← Chapters

တစ်ခုခုမှားနေတယ်။​

Vol. 26 Ch. 379

တစ်ခုခုမှားနေတယ်။​

Vol. 26 Ch. 379

ဖုန်းယွီသည် ဩစတြေးလျ စိုက်ပျိုးရေးဌာနကို ဆက်သွယ်ပြီးပြီ ဖြစ်ကြောင်း ပြောသည့်အခါ ကျန်းရွေ့ချင်တောင် အံ့အားသင့်သွားသည်။​

ဒါက ကောင်းတာပဲ။ စိတ်ချရတာပေါ့။ ဒီနည်းနဲ့ဆိုရင် ရုရှားတွေကို ဆွေးနွေးတဲ့နေရာမှာ ပိုပြီး အဆင်ပြေသွားလိမ့်မယ်။ ဩစတြေးလျသည် တရုတ်နိုင်ငံနှင့် အတော်ဝေးသော်ငြား ရုရှားနှင့် သိပ်မကွာပေ။ လယ်သမားများက နိုင်ငံခြားတွင် အလုပ်လုပ်ရမည် ဖြစ်သည်။ သူတို့သည် တစ်နှစ်တစ်ခါ အိမ်ကို ပြန်လာနိုင်၏။ လယ်သမားများသည်လည်း ယင်းအချက်ကို လက်ခံမည်ပင်။ ယင်းက ဆွေးနွေးသည့်အခါ သူတို့၏ ဝှက်ဖဲ ဖြစ်လာမည် ဖြစ်သည်။​

သို့သော် လူတိုင်းက ထိုကိစ္စကို အားတက်တရော ဆွေးနွေးကြသည်။​ သို့သော် ဆွေးနွေးသည့်အသင်းရှိ တစ်ယောက်ယောက်ကား ငြိမ်သက်နေသည်။

နေ့လည်ခင်းတွင် ဖုန်းယွီသည် သူ့နေ့လည်စာကို ဘင်းမြို့တော် အစိုးရရုံး၏ ကန်တင်းတွင် ကျန်းရွေ့ချင်နှင့် ကျန်သည့် အရာရှိများနှင့်အတူ စားခဲ့သည်။ ဟင်းလေးပွဲနှင့် ဟင်းရည် တစ်ခွက် ဖြစ်သည်။ ဟင်းတစ်ပွဲတည်းသာ အသားဟင်း ဖြစ်သည်။​ ကျန်းရွေ့ချင်၏ တောင်းဆိုချက်အရ ဖုန်းယွီနှင့် သူတို့သည် နေ့လည်စာ အတူတူစားကြမည် ဖြစ်သည့်အတွက် သူတို့တွင် ဟင်းပွဲအပိုများ ချထားခြင်း ဖြစ်သည်။​ပုံမှန်အားဖြင့် သူတို့သည် ဟင်းနှစ်ပွဲနှင့် ဟင်းချိုရည် တစ်ခွက်သာ ပါသည်။​

ဖုန်းယွီသည် ပြောစရာ စကားမဲ့သွားခဲ့၏။ မင်းက ငါ့အတွက် ဟင်းပွဲ နှစ်ပွဲကိုပဲ ထပ်တိုးတာလား။​ ဝိုး… ဒါက တော်တော်ကို ရက်ရောရာရောက်နေပြီ။ ငါဒီအခွင့်အရေးကို အသုံးချပြီးတော့ င့ါအတွက် ငွေပိုရှာမှ ဖြစ်မယ်။ မြို့တော် အစိုးရကို အကျိုးအမြတ်အားလုံးကို ခွင့်ပြုလို့ မဖြစ်တော့ဘူး။ အဲ့ဒီ လယ်သမားတွေကလည်း ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။

နေ့လည်စာစားပြီးနောက် ရုရှားအစိုးရအဖွဲ့ဝင်များက အစည်းအဝေးအခန်းကို ဝင်လာခဲ့သည်။​ သူတို့ထဲမှ တစ်ယောက်က ခေါင်းကို မော့ထားသည်။ သူတို့တွင် ယုံကြည်ချက်ရှိသည့် ပုံစံမျိုး တွေ့ရလေ၏။​

ဖုန်းယွီသည်လည်း သိချင်နေသည်။ ကျန်းရွေ့ချင်နှင့် သူ့အသင်း မည်မျှပင် အသုံးမကျစေကာမူ သူတို့အတွက် ယခုဆွေးနွေးပွဲတွင် ကျရှုံးရန်ကား လုံးဝ မဖြစ်နိုင်သည့် အရာပင်။

ဒီ ရုရှားအစိုးရက ဘာလို့ ဒီလို တောင်းဆိုမှုမျိုးတွေနဲ့လာရတာလဲ။

ဟာ… ဘာလို့ ဒီလူတွေက ငါ့ကို ကြည့်နေရတာလဲ။ ငါက ဘာသာပြန်တဲ့သူရဲ့ ခုံမှာပဲ ထိုင်နေတာ။ ဒီလူတွေက အသက်ငယ်တဲ့ အသက်ငယ်တဲ့ စကားပြန်ကိုတော့ အာရုံ မစိုက်သင့်ဘူးလေ။

သူတို့တွေက ငါ့ကို သတိထားပြီး ကြည့်နေကြတယ်။ ဘာလို့ သူတို့တွေက ဘာသာပြန်သူ တစ်ယောက်ကို ဂြိုဟ်ကြည့်ကြည့်နေရတာလဲ။

ပြောစရာမလိုဘဲ ထိုသူများက ဖုန်းယွီသည် ထိုဆွေးနွေးမှုကို ဦးဆောင်မည့်သူ ဖြစ်ကြောင်း သိကြပေသည်။

သို့သော် သူတို့ မည်သို့သိသနည်း။​ဖုန်းယွီသည် လူတိုင်း သူဘယ်သူဆိုတာကို ဘင်းမြို့တော် တစ်မြို့လုံးသိအောင် လုပ်နေသည့် လူထင်ပေါ်လည်း မဟုတ်ပေ။ နိုင်ငံခြားတွင်လည်း ထိုနည်းလည်းကောင်းပင်။ ဖုန်းယွီသည် ထိုကိစ္စကို ကီရီလန်ကိုကို့သာ ပြောခဲ့သည်။​ပြီးနောက် ကီရီလန်ကိုသည် သူ့အကြောင်း ပြောစရာ ဘာကိစ္စမျှ မရှိပေ။ ထိုလူများသည် ဘယ်နေရာမှ သတင်းကို ရခဲ့ကြသနည်း။

ဖုန်းယွီက သူ့ခေါင်းညိတ်လိုက်ပြီးနောက် သူ့ကို ထိုလူများ သတိမထားမိအောင် ကြိုးပမ်းလိုက်သည်။​ သူသည် အတွေးလွန်သည်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။​ ထိုရုရှားများက မရင်းနှီးသေးသည့် မျက်နှာကို စူးစမ်းချင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။ ပြီးနောက် ဖုန်းယွီသည် အလွန်ငယ်လွန်း၏။​

“မစ္စတာအီဘာ့နော့ ကျွန်တော်တို့တွေ ခင်ဗျားပေးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြီးပြီ။ ပြီးတော့ ပေးထားတဲ့ အကြောင်းအရာတွေက အရမ်းကို ခက်ထန်လွန်းတယ်။ တကယ်လို့ ခင်ဗျားတို့ဖက်ကသာ တောင်းဆိုမှုကို လျော့မယ်ဆိုရင် ကျွန်တော်တို့ တွေ ဆွေးနွေးမှုကို ဆက်လုပ်လို့ ရတယ်”

စိုက်ပျိုးရေးအရာရှိချုပ်လီက ပြောလိုက်သည်။​

ဖုန်းယွီက နောက်သို့ ထိုင်ချလိုက်ကာ စိုက်ပျိုးရေးအရာရှိချုပ် ပြောသည့် အရာတိုင်းကို ရုရှားဘာသာ ပြန်ပြောပေးလိုက်၏။​

ရုရှားဆွေးနွေးမှုအသင်းတွင် ဒေသကြီးသုံးခုမှ ကိုယ်စားလှယ်များ ပါဝင်သည်။​ အီဘာနော့သည် ထိုဒေသကြီးများထဲတွင် နယ်မြေအကြီးဆုံးဖြစ်ကာ အသင်း၏ ခေါင်းဆောင်လည်း ဖြစ်သည်။​ အခြားနှစ်ယောက်သည် သူ၏ လက်ထောက်များသာ ဖြစ်သည်။​ ဆုံးဖြတ်ချက် အကုန်လုံးကို သူတို့ သုံးယောက် အတူတူ ချရမည် ဖြစ်သည်။ ကျန်ရှိသည့် အသင်းသားများသည် သူတို့ကို ပြုစုရန်သာ ဖြစ်သည်။​

“အဲတာဆိုတော့ ဘင်းမြို့တော်က ဘာတွေကို လိုချင်တာလဲ။ ဘယ်အကြောင်းတွေကို ပြောချင်လဲ။”

အရာရှိချုပ်က အံ့အားသင့်သွားသည်။​ မဖြစ်နိုင်တာ။ မနက်ကတောင် သူတို့တွေက လုံးဝ နောက်မဆုတ်နိုင်ကြောင်း ပြောခဲ့တာ။ သူတို့တွေ အခုဆွေးနွေးမှုမှာ ဒီလောက်မြန်မြန် ပြောင်းလဲသွားရတာလဲ။​

မနက်ခင်းတုန်းက ပြောခဲ့တဲ့ အရာတွေက ဘာဖြစ်သွားတာလဲ။ ဖုန်းယွီက ငါပြောတာကို သေချာမှ ဘာသာပြန်ခဲ့ရဲ့လား။​

“ငါတို့တွေက သူတို့ရဲ့ လယ်ယာသုံးပစ္စည်းတွေ၊ ဓာတ်မြေဩဇာတွေ၊ မြေဩဇာတွေကို မဝယ်ယူဘူးလို့ ပြောလိုက်။​ငါတို့ရဲ့ လယ်သမားတွေက ဈေးကွက်နဲ့ ယှဉ်တဲ့အခါ လွယ်လပ်ခွင့် ပေးရမယ်။​ပြီးတော့ သူတို့ ဝယ်ချင်တာတွေကို ဝယ်ယူခွင့် ပေးရမယ်။​သူတို့တွေ အဲ့ထုတ်ကုန်တွေကို ရုရှားကနေ ဘင်းမြို့တော်ကိုတောင် ပြန်လည် တင်ပို့နိုင်ရမယ်။​

အရာရှိချုပ်လီက အခြားသူ၏ စိတ်ထားကို စမ်းသပ်ရန်အတွက် မဖြစ်နိုင်သည့် တောင်းဆိုမှုများကို ပေးလိုက်သည်။​ ယခုတကြိမ်တွင် သူက လုံကျန်းတက္ကသိုလ်မှ ပါမောက္ခကို ဘာသာပြန်ဆိုစေ၏။

ပါမောက္ခက အံ့အားသင့်သွားကာ အရာရှိချုပ်ကို ကြည့်လိုက်သည်။​အဲ့ ဘာသာပြန်သူ ငယ်ငယ်လေးက ေကောင်းတာကို။ ကောင်းပြီလေ ငါ့ကို ခိုင်းမှတော့ ငါဘာသာ ပြန်ပေးရတာပေါ့။​

ဖုန်းယွီက စိတ်ထဲမထားပေ။ သူသည်လည်း ဘာသာပြန်ပေးရသည်ကို ပျင်း၏။ ကောင်းပြီလေ။ ဒီ အရာရှိချုပ်ကြီးက သူ့ကို တကယ်ပဲ ဘာသာပြန်တဲ့သူအဖြစ် ဆက်ဆံတာ။ ကျန်းရွေ့ချင်က ဒီဆွေးနွေးမှုမှာ သူခေါင်းဆောင်ရမယ်လို့ ပြောခဲ့တယ်။​ အရာရှိချုပ်လီက ဘယ်အပိုင်းကို နားမလည်တာလဲ။​

မင်းအနေနဲ့ ဒီကိစ္စကို ကိုင်သွယ်နိုင်မယ်လို့ ထင်လို့လား။​ ဆက်လုပ်လိုက်။ တကယ်လို့ မင်းသာ စွမ်းဆောင်နိုင်မယ်ဆိုရင် ဘာလို့ မနက်က ဆွေးနွေးပွဲတုန်းက ရှုံးခဲ့တာလဲ။​ မင်းဘယ်လောက်အထိ ကောင်းကောင်းကြီး တွေ့ကြုံမလဲဆိုတာ တွေ့မယ်။​

ဆွေးနွေးပွဲ​ဆက်လုပ်ခဲ့ပြီးနောက် အရာရှိချုပ်လီသည် သူ့၏ လှည့်ကွက်များနှင့် စွမ်းရည်များအကုန်လုံး အသုံးပြုခဲ့သည်။ စကားစစ်ထိုးပွဲအတိုင်းကကဲ့သို့ပင်။​ သူသည် ရုရှားအသင်းကို နောက်ကို ဆုတ်အောင် လုပ်ခဲ့လိုက်ကာ အောင်မြင်စွာဖြင့် ရုရှားအသင်းကို သူတို့လယ်သမားများအား လွပ်လပ်စွာ ပေးချေခွင့် ရခဲ့သည်။​

အရာရှိချုပ်လီနှင့် ကျန်သည့် သူများသည် စိတ်လှုပ်ရှားနေကြသည်။​ဖုန်းယွီသည် စိတ်ထဲတွင်သာ သက်ပြင်းချနေ၏။ ဒီ အသုံးမကျတဲ့ အရူးတွေ။​

ဒါက သူတို့ ပေးတဲ့ဟာလား။ ရုရှားတွေက ဈေးစကားတောင် မဆိုရသေးဘူး။ သူတို့တွေက ဘာကို ပေးမှာလဲ။ မင်းကို လွတ်လပ်စွာ ဝယ်ယူခွင့်ကို ပေးတာလား။ မင်းအနေနဲ့ ကုန်ကျစရိတ်ကို စဉ်းစားမိသေးရဲ့လား။ ဘင်းမြို့တော်ကနေ ရုရှားကို ပို့ဖို့ဆိုရင် အပိုကုန်ကျငွေတွေလည်း ရှိဦးမှာ။ ထပ်ပြောရရင် ဘင်းမြို့တော်က မျိုးစေ့တွေက ရုရှားမှာ စိုက်ရန်မသင့်တောင် ဖြစ်နိုင်သေးတယ်။​

ရုရှားတွေက နှစ်စဉ် အနည်းဆုံး ထုတ်လုပ်တဲ့နှုန်းကို မမေ့လိုက်သေးနဲ့ဦး။ သကြားမုန်လာဥနီကိုပဲ ကြည့်။​သူတို့ရဲ့ သကြားမုန်လာဥနီက အနီရောင် အရွက်တွေ ရှိတယ်။ မင်းတို့ဟာက အစိမ်းရောက်အရွက်တွေ။ ဒါက မတူညီတဲ့ မျိုးစိတ်တွေပပဲ။

မင်းက နာရီချီပြီး စကားပြောနေပြီ။ နောက်ဆုံး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကျသေးဘူး။ မင်းတို့တွေက ဂုဏ်ယူနေကြတာလား။ ဖုန်းယွီသာ တခြားသူနေရာမှာဆိုပါက ဘင်းမြို့တော် လယ်သမားများသည် အဆုံးသတ်သွားမည် ဖြစ်သည်။​

ဥပမာအနေဖြင့် ရုရှားအစိုးရသည် သူတို့လူများကို ဘင်းမြို့တော်ရှိ လူများ ငှါးယမ်းမည့် မြေနေရာတွင် ဈေးများကို နှစ်ဆ လုပ်ပစ်နိုင်ပေသည်။​ပြီးနောက် အစိုးရသည် ထိုဒေသရှိ ဒေသခံ လယ်သမားများကို အမတော်ကြေး ပေးနိုင်ပေ၏။ ဤနည်းဖြင့် သူတို့ ဒေသလယ်သမာများက ဈေးသက်သာသည့် ဓာတ်မြေဩဇာ၊ မြေဩဇာနှင့် အစရှိသည်ကို ရရှိနိုင်ပေမည်။​သို့သော် ဘင်းမြို့တော် လယ်သမားများအတွက်တော့ ဈေးကြီးနေပေလိမ့်မည််။။

ထိုဆွေးနွေးပွဲတွင် မည်သည်က အရေးကြီးဆုံး ဖြစ်သနည်း။ မြေငှါးယမ်းခနှင့် မြေဧရိယာပင် ဖြစ်သည်။​မင်းက ဒီ အရေးမပါတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ တစ်နေ့လုံး အချိန်ယူခဲ့ရတာလား။​ဘာလို့ မင်းက အရေးကြီးတဲ့ ကိစ္စကို အရင် မပြောရတာလဲ။​

တဖက်လူက ဒီအရေးမပါတဲ့ ကိစ္စတွေမှာ အနိုင်ပေးပေမဲ့။ အရေးကြီးတဲ့ အပိုင်းကျရင် သူတို့တွေက မင်းကို ပေးပြီးသားလို့ ပြောရင် မင်းပေးမှာလား။​

သေချာသည်မှာ အရာရှိချုပ်လီသည် ရုရှားအစိုးရအနေဖြင့် မြေဧရိယာ တော်တော်များများ ပေးမည်ကို နားလည်သွားသည်။ သို့သော် သူတို့အနေဖြင့် ငှါးယမ်းခနှင့် မြေဧရိယာအကြောင်း ပြောသည့်အခါ သူတို့၏ ခိုင်မာသည့်စိတ်သည် ငြင်းဆိုဖက်သည့်ဖက်ကို ပြောင်းသွားတော့သည်.​

ရုရှားအစိုးရက ယခုအခါ စတင် ပြောတော့၏။ ငါတို့တွေက မင်းလိုချင်တဲ့ဟာကိုပြောပြီးသွားပြီ။ ဘင်းမြို့တော် အစိုးရအနေနဲ့ နည်းနည်းလေး ပြန်နောက်မဆုတ်ပေးချင်ဘူးလား။​ရုရှားနဲ့ တရုတ်က ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေးရှိတယ်။​မင်းတို့အနေနဲ့ ငါ့တို့ကို အားနည်းချက်တွေကိုပဲ ဖြစ်စေလို့ မရဘူးဟုတ်တယ်မလား။ ဒါက ငါတို့နိုင်ငံတွေရဲ့ ရင်းနှီးမှုကို ထိခိုက်စေတယ်။​

ဖုန်းယွီက စိတ်ထဲတွင် ကျိန်ဆဲလိုက်တော့၏။​ အရာရှိချုပ်လီးက သူ့ကိုယ်သူ စွမ််းဆောင်ရည်ရှိသည်ဟု ထင်နေသည်လော။ သူစောစောက ယုံကြည်ချက် အပြည့်နဲ့ ပြောခဲ့တာ။ အခု ဘာလို့ စပြီး ထိပ်ဖြာဖြာ ဖြစ်လာရတာလဲ။ စောစောက ရုရှား ခွင့်ပြုတဲ့ဟာတွေက ဘာကြောင့်လဲ။ မင်းအနေနဲ့ အဲကနေပြီး ဘယ်လောက် ချွေတာနိုင်မှာ မို့လို့လဲ။ မြေငှါးစရိတ်က ဒီဆွေးနွေးမှုမှာ အရေးကြီးဆုံးအပိုင်း ပြီးတော့ အဲတာက လယ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်စေနိုင်တယ်။​

ဟ… တခုခု လွဲနေတယ်။ ဘာလို့ ဒီ ဘာသာပြန်သူက အရာရှိချုပ်လီ စကားပြောပြီးတိုင်း သူ့ခွက်ကို ကိုင်ထားရတာလဲ။ မင်းလက်ဖက်ရည်ကို အရာရှိချုပ်လီ စကားပြောပြီးကတည်းက သောက်နေတာတောင် ဘာလို့ မင်းအကြိမ်တိုင်း လုပ်နေရတာလဲ။​

တကယ်လို့ လက်ဖက်ရည် ကြိုက်တဲ့ ဘာသာပြန်သူတောင် လက်ဖက်ရည်က ကုန်သွားပြီလေ။ ဘာလို့ သူက လက်ဖက်ရည် သောက်သလိုဟန်ဆောင်နေရတာလဲ။

ဒီဘာသာပြန်သူနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိရမယ်။​

ဖုန်းယွီသည် ရုရှားအစိုးရမှား အခန်းထဲသို့ ဝင်လာသည့်အချိန်ကို ပြန်တွေးကြည့်လိုက်သည်။​သူ့စိတ်ထဲတွင် ကြောက်ရွံ့စရာ အတွေးက ပေါ်လာတော့၏။

All Chapters