← Chapters

ဘဝဆိုတာ ပြဇာတ် တစ်ပုဒ်လိုပဲ မင်းရဲ့ သရုပ်ဆောင် စွမ်းရည်ပေါ်မှာပဲ မူတည်တယ်။ အပိုင်း-၁

Vol. 26 Ch. 382

ဘဝဆိုတာ ပြဇာတ် တစ်ပုဒ်လိုပဲ မင်းရဲ့ သရုပ်ဆောင် စွမ်းရည်ပေါ်မှာပဲ မူတည်တယ်။ အပိုင်း-၁

Vol. 26 Ch. 382

“မင်းပြောတာကိုထပ်ပြော။ ငါတို့က ဒုတိယ ရွေးချယ်မှုတဲ့လား။”

“ဘာလဲ ငါ့ကို မယုံတာလား။ အဲတာဆိုရင် ဘာလို့ ဘင်းမြို့တော်ဝန်က ဒီလို အရေးကြီးတဲ့ ဆွေးနွေးပွဲမှာ ဘာလို့ မပါလဲဆိုတဲ့ အကြောင်းပြချက် ရှိရင် ငါ့ကိုပြောလေ။ ဘာလို့ ဘင်းမြို့တော်က လက်ထောက်မြို့တော်ဝန်ကိုပဲ မင်းနဲ့ဆွေးနွေးဖို့ လွှတ်ရတာလဲ။ ပြီးတော့ ဘာလို့ သူက ဆွေးနွေးပွဲ အလည်မှာ ထွက်သွားရတာလဲ။”

အီဘာနော့သည် ပြောစရာ စကားမဲ့သွားသည်။ အကယ်၍ သူသာ ထိုအပေးအယူအား မလုပ်ဆောင်နိုင်ခဲ့ပါက သူသည် အမှတ်များ လျော့မည့်အပြင် အပြစ်တောင် အပေးခံရနိုင်ပေ၏။ အို... ဘာသာပြန်ရွှယ်သည် ထိုကိစ္စကို သူ့အား ပြောပြပြီဆိုကတည်းက သူ့တွင် ထိုကိစ္စအတွက် အဖြေရှိရမည်ပင်။

“ရွှယ် ငါတို့မှာ နိုင်နိုင်တဲ့ နည်းလမ်း ရှိနိုင်မလား။ မင်းစိတ်ထဲမှာ အစီအစဉ်တခု ရှိထားမှာပါ ဟုတ်တယ်မလား။ ဩစတြေးလျက ဘင်းမြို့တော်ကို ဘာတွေ ကမ်းလှမ်းထားတာလဲ။ ငါ့ကိုပြော။ ငါလည်း သူတို့နဲ့ ညှိုနှိုင်းလို့ရတယ်။”

ဘာသာပြန်ရွှယ်က မာနကြီးသည့် အပြုံးဖြင့် ပြန်ဖြေ၏။

“ရှိတာ သေချာတာပေါ့။ မဟုတ်ရင် ဘာလို့ ငါ မင်းဆီကနေ ဒီလောက်များတဲ့ ငွေပမာဏကို တောင်းမှာလဲ။ အခုလက်ရှိ မင်း ငါ့အချက်အလက်က အမေရိကန် တစ်သိန်းတန်တယ်လို့ ထင်ပြီမလား။”

“ဟုတ်ပါတယ်။ ငါတို့ကို မင်းရဲ့ အစီအစဉ်ကို ပြောပြ။”

“အဖြေကတော့ မင်းတို့ဖက်က အချက်အလက်တွေကို ဖြေလျော့ပေ။ ပြီးတော့ ငါက ရှန်ကျန်းမှာ ဩစတြေးလျနဲ့ ဆွေးနွေးပွဲ မှာ ရှိနေတဲ့ ငါ့အစ်ကိုကို နှောက်ယှက်ခိုင်းမယ်။”

“ဟာ... မင်းအစ်ကိုက အဲ့က ဆွေးနွေးပွဲမှာ ရှုပ်ထွေးအောင် လုပ်နိုင်လို့လား။”

“သေချာတာပေါ့။ ငါ့အစ်ကိုကလည်း ဘာသာပြန်ပဲလေ။ သူက ဩစတြေးလျနဲ့ ဘင်းမြို့တော် ဆွေးနွေးပွဲမှာ တာဝန်ယူရတယ်။ သူက အဲဆွေးနွေးပွဲက ဘာသာပြန်ထားတဲ့ စာရွက်စာတမ်းတွေ အကုန်ကို အတည်ပြုပေးရတယ်။ တကယ်လို့ သူ့အနေနဲ့ အဲ့စာရွက်စာတမ်းထဲက အချက်အလက်တွေကိုသာ ပြောင်းနိုင်ခဲ့တယ်ဆိုရင် မင်းဘက်က နိုင်ဖို့ အခွင့်အလမ်း ပိုများသွားလိမ့်မယ်။ ဒါပေမဲ့ မင်းဖက်ကလည်း ဘင်းမြို့တော်ရဲ့ တောင်းဆိုချက်တွေကို လက်ခံပေးရလိမ့်မယ်။”

ဘာသာပြန်ရွှယ်သည် ဖုန်းယွီ၏ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်၏။ ပထမက သူက ကြောက်နေသည်။ သူ့အသံတုန်ယင်နေကာ အီဘာနော့ တွေ့ရှိမည်ကိုလည်း စိုးရိမ်နေပေ၏။ သူတို့အတွေးတွင် ဘာသာပြန်ရွှယ်သည် ပိုက်ဆံများကို တွေ့သည့်အတွက် စိတ်လှုပ်ရှားသည်ဟု ထင်ခဲ့သည်။ သူတို့သည်လည်း ရှေ့တွင် အမေရိကန်ဒေါ်လာ တစ်သိန်းမြင်သည့်အခါ သူတို့သည်လည်း စိတ်လှုပ်ရှားမိကြမည်ပင်။

“ငါတို့ရဲ့ အခြေအနေတွေကို ဘယ်လိုမျိုး လျော့ချမလဲ။”

“မနက်ဖြန်ကျ မင်းငါ့ကို ကြည့်နေ။ ငါတို့တွေ အရင်တုန်းက အချက်ပြချက်အတိုင်းပဲ ဆက်လုပ်မယ်။ တကယ်လို့ ဘင်းမြို့တော် မပေးနိုင်တဲ့ အချက်အလက်တွေကို ပြောမယ်ဆိုရင် ငါခွက်ကို လက်နှစ်ဖက်နဲ့ ထိလိုက်မယ်။ တကယ်လို့ ဘင်းမြို့တော် ပေးနိုင်တဲ့ အချက်အလက်တွေဆိုရင်တော့ ငါ ရေသောက်လိုက်မယ်။ ဘင်းမြို့တော်ရဲ့ အချက်အလက်တွေကို လက်ခံနိုင်မနိုင်ဆိုတာကတော့ မင်းတို့ပဲ ဆုံးဖြတ်လိုက်ပေါ့။”

ဘာသာပြန်ရွှယ်သည် ပိုက်ဆံကို လက်ညှိုးထိုးလိုက်ကာ

“တော်တော်နောက်ကျနေပြီ။ ငါ ပြန်ရတော့မယ်။ တကယ်လို့ ဒီမှာ အကြာကြီး ဆက်နေမယ်ဆိုရင် လူတွေက ငါ့ကို သတိပြုမိကြလိမ့်မယ်။”

အီဘာနော့သည် ပိုက်ဆံအိတ်ကို ကိုင်ထားကာ တစ်ဝက်ခန့် လက်ထုတ်လိုက်ပြီးနောက် ဘာသာပြန်ရွှယ်ကို ပေးလိုက်သည်။

“ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းစကားကို မင်းပြန်ရုတ်သိမ်းချင်တာလား။ ငါမရှိဘဲနဲ့ မင်းအနေနဲ့ ဘင်းမြို့တော်ရဲ့ စည်းမျည်းတွေကို သိနိုင်မှာ မဟုတ်ဘူး။"

ဘာသာပြန်ရွှယ်က ဟိန်းဟောက်လိုက်သည်။

“မဟုတ်ဘူး။ ငါ့စကားကို ငါ ပြန်မရုတ်သိမ်းဘူး။ ဒါပေမဲ့ ဒီကိစ္စက မပြီးသေးဘူး။ မင်းအနေနဲ့ ဒီပိုက်ဆံ အကုန်လုံးကို ယူသွားလို့ မရဘူး။ မင်းတဝက်ကို အရင်ယူသွား။ ပြီးတော့ ဒီအပေးအယူပြီးပြီဆိုရင် မင်း ကျန်တဲ့ငွေတွေကို ရမယ်။”

ပြောရုံသာ ရှိိသေးဆဲ ဖြစ်ကာ အပေးအယူက မဖြစ်သေးပေ။ ထို့နောက် ဘာသာပြန်ရွှယ်သည် အမေရိကန်ဒေါ်လာ ငါးသောင်းသာ ယူခဲ့တော့၏။

ဘာသာပြန်ရွှယ်က အီဘာနော့ကို တခဏကြာ စိုက်ကြည့်လိုက်ကာ လက်ချလိုက်သည်။

“ကောင်းပြီလေ။ မင်းအနေနဲ့ စာချုပ်မှာ လက်မှတ်မထိုးခင် ငါ အဲဒီငွေကို ရမှ ဖြစ်မယ်။ မဟုတ်ရင်တော့ ငါ စာချုပ်ကို ရှုပ်ပစ်မယ်။ ငါ့ကို ယုံလိုက် စာချုပ်ကို ရှုပ်ဖွဖို့ဆိုတာက ငါ့အတွက် လွယ်ကူတယ်။”

ဘာသာပြန်ရွှယ်က ထွက်သွားသည်။ အီဘာနော့က သူ့လက်ထောက်များကို သူ့အခန်းထဲကို ဆွေးနွေးရန် ခေါ်လိုက်ကြသည်။ သူတို့ သုံးယောက်လုံးက အမှတ်များ ရယူကြမည် ဖြစ်ကာ ငွေများကိုလည်း သုံးဦးအတူတူ ခွဲကြမည် ဖြစ်သည်။ သို့သော် သူတို့၏ တောင်းဆိုမှုကို ဆွေးနွေးရန်ကား ရှိသေးသည်။ ရုရှား၏ မျှော်လင့်ချက်ကား ရှင်းလင်းပေသည်။ ထိုလယ်ကွက်များတွင် စိုက်ပျိုးသည့်သူ ရှိရမည်။ သူတို့ ရိတ်သိမ်းပြီး တစိတ်တပိုင်းကို သူတို့အား ပြန်ပေးရမည် ဖြစ်သည်။

သူတို့ သုံးယောက်စလုံးက ဘင်းမြို့တော်၏ အခြေအခံစည်းမျည်းများကို မသိသာ ဩစတြေးလျသည် မည်သည့်အချက်အလက်များကို လက်ခံခဲ့သည်ကိုကိုလည်း မသိရှိပေ။ သူတို့ သုံးယောက်လုံးသည် ဘာသာပြန်ရွှယ်၏ အချက်ပြမှုကို ကြည့်ကာ ဆုံးဖြတ်ချက်အားထိုနေရာတွင် ချရန် ဆုံးဖြတ်ခဲ့လိုက်သည်။

အီဘာနော့ အခန်းထဲမှ ထွက်သွားပြီးနောက် ဘာသာပြန်ရွှယ်သည် အိမ်ကို မပြန်ဘဲ ထိုအစား ဘင်းမြို့တော် အစိုးရရုံးကို သွားလိုက်သည်။

သူက ကျန်းရွေ့ချင် ရုံးခန်းထဲကို အိတ်အား တိတ်တဆိတ် သယ်လာခဲ့သည်။ အလုပ်လုပ်နေသည့် လူအနည်းငယ်ကသာ သူ့အား တွေ့သည်။

“မြို့တော်ဝန်ကျန်း။ ကျွန်တော် မစ္စတာဖုန်းရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ခဲ့ပြီး အီဘာနော့ကို အကုန်လုံး ပြောပြခဲ့ပါတယ်။ ဒီ အမေရိကန်ဒေါ်လာ ငါးသောင်းက သူ့ဆီကပါ။ ကျွန်တော် အကုန်လုံးကို စွန့်လွှတ်ပါတယ်။ ဒီ ဆွေးနွေးပွဲ ပြီးတာနဲ့ သူက ကျွန်တော်ကို နောက်ထပ် အမေရိကန်ဒေါ်လာ ငါးသောင်း ထပ်ပေးမှာပါ။ ကျွန်တော် တပြားတချက်မှ မယူထားဘူးဆိုတာ ကျိန်ဆိုပါတယ်။”

ကျန်းရွေ့ချင်က မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေ၏။ အမေရိကန်ဒေါ်လာ ငါးသောင်းလား။ ဖုန်းယွီက ဘယ်လို ညွှန်ကြားချက်မျိုးကို ဘာသာပြန်ရွှယ်ကို ပေးလိုက်တာလဲ။ ဘယ်လိုလုပ် ရုရှားတွေကလည်း လာဘ်ထိုးငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းကို သူ့ကို ပေးတာလဲ။

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။

“ဒါက ပုံမှန်ပဲ။ ကိစ္စမရှိဘူး။ မနက်ဖြန်ကျ သူတို့ မင်းကို မေးတဲ့အခါမှာ မင်းက သူတို့ကို ဘင်းမြို့တော် အစိုးရက ဆွေးနွေးပွဲကို ယာယီ ရပ်ဆိုင်းထားကြောင်းကို သူတို့ကို ပြောလိုက်။ မင်းက အဲ့ရုရှားတွေက ငါတို့ ဘင်းမြို့တော်ရဲ့ စိတ်ဝင်စားဖွယ် နေရာတွေကို လိုက်ပို့လိုက်။

ဘာသာပြန်ရွှယ်က အံ့အားသင့်သွားသည်။

“ငါတို့တွေ မနက်ဖြန်ကျ ဆွေးနွေးပွဲ ဆက်မလုပ်ဘူးလား။”

“အဲဒါက ငါတို့ရင် အရင်က အစီအစဉ်ပဲလေ။ အခုတော့ ပြောင်းသွားပြီ။ ငါတို့တွေက အခု ဩစတြေးလျတွေနဲ့ စကားပြောမှာ။ ဒီဖက်အပိုင်းကတော့ စောင့်ရမှာပဲ။ ဘာမှားလို့လဲ။”

ဖုန်းယွီက ရယ်လိုက်သည်။

ဖုန်းယွီ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချမှန်း ကျန်းရွေ့ချင် နားမလည်နိုင် ဖြစ်နေသည်။ ယင်းက တခြားတဖက်ကို စိုးရိမ်ပူပန်စေသည်။ ပိုပြီး စိတ်ပူပန်လေ တခြားသူသည် ပို၍ အမှားများ ပြုလုပ်လာလေ ဖြစ်သည်။ ဤနည်းလမ်းဖြင့် သူတို့ တောင်းဆိုချက်များကို လျော့ချဖို့ကား ပိုလွယ်ကူလာလေဖြစ်သည်။

“ဖုန်းယွီရဲ့ လမ်းညွှန်ချက် အတိုင်းသာလုပ်။ အရင်ပြန်နှင့်လိုက်။ မနက်ဖြန်ကျ ပုံမပျက်စေနဲ့နော်။”

ဖုန်းယွီသည် ကျန်းရွေ့ချင်ဖက်ကို လှည့်ကာ

“မြို့တော်ဝန်ကျန်း။ ကျွန်တော်အထင် မြို့တော်ဝန်အနေနဲ့ ပြည်နယ် အစိုးရရုံးမှာ လုပ်စရာ တစ်ခုခု ရှိသေးတယ်မလား။ မြို့တော်ဝန် အခု သွားသင့်ပြီ။”

ကျန်းရွေ့ချင်က ခေါင်းညိတ်လိုက်ကာ ဖုန်းယွီ၏ လက်မောင်းကို ပုတ်လိုက်ပြီး

“မင်း ငါတို့ မြို့တော်ကနေ ဘာ အကျိုးအမြတ်မှ ယူဖို့ မစဉ်းစားနဲ့။”

….

“ဘာ မင်းမျက်လုံးနဲ့ တပ်အပ် နိုင်ငံခြားရေးရဲ့ အတွင်းရေးမှူးက ကျန်းရွေ့ချင် ရုံးထဲကို အထုတ် တစ်ထုတ်နဲ့ ဝင်သွားပြီး လက်ဗလာနဲ့ ပြန်ထွက်လာတာကို မြင်ခဲ့တာလား။ ဖုန်းယွီကလည်း ရုံးခန်းထဲမှာ ရှိနေတာလား။ ကောင်းပြီ။”

လက်ထောက်မြို့တော်ဝန် ရှုသည် ဖုန်းသည် ချလိုက်ကာ ညည်းတွားလိုက်သည်။

ကျန်းရွေ့ချင် မင်းကို ကိုယ်ကျင့်သိက္ခာရှိတဲ့သူပေါ့။ ဒါကြောင့် မင်းက လာဘ်ထိုးတာတွေကို လက်ခံနေတာပေါ့။ ဟမ့်... ဒီလိုလူမျိုးကို ဘယ်လိုလုပ် ရာထူးတိုးခံမလဲ။ သူက အထူးမြို့တော်ဝန်တောင် မဖြစ်သင့်ဘူး။ ငါ သူ့နေရာကို ဝင်ကောင်း ဝင်နိုင်တယ်။

ငါ အနားမယူခင်မှာ နှစ်အနည်းငယ်တော့ အလုပ်လုပ်လို့ ရနိုင်သေးတယ်။ တကယ်လို့ ငါက ပြည်နယ် အစိုးရကို သွားတဲ့အခါမှ အဲ့ကောင်က ငါ့ထက်တောင် ရာထူးနိမ့်သွားမယ်။

ယင်းက သတင်းကောင်းပင် ဖြစ်သည်။ အကယ်၍ တစ်လ နှစ်လကြာလျှင် လက်ထောင်မြို့တော်ဝန်ရှုအနေဖြင့် ယခုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်တော့ပေ။

....

အင်တာနေရှင်နယ် ဟိုတယ်မှ မန်နေဂျာယွီသည် ဘင်းမြို့တော် အစိုးရ၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် ရုရှား အစိုးရ အဖွဲ့ဝင်များကို အကောင်းဆုံး ဧည့်ခန်၏။ ထိုရုရှားအစိုးရ အရာရှိများသည် သူတို့ကိုယ်တိုင် ဟိုတယ်မှ မထွက်ခွာနိုင်ပေ။ ဘင်းမြို့တော် အစိုးရမှ လူတစ်ယောက်ယောက်က သူတို့နှင့်အတူ လိုက်ပါရပေလိမ့်မည်။ ယင်းက မတော်တဆမှု ဖြစ်ရပ်များမှ ကြိုတင်ကာကွယ်ရန် ဖြစ်သည်.

နောက်ထပ် ညွှန်ကြားချက် တစ်ခုလည်းရှိပေသေး၏။ မည်သည့် သူစိမ်းမှ ရုရှားအစိုးရကို နှောက်ယှက်ခွင့် ပြုမည် မဟုတ်ပေ။ ဟန့်... ရုရှားအစိုးရ၏ အခန်းမှ ဖုန်းလိုင်းများကိုလည်း ဖြတ်တောက်ထားသည်ပင်။ ယင်းက ဖုန်းသရဲရန်များမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကာ သူတို့ ကောင်းကောင်း အနားယူနိုင်ရန်အတွက် ဖြစ်သည်။

မန်နေဂျာယွီသည် စိတ်ထဲတွင်တော့ အင်တာနေရှင်နယ်ဟိုတယ်ကို ဖုန်းသူရဲ မခေါ်ရဲကြောင်း တွေးမိသည်။ သို့သော် သူသည် မြို့တော် အစိုးရထံမှ ညွှန်ကြားချက် ရကတည်းက သူ့အနေဖြင့် လိုက်လုပ်ရမည် ဖြစ်သည်။ သူသည် ရုရှားအစိုးရအဖွဲ့ဝင်များ ဖုန်းလိုင်းကို ဖြတ်တောက်လိုက်သည်။ နောက်ထပ် တစ်ရက် နှစ်ရက် ကြာမည် ဖြစ်သည်။ ထို အရာရှိများအနေဖြင့် ဖုန်းခေါ်ဆိုရန် ရှိပါက သူတို့သည် ဧည့်ခန်းထဲရှိ ဖုန်းကို အသုံးပြုနိုင်ပေသည်။

ဖုန်းယွီသည် သူ့အစီအစဉ်များသည် စီစဉ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သို့သော် ဟာကွက်များစွာ ရှိသော်လည်း မပြင်ဆင်ထားသည်ထက်တော့ တော်သေးသည်။ သို့သော် သူသည် ရုရှားများသည် ဘင်းမြို့တော်ထက် ပိုစိတ်ပူကြမည် ဖြစ်ကြောင်း သိသည်။ သူ့ရိုးရှင်းသော အစီအစဉ်သည် ကျရှုံးသွားရန် မရှိပေ။

All Chapters