လူကြီးရှု ကျွန်တော် ခင်ဗျားကို စိတ်ပျက်မိတယ်
Vol. 26 Ch. 385
စာချုပ်ချုပ်ဆိုတော့မည် ဖြစ်သည့်အတွက် အီဘာနော့က ဘာသာပြန်ရွှယ်ကို နောက်ထပ် အမေရိကန်ဒေါ်လာ နှစ်သောင်း ပေးလိုက်တော့သည်။ အမေရိကန်ဒေါ်လာ နှစ်သောင်း၏ တစ်ဝက်သည့် သူ့အစ်ကို ဩစတြေးလျများကို အချိန်ဆွဲထားသည့်အတွက် ဖြစ်သည်။
ထိုနေ့ နေ့လည်ခင်းတွင် နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်များကို အပြီးသတ်လိုက်ကြသည်။ ဆွေးနွေးပွဲသည် မနက်ကအတိုင်း ချောချောမွေ့မွေ့ဖြင့် ပြီးသွားခဲ့သည်။ ယင်းက မမျှော်လင့်ထားသည့်အခြေအနေမှ ချောချောမွေ့မွေ့ဖြင့် ပြီးခဲ့ခြင်း ဖြစ်သည်။
အရင်က စကားပြောသည့်အခါက ရုရှားဖက်က အလွန်ခက်ထန်ခဲ့ပြီး ငြင်းပယ်ခဲ့ကာ ဆွေးနွေးမှု နောက်ပြန်ခဲ့သည်။ သို့သော် ယနေ့တွင်တော့ ရုရှားဖက်မှ အခြေအနေ ၅၀ရာခိုင်နှုန်းထက် ပိုပြီး လျော့ချခဲ့သည်။
ထိုသို့ ဖြစ်လာမည်ဟု မည်သူ သိမည်နည်း။ လူအများ၏ အတွေးတွင် မြို့တော်ဝန်သည် ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးပွဲ တက်ရောက်ကာ ရုရှားများနှင့် စကားပြောသည့်အတွက် အောင်မြင်ခဲ့ခြင်း ဖြစ်သည်.
လက်မှတ်ရေးထိုးပွဲတွင် ကျန်းရွေ့ချင် ပေါ်လာ၏။ သူသည် ဘင်းမြို့တော် ကိုယ်စားလှယ် ဖြစ်ကာ အီဘာနော့နှင့် လက်မှတ်ရေးထိုးရမည့်သူ ဖြစ်သည်။ သို့သော် ကျန်းရွေ့ချင်သည် ပျော်ရွှင်နေသည့်ပုံ မပေါ်ပေ။
အီဘာနော့က စိတ်ထဲတွင် ကျိတ်ရယ်မိနေ၏။ သူ့နှင့် ယှဉ်ပြိုင်သည့် ဩစတြေးလျသည် လက်တစ်ကမ်းအလိုတွင် ရှုံးနိမ့်ခြင်း ဖြစ်သည်။ ကံကောင်းချင်တော့ သူ့တွင် စပိုင် တစ်ယောက်ရှိသည်။ သူသည် ထိုသဘောတူညီမှုရရန်အတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကျော် သုံးခဲ့ရကာ နောက်ဆုံးတွင် ထိုသဘောတူညီချက် ရရှိခဲ့သည်။ ယင်းက တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းထက် ပိုပေ၏။ ရုရှားမြေသည်လည်း အပြည့်အဝ စိုက်ပျိုးနိုင်တော့မည် ဖြစ်သည်။ အရေးကြီးဆုံး အချက်ကား စက်မှုဆိုင်ရာနှင့် ပတ်သက်ပြီး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသည်လည်း ထပ်ဆောင်းငွေများ ရရှိစေမည် ဖြစ်သည်။ ရုရှားသည် အမေရိကန်ဒေါ်လာ အကျိုးအမြတ် ၁၀သန်းကျော် ရရှိခဲ့ခြင်း ဖြ်စသည်။
အမေရိကန် ဒေါ်လာ ၁၀သန်းသည် ရုရှားအတွက် ငွေပမာဏ များသည်ဟု မစဉ်းစားနိုင်သော်ငြား ဘင်းမြို့တော် အနီး ဒေသ သုံးခုတွင် စွန့်ပစ်မြေများအဖြစ် ရှိလာတော့မည် မဟုတ်ပေ။ ယင်းက အီဘာနော့အတွက် အလွန်ကြီးမားသည့် နိုင်ငံရေးအရ အောင်မြင်မှုပင် ဖြစ်သည်။ ယင်း ပူးပေါင်းဆောင်ရွက်မှုသည် တန်ကြေးအများကြီး မရှိသော်ငြား ယင်းက တရုတ်နှင့် ရုရှား၏ ဆက်ဆံရေးကို တိုးတက်စေသည်။
အီဘာနော့နှင့် သူ့အသင်း ထွက်သွားပြီးနောက် ဘင်းမြို့တော်တွင် ဂုဏ်ပြုပွဲ သေးသေးလေး ရှိသည်။ ထိုဆွေးနွေးပွဲတွင် ပါဝင်သည့် သူများကို ဩဘာပေးကာ ဆုချီးမြင့်ခြင်းပင် ဖြစ်သည်။ သို့သော် ဖုန်းယွီတော့ တက်ရောက်ခြင်း မရှိပေ။ သူက ဆုများကို စိတ်မဝင်စားပေ။ သူ့အနေဖြင့် ထိုဆွေးနွေးပွဲတွင် ပါဝင်ရသည်မှာ သူ့အနာဂတ်တွင် ရရှိမည့် အကျိုးအမြတ်များကို ရုရှားများရယူမည်ကို မမြင်လိုသည့်အတွက် ဖြစ်သည်။
ထပ်ပြောရပါက ဂုဏ်ပြပွဲသည် အစိုးရ အရာရှိများအတွက် ဖြစ်သည်။ သူသည် သူတို့နှင့် ဂုဏ်ပြုရန် စိတ်ဝင်စားခြင်း မရှိ။ သီချင်းနှင့် ဖျော်ဖြေမှုများက သူ့အတွက် အလွန် ပျင်းစရာ ကောင်းသည်။ ပြီးနောက် လှပသည့် မိန်းမပျိုလေး တစ်ဦးက အိမ်တွင် စောင့်နေပေ၏။
ညစာစားပြီးနောက် ဖုန်းယွီက လီနကို ဖတ်လိုက်ကာ ပြီးနောက် ခပ်ကြမ်းကြမ်း တခုခုကို လုပ်တော့မည့်အချိန်တွင် တစ်ယောက်ယောက် သော့ဖွင့်သည့်အသံကို ကြားလိုက်ရသည်။ ဖုန်းယွီနှင့် လီန နှစ်ယောက်လုံးကို ခပ်သွက်သွက် ဆိုဖာပေါ်တွင် မတ်မတ် ထိုင်လိုက်တော့သည်။
လီနကို တိုက်ခန်းတွင် ရှိနေသည်ကို မြင်သည့်အခါ ဖုန်းတန့်ယင်း အံ့ဩသွားတော့သည်။ သူမက ပြန်ပြီး လှည့်ထါက်မသွားခင် သူတို့ နှစ်ယောက်လုံးအား သံသယ အပြည့်ဖြင့် ကြည့်လိုက်ကာ
“ဘင်းမြို့တော်ကို ရောက်တာ ရက်ကြာနေတာကို ငါ့အိမ်ကိုလာပြီး ညစာလာမစားတာကို အံ့ဩစရာ မရှိဘူး။ ဒါဆိုတော့ တစ်ယောက်ယောက်က နင့်အတွက် ထမင်းချက်ပြုတ်ပေးနေတာပေါ့လေ။”
လီနက ရှက်သွေးဖြာသွားကာ ဖုန်းယွီကို တစ်ချက် ထိုးလိုက်ပြီး
“အစ်မမှာ သော့မရှိဘူးလို့ ရှင်ဘာလို့ မပြောခဲ့တာလဲ။"
“ငါတို့တွေက ဘင်းမြို့တော်မှာ စာသင်နေတာလေ။ ပြီးတော့ ငါ့မိဘတွေကလည်း ဒီမှာမှ မရှိတာ။ တစ်ယောက်ယောက်က တိုက်ခန်းကို ကြည့်ရဦးမယ်လေ။ ငါလည်း ဒီအချိန်ကြီးမှ ဆိုက်ဆိုက်ကြီး ရောက်ချလာမယ်လို့ ထင်မှာလဲ။ ဒါပေမဲ့ မြင်တဲ့အတိုင်း ငါ့အစ်မက မင်းကို သဘောကျတာပဲ။ ဘာ။ အရမ်းကြီး တွေးမနေနဲ့။ အခန်းထဲ သယ်သွားပေးမယ်။”
....
“မြို့တော်ဝန် ကျွန်တော် ဘေကျင်းကို သွားပြီး အထက်အရာရှိတွေကို အစီရ၍်ခံစာ တင်လိုက်ပါဦးမယ်။ ဒီသဘောတူညီချက်က စိုက်ပျိုးရေး ကုမ္ပဏီ တစ်ခုနှင့် လက်မှတ် ထိုးထားတာ ဆိုတော့ ဒီအဓိပ္ပာယ်က ဘင်းမြို့တော်သာမက လုံကျန်းပြည်နယ်မှာ ရှိတဲ့ လယ်သမားတွေလည်း လျှောက်ထားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။"
“ကောင်းပြီလေ။ ငါ ပြည်နယ်ဝန်ကို တင်လိုက်မယ်။ မင်းနဲ့အတူတူ သွားဖို့အတွက် တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ဒီ သဘောတူညီမှုက ငါတို့ဘင်းမြို့တော်တစ်ခုထဲကိုပဲ သက်ရောက်မှု ရှိတာ မဟုတ်ဘဲနဲ့ လုံကျန်းပြည်နယ် တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိတယ်။”
ဘင်းမြို့တော် မြို့တော်ဝန်သည် ပြည်နယ်ဝန်၏ လက်ထောက်လည်း ဖြစ်သည်။ ယင်း သဘောတူညီမှုသည် သူ့အတွက်လည်း နိုင်ငံရေးအရ အောင်မြင်မှုပင် ဖြစ်သည်။ သူ့သည် ရာထူးတိုးရန်အတွက် အခွင့်အရေး တိုးသွားပြီလည်း ဖြစ်သည်.
ဒေါက်ဒေါက်ဒေါက်
“မြိုတော်ဝန် ပါတီအတွင်းရေးမှူးနဲ့ လက်ထောက်မြို့တော်ဝန်ကျန်းကို သူ့ရုံးမှာ ချက်ချင်းလာတွေ့ဖို့ အကြောင်းကြားလာပါတယ်။"
မြို့တော်ဝန်၏ အတွင်းရေးမှူးက ပြောလိုက်သည်။
မြို့တော်ဝန်နှင့် ကျန်းရွေ့ချင် နှစ်ယောက်လုံးသည် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ပါတီ အတွင်းရေးမှုးအနေဖြင့် သူတို့ကို တွေ့ချင်သည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေသည်။ သူတို့သည် ပါတီအတွင်းရေးမှူးကို မနက်ခင်းက အစီရင်ခံစာ တင်ထားသည်။ အဘယ်တွက် သူတို့ကို ထပ်တွေ့ချင်ရသနည်း။
သူတို့ နှစ်ယောက်သား ပါတီအတွင်းရေးမှူး ရုံးအရောက်တွင် ရုံးထဲ၌ အခြားသူ နှစ်ယောက်ကိုလည်း တွေ့လိုက်ရသည်။ တစ်ယောက်က လက်ထောက်မြို့တော်ဝန် ရှုဖြစ်ကာ ကျန်တစ်ယောက်သည် စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်၏ အတွင်းရေးမှူး ဖြစ်သည်။ သူတို့တွေ ဤနေရာတွင် ဘာလုပ်နေကြသနည်း။
“ဘာပါ ထိုင်ပါ။ လူကြီးရှု အခု ပြောလို့ ရပါပြီ။”
ပါတီအတွင်းရေးမှူးသည်လည်း ပဟေဠိ ဖြစ်နေ၏။ လူကြီးရှုသည် သူ့ရုံးကို လာခဲ့ကာ သူ့တွင် အရေးကြီး တစ်ခုခု ပြောစရာရှိမှန်း ပြောခဲ့သည်။ သူမပြောချင် ထိုသူနှစ်ယောက်ရှိဖို့ကလည်း တောင်းဆိုခဲ့သည်။ ပါတီ အတွင်းရေးမှူးက လူကြီးရှု ဘာပြောချင်မှန်းကို မသိပေ။ သို့သော် လက်ထောက်မြို့တော်ဝန်ရှုသည် ဘင်းမြို့တော်အစိုးရကို ရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။ ပြီးနောက် ပါတီ အတွင်းရေးမှူးကလည်း သူ့စကားကို နားထောင်ဆဲ ဖြစ်သည်။
လက်ထောက်မြို့တော်ဝန် ရှုက ကျန်းရွေ့ချင်အား အထင်သေးသည့် အကြည့်ဖြင့် အေးစက်စက် ကြည့်လိုက်သည်။ မင်းလည်း မသန့်ရှင်းဘူး။ ငါ့ကို လာပြီး အပြစ်မတင်နဲ့။
“လက်ထောက်မြို့တော်ဝန် ကျန်း။ ပထမပိုင်းတုန်းက ရုရှားနဲ့ စကားပြောတဲ့အခါမှာ ဘာလို့ ခက်ခဲလဲ ဆိုတာရယ် ပြီးတဲ့နောက် မြို့တော်ဝန် ယူပြီးနောက်ပိုင်း ဘာလို့ ဆွေးနွေးပွဲက မြန်မြန်ဆန်ဆန်နဲ့ ပြီးသွားရတာလဲ။”
ကျန်းရွေ့ချင်က မြို့တော်ဝန်ကို ကြည့်ပြီး လက်ထောက်မြို့တော်ဝန် ရှုကို ကြည့်ကာ
“မြို့တော်ဝန်က ကျွန်တော်ထက် ပိုပြီး စွမ်းဆောင်နိုင်လို့ နေမယ်။”
“ဟုတ်လား။ တကယ်လို့ အဲ့တာသာ အမှန်ဖြစ်ခဲ့ရင် အထူးမြို့တော်ဝန် တစ်ယောက်အနေနဲ့ မင်းရဲ့ စွမ်းဆောင်မှုက မြို့တော်ဝန်နဲ့ အရမ်းကြီး မကွာဝေးသင့်ဘူးလေ။ လူတိုင်းရဲ့ နောက်ကွယ်မှာ တခုခု သေချာပေါက် ရှိနေရမယ်။”
လက်ထောက်မြို့တော်ဝန်ရှုက ပြောလိုက်သည်။ သူ့အနေဖြင့် ကျန်းရွေ့ချင်သည် မြို့တော်ဝန်ထက် တော်ကြောင်း မပြောနိုင်ပေ။ ယင်းက မြို့တော်ဝန်ကို စိတ်ဆိုးစေနိုင်၏။
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့လိုက်ကာ
“လက်ထောက်မြို့တော်ဝန်ရှု ဘာကိုပြောချင်တာလဲ။”
“မင်းနားမလည်ဘူးလား။ ကောင်းပြီလေ။ မင်းက ဝန်ခံဖို့ကို ငြင်းဆိုမှတော့ ငါလည်း ဒီမှာ ရှိတဲ့ လူတိုင်းကို သိအောင် ပြောရတော့မှာပေါ့။ ငါမင်းကို မေးမယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာသာပြန်ရွှယ် လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိတ်တစ်အိတ်နဲ့ လာခဲ့တယ်မလား။”
“ဟုတ်တယ် လာခဲ့တယ်။”
“သူ့အဲ့အိမ်က မင်းရဲ့ ရုံးထဲမှာ ထားသွားခဲ့တယ်မလား။ အဲ့အိတ်ထဲမှာ ပိုက်ဆံတွေကောပါလား။”
လက်ထောက်မြို့တော်ဝန်ရှုက အေးစက်စွာ ပြုံးလိုက်သည်။
“ဟုတ်တယ်။ ဒီအိတ်မှာ ငွေပါတယ်။ ဘာမှားလို့လဲ။"
လက်ထောက်မြို့တော်ဝန်ရှု၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင် ပေါ်ထွက်လာခဲ့ကာ အလေးအနက်ဖြင့် ပြောလိုက်၏။
“ဘာမှားလို့လဲလား။ မင်းက လာဘ်ယူနေတာပဲ။ ငါတို့ နိုင်ငံရဲ့ ဥပဒေက ဒါကို တရားမဝင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြထားပြီးပြီ။ မင်းက တရားဥပဒေကို ချိုးဖောက်တာပဲ။ မင်းက ဘင်းမြို့တော်ရဲ့ အထူးမြို့တော်ဝန် ဖြစ်ဖို့တောင် မတန်ဘူး။”
လက်ထောက်မြို့တော်ဝန်ရှုသည် ပါတီအတွင်းရေးမှူးနှင့် မြို့တော်ဝန်တို့ ဒေါသတကြီးဖြင့် စားပွဲကို လက်ဖြင့် ပုတ်လိုက်မည်ကို စောင့်နေ၏။ ပြီးနောက် စည်းကမ်းထိန်းသိမ်းရေး၏ အတွင်းရေးမှူးကလည်း ကျန်းရွေ့ချင်၏ တာဝန်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြောမည်ကို စောင့်နေ၏။
သို့သော် ၃၀စက္ကန့်ကြာပြီးနောက် ရုံးခန်းက ငြိမ်သက်နေသေးဆဲ ဖြစ်သည်။
ဘာဖြစ်တာလဲ။ ဘာလို့ ပါတီအတွင်းရေးမှူးနဲ့ မြို့တော်ဝန်က စိတ်မဆိုးရတာလဲ။ ဒါက အကျင့်ပျက်ခြစားမှုလေ။ ပြီးတော့ ကျန်းရွေ့ချင်ကလည်း ဝန်ခံပြီးပြီ။
တကယ်လို့ မင်းတို့တွေ အကုန်လုံးက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို အပြစ်မပေးချင်ဘူးဆိုရင် မင်းတို့အကုန်လုံးကို အထပ်ကို တိုင်လို့ရတယ်။ ငါ့အတွေ့အကြုံအရ ကျန်းရွေ့ချင်ရဲ့ အကျင့်ပျက်ခြစားမှုကြောင့် ငါ ရာထူးတိုးခံရမှာပဲ။
ခဏလေးနေပါဦး ဒီလူတွေက ငါ့ကို ဘာလို့ အရူးတစ်ယောက်လို ကြည့်နေရတာလဲ။
“လူကြီးရှု ငါတို့လည်း ဒါကို သိပြီးပါပြီ။ ပြီးတော့ ပိုက်ဆံကလည်း မြို့တော်ရဲ့ ဘဏ်အကောင့်ထဲကို ထည့်ပြီးပြီ။ ဒီငွေတွေက ရုရှားတွေက ဘင်းမြို့တော်ကို ပေးတဲ့ နေထိုင်စရိတ်တွေလေ။”
ကျန်းရွေ့ချင်သည် ထိုငွေများကို လက်ခံထားခြင်း မရှိပေ။ သူက ထိုငွေများကို မြို့တော် ဘဏ်အကောင့်ထဲကို ထည့်ခဲ့သည်။ ပါတီအတွင်းရေးမှူးနှင့် မြို့တော်ဝန်ကလည်း ထိုအကြောင်းကို သိကြပေ၏။
“မဖြစ်နိုင်တာ။ ဘယ်လိုလုပ် ဒီပိုက်ဆံတွေက သူတို့ နေထိုင်စရိတ် ဖြစ်ရမှာလဲ။”
ထိုသို့ ပြောပြီးနောက် လက်ထောက်မြို့တော်ဝန် ရှုသည် နောင်တရသွားခဲ့သည်။ သူက မြို့တော်၏ နံပါတ်တစ်ကို ပြောဆိုခြင်း ဖြစ်ကာ သူသည် ထိုကိစ္စကို ယူလာကတည်းက ကျန်းရွေ့ချင်ကို မဖြုတ်ချနိုင်ပါက သူသည် အဆုံးသတ်သွားပြီ ဖြစ်သည်။
“ပြီးနောက် နောက်ထပ် ပြဿနာ တစ်ခု ဘာလို့ ဖုန်းယွီကို ရုရှားနဲ့ လက်မှတ်ထိုးတဲ့ စိုက်ပျိုးရေးကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံခွင့် ပေးလိုက်ရတာလဲ။ ကျန်းရွေ့ချင်နဲ့ ဖုန်းယွီက ရင်းနှီးတယ်လေ။ သူတို့ နှစ်ယောက်လုံးမှာ တိတ်တဆိတ် ငွေလွဲပြောင်းမှုမျိုး မရှိဘူးလို့ ကျွန်တော်ကို မပြောနဲ့နော်။”
ဟဟဟ ကျန်းရွေ့ချင် မင်းဘယ်လို ရှင်းပြမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
မြို့တော်ဝန်က ခေါင်းခါလိုက်ကာ
“လူကြီးရှု မင်းမှကွာ အတွေ့အကြုံရှိတဲ့ အရာရှိ တစ်ယောက်အနေနဲ့ အခြားသူပြောတာကို ယုံပြီး အမှန်ကို မတွေ့ခင် ဘာလို့ စွပ်စွဲရတာလဲ။ ငါတို့တွေက ဒီစိုက်ပျိုးရေးကုမ္ပဏီအကြောင်းကို အထက်ကိုလည်း တင်ပြီးသွားပြီ သူတို့ကလည်း ခွင့်ပြုပြီးပြီ။ ပြည်နယ်ကော်မတီရဲ့ လူတိုင်းကလည်း သဘောတူတယ်။ ဒီကုမ္ပဏီကို ထူထောင်ဖို့အတွက် မြို့တော်က အများကြီး မစိုက်ထုတ်ရဘူး။ ပြီးတော့ ငါတို့က မန်နေဂျာဖုန်းရဲ့ အကူအညီလည်း လိုတယ်။ ပြီးတော့ ရုရှားမှာ စိုက်ပျိုးဖို့က မန်နေဂျာဖုန်းရဲ့ အကြံပဲ။ သူက အရင်ဆုံး ရုရှားအစိုးရကို ဆက်သွယ်ခဲ့တာ။ မင်းရဲ့ တောင်းဆိုချက်အရ ငါတို့အားလုံးကပဲ ဖုန်းယွီနဲ့ လျို့ဝှက်မှုပုံစံမျိုး ဖြစ်နေသလား။”
လက်ထောက်မြို့တော်ဝန်ရှုသည် ပြောစရာ စကားမဲ့သွားတော့သည်။ ဘာလို့ ပါတီအတွင်းရေးမှူးနဲ့ မြို့တော်ဝန်က ဖုန်းယွီဖက်မှာ ရှိနေတာလဲ။ ဖုန်းယွီမှာ ဘာကောင်းတာ ရှိလို့လဲ။
ပါတီအတွင်းရေးမှူးက လက်ထောက်မြို့တော်ဝန်ရှုကို ကြည့်ကာ
“မင်းက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မကောင်းကြောင်းကို တွေးနေတာ။ မင်းအလုပ်ကို အာရုံစိုက်ပြီးတော့ ရာထူးတိုးဖို့အတွက် လုပ်သင့်တယ်။ ငါအခု မင်းရဲ့ လက်ရှိနေရာနဲ့ မင်းနဲ့ မထိုက်တန်ဘူးလို့တောင် တွေးမိတယ်။ လူကြီးရှု ငါမင်းကို တကယ်ပဲ စိတ်ပျက်မိတယ်။"
လက်ထောက်မြို့တော်ဝန်ရှု ထိုစကားကို ကြားသည့်အခါ သူ့ခြေထောက်များ ပျော့ခွေသွားသည်။ မြို့တော်၏ ထိပ်ပိုင်းခေါင်းဆောင် သူ့အလုပ်နှင့် အစိုးရအရာရှိ ဖြစ်မှုသည်လည်း အဆုံးသတ်တော့မည်ပင်။......
အံ့မခန်းပါရမီရှင် Book 3 (286-385)ထိ ပြီးပါပြီ။
ဝက်ဝံကို မလိမ့်တပက် ရောင်းပြီး သူ့ဉာဏ်နဲ့ အသိပညာတွေ ပေါင်းစပ်ပြီးတော့ ချမ်းသာလာတဲ့ ဖုန်းယွီ ဒီဂရုမှာတော့ အစိုးရကပါ သူ့ကို အားကိုးရလောက်တဲ့အထိ အခြေအနေက ရောက်လာပါပြီ။ နောက်ဂရုတွေကျ ဘာအကြောင်းတွေ လာမလဲ။ အခုလက်ရှိ အစပျိုးထားတာအရတော့ ဗွီစီဒီခွေ ရယ်... ပြီးတော့ ဘက်ထရီ...တွေရှိပါတယ်။
အရင်က အပိုင်းတွေကို ပြန်ကြည့်ရအောင်။
ဖုန်းတန့်ယင်း ကလေးမွေးပြီးတာ ၂နှစ်ပြည့်တော့မှာပါ။ အရင်က သူ့အစ်မအတွက် ဆေးရုံ ဆောက်ဖို့ ပြောတာက ဆောက်ဖြစ်မလား။
ဖုန်းယွီရဲ့ ဗွီစီဒီက ဘယ်လောက် အလုပ်ဖြစ်မလဲ ပြီးတော့ ဟူကောတို့ မာစတာလူတို့နဲ့ ဆက်ဆံရေးက ဘယ်လိုတွေ အခက်အခဲ တွေ့နိုင်မလဲ။
စုန့်ဂိုဏ်းသားတွေ ပြန်ပေါ်လာမလား။
စီစီတီဗွီမှာ ပွဲထပ်ကျင်းပမလား။
ရုရှားနဲ့ စီးပွားရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာက Book 4 မှာ ဆက်ဖတ်ရမဲ့ အကြောင်းတွေပါ။