးမှူးက ကျန်းရွေ့ချင်ကို ကြည့်ကာ မေးလိုက်သည်။
“ရွေ့ချင် မင်းက ဒီပရောဂျက်မှာ ဦးဆောင်ပါဝင်ချင်တာလား။”
ကျန်းရွေ့ချင်က ခေါင်းညိတ်လိုက်ကာ
“ဟုတ်ပါတယ်။ ကျွန်တော် သေချာပါတယ်။ ကျွန်တော်က ဖုန်းယွီနဲ့လည်း ရင်းနှီးတယ်လေ။ ပြီးနောက် ဖုန်းယွီက ဒီအကြံကို ပေးခဲ့တာ။ သူက ရုရှားအစိုးရတွေနဲ့လည်း စကားပြောပြီးပြီ။ တကယ်လို့ ကျွန်တော်တို့တွေ ဒီပရောဂျက်ကို တစ်ယောက်ယောက်ကို ဦးဆောင်ခွင့် ပေးလိုက်မယ်ဆိုရင် အဆုံးမှာ ကျွန်တော်တို့ပဲ ဆုံးရှုံးလိမ့်မယ်။ ပြီးနောက် ကျွန်တော်တို့တွေက ရုရှားနဲ့ ကောင်းကောင်းမှ နားမလည်ကြတာ။”
“ကောင်းပြီလေ။ သွားချေ။ ဒီကိစ္စကို အထပ်ပိုင်းကို ငါတင်ပြဦးမယ်။”
ပါတီအတွင်းရေးမှူးသည် ကျန်းရွေ့ချင်၏ ကျောကို ပုတ်လိုက်သည်။ သူတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် နောက်လိုက်ရှိသည့်အတွက် ကံကောင်းသည်ဟု ခံစားနေရသည်။
ကျန်းရွေ့ချင်သည် ဘင်းမြို့တော် အစိုးရကိုယ်စားပြုပြီး ရုရှားမှ ဒေသ အစိုးရကို စတင် ဆက်သွယ်တော့သည်။ ရုရှားဖက်ကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး သတင်းရပြီးသား ဖြစ်သည်။ ဘင်းမြို့တော်သည် ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို ဖက်ပို့လိုက်ပြီးနောက် ရုရှားအရာရှိများက ချက်ခြင်းပင် ဆွေးနွေးရန်အတွက် ရုရှားအသင်း တစ်သင်းကို ဘင်းမြိုတော်ကို ပို့လိုက်သ်ည။
ဘင်းမြို့တော်၏ ပါတီအတွင်းရေးမှူးသည် ထိုကိစ္စကို ပြည်နယ်အစိုးရ နံပါတ်တစ်နှင့် နှစ်ကို တင်ပြပြီး ဖြစ်သည်။ အစိုးရ နှစ်ခုစလုံးက ယင်းလမ်းသည် ယခင်က တခါမျှ မလျှောက်ခဲ့ဖူးသည့် လမ်းဖြစ်သည်ဟု ခံစားမိသည်။
ပြည်နယ်အစိုးရ နံပါတ်၂က နံပါတ်၁ကို ကြည့်ကာ ကျန်းရွေ့ချင်က မင်းလူ။ သူ့ကို ဗဟိုအစိုးရကို ပြောင်းရွေ့ဖို့အတွက် အခွင့်အရေး ရပြီးသားလေ။ တကယ်လို့ သူသာ ဒီပရောဂျက်ကို ယူမယ်ဆိုရင် သူ့အခွင့်အရေး သူလက်လွတ်သလို ဖြစ်သွားမှာပေါ့။”
ပြည်နယ်အစိုးရ နံပါတ်တစ်သည် ပျော်နေ၏။ ယင်းအချက်က သူသည် ကျန်းရွေ့ချင်ကို နှစ်သက်သည့်အချက်ပင် ဖြစ်သည်။ ကျန်းရွေ့ချင်လုပ်သည့် အရာရာတိုင်းကား ပြည်သူအတွက် ဖြစ်သည်။ ရာထူးတိုးရန်အတွက် မဟုတ်ချေ။ အကယ်၍ ထိုပရောဂျက်သာ အောင်မြင်ခဲ့ပါက ပြည်နယ်အစိုးရ နံပါတ်တစ်သည် သူ့ကို အကောင်းဆုံး ရာထူးတိုးမှု ပေးမည် ဖြစ်သည်။
.....
၃ရက်ကြာပြီးနောက် လီနကို ဖုန်းယွီ ဖုန်းမှတဆင့် စကားပြောနေ၏။
“နန ဘင်းမြို့တော်ကို ရက်အနည်းငယ်လောက် လာပါလား။ မိသားစုကို အထက်တန်းကျောင်းက ဆရာဆရာမတွေဆီ အလည်သွားဖို့လို့ ပြောခဲ့လိုက်လေ။ ငါတို့တွေက ဘေကျင်းမှာ စာသင်နေပေမဲ့ ငါတို့ရဲ့ အရင်က ဆရာမတွေကို မေ့လိုက်လို့ မရဘူးလေ။”
ထိုအရာများက ဖုန်းယွီအတွက် အကြောင်းပြချက်သာ ဖြစ်သည်။
“ငါ ဒီရက်ပိုင်းတော့ အဆင်မပြေဘူး။”
လီနက ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
“မင်းဘာတွေ တွေးနေတာလဲ။ ကိုယ်က ကိုယ်တို့ရဲ့ အရင်က ဆရာမတွေကို သွားတွေ့ချင်ရုံပဲ။”
ဖုန်းယွီက အလေးအနက်ဖြင့် ပြန်ပြောလိုက်သည်။ ရက်အနည်းငယ်အတွင်း လီန၏ ရာသီသွေးဆင်းမှုသည် တစ်ရက်နှစ်ရက်အတွင်း ကုန်မည် ဖြစ်သည်။
“တော်လိုက်တော့ ငါ့မိဘတွေကို မေးကြည့်လိုက်ဦးမယ်။ တုန့်ကျွင်းလည်း ဘင်းမြို့တော်ကို သွားမှာ ငါ သူနဲ့အတူ လိုက်ခဲ့လိုက်မယ်။”
ဝမ်တုန့်ကျွင်း၏ ဘင်းမြို့တော်ကို လာမည့် ရည်ရွယ်ချက်သည် ဖုန်းယွီ လီနကို ဘင်းမြို့တော်ကို ခေါ်သည့် ရည်ရွယ်ချက်နှင့် အတူတူပင် ဖြစ်သည်။တစ်ယောက်ယောက် ထိုတားမြစ်ထားသည့် အသီးကို မစားပါက ကိစ္စမရှိ သို့သော် တစ်ကိုက်သာ စားမိလိုက်လျှင် သူသည် သေချာပေါက် စွဲဆောင်ခံရမည် ဖြစ်သည်။
သူတို့သည် အတော်ကြာစကားပြောပြီးနောက် ဖုန်းချလိုက်သ်ည။
ဖုန်းက ချက်ခြင်းပင် မြည်လာတော့၏။
“ဖုန်းယွီ မင်းဘာတွေ လုပ်နေတာလဲ။ မင်းရဲ့ ဖုန်းက ဘာလို့ အမြဲတမ်း မအားဘဲ ဖြစ်နေရတာလဲ။ ပြီးတော့ ပေဂျာအကြိမ်ကြိမ် ပို့ထားလည်း ပြန်မခေါ်ဘူး။”
ကျန်းရွေ့ချင်သည် ဖုန်းခွက်မှတဆင့် အော်ဟစ်နေ၏။
“ဟာ... မြို့တော်ဝန်ကျန်းလား။ ဘာလို့လဲ။ ကျွန်တော်အခု အိမ်မှာ။ ကျွန်တော် တခုခုများလုပ်မိလို့လား။”
ဖုန်းယွီက ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်သည်။
ဖုန်းယွီသည် ကီရီလန်ကိုအသင်းမှ ရုရှားမှအသင်းသည် ဘင်းမြို့တော်ကို ရောက်နေပြီ ဖြစ်ကြောင်း သိသည်။ ပြောစရာမလိုဘဲ ဆွေးနွေးမှုက ပိုးသားကဲ့သို့ ချောမွေ့နေမည် မဟုတ်ပေ။
“အခုပဲ ငါ့ရုံးကို လာခဲ့လိုက်။”
“အ... ကျွန်တော် အခုမှ ရေချိုးမလို့။ ကျွန်တော် အခုလေ့ကျင့်ခန်း လုပ်ရသေးတာ။ ချွေးတောင် မထွက်သေးဘူး။”
ကျန်းရွေ့ချင်က “....”
မင်းက ဖုန်းနားမှာလေ ဒါကြောင့် မင်းဖုန်းက မအားဘူးလို့ ဖြေတာပေ။ ငါ့ကို ဖုန်းပြောရင်း လေ့ကျင့်ခန်းလုပ်တယ်လို့တော့ လာမပြောနဲ့။
“ငါတို့တွေ ရုရှားအစိုးရအဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ ပြဿနာ အချို့ တွေ့တယ်။ ငါတို့ကို ကူညီဖို့ မင်းကို ငါတို့ ဖိတ်ခေါ်ချင်လို့။”
ကျန်းရွေ့ချင်က သူ့လေသံကို ပြောလိုက်သည်။ ပြီးနောက် ဖုန်းယွီသည် သူ့ဝန်ထမ်းမဟုတ်ပေ။
“အို အဲဒီအကြောင်းလား။ကျွန်တော် ဘင်းမြို့တော်အတွက် လာခဲ့ရမှာေ့ပါ့။ ကျွန်တော် ပြီးတာနဲ့ ရေချိုးလိုက်မယ်။ ပြီးတော့ အခုပဲ အပြေးလာခဲ့လိုက်မယ်။”
ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ပြုံးလိုက်သည်။ တဖက်သူရဲ့ ဆက်သွယ်ရမဲ့ လိပ်စာကို ပေးထားပေမဲ့ မင်းတို့တွေက ဘာလုပ်နိုင်မှာလဲ။ ရုရှားက အသင်းက ဆွေးနွေးဖို့လာခဲ့တာ ဘာအရေးလဲ။ နောက်ဆုံးတော့ မင်းငါ့အကူအညီ လိုတာပဲလေ။