← Chapters

လက်မှတ်ထိုးတောင်းဆိုခြင်း

Vol. 26 Ch. 390

လက်မှတ်ထိုးတောင်းဆိုခြင်း

Vol. 26 Ch. 390

ဖုန်းယွီသည် ဆေးရုံ ပြန်လည် ဖွဲ့စည်းခြင်းမှ ရရှိမည့် အကျိုးကျေးဇူးများကို ပြောပြီးသည့်တိုင်အောင် ကျန်းရွေ့ချင်သည် သူ့အား ကူညီမည်ဟု သဘောမတူရသေးပေ။ မင်းအနေနဲ့ ဒါက စည်းမျဉ်းစည်းကမ်းတွေနဲ့ မဆန့်ကျင်ဘူးဆိုရင် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုကိုသွားပြီး မင်းကိုယ်တိုင် ခွင့်ပြုချက် သွားတောင်းလေ။ ငါက ဒီအပိုင်းနဲ့ ပတ်သက်ပြီး အကျွမ်းတဝင် မရှိဘူး။

ယင်းဌာနများတွင် အတည်ပြုချက် ရယူရန်အတွက် အဆင့်ဆင့် လုပ်ဆောင်ရသည်မျိုး ရှိတယ်။ တကယ်လို့ မင်းရဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ အကုန် ရှိမယ်ဆိုရင် ခွင့်ပြုမိန့်ရဖို့က ဘာမှ အကြောင်းပြချက် မရှိဘူး။ တကယ်လို့ မင်းရဲ့ စာရွက်စာတမ်း ဒါမှမဟုတ် လုပ်ငန်းစဉ်မှာ ပြဿနာ ဖြစ်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း အတည်ပြုချက်ကို စောင့်မှရမယ်။ ငါ့ကို လာပြီး မကပ်နဲ့တော။

ကျန်းရွေ့ချင်၏ ဖုန်းယွီ၏ နားလည်မှုအပေါ် အခြေခံ၌ါက ဖုန်းယွီအနေဖြင့် ထို ဆေးပညာပိုင်းဆိုင်ရာ စမ်းသပ်ပစ္စည်းများအား ဝယ်ယူရမည် ဖြစ်သည်။ အဆိုးဆုံးအနေဖြင့် ခွင့်ပြုချက် မရလျှင်တောင် ဖုန်းယွီအနေဖြင့် ဆေးရုံတွင် ထိုစက်ပစ္စည်းများအား တပ်ဆင်နိုင်မည် ဖြစ်သည်။ ထိုသို့ ဖြစ်ပါက မြို့တော်အနေဖြင့် တိတ်တဆိတ်လုပ်ဆောင်ကာ တချိန်ထဲတွင် လက်ရှိ ကျသင့်ငွေများကိုလည်း ကောက်ခံနိုင်မည် ဖြစ်သည်။

ဖုန်းယွီက ကျန်းရွေ့ချင်ကို ကြည့်လိုက်ကာ ရှက်ရှက်ဖြင့် ပြုံးလျက်

“ခေါင်းဆောင် ကိစ္စတခုခု ဆန့်ကျင်တဲ့ ကိစ္စမျိုးတွေ ပေါ်လာရင် ကျွန်တော်ကို အပြစ်မတင်နဲ့နော်။”

ကျန်းရွေ့ချင်သည် မျက်ခုံးတွန့်သွား သကဲ့သို့ ခံစားလိုက်ရသည်။

“ငါမင်းကို သတိပေးထားပြီးပြီနော်။ မဟုတ်တာ ဘာမှ မလုပ်နဲ့။ မဟုတ်ရင် မင်းရဲ့ ဆေးရုံက စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည့်စုံတယ်ဆိုရင်တောင် ငါက မင်းကို ခွင့်ပြုမိန့်ကို ထုတ်ပေးမှာ မဟုတ်ဘူး။”

ဖုန်းယွီသည် လှည့်ထွက်သွားသည်။ သူ့တွင် လျို့ဝှက် အကြံအစည် တစ်ခု ရှိသေးသည်ပင်။ အကယ်၍ သူသည် ထိုအကြံအစည်ကို သုံးပါက ယင်းက အစိုးရများအပေါ် အကျိုး တက်ရောက်မှု ရှိသွားမည် ဖြစ်သည်။

...

“မန်နေဂျာဖုန်း ဘာပြောလိုက်တာလဲ။ ကျွန်တော်တို့ရဲ့ အလုပ်သမားဆေးရုံကို ပြန်လည် ဖွဲ့စည်းမှာလား။ ဘယ်လိုမျိုး ဖွဲ့စည်းမှာလဲ။”

“ရှယ်ယာစနစ်နဲ့။ ဆေးရုံကနေ ရတဲ့ငွေတွေကို ရှယ်ယာအလိုက် ပြန်ပေးသွားမှာ။ ကျွန်တော်တို့ အလုပ်သမားတွေကလည်း အရင်တုန်းကအတိုင်း လူမှုဖူလုံရေးအကျိုးကျေးဇူးတွေကို ခံစားနိုင်သေးတယ်။ သူတို့ရဲ့ အကျိုးခံစားခွင့်က ပိုတောင် ကောင်းလာမှာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြည်လည်ဖွဲ့စည်းပြီးသွားတာနဲ့ ငါတို့တွေက ဆေးရုံကို အများပြည်သူကို ဖွင့်လှစ်မှာ။ အနီးအနားမှာလည်း ရက်ကွက်တွေ ရှိတာပဲ။ ပြီးတော့ အနာဂတ်ကျ မြို့တော် ပြည်နယ်နဲ့ အနီးနားက ပြည်နယ်တွေကတောင် ငါတို့ ဆေးရုံကို လာပြီး ကုသမှု ခံယူမယ်လို့ အာမခံတယ်။”

“ဟာ... အဲတာက ဖြစ်နိုင်ပါ့မလား။ ကျွန်တော်တို့ ဆေးရုံက အရမ်းမဟောင်းသေးပေမဲ့ အခြားဆေးရုံတွေနဲ့တော့ ယှဉ်လို့ မရနိုင်တော့ဘူး။ မြို့တော်က လူတွေက ကျွန်တော်တို့ဆီ လာပြီး ကုသဖို့ဆိုတာက ပိုတောင်မှ မဖြစ်နိုင်သေး။ ပြည်နယ်တခုလုံးက ဒီကို လာပြီး ကုသမှု ခံယူမှာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

လီမင်တသည် ဆေးရုံ၏ အကြောင်းအရာများကို ကောင်းကောင်းသိသည်။ အလုပ်သမားဆေးရုံသည် သာမန် ရုပ်ကွက်သာသာ ဆေးရုံသာ ဖြစ်သည်။ ခုတင် ၃၀ခန့်သာ ရှိပြီး ထိုဆေးရုံကြီးများသည်ကား အနည်းဆုံး ခုတင်တစ်ရာ ရှိပေသည်။

“ဘာလို့လဲဆိုရင် ငါတို့မှာ ခေတ်မှီ အဆင့်မြင့်ဆုံး စက်ပစ္စည်းတွေ ရှိမှာ မို့လို့ပဲ။ အကျွမ်းကျင်ဆုံး ဆရာဝန်တွေက ငါတို့ရဲ့ ဆရာဝန်တွေပဲ။ ငါတို့ ဆေးရုံမှာ အကောင်းဆုံး ပတ်ဝန်းကျင်နဲ့ သူနာပြုတွေ ရှိလာလိမ့်မယ်။ ငါက မင်းကို ဆေးရုံအကြောင်းကို အပေါ်ယံပဲ ပြောာပြပေးထားတာ။ မင်းအနေနဲ့ အလုပ်သမားတွေရဲ့ တုန့်ပြန်ချက်ကို သွားမေးလို့ရတယ်။ သူတို့တွေ ပြောင်းလဲမှုကို သဘောတူလားဆိုတာကိုပါ မေးခဲ့လိုက်။”

အလုပ်သမားသမဂ္ဂက ထိုသတင်းအား အလုပ်သမား ကိုယ်စားလှယ်အား ပြောလိုက်သည့်အခါ ယင်းကိုယ်စားလှယ်သည် ထခုန်လုမတက် ပျော်ရွှင်သွားခဲ့သည်။ ဘယ်အရူးက ဒီ အဆိုပြုချက်ကို သဘောမတူဘဲနေမှာလဲ။ သူတို့ ဆေးရုံတွင် နောက်ဆုံးပေါ်နှင့် အဆင့်မြင့်ဆုံး ဆေးဖက်ဆိုင်ရာ ပစ္စည်းများ ရှိလာမည် ဖြစ်ကာ စက်ယန္တရားကုမ္ပဏီအနေဖြင့်လည်း တပြားတချက်မှ စိုက်ထုတ်ရန် မလိုအပ်ပေ။ အလုပ်သမားများ၏ နှစ်ကုန် အပိုဆုကြေးငွေအပေါ်လည်း အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။ အလုပ်သမားများ မကျန်းမာ ဖြစ်လျှင်တောင် သူတို့အနေဖြင့် အပိုငွေအချို့သာ ပေးရမည် ဖြစ်သည်။ အကယ်၍ သူတို့ ပြင်းပြင်းထန်ထန် မကျန်းမာလျှင် သူတို့အနေဖြင့် ဆေးဖိုးဝါးခ၏ ၈၀ရာခိုင်နှုန်းကို ပြန်လည် တောင်းယူနိုင်မည် ဖြစ်သည်။ ယင်းသတ်မှတ်ချက်သည် အလုပ်သမား၏ မိသားစုဝင်များနှင့် ပင်စင်ယူသည့် အလုပ်သမားများအတွက်ပါ ပါဝင်၏။ သူတို့အနေဖြင့် ဆွေးနွေးခနှင့် ဆေးဖိုး၊ ခွဲစိတ်မှုနှင့် အလွန်ဈေးများသည် ဆေးကုသဆောင်များအတွက် ပေးစရာ မလိုအပ်ပေ။

ဆေးရုံကို အများပြည်သူကို ဖွင့်လှစ်မည်လော။ ကိစ္စမရှိပေ။ မည်သို့ပင် ဖြစ်စေ နာမကျန်း ဖြစ်သည့် အလုပ်သမားများ အများအပြား မရှိပေ။ အများပြည်သူအား ဖွင့်လှစ်ခြင်းက ဆေးရုံ၏ အကျိုးအမြတ်ကို တက်လာစေသည်။ ဤနည်းက စက်ယန္တရားကုမ္ပဏီအနေဖြင့် ဆေးရုံကို ငွေများ စိုက်ထည့်ရန် မလိုအပ်ပေ။ ထိုငွေများသည် သူတို့၏ နှစ်ကုန် အပိုဆုကြေးများ ဖြစ်လာမည်ပင်။

ထိုအဆိုပြုချက်အား ငြင်းသည့်သူသည် သေချာပေါက် အရူးပင် ဖြစ်ပေမည်။

အလုပ်သမားကိုယ်စားလှယ်က ဆေးစမ်းသပ်ပစ္စည်းများ မည်သည့်နေတွင် ရောက်မည်နည်း။ မည်သည့်အချိန်မှ စပြီး ဆရာဝန်များနှင့် လူနာများ ပြသနိုင်မည်နည်း။ အရွယ်အိုမင်းသည် အလုပ်သမားအချို့သည် ထို အထူးကုများနှင့်တွေက ကုသရမည် ဖြစ်ကြောင်း ဆက်မေးတော့သည်။

သို့သော် ထိုအချိန်တွင် အလုပ်သများအားကို ယင်းက အဆိုပြုချက် တစ်ခု သာ ဖြစ်သေးပြီး အတည်မပြုရသေးကြောင်း ပြော၏။

အလုပ်သမားများက ဒေါသထွက်သွားကြသည်။ ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းက ငါတို့ကို အရူးလုပ်နေတာလား။ မင်းငါတို့ကို ပြောတာ အရမ်းကို များနေပြီ။ ပြီးတော့ အခုမှ မင်းက ဒီကိစ္စက အကောင်အထည် မဖော်ဖြစ်သေးဘူး ပြောနေတာလား။

အလုပ်သမားသမဂ္ဂမှ လူများက သူတို့အား ထိုအဆိုပြုချက်သည် သူတို့အနေဖြင့် အကောင်အထည် မဖော်လိုခြင်း မဟုတ်ကြောင်းကို ပြောခဲ့သည်။ မန်နေဂျာဖုန်း၏ ယောက်ဖသည် ငွေများ အဆင့်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း။ သို့သော် မြို့တော် အစိုးရက ထိုအဆိုပြုချက်အား ခွင့်မပြုသေးကြောင်း ပြောကြားခဲ့သည်။ ယင်းအတွက် စက်ယန္တရားကုမ္ပဏီအနေဖြင့် ဘာမှ မလုပ်နိုင်ပေ။

မြို့တော်က ခွင့်ပြုချက် မပေးသေးတာလား။ ဘာလို့ သူတို့ကို ခွင့်ပြုမိန့်ကို မပေးသေးရတာလဲ။ ငါတို့တွေက မြို့တော် အစိုးရကို ငွေတောင်းနေတာမှ မဟုတ်တာ။ စက်ယန္တရားကုမ္ပဏီဆိုတာက မြို့တော်ရဲ့ အကြီးဆုံး ကုမ္ပဏီလေ။ ပြီးတော့ အလုပ်သမားတွေကလည်း ဒီစက်ရုံမှာပဲ သူတို့ တဘဝလုံး လုပ်သွားကြတာ။ မြို့တော် အစိုးက နိုင်ငံပိုင်လုပ်ငန်းကနေ အစုရှယ်ယာနဲ့ စက်ယန္တရားကုမ္ပဏီအဖြစ် ဖွဲ့စည်းခဲ့တယ်။ အလုပ်သမားတွေက နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ အလုပ်သမားတွေကနေ ပုဂ္ဂလိက ကုမ္ပဏီရဲ့ ဝန်ထမ်းအဖြစ် ပြောင်းခဲ့ရတာ။

သူတို့တွေ အနေဖြင့် ပြည်လည်ဖွဲ့စည်းပြီးနောက် လစာများ တိုးလာခဲ့သည့်အတွက် မည်သည့် တောင်းဆိုမှုမျှ မပြုလုပ်ခဲ့ပေ။ သို့သော် အခြားသော နိုင်ငံပိုင် လုပ်ငန်းများသည် ပြန်လည် ဖွဲ့စည်းပြီးနောက် အခြေအနေ မကောင်းပေ။ မြို့တော်သည် အခွန်ငွေကြေး အများအပြားအား ထိုလုပ်ငန်းများအပေါ် သုံးခဲ့ရသည်။ စက်ယန္တရားကုမ္ပဏီ၏ ဝန်ထမ်းများသည် မြို့တော်ကို အကျိုးပြုနေသည့် အလုပ်သများများ ဖြစ်ကြပေသည်။

မြိုတော်ကို အကျိုးပြုနေသည့် စက်ယန္တရားကုမ္ပဏီ၏ ဝန်ထမ်းများအနေဖြင့် အကျိုးကျေးဇူးများခံစားရန်အတွက် အဘယ်တွက် ခွင့်မပြုသနည်း။ ဆေးရုံ တစ်ခုတည်းကို ကြည့်လျှင်တောင် သူတို့ ဆေးရုံကို မြို့တော် အစိုးရက တပြားတောင် ကူညီပေးဖူးသည်လော။ မြို့တော်ခေါင်းဆောင်များက စက်ယန္တရားကုမ္ပဏီ၏ ဝန်ထမ်းများအား ကောင်းမွန်သည့် ကုသမှုများကို လုပ်ရန် ခွင့်မပြုသည်လော။

အလုပ်သမားများ မည်သည့်အရာ ပြုလုပ်နိုင်မည်နည်း။ မြို့တော်တွင်း ဆန္ဒပြမည်လော။

လီမင်တက ထိတ်လန့်သွားတောသည်။ မြို့တော်ထဲမှာ ဆန္ဒပြမှာလား။ မြို့တော်ကို ဆန့်ကျင်တဲ့ ကိစ္စတွေ ဖြစ်လာမှာပဲ။ သူသည် စက်ယန္တရားကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ဖြစ်သည်။ တချိန်တည်းတွင် သူသည် အစိုးရ အရာရှိလည်း ဖြစ်သည်။ ဖုန်းယွီက သူ့ကို သူ့အနေဖြင့် အစိုးရဝန်ထမ်းအဖြစ်မှ ပြုတ်လျှင်တောင် ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း ပြောထားသည်။ သို့သော် လီမင်တအတွက်မှု သူသည် ပုံစံနှစ်ခုကို သဏ္ဌာန်လုပ်နေရသည်။

အလုပ်သမားများ ပြဿနာ ဖန်တီးပါက လီမင်တသည် ဒုက္ခရောက်မည် ဖြစ်သည်။

လီမင်တသည် ရုတ်တရက် အလုပ်သမားကိုယ်စားလှယ်ကို စကားပြောလိုက်သည်။ သူက အလုပ်သမားသမဂ္ဂ၏ အကြီးအကဲကို ကြည့်လိုက်သ်ည။ သူသည် အလုပ်သမားသမဂ္ဂခေါင်းဆောင်အား အလုပ်သမားတွေရဲ့ ထင်မြင်ချက်ကို မေးစေရုံသာ ဖြစ်ကာ သူ့အနေဖြင့် ပြဿနာ ဖန်တီးရန် မေးခိုင်းခြင်းမျိုး မဟုတ်ပေ။

အလုပ်သမားသမဂ္ဂအကြီးအကဲသည် အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့်သာ နေသည်။ သူသည် ယင်းကိစ္စနှင့် ပတ်သက်ပြီး မည်သည့် အကြံပေးမှုမှ မလုပ်ဆောင်ပေ။ အလုပ်သမားများအနေဖြင့် မြို့တော်အစိုးရကို ဆန္ဒပြလိုခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း အလုပ်သမားများ ထိုသို့ ပြုမူနေကြသဖြင့် ဘာလုပ်ရမည်မှန်း မသိ ဖြစ်နေလေ၏။

ထိုအလုပ်သမား အုပ်စုအထဲတွင် မော်တော်ဆိုင်ကယ်စက်ရုံမှ အုပ်စုကလည်း အတူတကွ စုလာခဲ့ကြသည်။ အစောပိုင်းက ထိုသူများသည် လူအုပ်ကိုကြီးအောင် လုပ်မည်ဟုသာ ပြောခဲ့သည်။ သူတို့သည် ဆန္ဒပြမှုကို လုပ်ကာ သူတို့၏ ဒေါသများကို ပြဿမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ထိုအဆိုပြုချက်သည် အလုပ်သမားများအတွက် အကျိုးအမြတ်သာ ဖြစ်သည်။ မန်နေဂျာဖုန်းက သူတို့ကို အဖွဲ့လိုက် စုဖွဲ့က သူတို့ အခွင့်အရေးအတွက် တောင်းဆိုရန် ပြောခဲ့သည်။

ဖုန်းယွီက ရုတ်တရက် ပေါ်လာ၏။

“လူတိုင်း စိတ်ကို လျော့ထားကြဦး။ မင်းတို့ ဘယ်လို ခံစားနေရလဲဆိုတာကို ငါသိတယ်။ ဒါပေမဲ့ မင်းတို့တွေ သွားပြီး ဆန္ဒပြရင် စက်ရုံက ဘာဖြစ်သွားမလဲ။ ငါတို့တွေရဲ့ ဘဝအတွက် တိုင်းပြည်ကို အကျိုးပြုခဲ့ပြီ။ မင်းအနေနဲ့ ဒါတွေ အားလုံးက ကိုယ်ပိုင်အကျိုးအမြတ်အတွက် လုပ်တာဆိုတာကို တခြားသူတွေကို ပြောပြချင်တာမလား။”

“မန်နေဂျာဖုန်း အဲတာဆို ကျွန်တော်တို့က ဘာလုပ်ရမှာလဲ။”

ဖုန်းယွီက ထိုအလုပ်သမားအား ကြည့်လိုက်သည်။ သူသည် ထိုအလုပ်သမား၏ စွမ်းဆောင်ရည်ကို ကျေနပ်မိ၏။ သူ့အနေဖြင့် ထိုလူငယ်အား နောက်ပိုင်းတွင် ၁၀ယွမ် ပိုပေးရမည်ကို မှတ်ထားမည်ပင်။

ဖုန်းယွီက နဖူးစီးစာတန်း တစ်ခုကို ထုတ်လိုက်ကာ

“လူတိုင်း ဒီဟာကို ကြည့်လိုက်။ ဒါက ငါတို့ ဆေးရုံရဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ သန့်ရှင်းရေးတွေ လက်မှတ်ထိုးထားတာပဲ။ ငါတို့တွေက မြို့တော်ရဲ့ ထောက်ခံမှုကို တောင်းဆိုလို့ရတယ်။ ငါတို့တွေက ဘာမှ တရားမဝင်တာ မလုပ်ဘူး။ ငါတို့တွေက လူတိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်စေဖို့အတွက် ဆေးရုံရဲ့ အဆင့်အတန်းကို မြင့်တင်ဖို့ပဲ။”

“ကျွန်တော်တို့တွေလည်း လက်မှတ်ရေးထိုး တောင်းဆိုလို့ ရနိုင်တာလား။ ကျွန်တော်တို့တွေက လက်မှတ်ထိုးမယ်။ မန်နေဂျာဖုန်း။ မန်နေဂျာလီ ဒါက ပြဿနာ မဖြစ်ဘူး ဟုတ်တယ်မလား။”

ဖုန်းယွီက ပြုံးလျက် ပြန်ပြောလိုက်၏။

“ဘာပြဿနာမှ မရှိဘူး။ ကြည့်လိုက်။ အဲ့မှာလည်း နဖူးစီးစာတန်းတွေ ရှိတယ်။ မန်နေဂျာလီနဲ့ ငါက မင်းတို့ရဲ့ အတွေးတွေကို မြို့တော် အစိုးရဆီ ပို့ပေးမယ်။”

လီမင်တသည် ဒေါင့်တွင် ကပ်လျက် မျက်ခုံးလှုပ်နေတော့သည်။ ယင်းက လွန်ခဲ့သည့် ခေတ်များက လယ်သမားများက ဘုရင်ကို ဆောင်းဆိုသည့် ပုံစံနှင့် တူပေသည်။ တကယ်ပင် မည်သည့်ပြဿနာမျှ မရှိသည်လော။

လက်မှတ်ရေးထိုးတောင်းဆိုခြင်းက အမှန်တကယ်တွင် ထို အစိုးရက သင့်အား ခွင့်ပြုရန်အတွက် အားတွန်းတိုက်တွန်းသည့် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ အကယ်၍ တောင်းဆိုမှုကို ခွင့်မပြုလျှင်တောင် သူတို့အနေဖြင့် တခုခု နောင်တရလိမ့်မည် ဖြစ်သည်။

မန်နေဂျာဖုန်းက ဒီနဖူးစည်းစာတန်းတွေ ပြင်ဆင်လာတာကို ငါဘာလို့ သတိမပြုမိတာလဲ။ ပြီးတော့ ဘယ်တုန်းက ဆေးရုံက လူတွေက လက်မှတ်ထိုးလိုက်တာလဲ။

ငါက အထွေထွေ မန်နေဂျာ တစ်ဦးအဖြစ်ကျရှုံးတာ့ပဲ။ ဒါတွေ အကုန်လုံး ငါ့ရှေ့မှာ ဖြစ်နေတာကို အမှန်မရခဲ့ဘူး။

လီမင်တသည် အလုပ်သမားများကိုသာ လက်မှတ်ထိုးစေလိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် တစ်ယောက်ယောက်က မိသာစုဝင်များကိုလည်း လက်မှတ်ထိုးပြီး တောင်းဆိုမည်ဟု ပြောသည်အခါ ဖုန်းယွီက ခွင့်ပြုသည်။

အလုပ်သမား များစွာ ရှိသည်။ သို့သော် အလုပ်သမားများ၏ မိသားစုဝင်များနှင့် အနားယူသွားသည့် အလုပ်သမားများကိုပါ ပေါင်းပါက အနည်းဆုံး လက်မှတ် ခြောက်ထောင်မှ ခုနှစ်ထောင် ရှိမည် ဖြစ်သည်။ မြို့တော် အစိုးရအနေဖြင့် သူတို့ တောင်းဆိုချက်အား လျစ်လျူရှု၍ ရတော့မည် မဟုတ်ပေ။

All Chapters