← Chapters

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်လိုပဲ မင်းရဲ့ သရုပ်ဆောင်တဲ့ အပေါ်မှာပဲ မူတည်တယ်။ အပိုင်း ၂

Vol. 26 Ch. 383

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်လိုပဲ မင်းရဲ့ သရုပ်ဆောင်တဲ့ အပေါ်မှာပဲ မူတည်တယ်။ အပိုင်း ၂

Vol. 26 Ch. 383

“ဘာ ဒီနေ့အတွက် ဆွေးနွေးမှုကို ဆိုင်းငံတာလား။ ဘင်းမြို့တော်ကို လည်ဖို့အတွက် လူအချို့ ပို့ထားတာတဲ့လား။”

အီဘာနော့သည် ပဟေဠိဖြစ်သွားသည်။ ဘာလို့ ဒီလိုမျိုး ပြောရသနည်း။ ဘယ်သူက မင်းမြို့ကို လည်ချင်တယ်လို့ ပြောလို့လဲ။

ဘင်းမြို့တော်သည် ရေခဲနှင့် နှင်းဖုံးလွမ်းသည့် မြို့တစ်မြို့သာ ဖြစ်သည်။ ရုရှားနှင့် ဘာမျှ မကွဲပြားပေ။ ရုရှားမှ မြင်ကွင်း ပိုကောင်းသေးသည်။

ဘင်းမြို့တော်အနေဖြင့် အချိန်ဆွဲကာ ဩစတြေးလျနဲ့ အရင် ဆွေးနွေးချင်သည်မျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်လော။

အကယ်၍ အရင်ဆုံး ဘင်းမြို့တော်နှင့် ဩစတြေးလျ အဆင်ပြေခဲ့ပါက ရုရှားသည် ကစားပွဲမှ ထွက်သွားရမည် ဖြစ်သည်။ မဟုတ်ဘူး။ ငါတို့တွေ ဘင်းမြို့တော် အစိုးရနဲ့ ချက်ခြင်း စကားပြောမှ ရမယ်။ ဘင်းမြို့တော်က အကြောင်းပြချက် ပေးကတည်းက ငါလည်း အဲတာကို လက်ဦးမှု ရယူရမမယ်။”

“အို.. မစ္စတာ အီဘာနော့ မင်းအနေနဲ့ ဆွေးနွေးမှုကို ဆက်လုပ်ချင်တာလား။ အချိန်ရှိပါသေးတယ်။ မြေကို ဧပြီလမှ ထွန်ပြီး မေလမှ စစိုက်လို့ ရမှာ။ အခု ဒါမှမဟုတ် မနက်ဖြန်မှ ဆွေးနွေးပွဲ လုပ်လည်း ခြားနားချက် ရှိမှာမှ မဟုတ်တာ။ ထပ်ပြောရမယ်ဆိုရင်။ ဆွေးနွေးအဖွဲ့ရဲ့ ခေါင်းဆောင်က ဘင်းမြို့တော်မှာ ရှိမနေဘူး။ ဆုံးဖြတ်ချက် ချတဲ့သူ မရှိဘူး။"

အရာရှိချုပ်လီက ဖြည်းဖြည်းချင်း ပြောကာ အချိန်ဆွဲခြင်း ဖြစ်သည်။

“မြို့တော်ဝန် အရာရှိချုပ် ကျန်းက လွဲပြီး အခြား ခေါင်းဆောင်တွေ ဒီမှာ မရှိဘူး။ ဒီအပေးအယူကကျွန်တော်တို့ နိုင်ငံ နှစ်နိုင်ငံလုံးရဲ့ ဆက်ဆံရေးအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ ကျွန်တော်တို့တွေ ဒီအပေးအယူကို မြင့်မြင့်တွေးတယ်။ ပြိးတော့ တရုတ်ကလည်း စစ်မှန်တဲ့ စိတ်ထားကို ပြတာပဲလေ။”

အီဘာနော့က အလေးအနက် တိုက်တွန်းလိုက်သည်။

“ဟမ်း... ဒါပေမဲ ကျွန်တော်တို့ကလည်း မင်းတို့အတွက် ခရီးလည်း စီစဉ်ပြီးသွားပြီ။ ပြီးတော့ ငွေလည်း ပေးပြီးသွားပြီ။ မင်းနဲ့ မင်းရဲ့အသင်းက မသွားဘူးဆိုရင် ငါ့အနေနဲ့ အထက်အရာရှိတွေကို အဖြေပေးနိုင်မှာ မဟုတ်ဘူး။ မနက်ဖြန်ကျ ငါတို့တွေ ဆက်ဆွေးနွေးကြရင်ကော ဘယ်လိုလဲ။ ဒီနေ့တော့ စီစဉ်ထားတဲ့အတိုင်း လုပ်ကြတာပေါ့။ ငါမင်းကို ဘင်းမြို့တော်ကို ခေါ်ဆောင်သွားပေးမယ်။”

အရာရှိချုပ်လီက စိတ်မပါသကဲ့သို့ ဟန်ဆောင်လိုက်သည်။

အီဘာနော့သည်လည်း သူကို ပြင်းပြင်း မဖိရဲပေ။ မနက်ဖြန်မှပေါ့။ ဩစတြေးလျ အသင်းကလည်း တစ်ရက်တည်းနဲ့ အပေးအယူ ဖြစ်မှာမှ မဟုတ်တာ။ ဘာသာပြန်ရွှယ်ကလည်း အမေရိကန်ဒေါ်လာ ငါးသောင်း ပေးထားတဲ့အတွက် သေချာပေါက် ငါ့ကို ကူညီမှာပဲ။

နောက်တစ်နေ့တွင် အီဘာနော့နှင့် သူ့အသင်းသည် မြို့တော်အစိုးရရုံးကို သွားခဲ့ပြီး အရာရှိချုပ်လီ နေမကောင်းကြောင်း သတိပေးချက် ရခဲ့သည်။ သူသည် ယမန်နေ့က အီဘာနော့နှင့် သူ့လူများကို ဘင်းမြို့တော်ကို အလည်ပို့ခဲ့ချိန်က အအေးမိခဲ့ခြင်း ဖြစ်သည်။ ဘင်းမြို့တော်ရှိ ဆွေးနွေးရေး အသင်းကရှိသော်လည်း သူတို့အနေနှင့် မည်သည့် ဆုံးဖြတ်ချက်မှ မပြုလုပ်နိုင်ပေ။ အီဘာနော့သည် အရာရှိချုပ်လီ ပြန်လည် နေကောင်းလာသည်အထိ စောင့်ရန် လိုအပ်ပေသည်.

ဘင်းမြို့တော် အစိုးရသည် အချိန်ဆွဲနေကြောင်း အီဘာနော့သိပေသည်။ သူက မြို့တော်ဝန်ကျန်းအကြောင်းကို မေးသည်။ သို့သော် သူသည် အလုပ်ကိစ္စအတွက် အခြားပြည်နယ်ကိုသွားကြောင်း သိရသည်။ မည်သူက ထိုကဲ့သို့ လိမ်လည်မှုမျိုးကို ယုံမည်နည်း။ သူသည် ဩစတြေးလျနှင့် ရှန်ကျန်းတွင် ဆွေးနွေးပွဲ လုပ်နေမည် ဖြစ်သည်။

လက်ထောက်မြို့တော်ဝန်တိုင်းက အလုပ်ရှုပ်နေသည်လော။ အီဘာနော့က ခေါင်းဆောင်များအားလုံး အလုပ်ရှုပ်မည်ကို မယုံကြည် ဖြစ်နေသည်။ သူတို့သည် တရုတ်နိုင်ငံ၏ မြို့တော်များ လည်ပတ်ပုံကို သိသည်။ မြို့တော်ဝန် တစ်ခုတွင် အနည်းဆုံး လက်ထောက်မြို့တော်ဝင် ၇ဦးမှ ၈ဦးအထိ ရှိသည်။ သို့သော် သူတို့အကုန်လုံး တချိန်တည်းတွင် အလုပ်ရှုပ်နေသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

မဟုတ်ဘူး။ ဘင်းမြို့တော် အစိုးရအနေနဲ့ ဆွေးနွေးမှုကို မကြာခင်အချိန်အတွင်း မဖြစ်ဖြစ်အောင် လုပ်ရမယ်။ မဟုတ်လျှင် သူ့အနေဖြင့် လုံကျန်းပြည်နယ်၏ ခေါင်းဆောင်များကို သွားရှာမည်ပင်။ ယင်းကိစ္စသည် နှစ်နိုင်ငံ ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် ယခုကိစ္စကို သေချာပေါက် အရေးကြီးသည့် အဆင့်တွင် ထားရမည် ဖြစ်သည်။ ရုရှားသည် အင်အားကြီးမားသည့် ဆိုဗီယက်၏ အစိတ်အပိုင်း မဖြစ်တော့သော်ငြား ရုရှားကို ကမ္ဘာပေါ်တွင် အင်အားကြီး နိုင်ငံ တစ်နိုင်ငံအဖြစ် ရှုမြင်နိုင်ပေသည်။ သူတို့တွင် အသန်မာဆုံး စစ်တပ်အင်အား တစ်ခု ရှိသေးသည်။ တရုတ်နိုင်ငံအနေဖြင့် သူတို့အား လျစ်လျူရှု၍ ရမည် မဟုတ်ပေ။

ဘင်းမြို့တော် အစိုးရသည် ရုရှား ဆွေးနွေးရေး အသင်းဖက်မှ တိုင်ကြားချက်များကို ရရှိခဲ့သည်။ တိုင်းကြားချက်တွင် ဘင်းမြို့တော် ဆွေးနွေးရေးအသင်းသည် အလုပ်ကို အာရုံမထားဟု ဆိုလာခဲ့ခြင်း ဖြစ်သည်။ ယင်းက နိုင်ငံ နှစ်ခုလုံး၏ ဆက်ဆံရေးအပေါ် ထိခိုက်မှု ရှိနိုင်ပေသည်။

ကျန်းရွေ့ချင်သည် သူ့အစီအစဉ်ကို မြို့တော်ကို အကြောင်းကြားပြီး ဖြစ်ကာ ခွင့်ပြုချက် ရပြီး ဖြစ်သည်။ မြို့တော်ဝန်အနေဖြင့် ကျန်းရွေ့ချင်၏ အကြံသည် အလွန်ကို ရက်စက်သည်ဟု ခံစားရသော်ငြား ယင်းက ဘင်းမြို့တော်အတွက် အကျိုးအမြတ် ဖြစ်စေသည်။ ရုရှားများက ထိုအကြောင်းကို မသိသေးသ၍ အရာအားလုံး အဆင်ပြေမည် ဖြစ်သည်။ လက်မျတ် ရေးထိုးပြီးနောက် သူတို့အတွက် နောင်တရရန်ကား နောက်ကျသွားမည် ဖြစ်သည်။

မြို့တော်ဝန်က ရုရှားကိုယ်စားလှယ်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ရန် သဘောတူလိုက်ကာ အီဘာနော့သည့် စိတ်သက်သာရာ ရသွားခဲ့သည်။

ဩစတြေးလျဖက်ကို လက်ထောက်မြို့တော်ဝန်များက စကားပြောတာ ဖြစ်ကာ အီဘာနော့နှင့် သူ့အသင်းသားများသည် မြို့တော်ဝန်နှင့် စကားပြောနေကြသည်။ အကယ်၍ ဩစတြေးလျတွင် ပိုကောင်းသည့် ကမ်းလှမ်းမှု ရှိခဲ့လျှင်တောင် မြို့တော်ဝန်တွင် ပိုပြီး အခွင့်အာဏာ ရှိပေသည်။

သို့သော် ဆွေးနွေးပွဲ စတင်သည့်အခါ အီဘာနော့သည် မြို့တော်ဝန်ကို ကျန်းရွေ့ချင်ထက် ပိုကိုင်တွယ်ရခက်ခဲကြောင်း တွေ့ရှိခဲ့ရသည်။ မြိုတော်ဝန်သည် အရင်က ဆွေးနွေးကသည်များထက် ပိုပြီးတော့တောင် တောင်းဆိုမှု ခက်ခက်ခဲခဲများကို တောင်းဆိုသည်။ ယင်းက ဘင်းမြို့တော် အစိုးရအနေဖြင့် သူတို့နှင့် စကားပြောသည့်အခါ ညှာတာမှု မရှိကြောင်း သက်သေပြနေသည်ပင်။

ထိုအကြောင်းကြောင့် အီဘာနော့သည် ဘာသာပြန်ရွှယ်ကို သူ့အစ်ကို ဩစတြေးလျအတွက် အခက်အခဲများ ဖြစ်အောင် ဖန်တီးနေလားဟု မေးခဲ့သည်။ ပြီးနောက် ဘာသာပြန်ရွှယ်သည် သူ့ငွေများကို ရယူပြီး ဖြစ်သည်။

နောက်တစ်နေ့တွင် မြို့တော် အစိုးရက အီဘာနော့ကို ဆက်သွယ်ကာ ဆွေးနွေးပွဲ ဆက်လုပ်ချင်ကြောင်း ပြောခဲ့သည်။

သို့သော် အီဘာနော့က စိတ်ပျက်သွားသည်။ အရင်က နေ့ထက် တောင်းဆိုချက်များက မပြင်းထန်သော်ငြား သူတို့ သဘောတူပါက ရုရှားသည် ရှုံးမည် ဖြစ်သည်။

အကယ်၍ အီဘာနော့သည် ထိုစာချုပ်ကို လက်မှတ်ထိုးခဲ့လျှင် သူ့အနေဖြင့် ရုရှားကို ပြန်သည့်အခါ မည်သည့်အမှတ်များ ရမည်မဟုတ်။ သူသည် အလုပ်တောင် လက်လွှတ်ရနိုင်ဖွယ် ရှိသည်။

နောက်တစ်နေ့တွင် ဘင်းမြို့တော်သည် သူတို့ တောင်းဆိုချက်များကို အနည်းငယ် ဖြေလျော့ခဲ့သည်။ ယင်းက ဘာသာပြန်ရွှယ် အစ်ကို ဖြစ်သူက ရှန်ကျန်းတွင် ရှိသည့် ဆွေးနွေးပွဲ အသင်းနှင့် ပြဿနာ အနည်းငယ် လုပ်ခဲ့ကြောင်း သက်သေပင် ဖြစ်သည်။ အီဘာနော့အတွေးတွင် ယင်းက သူ့ အခွင့်အရေးဖြစ်သည်။ သူ့အနေဖြင့် ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချမည် ဖြစ်သည်။

ဘင်းမြို့တော်သည် လူဦးရေ များသော်ငြား နိုင်ငံခြားတွင် အလုပ်ထွက်လုပ်လိုသည့် အလုပ်သမား များစွာ မရှိပေ။ ဘင်းမြို့တော် အစိုးရအနေဖြင့် ရုရှားနှင့် ဩစတြေးလျ နှစ်ဖက်လုံးတွင် စာချုပ် မချုပ်ဆိုနိုင်ပေ။ ဘင်းမြို့တော်သည် ရုရှားနှင့် အနီးတွင် ရှိကာ လက်တွဲ၍ အကောင်းဆုံးကား ရုရှားပင် ဖြစ်သည်။

နေ့လည်ခင်းတွင် ဆွေးနွေးမှုက ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားခဲ့သည်။ သူတို့က အချို့အချက်အလက်များသာ မျက်မြင် ဆွေးနွေးရတော့မည် ဖြစ်သည်။ သို့သော် အဓိက ပြဿနာက မဖြေရှင်းရသေးပေ။ နှစ်ဖက်စလုံးက နောက်ဆုတ်ရန် ငြင်းဆိုနေကြသည်။

မြေဧရိယာ၊ မြေငှားရမ်းခ၊ မြေငှားရမ်းကာလနှင့် ငွေချေသည့် အမျိုးအစားသည် အဓိက ပြဿနာ ဖြစ်သည်။ သူတို့ နှစ်ဖက်စလုံး မည်သို့မဖြေရှင်းရမှန်းမသိ အလယ်တွင်သာ ရှိနေခဲ့သည်။

ဘင်းမြို့တော်က မြေဧရိယာကို လယ်သမားများကို ဆုံးဖြတ်စေလိုသည်ပြီးနောက် လယ်သမားများကို စွန့်ပစ်မြေများတွင်လည်း စိုက်ပျိုးခွင့် ပေးရမည် ဖြစ်သည်။ ဘင်းမြို့တော်မြေငှားရမ်းခကို လျော့ချချင်ကာ မြေငှားရမ်းကာလကိုလည်း အနည်းဆုံး ၁၀နှစ် ထားချင်သည်။ ယင်းကာလကို တိုးနိုင်မည် ဖြစ်သည်။ သို့သော် အနည်းဆုံးကာလမှာ ၁၀နှစ် ဖြစ်သည်။ ဘင်းမြို့တော်သည်လည်း ရုရှားကို ပေးရမည်များကို နှစ်စဉ် လယ်သမားများ ကောက်ရိတ်သိမ်းချိန်တွင် ပေးမည် ဖြစ်သည်။ လယ်သမားများအနေဖြင့် သူတို့ကိုယ်တိုင် ငှားယမ်းခကို ပေးရမည် မဟုတ်ပေ။ ပြီးနောက် ဘင်းမြို့တော် အနေဖြင့်လည်း လယ်သမားများ ပေးရန် ပျက်ကွက်မှုအတွက် တာဝန် ရှိမည် မဟုတ်ပေ။ အကယ်၍ သဘာဝ ဘေးအန္တရာယ် ရှိခဲ့ပါက ငှားရမ်းခသည် ထက်ဝက် လျော့ချရမည် ဖြစ်သည်။

ရုရှားဖက်ကလည်း အကြံ တစ်မျိုး ဖြစ်သည်။ သူတို့က ဘင်းမြို့တော်ကို အနည်းဆုံး ဟတ်တာ တစ်သောင်းငှားယမ်းချင်၏။ ပြီးနောက် တောရိုင်းမှ မြေများကို အခြားသော မြေများကဲ့သို့ စိုက်ပျိုးရန်အတွက် ပြောင်းလဲ နိုင်ပေမည်။ မြေငှားရမ်းကာလပြီးနောက် လယ်သမားများအနေဖြင့် ရုရှားနိုင်ငံကို မြေများ ပြန်အပ်ရမည် ဖြစ်သည်။ လယ်သမားများအနေဖြင့် မြက်များနှင့် သစ်ပင်များကို ပြန်စိုက်ပျိုးပေးခဲ့ရမည် ဖြစ်သည်။ ငှားရမ်းခကို လွန်ခဲ့သည့် နှစ်၏ ပျှမ်းမျှ တန်ဖိုးဖြတ်မှုအပေါ် မူတည် တွက်ချက်မည် ဖြစ်သည်။ ရုရှားသည် ဆိုဗီယက် ပြည်ထောင်စုကတထက် မြေခကို ပိုသုံးခဲ့ခြင်း ဖြစ်သည်။ ယင်းက အမြင့်ဆုံး ဖြစ်ကာ သူတို့ လက်ခံနိုင်ပေသည်။ ငါးနှစ်ကြာပြီးနောက် သူတို့ နောက်တစ်ကြိမ် ဆွေးနွေးရန် ဖြစ်သည်။ ငှားရမ်းခကို လယ်မစိုက်ပျိုးခင် ပေးချေရမည် ဖြစ်သည်။ နောက်နှစ်တွင် သူတို့၏ စိုက်ပျိုးသီးနှံများကို ငှားယမ်းခများအဖြစ် ပေးနိုင်ပသေည်။

ယင်းက သူတို့ နှစ်ဖက်လုံးတွင် အကွာခြားဆုံး ခြားနားချက်ပင် ဖြစ်သည်။ ဆွေးနွေးမှုက တဖန် ရပ်လုနီးပါး ဖြစ်သွားသည်။ ထိုအချိန်တွင် ဘာသာပြန်ရွှယ်က အီဘာနော့ထံ ထပ်လာပြန်ကာ သူ့ဆီမှ အမေရိကန်ဒေါ်လာ ၂သောင်း ယူခဲ့ပြန်သည်။ သူသည် အီဘာနော့အား ဩစတြေးလျအသင်း အလိုရှိသည့် အချက်အလက်များကို ကူညီ ရှာပေးခြင်း ဖြစ်သည်။

ဘာသာပြန်ရွှယ်သည် သူ့ဆီမှ ပထမနေ့က အမေရိကန်ဒေါ်လာ တစ်သောင်း ယူခဲ့သည်။ သူနောက် နောက်နေ့များတွင် နောက်ထပ် အမေရိကန်ဒေါ်လာ နှစ်သောင်း ယူခဲ့ပြန်သည်။ ယခု တစ်ကြိမ်တွင် သူသည် ငွေထပ်လိုပြန်သည်။

အီဘာနော့သည် ဘာသာပြန်ရွှယ်ကို အမေရိကန်ဒေါ်လာ ရှစ်သောင်း ပေးပြီး ဖြစ်သည်။ ပြီးနောက် ဆွေးနွေးမှုကား ရပ်တန့်နေဆဲတွင်သာ ရှိနေဆဲ ဖြစ်သည်။ အကယ်၍ သူသာ ယခုအခါ အမေရိကန်ဒေါ်လာ နှစ်သောင်းကို ငြင်းဆိုလိုက်ပါက သူ့အားထုတ်မှုနှင့် သူသုံးခဲ့သည့် ငွေများ အလဟသ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ သူသာ ယခု ဆွေးနွေးမှုကို လုပ်ဆောင်နိုင်ခဲ့ပါက သူပေးလိုက်သည့် တစ်သိန်းက ကောင်းသည့် သုံးစွဲခြင်း ဖြစ်သွားပေလိမ့်မည်။

ကောင်းပြီလေ။ တကယ်လို့ မင်းအနေနဲ့ ဩစတြေးလျတွေ ကမ်းလှမ်းတာကို ရှာနိုင်ရင် ငါမင်းကို နောက်ထပ် အမေရိကန်ဒေါ်လာ နှစ်သောင်းပေးမယ်။

All Chapters