မင်းက အဆုံးအဖြတ်ပေးနေတဲ့ သစ္စာဖောက်ပဲဖြစ်ရမယ်။
Vol. 26 Ch. 380
ဖုန်းယွီသည် အရာရှိချုပ်လီကို အချက်ပြကာ တိုးတိုးလေး ပြောလိုက်သည်။ အရာရှိချုပ်လီသည် ဖုန်းယွီကို ပဟေဠိဆန်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။ ဒီကလေးက ဘာတွေ တွေးနေတာလဲ။ သူက ဒီနေ့ ဆွေးနွေးပွဲကို အဆုံးသတ်စေချင်တာလား။
ယခုအချိန်မှလွဲပြီး ဆွေးနွေးပွဲတလျောက် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။ အကယ်၍ သူတို့သာ ယခုရပ်လိုက်ပါက မနက်ဖြန်တွင် ရုရှားများက ပိုပြီး ရဲတင်းလာကြမည် ဖြစ်သည်။
“အရာရှိချုပ်လီ ကျွန်တော်ကိုယုံ။ မနက်ဖြန်ကျ ကျွန်တော် ခင်ဗျားကို စိတ်ချရတဲ့ အဖြေပေးမယ်။ မင်းအနေနဲ့ မြို့တော်ဝန်ကျန်းရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်သင့်တယ်။”
အရာရှိချုပ်ကျန်းသည် စာကြောင်း၏ ပထမဆုံးအပိုင်းကို ချေဖြတ်ရန် ကြိုးစားသည်။သို့သော် သူ့အနေဖြင့် နောက်ပိုင်းကိုတော့ လျစ်လျူမရှုနိုင်ပေ။ ဖုန်းယွီအနေဖြင့် သူတို့ မမြင်သည့် အရာတခုခု မြင်ထားခဲ့သည်လော။
အကယ်၍ ဤကိစ္စသည် အရေးကြီးပါက သူ့အနေဖြင့် ယနေ့အတွက် ဆွေးနွေးပွဲကို ရပ်တန့်သင့်ပေ၏။ ပြီးနောက် သူတို့သည် တိုးတက်မှုအချို့ကို ဆောင်ရွက်နိုင်ခဲ့သည်။ သူက ပြန်သွားပြီး မြို့တော်ဝန်ကျန်းကို ပြန်ပြီး အစီခံနိုင်မည် ဖြစ်သည်။
“မစ္စတာ အိုဘာနော့ ဒီနေ့အတွက် ကျွန်တော်တို့ ဆွေးနွေးမှု ဒီလောက်နဲ့ ရပ်တန့်သင့်ပြီလို့ ထင်တယ်။ ဒီနေ့ညမှာ ကျွန်တော်တို့တွေ ခင်ဗျားနဲ့ အသင်းအတွက်ကို ယဉ်ကျေးမှုနန်းတော်မှာ ညစာစားပွဲနဲ့ ဖျော်ဖြေမှုအချို့ကို စီစဉ်ထားတယ်။ ခင်ဗျားစောစော ညစာစားသင့်တယ်။”
“မစ္စတာအီဘာနော့က သူ့လက်ထောက်များကို ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။သူတို့အနေဖြင့် ဘင်းမြို့တော် အစိုးရကို ခပ်ကြမ်းကြမ်း မဖိနှိပ်နိုင်ပေ။ အကယ်၍ သတင်းသာ အမှန်တကယ် ဖြစ်ပါက သူတို့အနေဖြင့် ဘင်းမြို့တော် အစိုးရ အလိုရှိသည်ကို ပေးမည် ဖြစ်ကာ။ သူတို့ ယနေ့အတွက် စကားပြောဆိုမှုအတွက်လည်း ကောင်းမည် ဖြစ်သည်။ယင်းနည်းလမ်းဖြင့် သူတို့သည် ထိုသတင်းကို အတည်ပြုရန်သာ အချိန်ယူရမည် ဖြစ်သည်။
….
ဆွေးနွေးမှု အဆုံးသတ်ပြီးနောက် ဖုန်းယွီနှင့် အရာရှိချုပ်လီသည် ကျန်းရွေ့ချင်ရုံးကို ပြန်သွားခဲ့သည်။
အရာရှိချုပ်လီးက ကျန်းရွေ့ချင်ကို ဂုဏ်ယူစွာဖြင့် ကျန်းရွေ့ချင်ကို ဆွေးနွေးပွဲအတွင်း သူ့အနေဖြင့် တိုးတက်မှုများကို စီရင်ခံ၏။ ထိုအရာများအားလုံးက သူ့အတွက် ရမှတ်များပင် ဖြစ်သည်.
ကျန်းရွေ့ချင်သည် သူ့အစီအရင်ခံမှုကို နားထောင်ရင်း ဖုန်းယွီ မျက်မှောင်ကျုံ့နေသည်ကို တွေ့လိုက်ရသည်။ ဒီဆွေးနွေးပွဲကို အတည်ဖြစ်ဖို့က ဖုန်းယွီအနေနဲ့ ခက်ခဲတယ်လို့ တွေးနေတာလား။”
“ဖုန်းယွီ မင်းဘာလို့ သူတို့ကို ဩစတြေးလျစိုက်ပျိုးရေးဌာနနဲ့ စကားပြောခဲ့ပြီးပြီးကို သူတို့ကို ဘာကြောင့် မပြောရတာလဲ။”
ဖုန်းယွီက သူ့၏ လက်ကို ဖြန့်လိုက်ပြီးနောက်
“မြို့တော်ဝန်ကျန်း ကျွန်တော်အနေနဲ့ ဩစတြေးလျကို ဆက်သွယ်နိုင်စွမ်းရှိမယ်လို့ တကယ်ပဲ ထင်နေတာလား။”
ကျန်းရွေ့ချင်၏ မျက်လုံးပြောင်းသွားကာ
“ဘာ…. မင်းက ဩစတြေးလျကို မဆက်သွယ်ခဲ့ဘူးလား။ဒါဆို ဘာကြောင့် ငါတို့ကို ဒီလို ပြောရတာလဲ။”
“ဒါတွေ အကုန်လုံးက ဆွေးနွေးပွဲလှည့်ရဲ့ နည်းပရိယာယ်တွေပဲ။ ဒါက ကျွန်တော်တို့ရဲ့ပြိုင်ဖက်ကို သတင်းအတု ပေးတာပဲ။ ပထမက ကျွန်တော်အနေနဲ့ ပြင်ဆင်ဖို့ အချိန်အများကြီးရမယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ မလိုတော့ဘူး။ ရုရှားအစိုးရတွေက ဒီကိစ္စကို သတိပြုမိတဲ့ပုံပဲ။”
“မဖြစ်နိုင်တာ။ ငါ ဒီအကြောင်းကို ဆွေးနွေးပွဲတုန်းက ထုတ်မပြောလိုက်ပါဘူး။တခြားတဖက်ကလည်း ဒီအကြောင်းကို မပြောဘူး။သူတို့တွေ ဘယ်လိုလုပ် သိမှာလဲ။”
အရာရှိချုပ်လီက ပြောလိုက်သည်။
ထိုဖုန်းယွီက မြို့တော်ဝန်ကျန်းနှင့် သူတို့ ရှေ့တွင်တောင် လိမ်ညာရဲသည်ပင်။ မြို့တော်ဝန်ကျန်းသည် ယခုအခါ ဖုန်းယွီကို အလွန်ဆိုးဝါးသည့် အမြင်ရှိနေပြန်သည်။
“အဲတာဆိုရင် အရာရှိချုပ်လီ။ ရုရှားအစိုးရတွေ ဒီနေ့ နေ့လည်ခင်းမှာ ဘာကြောင့် စိတ်ပြောင်းသွားလဲဆိုတာကို ရှင်းပြနိုင်မလား။ ဒီနေ့ နေ့လည်ခင်းက မနက်ပိုင်းထက် ပိုပြီးတော့ ဆွေးနွေးလို့ ကောင်းတယ်။ဟုတ်တယ်မလား။ ဘာလို့ သူတို့တွေက ကျွန်တော်တို့ တောင်းဆိုတာတွေကို ပေးရတာလဲ။”
ဖုန်းယွီက မေးလိုက်သည်။
အရာရှိချုပ်လီသည် ပြောစရာ စကားမဲ့သွားခဲ့သည်။သူအတွေး ပြန်ဝင်လာပြီးနောက် ယင်းက ဖုန်းယွီ ပြောသည်မှာ မှန်ပုံပေါ်၏။ သို့သော် အဘယ်တွက် ရုရှားများက ထိုအကြောင်းကို ဘာမှ မပြောဘဲ သိနေရသနည်း။ ပြောစရာမလိုဘဲ သူတို့ ဆွေးနွေးသည့်အသင်းတွင် သစ္စာဖောက် တစ်ယောက်ရှိနေသည်ပင်။
အရာရှိချုပ်လီက မြို့တော်ဝန်ကျန်းကို ကြည့်လိုက်သည်။သူတို့ မျက်နှာပြောင်းလဲသွားသည်။
“သူဘယ်သူလဲဆိုတာ သိလား။”
ကျန်းရွေ့ချင်က လေးနက်သည့် လေသံဖြင့် ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။
“နိုင်ငံခြားရေးက ဘာသာပြန်။”
“မင်းဘယ်လို သက်သေပြမလဲ။”
အရာရှိချုပ်လီက ဖုန်းယွီ ပြောသည်ကို မယုံကြည်ပေ။ သူသည် ထိုသူကို ဘာသာပြန်သူအား ငှါးခဲ့သည့်သူ ဖြစ်၏။ ထိုဘာသာပြန်သည် ယခင်က ဆိုဗီယက် ပြည်ထောင်စုတွင် ပညာသင်ဖူးသည်။အကယ်၍ ထိုဘာသာပြန်သူသည် သစ္စာဖောက် ဖြစ်ပါက ယင်းကား သူ့အနေဖြင့် လူအမှားကို ခေါ်ခဲ့မိသည်ပင် ဖြစ်သည်။သူသည်လည်း သစ္စာဖောက်နှင့် တကြိတ်တည်း တဉာဏ်တည်း ဖြစ်သည်ဟု ထင်မည်ပင်။ သူသည် ဖြူစင်ပြီး သူ့က နိုင်ငံကို သစ္စာဖောက်သည့် အလုပ်မျိုးကို လုပ်မည် မဟုတ်ပေ။ သူသည် ငယ်သေးဆဲ ဖြစ်ကာ သူ့တွင် တောက်ပသည့် အနာဂတ်ရှိပေသည်။ဤကိစ္စက သူ့အလုပ်ကို ထိခိုက်စေသည်။
ဖုန်းယွီက ပြုံးကား မေးလိုက်သည်။
“အရာရှိချုပ်လီ ခင်ဗျား လိုလားချက်တွေကို တောင်းဆိုတုန်းက အဲဒီဘာသာပြန်တဲ့သူက သူ့ခွက်ကို ကိုင်ထားတာကို တွေ့လိုက်တဲ့အခါ ရုရှားက ငြင်းလိုက်တယ်မလား။ အဲ့ဘာသာပြန်က သူ့လက်ဖက်ရည်ခွက်ကို ကိုင်လိုက်တဲ့အခါမှာ ရုရှားက တောင်းဆိုချက်ကို ပေးတယ်မလား။
ထိုဘာသာပြန်သူသည် စကားပြောစဉ်အတွင်း လက်ဖက်ရည်ခွက်နှင့် လုပ်ရှားနေသည်ကို အရာရှိချုပ်လီ ပြန်လည် အမှတ်ရမိလိုက်သည်။သို့သော် ဖုန်းယွီပြောသည်မှာ အမှန်ဟုတ်မဟုတ် မသေချာပေ။
သို့သော် ယင်းက အလွန်ပင် ရိုးရှင်းသည်။သူတို့အနေဖြင့် မေးခွန်းများ မေးမြန်းရန်အတွက် သူတို့ ဘာသာပြန်ကို ခေါ်နိုင်၏။
“သူ့ကိုခေါ်လိုက် ငါ ကိုယ်တိုင်ကိုယ်ကျမေးမယ်”
ဖုန်းယွီက အံ့အားသင့်သွားသည်။အာ… မင်းက သူ့ကို တခါတည်း ခေါ်လိုက်တာလား။ ဘယ်သူက ရူးလို့ ဝန်ခံမလဲ။
အရာရှိချုပ်လီက ဖုန်းယွီကို ကြည့်လိုက်ကာ
“မင်းအနေနဲ့ ဘာမှ စိုးရိမ်စရာ ဖြစ်ဖို့ မလိုဘူး။သူက သစ္စာဖောက် ဟုတ်မဟုတ်ဆိုတာက ငါးမိနစ်အတွင်း အဖြေသိလာလိမ့်မယ်။”
ဖုန်းယွီက ကျန်းရွေ့ချင်ဖက်ကို လှည့်လိုက်သည်။ ဒါကိုကော သဘောတူတာပဲလား။
ထိုဘာသာပြန်သူက ရောက်ချလာသည် ပြီးနောက် သူက ရုံးထဲရှိ ခေါင်းဆောင်နှစ်ဦးကို တွေ့လိုက်သည်။သူ့ကို နွေးထွေးစွာဖြင့် ကြိုဆိုကြသည်။သူ့ပုံက သူတို့အား သစ္စာဖောက်သည့် ပုံမပေါ်ချေ။
အရာရှိချုပ်လီက ပြုံးကား မေးလိုက်သည်။
“ဘာသာပြန်ရွှယ်။ မင်းအနေနဲ့ နိုင်ငံခြားရေးမှာ အလုပ်လုပ်တာ နှစ်ပေါင်းများစွာ ကြပြီ။ ကျန်းမာရေးကော ဘယ်လိုလဲ။ မင်းအနာဂတ်မှာ ဘာတွေ မျှော်လင့်ထားတာတွေ ရှိသလဲ။”
“ကျွန်တော် ကျန်းမာပါတယ်။ကျွန်တော်က ခေါင်းဆောင်တွေ စီစဉ်ထားတဲ့အတိုင်း ပေးအပ်တဲ့ တာဝန်တွေကို ကျွေပွန်စွာ ထမ်းဆောင်ပါတယ်။”
ဘာသာပြန်ရွှယ်က မတ်မတ်ထိုင်လိုက်သည်။ခေါင်းဆောင်တွေက ငါ့ကို ရာထူးတိုးပေးမလို့လား။
“အိမ်မှာကော ပြဿနာ ရှိလား။ မင်းငါ့အကူအညီ လိုလား။”
“မရှိပါဘူး။ကျွန်တော် မိသားစုလည်း နေကောင်းပါတယ်။ ကျွန်တော် ဒီနှစ်ကုန်မှာ လက်ထပ်မှာပါ။ခေါင်းဆောင်က ကျွန်တော်အတွက် အိပ်ခန်း ၂ခန်းပါ တိုက်ခန်းကို ပေးထားတယ်။”
အရာရှိချုပ်လီက ခေါင်းညိတ်လိုက်သည်။သူက ဘာသာပြန်သူကို ပုံမှန်အတိုင်း စကားဆက်ပြောသည်။
“မင်းရဲ့ ခေါင်းဆောင်တွေက မင်းကို ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံတာ ဘာလို့ မင်းက ငါတို့ကို သစ္စာဖောက်ရတာလဲ။”
ဘာသာပြန်သူ ရွှယ်က ကြောင်အသွားကာ
“အ…မြို့တော်ဝန်ကျန်း။ အရာရှိချုပ်လီ ကျွန်တော် သစ္စာမဖောက်ပါဘူး။”
“မဖောက်ဘူးလား။အဲတာဆိုရင် မင်းဘာလို့ ဆွေးနွေးပွဲမှာ လက်ဖက်ရည်ခွက်ကို ကိုင်နေရတာလဲ။ မင်းအရမ်းကို ရေဆာနေတာလား။ ငါမင်းကို ဒီမှာ မေးနေတာက အခွင့်အရေး ပေးတာနော်။ ငါ စည်းကမ်းကြပ်မက်ရေးအဖွဲ့ကိုတောင် သတင်းမပေးရသေးဘူး။ တကယ်လို့ မင်းဝန်ခံမယ်ဆိုရင် ငါတို့တွေ ဆက်ပြောလို့ ရတယ်။တကယ်လို့ မင်းသာ ဆက်ပြီး တောင့်ခံနေမယ်ဆိုရင်တော့ မင်းဖြစ်လာတဲ့ အကျိုးဆက်ကို သိမှာပါ။”
အရာရှိချုပ်လီသည် ဖြည်းဖြည်းချင်း လေသံမှာလာသည်။ပြီးနောက် သူ့လက်က စားပွဲကို တတက်တက် ပုတ်နေ၏။
ဘာသာပြန်ရွှယ်သည် ချက်ခြင်းပင် ထရပ်လိုက်ကာ
“မြို့တော်ဝန်းကျန်း။ အရာရှိချုပ်လီ ကျွန််တော်ဝန်ခံပါတယ်။ ကျွန်တော် သစ္စာဖောက်ခဲ့မိပါတယ်။”
ဖုန်းယွီသည် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ ဒါက တကယ်ကြီးလား။
ချီးပဲ ဒီခေတ်က လူတွေက အရမ်းကို ကြောက်ရွံ့တက်ကြတာလား။
ဖုန်းယွီသည် ယခုလက်ရှိ အစိုးရများ၏ နိုင်ငံရေးအာဏာသည် အနာဂတ်ကာလထက် ပိုအားကောင်းမှန်းကို ဖုန်းယွီ မေ့သွားခဲ့သည်။
ဆွေးနွေးပွဲမှ ရုရှားအစိုးရ အရာရှီ တစ်ဦးသည် ဘာသာပြန်ရွှယ်၏ အတန်းဖော်ဟောင်း ဖြစ်သည်သည်။သူတို့ ဘင်းမြို့တော်အရောက် ဆွေးနွေးအဖွဲ့တွင် ပြန်တွေ့ခဲ့ကြသည်။ ထိုရုရှားအစိုးရအဖွဲ့ဝင်သည်လည်း ဘာသာပြန်သူရွှယ်သည် လက်ထပ်တော့မည် ဖြစ်ကြောင်းကို သိသည်။အစိုးရက သူ့အတွက် နေအိမ်ပေးသော်ငြား သူ့တွင် ပိုက်ဆံ ပြတ်လတ်ဆဲ ဖြစ်သည်။ သူသည် ဆင်းရဲသည့် မိသားစုမှလာကာ သူ့မိသားစုလည်း အကြွေးများနှင့် ရင်ဆိုင်နေရသည်။ သူ့မိဘများသည် သူ့တက္ကသိုလ်ပညာရေးအတွက်တောင် ငွေများကို ချေးယူခဲ့သည်။သူ့လစာသည်လည်း အများကြီး မဟုတ်ပေ။ ပြီးနောက် အကုန်လုံးနီးပါးကို အကြွေးဆပ်ရန်သာ အသုံးပြုခဲ့သည်။
လက်ထပ်ခြင်းက မလွယ်ကူပေ။ သူ့အနေဖြင့် တိုက်ခန်းကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သေးကာ မင်္ဂလာဧည့်ခန်ပွဲနှင့် အိမ်သုံးပစ္စည်းများအတွက်လည်း လိုအပ်ပေသေး၏။ သူ့တွင် ပိုက်ဆံ လုံလုံလောက်လောက်မရှိချေ။
သူ့အတန်းဖော်ဟောင်းက သူ့ကို ဘင်းမြို့တော် အဖွဲ့၏ အတွင်းသတင်းများကို ပြောပြပါက သူ့အား ငွေပေးမည်ဟု ပြောခဲ့သည်။ သူသည် ကြီးကျယ်ခန်းနားသည့် မင်္ဂလာပွဲ လုပ်ချင်သည်။
ပထမက ဘာသာပြန်ရွှယ် သဘောမတူခဲ့ပေ။ သို့သော် ယမန်နေ့ညက သူ့အမျိုးသမီးလောင်းနှင့် အချင်းများခဲ့ကြသည်။ သူ့ဇနီးလောင်းက တီဗွီ၊ ရေခဲသေတ္တာနှင့် အဝတ်လျှော်စက် လိုချင်၏။ သူမက ကြီးကျယ်ခန်းနားသည့် မင်္ဂလာပွဲကို ကျင်းပချင်၏။ အကယ်၍ ဘာသာပြန်သူရွှယ်သာ သူမ တောင်းဆိုမှုအား မလုပ်ပေးပါက သူတို့ လမ်းခွဲမည် ဖြစ်သည်။
ထို့အတွက်ကြောင့် ဘာသာပြန်သူရွှယ်သည် ထိုကိစ္စကို အန္တရာယ်ယူပြီး လုပ်ခဲ့သည်။သူက ရုရှားအစိုးရကို ဘင်းမြို့တော်က ယခုအပေးအယူကို ရယူလိုကြောင်း ပြောခဲ့သည်။
ရုရှားက ထိုအကြောင်းကို ကြားသည့်အခါ ဘင်းမြို့တော်အနေဖြင့် ထိုအပေးအယူကို ရယူကတည်းက ယင်းက ဗဟိုအစိုးရအတွက် စမ်းသပ်သည့်အရာ ဖြစ်မည် ဖြစ်သည်။ပြီးနောက် ရုရှားများက ဘင်းမြို့တော်ကို မဖြစ်နိုင်သည့် တောင်းဆိုမှုမျိုးကို တောင်းတော့၏။ ဤနည်းဖြင့် ရုရှားအစိုးရများသည် ထိုနည်းအတိုင်း ဖြစ်ခဲ့ပါက သူတို့ သည်လည်း ရမှတ်ကောင်းများ ရမည်ပင်။
ဖုန်းယွီပြောသည်မှာ မှန်ပေ၏။ ဘာသာပြန်သူရွှယ်သည် သူ့လက်ဖက်ရည်ခွက်ကို အသုံးပြုကာ တဖက်လူကို အရိတ်အမြွက် ပြောခဲ့သည်။ သူတစ်ယောက်တည်းက အခြားသူကို သူသည် ဩစတြေးလျနှင့် ဆက်သွယ်ထားသည့်သူ ဖြစ်ကြောင်း ပြောခဲ့သည်။ဘာသာပြန်ရွှယ်သည် ထိုသတင်းအတွက် ကောင်းကောင်း ရခဲ့သည်။
“ဟမ့်… သစ္စာဖောက် မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။မင်းအနေနဲ့ စည်းကမ်းကြပ်မက်ရေးမှာ နောက်ကျ သွားဝန်ခံရမယ်။မင်းရဲ့ အပြစ်က နည်းတော့ နည်းမှာပါ။”
အရာရှိချုပ်လီက ဒေါသထွက်သွားသည်။သူက သစ္စာဖောက်များကို အမုန်းဆုံးပင်။ သူ့အဘိုးသည် သစ္စာဖောက်သူတွေကြောင့် သေဆုံးခဲ့ရသည်။
ဖုန်းယွီက ချက်ခြင်းပင် ဖြတ်ပြောလိုက်၏။
“ဟူး…. အရာရှိချုပ်လီ သူ့ကို အပြစ်ပြန်ဆယ်နိုင်ဖို့ အခွင့်အရေး ကျွန်တော်တို့ ပေးသင့်တယ်။”
ဘာသာပြန်ရွှယ်က ချက်ခြင်းပင် ခေါင်းညိတ်လိုက်ကာ
“ဟုတ်ပါတယ်။မြို့တော်ဝန်ကျန်း၊ အရာရှိချုပ်ရွှယ်။ကျွန်တော်ကို အခွင့်အရေးပေးပါ။ ကျွန်တော် နိုင်ငံတော်အပေါ် ထပ်ပြီး သစ္စာမဖောက်ပါဘူး။ကျွန်တော် သစ္စာဖောက်သူ ထပ်မလုပ်တော့ပါဘူး”
ဖုန်းယွီက ခေါင်းခါလိုက်ကာ
“မဟုတ်ဘူး။ မင်းဆက်ပြီးတော့ သစ္စာဖောက်လုပ်ရမယ်။”
လူတိုင်းက ဖုန်းယွီကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။ဆက်ပြီး သစ္စာဖောက်ရမှာလား။ မင်းဘာကို ပြောချင်တာလဲ။