ဘဝဆိုတာ ပြဇာတ် တစ်ပုဒ်လိုပဲ မင်းရဲ့ သရုပ်ဆောင် စွမ်းရည်အပေါ်မှာ မူတည်တယ်
Vol. 26 Ch. 384
(အပိုင်း ၃ ဇာတ်သိမ်း)
“နင် မြို့တော် အစိုရရုံးကို သွားပြန်ပြီလား။"
လီန နှုတ်ခမ်းဆူလျက် ပြုံးလိုက်သည်။
ဖုန်းယွီက လီနကို ဘင်းမြို့တော်ကို လာရန် တောင်းဆိုခဲ့သူ ဖြစ်သော်လည်း ဖုန်းယွီသည် ထိုရက်များအတွင်း အလွန်ပင် အလုပ်ရှုပ်နေ၏။ သူတွင် လီနကို အဖော်ပြုရန် အချိန်မရှိပေ။ လီနကို အနည်းငယ် ပျော်ရွှင်စေသည်မှာ ဝမ်တုန့်ကျွင်းက ဟိုတယ်တွင်နေသည့်အတွက် ဖြစ်သည်။ သူတို့ကို နောက်ယှက်မည့်သူ မည်သူမျှ မရှိပေ။
ဖုန်းယွီက လီနကို ဖတ်လိုက်ကာ
“ဘာလို့ မြို့တော်အစိုးရရုံးကို လိုက်လာခဲ့တာလဲ။ ကိုယ့်အလုပ် နှစ်ရက် သုံးရက်အတွင်း ပြီးတော့မှာပါ။”
လီနက သူ့ကို အိမ်ထောင်ရှင်မ တစ်ယောက်ပမာ ပြုမူနေ၏။ ပြီးနောက် ဖုန်းယွီ၏ ရှပ်အင်္ကျီကို လက်နှင့် ချီလိုက်တော့သည်။ ဖုန်းယွီက သူမ၏ နဖူးကို နမ်းလိုက်ကာ သူ့ရင်ပေါ်တွင် တစ်ချက် ပုတ်လိုက်ကာ နတ်ဆိုး ရယ်သံဖြင့် ကျန်ခဲ့သည်။
အရာအားလုံးက ဖုန်းယွီ၏ အစီအစဉ်အတိုင်း ဖြစ်သည်။ အီဘာနော့သည် သူ့ထောင်ချောက်တွင် ကျရောက်နေပြီး ဖြစ်သည်။ အီဘာနော့အတွက် လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ ဖုန်းယွီသည် ရုရှားရှိ အခြေအနေကို အီဘာနော့ တရုတ်အကြောင်းသိသည်ထက် ပိုပြီး နားလည်ပေသည်.
မြို့တော်နှင့် လက်ထောက်မြို့တော်ဝန်တို့တောင် သူဆင်ထားသည့် ထောင်ချောက်အတိုင်း ကနေကြသည်။ အီဘာနော့အတွက် ငါးစာကို မဖမ်းလျှင် ပိုပြီး ခက်ခဲလာမည် ဖြစ်သည်။
.......
“ဩစတြေးလျ အသင်းက ၇နှစ် ကမ်းလှမ်းတာလား။ သူတို့တွေက အနည်းဆုံး မြေကောင်း ဟတ်တာ ငါးသောင်းကို လုပ်ပိုင်ခွင့် ပေးတာလား။ အတိအကျကိုတော့ ဘင်းမြို့တော်က ဆုံးဖြတ်မှာလား။ သူတို့တွေက အတိုးနှုန်းကိုလည်း နည်းနည်းပဲ ပေးတာလား။ လယ်သမားတွေက စောင်ကြည့်သူမပါဘဲ မြေတွေကို ထွန်ယက် စိုက်ပျိုးနိုင်တာလား။ လယ်သမားတွေက ငှားယမ်းခရဲ့ ငါးဆယ် ရာခိုင်နှုန်းကိုပဲ ပေးပြီးတော့ ကျန်တာကို နှစ်ကုန်မှ ပေးချေဖို့ လိုတာလား။”
ဘာသာပြန်ရွှယ်ထံမှ ဩစတြေးလျ၏ ကမ်းလှမ်းမှုကို ကြားသည့်အခါ မျက်မှောင်ကျုံ့လိုက်၏။
ဩစတြေးလျ အစိုးရ ပေးသည့် ကမ်းလှမ်းချက်များက အင်မတန်မှ ကောင်းလွန်း၏။ အကယ်၍ သူသာ ဘင်းမြို့တော် အစိုးရသာ ဆိုပါက သူ့အနေဖြင့် ဩစတြေးလျကို ရွေးချယ်မည် ဖြစ်သည်။ သူတို့အနေဖြင့် ငှားယမ်းခမှ လွဲပြီး အခြားသော ကိစ္စများကို လိုက်လျောပေးနိုင်ပေသည်။
ရုရှားများက ထိုငွေများကို အရေးတကြီး လိုအပ်နေသည်။ ယင်းက သူတို့ အစိုးရအတွက် ငွေကြေးဆိုင်ရာ အခက်အခဲကို ဖြေရှင်းရန်အတွက် ဖြစ်သည်။
အီဘာနော့သည် သူ့လက်ထောက် နှစ်ဦးကို သူ့အခန်းကို ခေါ်ကာ ဆွေးနွေးတော့၏။ သူတို့သည် ဘင်းမြို့တော်ကို ပိုမို ကောင်းမွန်သည့် ကမ်းလှမ်းမှုမျိုး ကမ်းလှန်ရန်အတွက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ အကယ်၍ ဩစတြေးလျ၏ ကမ်းလှမ်းမှုနှင့် သူတို့ အတူတူ ဖြစ်လျှင်တောင် ဘင်းမြို့တော်အနေဖြင့် ရုရှားကို ရွေးချယ်မည်ပင်။ ရုရှားသည် ဘင်းမြို့တော်နှင့် နီးကာ သူတို့နိုင်ငံတို့၏ ဆက်ဆံရေးသည်လည်း ပိုကောင်းသည့်အတွက် ဖြစ်သည်။ ယခုလက်ရှိတွင် တရုတ်လူမျိုးအများစုသည် အိုလံပစ်ကျင်းပခွင့်ကြောင့် ဩစတြေးလျကို မကျေမနပ် ဖြစ်နေကြသည်။
.....
“မြို့တော်ဝန် ကျွန်တော် ဖုန်းခေါ်ပြီး အစိုးရ အထက်အရာရှိတွေနဲ့ စကားပြောပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ ငှားရမ်းရမဲ့နှစ်ကို ကြာပေးနိုင်ပါတယ်။ ၇နှစ်ဆိုရင်ကော ဘယ်လိုလဲ။ ဒါက ကျွန်တော်တို့ ပေးနိုင်တဲ့ အကြာဆုံးကာလပဲ။
မြို့တော်ဝန်က ခေါင်းငုံလိုက်ကာ ဖုန်းယွီက လက်ရှစ်ချောင်း ထောင်ပြသည်ကို တွေ့လိုက်ရသည်။
“၈နှစ်။ တကယ်လို့ ၈နှစ်ဆိုရင် ငါတို့ အနေနဲ့ လက်ခံနိုင်သေးတယ်။”
အီဘာနော့က ဘာသာပြန်ရွှယ်ကို ကြည့်လိုက်သည်။ ဘာသာပြန်ရွှယ်သည် သူ့ခွက်ကို လက်နှစ်ဖက်ဖြင့် ထိလိုက်သည်။ အီဘာနော့က သူ့လက်ထောင်များကို ကြည့်လိုက်သည်။ ပြီးနောက် သူ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ကျွန်တော်တို့တွေ ၈နှစ်ဆိုတာကို သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီအချက်ကို ပေးထားပြီးပြီဆိုတော့ ဘင်းမြို့တော် အနေနဲ့ တခြား ဖြေလျောမှုတွေကို မပေးသင့်ဘူးလား။"
“ပထမနှစ်အတွက် ငှားယမ်းခကို သေချာပေါက် ပေးချေပေးမယ်။ ပြီးတော့ နောက်နှစ်တွေမှာတော့ နှစ်ကုန်ပိုင်းမှာ ပေးချေမယ်။ လယ်သမားတွေက သူတို့ရဲ့ သီးနှံတွေကို ငှားယမ်းခ ပေးဖို့အတွက်လုံး သုံးနိုင်တယ်။ ငှားရမ်းခကတော့ ပျမ်းမျှ ၃နှစ် တန်ဖိုးဖြတ်နှုန်းမှာ မူတည်မှာ။ ငှားရမ်းခ နှုန်းထားကလည်း အိမ်ခြံမြေလိုပဲ။ နှစ်တိုင်းမှာ အနည်းဆုံး ၁၀ရာခိုင်နှုန်း တိုးကောက်သွားမယ်။”
မြို့တော်ဝန်က မျက်မှောင်ကျုံ့ကာ
“နှစ်တိုင်း ၁၀ရာခိုင်နှုန်း တိုးဖို့ဆိုတာကတော့ ကျွန်တော်တို့ဖက်က သဘောတူဖို့ မဖြစ်နိုင်ဘူး။ ပထမနှစ် ငှားရမ်းခပေါ် အခြေခံပြီးတော့ ၃ရာခိုင်နှုန်း တိုးတယ်ဆိုရင်တောင် လက်ခံနိုင်သေးတယ်။ ကျွန်တော်တို့တွေက ပထမနှစ်မှာ ငှားယမ်းခရဲ့ ၅၀ရာခိုင်နှုန်းကို တခါတည်း ပေးပြီးတော့ ကျန်တာကိုတော့ သီးနှံထွက်ပြီး နွေဦးမှာ ပေးချေမှာလေ ဟုတ်တယ်မလား။ ကျွန်တော်တို့ လယ်သမားတွေ တခါတည်း ပေးဖို့ဆိုတာက ခက်ခဲလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ လယ်သမားတွေမှာ ပိုက်ဆံ အများကြီး ရှိမယ်ဆိုရင်တောင် သူတို့တွေက နိုင်ငံခြားမှ အလုပ်လုပ်ချင်ကြမှာ မဟုတ်ဘူး။”
“ကျွန်တော်တို့တွေက ၃ရာခိုင်နှုန်း တိုးဖို့ကို သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ပထမနှစ်အတွက် ငှားရမ်းခကိုတော့ တစ်ခါတည်း ရမှ ရမှာ။ တကယ်လို့ မင်းတို့ လယ်သမားတွေမှာ ငွေမလောက်ဘူးဆိုရင် ဘင်းမြို့တော် အစိုးရက သူတို့ကို ကူညီနိုင်တာပဲ။ တကယ်လို့ ဒီအချက်ကို လက်မခံဘူးဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးဖို့ နည်းလမ်း မရှိတော့ဘူး။”
အီဘာနော့သည် ဘာသာပြန်ရွှယ်ကို တစ်ချက် ကြည့်လိုက်သည်။ သူ လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရ၏။ အီဘာနော့က စိတ်သက်သာရာ ရသွားသည်။ ယင်းအဓိပ္ပာယ်ကား ဘင်းမြို့တော်အနေဖြင့် သူ့အချက်အလက်များကို လက်ခံနိုင်သည့်အချက်ပင် ဖြစ်သည်။
“ငါတို့မှာ အဲ့လောက် ပိုက်ဆံ အများကြီးမှ မရှိတာ။"
“အဲတာက မင်းတို့ ကိစ္စလေ။ အခုဖြစ်နေတာက ငါတို့မြေကို အခမဲ့ လုပ်ခွင့် ပေးသလိုတောင် ဖြစ်နေပြီ။ မင်းတို့တွေက ငှားရမ်းခကို ၃၀ရာခိုင်နှုန်း တိုးဖို့အတွက် သဘောမတူထားဘူးလေ။”
မြို့တော်ဝန်က ဖုန်းယွီကို ကြည့်လိုက်သည်။ ယင်းက သူတို့အနေဖြင့် ဖုန်းယွီ၏ အစီအစဉ်ကို ထုတ်တော့မည့်ပုံ ပေါ်၏။
“ငါတို့မှာ နောက်ထပ် နည်းလမ်း တစ်ခု ရှိတယ်။ ငါတို့တွေ စိုက်ပျိုးရေး ကုမ္ပဏီ တစ်ခုကို မှတ်ပုံ တင်ပြီးတော့ ဒီကုမ္ပဏီကနေပဲ မြေငှားရမ်းဖို့ ကိစ္စတွေကိုပဲ ဆောင်ရွက်မယ်။ မြေကို လယ်သမားတွေကို တဆင့် ပြန်ငှားမယ်။ ဒီလိုဆိုရင် ငါတို့ကြားမှ ရှိနေတဲ့ ငွေကြေးပြဿနာကို သက်သာစေနိုင်တယ်။”
“ကောင်းပြီ။ ဒါပေမဲ့ ဒီကုမ္ပဏီက အပြည့်အဝ ထိန်းချုပ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ မဖြစ်ရဘူး။”
“သေချာတာပေါ့။ ငါတို့မှာ လုံလောက်တဲ့ ငွေကြေးမှ မရှိတာ ပြီးတော့ ငါတို့တွေ ရင်းနှီးမြှပ်နှံသူတွေလည်း လိုအပ်သေးတယ်။ ဒါပေမဲ့ ဘင်းမြို့တော်အစိုးရက သေချာပေါက် ရှယ်ယာရှင် ဖြစ်မှာပေါ့။”
“တကယ်လို့ အဲလိုဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူး။”
အီဘာနော့က စိတ်လှုပ်ရှားနေသည်။ အကယ်၍ ဘင်းမြို့တော်သာကုမ္ပဏီ တစ်ခုကို တည်ထောင်ပါက ပထဆုံး ငှားခ ချေသည့်ကိစ္စနှင့် ပတ်သက်ပြီး ပြဿနာ ရှိတော့မည် မဟုတ်ပေ။ ထပ်ပြောရပါက သူအနေဖြင့်လည်း လယ်သမား တစ်ယောက်ချင်းဆီကနေ ငှားရမ်းခကို မတောင်းလိုပေ။
“ငါတို့တွေက ဒီအချက်ကို ပေးထားပြီးပြီ။ ငါ့အနေနဲ့ လယ်ထွန်ရက် စိုက်ပျိုးအခြေအနေကို မင်းတို့ဖက်ကလည်း ပေးဖို့ မျှော်လင့်တယ်။ ငါတို့ စိုက်ပျိုးမဲ့ မြေတွေက အရိုင်းမြေ အဖြစ် စာရင်းသွင်းထားတဲ့ မြေတွေ မဖြစ်ရဘူး။ ငါတို့တွေက အခွန် ပေးမှာ မဟုတ်ဘူး။ ငါ့အနေနဲ့ ဒီလိုအခြေအနေမျိုးက အတူတူလို့ပဲ တူတယ်။ ဒီ ထွန်ယက် မစိုက်ပျိုးရသေးတဲ့ မြေတွေက ပေါင်းတွေကြောင့် ထိခိုက်နိုင်တယ်။ တကယ်လို့ ကျွန်တော်တို့ လယ်သမားတွေသာ အခွန် ပေးရရင် သူတို့အတွက် ငွေရမှာ မဟုတ်ဘူး။”
“မဟုတ်ဘူး။ မဟုတ်ဘူး မြို့တော်ဝန် ဒီ ထွန်ယက်စိုက်ပျိုးလို့ မရရင်လည်း အဲ့တာတွေက ရုရှားမြေတွေပဲလေ။ သူတို့က ကျွန်တော်တို့ မြေမှာ အပင်စိုက်ပြီးတော့ အခွန်မပေးလို့တော့ မရဘူးလေ။ ဟုတ်တယ်မလား။ သေချာတာကတော့ အဲလို ဖြစ်ခဲ့မယ်ဆိုရင် အခွန် ၅၀ရာခိုင်နှုန်းဆိုရင်ကော ဘယ်လိုလဲ။”
“ပထမနှစ်မှာတော့ အခွန် မရှိသင့်ဘူး။ ဒုတိယနှစ်မှာ ၂၅ရာခိုင်နှုန်း ပြီးတော့ ၅၀ရာခိုင်နှုန်း။ ဒီမစိုက်ပျိုးရတဲ့ မြေတွေမှာ ပထမနှစ်မှာ ဘာမှ ထွက်မှာ မဟုတ်ဘူး။ လယ်သမားတွေကလည်း သူတို့ရဲ့ စိုက်ပျိုးမှုတွေကို ပြန်ပြီးတော့ ရနိုင်ဦးမှာ မဟုတ်ဘူး။”
အီဘာနော့က သူ့လက်ထောက်များနှင့် စကားပြောလိုက်ပြီး သူတို့က မကန့်ကွက်ကြောင်း တွေ့လိုက်ရသည်။ တချိန်တည်းတွင် ဘာသာပြန်ရွှယ်ကို ကြည့်လိုက်သည်။ ဘာသာပြန်က သူ့ခွက်ကို ပုတ်နေ၏။
“ကောင်းပြီလေ။ ငါတို့တွေ ဒီအချက်ကို သဘောတူတယ်။ နောက်ဆုံးအချက် မင်းတို့ဘက်က အနည်းဆုံး လယ်ဟတ်တာ တစ်သိန်းငှားရမယ်။”
“ငါတို့တွေက လယ်ဟတ်တာ ငါးသောင်းရူမယ်လို့ မင်းကို ကတိပေးထားတယ်။ တကယ်လို့ ငါတို့လုပ်နိုင်မယ်ဆိုရင် ငါတို့တွေ မြေများများယူတာပေါ့။ ငါတို့ လယ်သမား တစ်ယောက်က အများဆုံး ဟတ်တာ ၁၀၀ပဲ ကြည့်နိုင်တယ်။ သူတို့တွေက အဲတာထက် ပိုမကြည့်နိုင်ဘူး။ လယ်သမား ၅၀၀ရဖို့ဆိုတာကလည်း မလွယ်ဘူး။ ငါတို့တွေက ပတ်ဝန်းကျင် ဒေသတွေက လယ်သမားတွေကို စုဆောင်းရဦးမှာ။ မင်းတို့ရဲ့ မြေတွေကို မငှားချင်တဲ့အတွက် အကြောင်းပြချက် ရှိမှာ မဟုတ်ဘူး။ အဲ့အချိန်ကျ အဲ ဟတ်တာ တစ်သိန်းကလည်း လောက်ချင်မှာ လောက်တော့မှာ။”
အီဘာနော့နှင့် သူ့အသင်းက မြို့တော်ပြောသည်မှာ အဓိပ္ပာယ်ရှိကြောင်း ခံစားမိသည်။ ထို့နောက် အရာအားလုံး အတည်ကျပြီး ဖြစ်သည်။ သူတို့သည် ထိုသဘောတူညီမှုကို မြန်နိုင်သမျှမြန်မြန် လုပ်ရမည်ပင်။ သူတို့အနေဖြင့် ထိုစာချုပ်ကို ဩစတြေးလျနှင့် မထိုးခင် စာချုပ် ချုပ်နိုင်ရမည် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် မြို့တော်ဝန်က နောက်တစ်ချက်ကို ထပ်ထည့်လိုက်သည်။
“ချေးငွေ။ ကျွန်တော်တို့ လယ်သမားတွေ အနေနဲ့လည်း ရုရှားကနေ ငွေချေးဖို့အတွက် စိတ်ဝင်စားမယ်လို့ ထင်တယ်။ တကယ်သမား တစ်ယောက်အတွက်ကို ဟတ်တာ ၅၀မှ ၁၀၀ထိထည့်ဝင်နိုင်မယ်ဆိုရင် အဲ့အချက်ကလည်း ဖြစ်သင့်တယ်။ ဘင်းမြို့တော်အစိုးရက အဲလယ်သမားတွေကိုကူမယ်ဆိုရင် ငါတို့အနေနဲ့ ကုန်ကျစရိတ်ကိုတော့ ကူညီနိုင်မှာတော့ မဟတ်ဘူး။ သူတို့တွေက စိုက်ပျိုးရေး ပစ္စည်းတွေ မျိုးစေ့တွေ၊ ဓာတ်မြေဩဇာတွေလိုသေးတယ်။ သူတို့တွေက နေထိုင်စရိတ် ရှိသေးတယ်။ ဒါတွေအကုန်လုံးက ငွေပဲလေ။
“ကျွန်တော်တို့အနေနဲ့ ချေးငွေ သုညရာခိုင်နှုန်းနဲ့ ချေးဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ အတိုးနှုန်း နဲနဲနဲ့တော့ ချေးပေးလို့ ရပါတယ်။ အတိုးနှုန်းက ရုရှားအစိုးရနဲ့ အတူတူဖြစ်ပါလိမ့်မယ်။”
“အစိုးရက ချမှတ်ထားတဲ့ တူညီတဲ့ အတိုးနှုန်းနဲ့ပေါ။”
မြို့တော်ဝန်က မှတ်ချက် ပြုလိုက်သည်။
“အဲတာဆိုရင် ဒီကိစ္စအတွက် ပြဿနာ မရှိတော့ဘူး။ ဒါဆိုရင် ကျွန်တော်တို့ သဘောတူညီမှုနားကို ရောက်ပြီလား။”
“အဲလိုတော့ ပြောလို့ရတယ်။ ငါတို့ နေ့လည်ခင်းမှာ အသေးစိတ် ဆွေးနွေးမှုကို အဆုံးသတ်တာပေါ့။ ပြီးတော့ လက်မှတ်ထိုးကြမယ်။ ငါတို့တွေ မင်းတို့နဲ့ အတူ အလုပ်တွဲလုပ်ဖို့ မျှော်လင့်ပါတယ်။"
မြို့တော်ဝန်က ရယ်လိုက်ကာ သူ့လက်များကို ဆန့််လိုက်၏။
“ကျွန်တော်တို့လည်း အလုပ်တွဲလုပ်ရဖို့ မျှော်လင့်ပါတယ်။”
အီဘာနော့က မြို့တော်ဝန်ကို လက်ဆွဲ နှုတ်ဆက်လိုက်၏။