ကျွန်တော် ဩစတြေးလျနဲ့လည်း ဆက်သွယ်ပြီးပြီ
Vol. 26 Ch. 378
ဖုန်းယွီက ချက်ခြင်းပင် အဝတ်အစား ဝတ်လိုက်သည်။ သူက သူ့ကိုယ်သူ မှန်ထဲကြည့်လိုက်သည်။ သူသည် ရုရှားအစိုးရများ သူ့ကို အထင်မြင်သေးမည်ကို ရှောင်လွဲရန်အတွက် သူက လူကြီးဆန်ဆန် ဝတ်ဆင်ထားသည်။
ဟမ်း...မဆိုဘူး။ လူချောတစ်ယောက်အတွက် မိတ်ဆွေတွေထပ်မလိုတော့ဘူး။
ဖုန်းယွီသည် မြို့တော် အစိုးရဆီ ပြေးသွားသည့်အခါ ကျန်းရွေ့ချင်သည် စိတ်မရှည်တော့ပေ။
ကျန်းရွေ့ချင်က သူစီစဉ်ထားသည့်အတိုင်း ကိစ္စအကုန် ချောချောမွေ့မွေ့နှင့် ဖြစ်လိမ့်မည်ဟု တွေးခဲသည်။ ဖုန်းယွီက သူ့ကို ရုရှားများက မြေငှားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် သူတို့သည် လယ်သမားများ ပြတ်လတ်နေကြသည်။ ယင်းက သူတို့ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေသည့် ကိစ္စ ဖြစ်ရပေမည်။
သို့သော် ရုရှားများက လွန်လွန်းကြပေသည်။ သူတို့က ငါးနှစ် မြေငှားရန်တောင် တွန့်တိုနေကြသည်။ ပြီးနောက် ငှားယမ်းခသည်လည်း အလွန်ပင် ဈေးကြီးလွန်းသည်။ သူတို့က မြေအသုံးပြုခနှင့် အခွန်တောင် မပါသေးဘူးဟုတောင် ဆိုသည်။ အကယ်၍ လယ်သမားများသာ ငှားယမ်းခကို ပေးပါက သူတို့တွင် ဘာမျှ ကျန်တော့မည် မဟုတ်ပေ။ သူတို့အတွက် အခမဲ့ အလုပ်လုပ်ပေးရသကဲ့သို့ ဖြစ်မည်ပင်။
သို့သော် ဘင်းမြို့တော် အစိုးရ၏ ဆွေးနွေးရေးအသင်းသည် ရုရှားအသင်းနှင့် ဘာမျှ မဆွေးနွေးနိုင်ပေ။ ရုရှားများက သူတို့ တိုင်းဆိုချက်အတိုင်းသာ လိုက်လုပ်ပြီး သနားခြင်းကင်းမဲ့၏။
ကျန်းရွေ့ချင်သည် ဘာမှ မတက်နိုင်ဘဲ ဖုန်းယွီကို အကူအညီ တောင်းရတော့သည်။ ဖုန်းယွီသည် စီးပွားရေး သမား ဖြစ်ကာ သူသည် သူတို့နှင့် ဆွေးနွေးလျှင် ပိုကောင်းပေမည်။
“မင်းနောက်ဆုံးတော့ ရောက်လာပြီ။ ဘာလို့ ဒီလောက်အထိ နောက်ကျနေရတာလဲ။”
ဖုန်းယွီသည် သူ့အနေဖြင့် နောက်ကျရန်သည့် အကြောင်းအရင်းကို တခဏကြာ တွေးလိုက်သည်။ ထိုခေတ်က ယဉ်ကြောကြပ်တည်းမှုလည်း မရှိပေ။ အကြောင်းပြချက် မရှိဘူးလား။ ထားလိုက်တော့။ ငါမင်းကို ကူညီဖို့ လာတာပဲ။
“ကျွန်တော်ဒီကို ရောက်ပြီလေ။ ဘာမှားလို့လဲ။ ဆွေးနွေးတာက အစီအတိုင်း မဖြစ်ဘူးလား။ ကျွန်တော် ရုရှားနိုင်ငံက အကြောင်းကို မပြောမိဘူးလား။”
ဖုန်းယွီက ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ တင်ပဉ်ခွေလိုက်သည်။ ဟ.. မင်းငါမပါဘဲ ဘာမှ မလုပ်နိုင်ဘူး။
ကျန်းရွေ့ချင်က ခြေထောက်လှုပ်နေသည့် ဖုန်းယွီကို ကြည့်လိုက်သည်။ သူက စိတ်တိုလာသည်။
“ဘာလို့ မင်းခြေထောက်လှုပ်တာကို မရပ်နေနိုင်ရတာလဲ။ မင်းက ငါ့ကို ရုရှားမှာ လယ်သမားတွေ ပြတ်လတ်နေတယ်လို့ မပြောခဲ့ဘူးလား။ ဒါပေမဲ့ သူတို့က တခြားကို ပြောကြတယ်။ သူတို့ရဲ့ အချက်အလက်တွေက အတော်ပြင်းလွန်းတယ်။ ဘာလို့ သူတို့တွေက ဈေးကြီးကြီးနဲ့ ငှားချင်ရတာလဲ။ သူတို့တွေက ငါတို့က သူတို့ရဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းသုံးဖို့ ပြီးတော့ မျိုးဆေ့၊ မြေဩဇာနဲ့ ပိုးသတ်ဆေး အစရှိပေါ့....ပြောနေတယ်။ ငါတို့ရဲ့ လယ်သမားတွေက ဘာမှ ရတော့မှာ မဟုတ်ဘူး။ ဘယ်လယ်သမားက အသက်ရှင်ဖို့ လောက်အတွက်နဲ့ တခြားနိုင်ငံမှာ သွားအလုပ်လုပ်မှာလဲ။ မဖြစ်နိုင်တာ။”
“သူတို့ရဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေကို ဝယ်ရမှာလား။ သူတို့တွေက ငါ့ပန်းကန်ထဲက အသားတုံးကို ကိုက်ချင်နေတာပဲ။ ဒါကိုတော့ သည်းခံလို့ မရနိုင်ဘူး။
“မြို့တော်ဝန်ကျန်း စိတ်မပူနဲ့. မွန်းလွဲပိုင်းမှာ ဆွေးနွေးပွဲ ရှိသေးတယ်မလား။ ကျွန်တော် ဘာသာပြန် လုပ်ပေးမယ်။ ကျွန်တော်တို့ရဲ့ ဘာသာပြန်သူတွေက မကောင်းလို့နေမယ်။”
“ဘာလို့ ငါတို့ ဘာသာပြန်သူတွေက မကောင်းဘူးလို့ မင်းပြောနိုင်ရတာလဲ။ ဘာသာပြန်က တက္ကသိုလ် တစ်ခုက ပါမောက္ခ တစ်ယောက်။ သူက ရုရှားကို နှစ်ပေါင်းများစွာကြအောင် လေ့လာခဲ့တာ။ ဒါပေမဲ့ မင်းပါရှိနေရင်တော့ ကောင်းတာပေါ့။ မင်းကိုယ်တိုင် မြင်လို့ ရတာပေါ့။ ဘာပဲ ဖြစဖြစ် ငါတို့ရဲ့ လယ်သမားတွေ ငွေရှာနိုင်မှရမယ်။ လယ်သမားတွေက ရုရှားကို သွားရမယ်ဆိုတာက သူတို့ တရားမဝင် ခုတ်ထွင်ထားတဲ့ မြေတွေကိုမြို့တော်က ပြန်ရဖို့ပဲ။”
“ကိစ္စမရှိဘူး။ ဒီ ဆွေးနွေးတဲ့ အပိုင်းမျာ ပါဝင်တဲ့သူက ဘယ်သူလဲ။ ဒီကို ခေါ်လိုက်ပါလား။ ကျွန်တော် ဘာဆုံးဖြတ်ချက်မှ မချခင် သူ့ရဲ့ အတွေးကို နားထောင်ချင်လို့။”
ဖုန်းယွီက သူ့လက်ကို ဝေ့ယမ်းကာ ညွှန်ကြားချက် ပေးလိုက်သည်။
ကျန်းရွေ့ချင်၏ မျက်နှာက မှောင်မိုက်သွားကာ မင်းက ဆုံးဖြတ်ချက်ကို ပေးမှာလား။ မင်းကိုမင်း ဒီအတွက် အာဏာရှိတယ်လို့ တွေးနေတာလား။ စိတ်မရှိနဲ့။ ငါဒီကို လူတိုင်းကို ခေါ်လိုက်မယ်။ ပြီးတော့ ငါတို့ ဆက်လုပ်မှာကို ဆွေးနွေးကြတာပေါ့။
ထို အစိုးရသည် သူတို့ ရုံးကို ပြန်ရောက်စရှိသေးကာ သူတို့ မထိုင်ရသေးခင် မြို့တော် အစိုးရက ပြန်ခေါ်၏။ သူတို့ ရုံးထဲကို ဝင်သည့်အခါ သူတို့ ဆီဝေ့သည့် ပါးစပ်သုတ်နေသည့် ဖုန်းယွီကို တွေ့လိုက်ရသည်။
သူတို့ကို မြို့တော်တော်အစိုးရုံးကို မနက်စာ မစားခင်က ကျန်းရွေ့ချင်က ခေါ်ခဲ့သည်။ ကျန်းရွေ့ချင်သည် ဖုန်းယွီတွက် အသားပေါက်စီကိုသာ ကျွေးသည်။ ကျန်းရွေ့ချင်သည် အလွန်ပင် ကပ်စေးကုတ်လွန်းသည်။ ဖုန်းယွီက ကြက်ဥကြော်နှင့်ပဲနို့ကိုသာ တောင်းဆိုခဲ့သော်လည်း ကျန်းရွေ့ချင်က ပဲနို့ကို ယူသွားခဲ့သည်။
ကျန်းရွေ့ချင်က သတ်လိုသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
“ဖုန်းယွီ မင်းအခုလည်း ဗိုက်ဝပြီ ဆိုတော့ မင်းရဲ့ အတွေးကို ငါတို့ကို ပြောတော့။”
ကျန်းရွေ့ချင် ဆိုလိုသည်ကား မင်းက ငါတို့ကို မင်းဘာလုပ်မယ်ဆိုတာကို ပြော မဟုတ်ရင် မင်းအခု စားထားတဲ့ အစားအစာကို အန်ထွက်အောင် လုပ်ပစ်မယ်။
ဖုန်းယွီသည် သူ့မျက်လုံးကို ဝေ့ယမ်းလိုက်သည်။ ကပ်စေးနဲလိုက်တာ။ ငါအခုမှအသားပေါက်စီ နည်းနည်းပဲ စားရသေးတယ်။ မင်းကငါ့ကိုတောင် နေ့လည်စာ ဘာစားဖို့ကိုတောင် မှာခွင့် မပေးတော့ဘူးလား။ ငါက ဘီလျံနာ တစ်ယောက်လေ။ ပိုက်ဆံ ပေးစရာ မရှိဘူးလို့ တွေးနေတာလား။ ဟမ့်... မြို့တော် အစိုးရရုံးရံ့ ကန်တင်းက အသားပေါက်စီက တခြားနေရာကထက်တော့ ကောင်းသား။
“ကျွန်တော်ကိုယ်တိုင် ရုရှားနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးပြီးပြီ။ လွန်ခဲ့တဲ့နှစ်တုန်းက သူတို့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုက လျော့ကျခဲ့တယ်။ သူတို့ လယ်ယာသုံး ပစ္စည်းထုတ်လုပ်တာ၊ မြေဩဇာ ထုတ်လုပ်တာနဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်မှုတွေကလည်း ကျဆင်းလာခဲ့တယ်။ သူတို့မှာ မျိုးစေ့တောင် အလုံအလောက် မရှိတော့ဘူး။ လယ်တွေက ပိုပိုပြီး စွန့်ပစ်လာကြတယ်။ ပြီးတော့ အဲ့လယ်တွေကို တစ်ယောက်မှ ဂရုမစိုက်ကြဘူး။”
“ရုရှား အထူးသဖြင့် အရှေ့ဖျားပိုင်းဒေသတွေမှာ မခုတ်ထွင်ရသေးတဲ့ မြေတွေတော်တော်များတယ်။ သူတို့ရဲ့ အဓိကစိုက်ပျိုးတာက သကြားမုန်လာဥနီ၊နေကြာစေ၊ အာလူး၊ ဗီသွာစေ့၊ ဂျုံနဲ့ အုတ်ဂျုံ ပဲ။ အဲ့ဒီ စိုက်ပျိုးတာတွေထဲမှာ ကျွန်တော်တို့ လယ်သမားတွေက ဂျုံ၊ အုတ်ဂျုံ၊အာလူးနဲ့၊ သကြားမုန်လာဥနီကောင်းကောင်း စိုက်ပျိုးနိုင်တယ်။ တကယ်တော့ သူတို့ရဲ့ မြေက ပဲပိစပ်၊ ပြောင်၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တယ်။ ပြောင်းက အများဆုံး ရနိုင်တဲ့ သီးနှံပဲ။ အဲတာက ရုရှားရဲ့ အစားရှားပါးမှု ပြဿာနာကို ဖြေရှင်းနိုင်တယ်။"”
“ဆိုဗီယက် ပြည်ထောင်စုခေတ် လွန်ခဲ့တဲ ၁၀နှစ်လောက်တုန်းက ဆိုဗီယက် ရုရှားက ကောက်ပဲသီးနှံ တင်ပို့မှုမှာ ထိပ်တန်းနိုင်ငံ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူတို့တွေက တင်သွင်းကုန်တွေကို မှီခိုနေရတယ်။ ဘယ်သူမဆို အဲတာကို ကြည့်ရင်း သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍကျဆင်းလာတာကို မြင်တွေ့နိုင်တယ်။ ဒီ အခြေအနေက သူတို့အတွက် အချိန်အနည်းငယ်တော့ ဆက်လက် ဖြစ်နေမှာပဲ။”
“သူတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းကဏ္ဍမှာဆိုရင်တော့ တော်တော်လေးကို စိုးတယ်။ ဒါက သူတို့ရဲ့ စိုက်ပျိုးရေးကဏ္ဍကျဆင်းမှုရဲ့ နောက်ထပ် မြင်နိုင်တဲ့ အချက်ပဲ။ သူတို့တွေက ကျွန်တော်တို့ထက် ပိုပြီး စိုးရိမ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက “ကျွန်တော်တို့ အလျင်မလိုဘူး”ဆိုတာကို ပြမှ ရမယ်။ မြို့တော်ဝန်ကျန်း နေ့ခင်းပိုင်း ဆွေးနွေးပွဲကို မတက်နဲ့။ ကျွန်တော် စိုက်ပျိုးရေးအရာရှိချုပ်လီနဲ့ ဆွေးနွေးပွဲကို သွားမယ်။ အို.. အဲ့ဧည့်သည်တွေအတွက် ညစာတည်ခင်းဖို့ ပြင်ထားလိုက်ဦး။”
ကျန်းရွေ့ချင်နှင့် ကျန်သည့်သူများက ဖုန်းယွီ ပြောသည့် အကြောင်းအရာများကို အသေအချာ နားထောင်နေလေ၏။ ပြီးနောက် ဖုန်းယွီ ပြောသည်ကို စတင် သဘောပေါက်လာကြတော့သည်။ သို့သော် အဆုံးတွင် သူဘာပြောခဲ့သနည်း။ ဆွေးနွေးညှိုနှိုင်းမှုအသင်းရဲ့ ခေါင်းဆောင်ကို နေ့ခင်းပိုင်း ဆွေးနွေးမှုမှာ မတက်ခိုင်းတာလား။ မင်းက တက်မှာလား။ မင်းက အဲမှာ ဘာလုပ်မှာမို့လဲ။ မင်းက မြို့တော် အစိုးရမှာ ဘာရာထူးမှ မရှိဘူး။
ဒါအပြင် ငါတို့က အဲဒီရိုင်းဆိုင်းတဲ့ ရုရှားက ကောင်တွေအတွက် ညစာကိုပါ ပြင်စေချင်တာလား။ လူတိုင်းအတွေးတွင် ကျန်းရွေ့ချင် သဘောမတူဟု တွေးခဲ့သည်။ ပြီးနောက် သူ့ကိုပင် ဆိုမည်ပင်။ သို့သော် ကျန်းရွေ့ချင်က ခေါင်းညိတ်လိုက်သည်။ သူက သဘောတူလိုက်ခြင်း ဖြစ်သည်။
ကျန်းရွေ့ချင်နှင့် ဖုန်းယွီသည် နီးစပ်သည်ဟု သူတို့ ကြားဖူးသည်။ သို့သော် ထိုကောင်စုတ်လေးက ရုရှားအစိုးရတွေနှင့် ဆွေးနွေးမည်လော။
ရှုံးရှိ လူအများစုသည် ဖုန်းယွီ၏ အမှန်တကယ် ပိုင်ဆိုင်မှုကို မသိကြပေ။ သူတို့က စိုက်ယန္တရားကကုမ္ပဏီနှင့် စိုက်ဟွ ကုန်သွယ်ရေး အစရှိသည့် ကိုသာ တွေးမိကြသည်။ ထိုအရာများအားလုံးက ဖုန်းရှင်းထိုက်ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ဖုန်းယွီသည် မိုက်ရိုင်းသည့် ဒုတိယ မျိုးဆက်သာ ဖြစ်သည်။
ဖုန်းယွီတွင် မြို့တော်ဝန်ကျန်း နှစ်ခြိုက်သည့် အချို့သော စွမ်းဆောင်ရည်မျိုး ရှိမည်ပင်။ သို့သော် မြို့တော်ဝန်ကျန်းက ထိုကလေးကို လုပ်ပိုင်ခွင့်အတိုင်း ခွင့်ပေးသည်လော။
ဆွေးနွေးညှိုနိုင်းမှုအသသင်းက ကျန်းရွေ့ချင်ကို နားချချင်သောလည်း သူက လက်ကို ဝှေ့ယမ်းလိုက်ကာ
“ဒီကိစ္စပြီးပြီ။ မင်းဘာလုပ်မယ်ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမဲ့ မင်းဒီပြဿနာကိုတော့ ဖြေရှင်းပေးရမယ်။”
ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။
“အဲတာဆို ဒီအပေးအယူမှာ ကျွန်တော် အပိုကျသင့်ငွေ ယူရမလား။”
“ဟုတ်ပြီ။ မြို့တော်က ဒီကိစ္စမှာတော့ ဘာအကျိုးအမြတ်မှ မယူဘူး။ ဒါပေမဲ့ မင်းက လယ်သမားတွေဆီကနေတော့ အများကြီး ယူလို့ မရဘူး။”
ကျန်သည့်သူများက အံ့အားသင့်သွားကြသည်။ မြို့တော်ဝန်ကျန်းက ဖုန်းယွီကို ဒီအပေးအယူမှာ အကျိုးအမြတ် ယူခွင့် ပေးသည်လာ။ သူ့တို့ရှေ့ရှိ သူဌေးတစ်ယောက်က အကျိုးအမြတ် ယူနေသည်လော။
“ကောင်းပြီ။ အဲတာဆိုရင် ကျွန်တော် နောက်ပိုင်းမှ ကုမ္ပဏီ ထောင်တော့မယ်။ မြို့တော်ကလည်း ဒီကုမ္ပဏီမှာ ရှယ်ယာ ပါဝင်ရမယ်။ ဒီနည်းလမ်းနဲ့ဆိုရင် မြို့တော်ကလည်း အကျိုးအမြတ်ရမယ်။ ပြီးတော့ မြို့တော်အနေနဲ့ လယ်သမားတွေက ရတဲ့ အကျိုးအမြတ်တွေကို ရယူနိုင်တယ်။ အိုဟုတ်သား ကျွန်တော် အကုန်လုံးကို ပြောဖို့ မေ့နေတာ။ ကျွန်တော်တို့ လယ်သမားတွေ သေချာပေါက် နိုင်ငံခြားမှာ အလုပ်လုပ်ရနိုင်မယ်။ သူတို့တွေ ရုရှားကို မသွားနိုင်ရင်တောင်မဗတာ့။ အဲတာကောင်းတယ်။ ကျွန်တော် ဩစတြေးလျရဲ့ စိုက်ပျိုးရေးဌာနကိုလည်း ဆက်သွယ်ပြီးပြီ။”