← Chapters

ဆေးရုံထောင်ဖို့က ခက်ခဲတယ်

Vol. 26 Ch. 386

ဆေးရုံထောင်ဖို့က ခက်ခဲတယ်

Vol. 26 Ch. 386

နောက်တစ်နေ့တွင် လီနသည် သူ့ဒေသကို တစ်ယောက်တည်း ပြန်သွား၏။ သူမက ဖုန်းယွီ ပြန်ပို့မည်ကို ငြင်းခဲ့သည်။​ဖုန်းယွီသည်လည်း စိတ်တိုနေ၏။ သူ့အစ်မက သူ့၏ ကာမပျော်ရွှင်မှု ဘဝကို ဖျက်ဆီးပစ်ခဲ့သည့် အတွက် ဖြစ်၏။

“အို ဒီနေ့တော့ ငါ့အိမ်ကိုလာပြီး ထမင်းလာစားတာပါလား။ တစ်ယောက်ယောက်က နင့်အတွက် ချက်ပေးနေတယ် ထင်နေတာ။”

ဖုန်းတန့်ယန်းသည် သူမ မီးဖိုချောင်ရှိ အသုံးအဆောင်ပစ္စည်းကို မကိုင်မီ ဖုန်းယွီကို တချက် စိုက်ကြည့်လိုက်၏။​

“အစ်မ ဒီအကြောင်းကို အဖေနဲ့ အမေကို လျို့ဝှက်ပေးထားလို့ ရမလား။”

“နင်က တကယ်ကောင်ဆိုးပဲ။ နင်အသက်ဘယ်လောက်ရှိသေးလို့ မိန်းကလေး တစ်ယောက်ကို အိမ်ခေါ်လာရဲတာလဲ။ သူ ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။ နင်ကော စာဆက်သင်နိုင်မှာ မို့လို့လား။”

“အဲတာဆိုရင်လည်း ကျောင်းမတက်တော့ဘူးလေ။ ကျွန်တော်ဆိုလိုချင်တာက ကျောင်းကို တစ်နှစ် နားလိုက်မယ်။ ပြီးမှ​ကျောင်းပြန်တက်မယ်။”

ဖုန်းယွီက သူ့အစ်မ မျက်နှာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါကို စကားကို မြန်မြန် ပြန်ပြောလိုက်ရသည်။​

“နင် သူမကို ကောင်းကောင်း ဂရုစိုက်ဆက်ဆံတယ်။​တကယ်လို့ ငါသာ သူ့ကို နင်သစ္စာဖောက်တယ်ဆိုတာ သိလို့ကတော့။ အဖေကို နင့်ခြေထောက်တွေကို ရိုက်ချိုးခိုင်းမှာ။”

ဖုန်းယွီက သိမ့်ခနဲ တုန်သွားသည်။​မည်သူမှ မော်စကိုတွင် ဖြစ်ခဲ့သည့် ကိစ္စကို သိသည် မဟုတ်ချေ။

“အစ်မ ယောက်ဖကော။​ ဘာလို့ သူ နေ့လည်စာ လာမစားတာလဲ။”

ဖုန်းယွီက ပဟေဠိ ဖြစ်သွားသည်။​သူ့ယောက်ဖသည် သူသူ့အလုပ်တာဝန်များအားလုံးကို သူ့လက်အောက်ငယ်သားများအား ခွဲဝေပြီး ဖြစ်ရာ သူ့အနေဖြင့် အဘယ်တွက် အလုပ်များနေရသနည်း။​

“နင့်ယောက်ဖက ခေါင်းဆောင်တွေကို နေ့လည်စာစားဖို့ ဖိတ်နေတာ။​ သူ ဆေးရုံ တည်ဆောက်ဖို့အတွက် ခေါင်းဆောင်တွေကို ပြောပြီး ခွင့်ပြုမိန့်တောင်းဖို့ လိုသေးတယ်။”

“အဆင့်မြင့် အရာရှိတွေက ဆေးရုံဆောက်ဖို့ ခွင့်မပြုသေးတာလား။”

ဖုန်းယွီက အံ့အားသင့်သွားသည်။​ သူ့ယောက်ဖသည် သူ့ကို လွန်ခဲ့သည့် နှစ်အမျိုးသားနေ့ မတိုင်ခင်ကတည်းက ဆေးရုံဆောက်ရန်အတွက် ငွေကြေးလုံလောက်ပြီ ဖြစ်ကြောင်း ပြောခဲ့သည်။​ ၃လာကြာပြီ​ဖြစ်သည်။ ခွင့်ပြုမိန့် မပေးသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ဖုန်းတန့်ယင်းက မျက်မှောင်ကျုံ့ကာ

“ဆေးရုံထူထောင်ဖို့ဆိုတာက အရမ်းခက်တယ််။​ငါတို့တွေက ဌာနပေါင်းစုံကနေ ခွင့်ပြုမိန့် ယူရသေးတယ်။ ငါတို့တွေက သူတို့ဆီ တစ်ယောက်ပြီး တစ်ယောက်သွားရသေးတယ်။ နင့်ယောက်ဖကတော့ ဆေးရုံဆောက်ဖို့ကို လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက အရမ်းအလုပ်ရှုပ်နေတာ။ သူ့လော်ဂျစ်စတစ် စီးပွါးရေးလုပ်ငန်းကို ချဲ့ထွင်ဖို့ကိုတောင် လက်လွှတ်ခဲ့ရတယ်။”

ဖုန်းယွီက မျက်မှောင်ကျုံ့လိုက်ကာ

“ဘာလို့ အစ်မတို့ နှစ်ယောက်လုံးက ကျွန်တော်ကို ဒီအကြောင်း မပြောရတာလဲ။ ကျွန်တော် ကူညီနိုင်တယ်။ အခု သူဘယ်ဌာနမှာ ခြေချုပ်မိနေတာလဲ။”

ဖုန်းယွီသည် မြို့တော် အစိုးရကို ကောင်းကောင်း ကူညီပေးခဲ့သည်။​ သူသာ ကျန်းရွေ့ချင်ကို ပြောပါက ဆေးရုံတည်ထောင်ခွင့် ခွင့်ပြုမိိန့်တောင်းရာတွင် ပြဿနာ ရှိမည် မဟုတ်တော့ပေ။

နေ့လည်စာစားပြီးနောက် ဖုန်းယွီသည် သူ့တူလေးကို ပွေ့ကာ သူနှင့် ကစား၏။ ထိုစဉ် သူ့အစ်မက မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေ၏။

“ဦးလေးလို့ ခေါ်ပါဦး။ ဦးလေး… ဦးလေးမင်းအတွက် ချိုချဉ်နဲ့ ချော့ကလက် ဝယ်ပေးမယ်။”

ဖုန်းယွီ၏ တူလေးသည် ယခုအခါ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ သူ့တူက ဖုန်းယွီကို မျက်လုံးအဝိုင်းသားဖြင့် တခစ်ခစ်ရယ်ကာ ကြည့်နေ၏။ ပြီးနောက် ဗူး…မှုတ်ဆော့၏ ဖုန်းယွီ၏ မျက်နှာ သူ့တူ၏ တံတွေးများဖြင့် ပေသွားတော့သည်။​

ဖုန်းယွီသည် သူ့တူကို သူ့ခေါင်းပေါ်ကို တင်လိုက်ကာ သူ့တူကို သူ့ပခုံးပေါ်တွင် ထိုင်စေ၏။ သူက အိမ်ကို ပတ်နေ၏။​

အ… ဒီတူလေးက ဘာလို့ ဦးလေးရဲ့ လည်ပင်းကို သေးနဲ့ ပန်းရတာလဲ။​

ဖုန်းယွီသည် သူ့တူ စောစောက ရယ်က သူပျော်ရွှင်ခဲ့သည်။​သို့သော် ယခုတွင်တော့ သူ့အတွေးတွင် သူ့တူက သူ့ကို ကြည့်ကာ ရယ်နေသည်ဟု ခံစားနေရ၏။

……

ဖုန်းယွီသည် သူ့တူကို သူ့အစ်မဆီ ပြန်ပေးကာ ကိုယ်လက်သန့်စင်ရန် အိမ်ကို ပြန်သွားခဲ့၏။ သူသည် ရေချိုးခန်းမှ ထွက်လိုက်သည့် အချိန် တစ်ယောက်ယောက်က သူ့တံခါး လာခေါက်သည်ကို ကြားလိုက်ရ၏။

“ယောက်ဖ ပြန်လာပြီလား။..အာ… ဘယ်လောက်တောင် သောက်လာရတာလဲ။ ခဏလေး အစ်မက အမူးပြေဟင်းချို ချက်ပေးနေတယ်။ သွားယူလိုက်မယ်​ဒီမှာနေ။”

ဖုန်းယွီက သူ့ယောက်ဖကို ဆိုဖာပေါ်ရောက်အောင် ကူညီပေးပြီး သူ့အစ်မ အခန်းကို သွားကာ ဟင်းရည် တစ်ခွက်ကို ယူလာ၏။

“ဟူး… ဘာလို့ အရာရာတိုင်းက အရမ်းခက်ခဲရတာလဲ။”

“ယောက်ဖ ဆေးရုံ ခွင့်ပြုမိန့်မလား။ ဒီအကြောင်းကို ကျွန်တော်ကို ပြောရမှာပေါ့။ ကျွန်တော်က မြို့တော်ဝန်ကျန်းနဲ့ ရင်းနှီးတယ်လေ။ ပြီးတော့ သူက အစ်ကိုကို ကူညီနိုင်ပါတယ်။ သူက အရင်တုန်းက ပညာရေးနှင့်ကျန်းမာရေးရဲ့ တာဝန်ခံလေ။”

လီရှစ်ချင်သည် ညှိုးငယ်ထိုင်းမှိုင်းနေ၏။​ သူ့ပုံစံသည် အတင်းသောက်လာရသည့်ပုံပေါ်၏။

ချီး ဘင်းမြို့တော်မှ ငါ့ယောက်ဖကိုတောင် လာရှုပ်ရဲတဲ့သူ ရှိသေးတာလား။ ဘယ်သူလဲဆိုတာကို ရှာပြီး ဒီလူကို သင်ခန်းစာ ကောင်းကောင်းပေးရမယ်။​

လီရှစ်ချင်က သူ့လက်ကို ယမ်းလိုက်၏​။​

“မဟုတ်ဘူး။ ပေါ်လစီနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခု ရှိနေတယ်။ ငါတို့တွေ ဆေးရုံထောင်မယ်ဆိုရင် ငါတို့တွေ ဆရာဝန် ဌားမှ ရမှာ။ ဆေးရုံအုပ်ကလည်း အရည်အချင်းသတ်မှတ်ချက်နဲ့ အတွေ့အကြုံရှိရမယ်။ ဒါတင်မကသေးဘူး ငါတို့တွေက ဌာနပေါင်းစုံကလည်း ခွင့်ပြုမိန့်ယူရဦးမယ်။ ပြီးတော့ ဌာန တစ်ခုတောင် လွတ်လို့ မရဘူး။”

“ငါလည်း ဆရာဝန်တွေနဲ့ တွေ့ခဲ့သေးတယ်။​တခြားဆေးရုံတွေထက်ကို လစာများများနဲ့ကမ်းလှမ်းတယ်။ ဒါပေမဲ့ သူတို့တွေက ငါတို့တွေဆီလာဖို့ကို ငြင်းတယ်။ သူတို့တွေအကုန်လုံးက အစိုးရဆေးရုံမှာလုပ်ကြတာ။ငါတို့ ဆေးရုံက ပုဂ္ဂလိက ဆေးရုံ။ ဒီဒေါက်တာတွေက ငါတို့နဲ့ လာပူးပေါင်းမယ်ဆိုရင် သူတို့ရဲ့ ထမင်းအိုးရှိတော့မှာမဟုတ်ဘူး။ ဒီနေ့တော့ငါ အငယ်တန်း ဆရာဝန် နှစ်ယောက်ကိုပဲ ခေါ်ခဲ့တယ်။ ငါက ကျန်းမာရေးဌာနကို သွားပြီး မျက်စိမှိတ် လက်ခံဖို့ပဲ မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ သူတို့က ငြင်းလိုက်တယ်။”

လီရှစ်ချင်သည် သူကြုံတွေ့နေရသည့် အခက်အခဲများအား ဖုန်းယွီကို ဖောက်သည် ချလိုက်တော့၏။ ပြီးနောက် ဖုန်းယွီသည် လီရှစ်ချင်ကို ခက်ခဲအောင် လုပ်နေသည်မှာ လူမဟုတ် ကြောင်း နားလည်သွားခဲ့သည်။​ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ပြဿနာ ရှိနေခြင်းပင်။

ဖုန်းယွီသည်လည်း ထိုကဲ့သို့သော ပြင်းထန်သည့် လုပ်ငန်းစဉ်ကို နားလည် သဘောပေါက်သည်။​အစိုးရက လူများကို ဆေရုံထောင်ချင်တိုင်း ထောင်ခွင့် ပေးမည် မဟုတ်ပေ။ ပြီးနောက် လူသားများ၏ အသက်က အဖိုးတန်ပေ၏။

ဆရာဝန်များကို မခေါ်ယူနိုင်ခြင်းက တကယ်ပြဿနာပင် ဖြစ်သည်။​ထိုခေတ်က လူများက လူမှုဖူလှုံရေးအတွက် အကျိုးအမြတ်များ ရရှိနိုင်ပေသည်။​

ထိုဆေးရုံတွင် ဆရာဝန်များက အစိုးရများထံမှ လစာရကြသည်။ ဆေးရုံသည် ဘယ်တော့မျှ ပိတ်မည် မဟုတ်ပေ။ ပြီးနောက် ဆေးရုံသည် အခြားသော ဌာနများကဲ့သို့ ထောက်ပံ့ကြေးများလည်း ရရှိပေ၏။

“အကယ်၍ ဆရာဝန်များသာ ပုဂ္ဂလိက ဆေးရုံများတွင် အလုပ်လုပ်ပါက သူတို့ သည် မြင့်မားသည့် လစာကို ရပေလိမ့်မယ်။ သို့သော် သူတို့သည် အခြားသော ဆုကြေးများ ဖြစ်သည့် တိုက်ခန်း လက်ထပ်သည့်အခါ အိမ်နှင့် ပင်စင်လစာများအား ခံစားခွင့် ရှိမည် မဟုတ်ပေ။​

လီရှစ်ချင် ဆေးရုံတွင် အလုပ်လုပ်မည့် ဆရာဝန် နှစ်ယောက်သည် သူတို့ထံတွင် ကိုယ်ပိုင်အိမ် ရှိပြီးသားအတွက် ဖြစ်သည်။​သူတို့အနေဖြင့် နောက်နှစ်နှစ်အတွင်းငွေများ ပိုရှာနိုင်ပေ၏။ သူတို့ မိသားစုသည်လည်း အဆက်အသွယ်ရှိသည်။ အကယ်၍ သူတို့သည် အလုပ်ထွက်လျှင်တောင် သူတို့ မိသားစုများက သူတို့အတွက် အလုပ်များ ရှာပေးနိုင်၏။​

ဖုန်းယွီက အံကြိတ်လိုက်သည်။​ သူသည်လည်း ယင်းပြဿနာသည် ဖြေရှင်းရန် ခက်ခဲမှန်း သတိပြုမိလိုက်သည်။​

အနားယူပင်စင်သည် ပြုလုပ်ရန် လွယ်ကူပေသည်။​ လေနှင့်မိုး လော်ဂျစ်စတစ်ဖြင့် ဆိုလျှင်တောင် သူ့အစ်ကိုအနေဖြင့် ဆရာဝန်များအား ပင်စင်အတွက် ကတိပေးနိုင်ပေသည်။ ဆရာဝန်များသည်လည်း သူ့ယောက်ဖအား ယုံကြည်ရမည် ဖြစ်သည်။ ပြီနောက် သူတို့သည် အလုပ်သမား စာချုပ်ကို ချုပ်ဆိုနိုင်ပေသည်။​

သို့သော် ဆရာဝန်များအတွက် အိမ်နေရာပေးဖို့ကား ခက်ခဲပေသည်။ အစိုးရများအနေဖြင့် ဆေးရုံ တည်ဆောက်လျှင် ဘာမှ မကုန်သော်ငြား ဖုန်းယွီသည် မြေဝယ်ပြီး အိမ်ဆောက်ပါက ယင်းက အလွန်ကုန်ကျပေလိမ့်မည်။ အကယ်၍ အိမ်သို့မဟုတ် တိုက်ခန်းကို ဆရာဝန်များကို မထောက်ပံ့နိုင်ပါက သူတို့ ဆေးရုံကို လာအလုပ်လုပ်ရန် လစာမြင့်မြင့် ကမ်းလှမ်းသော်လည်း လာရောက်လုပ်ကိုင်မည် မဟုတ်ချေ။

အရည်အချင်းရှိသည့် ဆရာဝန်များ မရှိဘဲ လီရှစ်ချင်အနေဖြင့် ဆေးရုံထောင်ဖို့ကား မဖြစ်နိုင်ပေ။

ဆရာဝန် ခေါ်ယူခြင်းကပင် ဖုန်းယွီအတွက် ခေါင်းကိုက်ဆရာ ဖြစ်သည်။​ သူက အစိုးရ ဆေးရုံရှိ ဆရာဝန်များအား လစာမြင့်မြင့်သာ ကမ်းလှမ်းနိုင်ပေသည်။ သို့သော် အချို့သော် အရည်အချင်းရှိသည့် ဆရာဝန်များသည် ဆေးရုံတွင် ခေါင်းဆောင်များဖြစ်ကြသည်။​သူတို့ကား ပုဂ္ဂလိက ဆေးရုံတွင် အလုပ်လုပ်ချင်မည်လော။ သူတို့ကို ရာထူးမြင့်မြင့် ကမ်းလှမ်းလျှင်တောင် သူတို့သည် အဆုံးသတ်နေရာဟု ခံစားရပေလိမ့်မည်။ ထိုအစိုးရ ဆေးရုံရှိ ခေါင်းဆောင်များကို အစိုးရက အိမ်နှင့် ကားများတောင် ထောက်ပံပေးသည်။​

သို့သော် မည်သို့ပင် ဖြစ်စေ ဖုန်းယွီ သူတို့ကို စည်းရုံးနိုင်ရမည် ဖြစ်သည်။​

“အစ်ကိုလီ အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထား။ ဒီအကြောင်းကို အရင် ဆွေးနွေးကြမယ်။ အခုလက်ရှိမှာဆေးရုံကို ဘယ်လောက် ရင်းနှီးမြှပ်နှံမလဲ။ ပြီးတော့ တစ်နှစ် ဘယ်လောက်ရမယ် မှန်းထားလဲ။”

လီရှစ်ချင်က လက်ဝှေ့လိုက်ကာ

“ငါ ယွမ် ၁၀သန်းရင်းနှီးမြှပ်နှံမယ်။ ဒါက လုံလောက်တဲ့ ပမာဏပဲ။ ဒီဆေးရုံကနေ ပိုက်ဆံရှာမယ်လို့ ငါမတွေးခဲ့ဖူးဘူး။ ငါဒီဆေးရုံဲ မရှုံးဖို့ပဲ ဆုတောင်းတယ်။”

ဖုန်းယွီက သူ့မေးကို ပွတ်လိုက်သည်။​အကယ်၍ သူ့ယောက်ဖသာ လိုအပ်ချက်ရှိပါက ယင်းက လွယ်ပေလိမ့်မည်။ ငါ တစ်ခုခု မေ့နေသလိုပဲ။ ဆေးရုံကို ခွင့်ပြုမိန့် ရနိုင်မဲ့ အမြန်နည်းလမ်းရှိတယ်။

All Chapters