ကျွန်တော်တို့တွေ ဆေးရုံ တစ်ခုကို ပိုင်ဆိုင်ပြီးသားလေ
Vol. 26 Ch. 387
လီရှစ်ချင်သည် အိပ်မောကျနေသည်။ ပြီးနောက် ဖုန်းယွီသည် သူ့ကို ဧည့်သည်အိပ်ခန်းထဲကို ကူပေးပြီး ဖုန်းဆက်တော့၏။
ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ပြုံးလိုက်၏။ ပြဿနာအားလုံး ဖြေရှင်းပြီး ဖြစ်သည်။
ညနေခင်းတွင် လီရှစ်ချင် နိုးလာခဲ့သည်။ သူ့ခေါင်းကို ရမ်းကာ သူဘယ်ရောက်နေသည်ကို တွေးကြည့်လိုက်၏။ သူ အခန်းမှ ထွက်သည်နှင့် ဖုန်းယွီကို တွေ့လိုက်ရကာ ဖုန်းယွီ၏ တိုက်ခန်းတွင် ရောက်နေကြောင်း သူသိပေ၏။
“ဘယ်လိုလုပ် ငါဒီမှာ အိပ်ပျော်သွားရတာလဲ။ အစ်ကိုက အိမ်ကို ပြန်ရောက်နေတယ်လို့ ထင်တာ။”
ဖုန်းယွီက “......”
အစ်ကို အရပ်မူးလာလို့ တံခါး မှားခေါက်မိတာပေါ့။ ကံကောင်းလို့ ဘေးအိမ်ကို မဝင်သွားတာ။
“ယောက်ဖ ကျွန်တော်တို့ နေ့လည်တုန်းက ပြောတာကို မှတ်မိသေးလား။”
“ဒီနေ့လည်လား။ ဆေးရုံထောင်ဖို့ အကြောင်းလား။”
“ဟုတ်တယ်။ အစ်ကိုက ဆေးရုံထောင်ဖို့အတွက် ယွမ် ဆယ်သန်း ရင်းနှီးမယ်လို့ ပြောတယ်။ ပြီးတော့ အစ်ကိုက အမြတ်မရရင်နေ အရှုံးမပေါ်ရင် ပြီးရောလို့တောင် ပြောခဲ့သေးတယ်။ ဒါက အစ်ကို တွေးထားတဲ့ အတိုင်းလား။ ဒါမှမဟုတ် အစ်ကို မူးနေလို့လား။”
ဖုန်းယွီက အလေးအနက်ဖြင့် မေးလိုက်၏။
အမှန်တကယ်တွင် ဖုန်းယွီသည် ဆေးရုံ တည်ထောင်ရန်အတွက် ယွမ် သုံးသန်းလေးသန်းသာ လုံလောက်မည်ဟု တွေးခဲ့သည်။ထိုခေတ်အခါက ယွမ်ဆယ်သန်းသည် ဇိမ်ခံဆေးရုံ တစ်ရုံ တည်ဆောက်ဖို့ရာ လုံလောက်နေပြီ ဖြစ်သည်။ ပြီးနောက် ယင်းပမာဏသည် အစိုးရ ဆေးရုံများတွင်တောင် မရှိသည့် ဆေးဖက်ဆိုင်ရာ ကိရိယာများကို ဝယ်ယူရန် လုံလောက်ပြီ ဖြစ်သည်။
“ဘာလို့ မင်းက အရေးမပါတာတွေ ပြောနေရတာလဲ။ ငါပြောတာက တကယ်ပဲ။ မနှစ်တုန်းက ငါက နဲ့ တခြားသူတွေက ငွေများများ ရှာနိုင်ခဲ့တယ်။ ငါလည်း ယွမ် သန်းချီ ရခဲ့တယ်။ မင်းအစ်မအတွက် ယွမ် ၁၀သန်း သုံးတာက ဘာမှာလို့လဲ။ တကယ်လို့ မင်းအစ်မ ပျော်ရှင် ငါလည်း ပျော်တယ်။ ငါတို့ ဆေးရုံကနေ ပိုက်ဆံ ရှာရ မရ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဆေးရုံထောင်ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်။”
“အစ်ကို အဲလို့မျိုး စဉ်းစားရင် ကျွန်တော် စိတ်ချတယ်။ ဒါပေမဲ့ ဆေးရုံ ထောင်မယ်ဆိုရင် အရှုံးပေါ်မယ်လို့ ဘယ်သူက ပြောလိုက်တာလဲ။”
“အ.. ဆေးရုံကလည်း ငွေရှာနိုင်တာလား။”
လီရှစ်ချင်က မေးလိုက်သည်။
အရင်ခေတ်တွေတုန်းကလို ဆေးခန်းတွေ အကုန်လုံးက ပရဟိတအနေနဲ့ ဆောက်တာလို့ပဲ တွေးနေတုန်းလား။ တကယ်လို့ ဆရာဝန်တွေသာ တော်ပြီး ဆေးရုံကနေ ဆေးဝါးတွေ ရောင်းနိုင်မယ်ဆိုရင် ဆေးရုံက ဘယ်လိုလုပ် အရှုံးပေါ်မလဲ။
ဆေးရောင်းချခြင်းက အကျိုးအမြတ်များသည့် လုပ်ငန်း ဖြစ်သည်။ ဆေးဝါးထက် ဆေးရုံအနေဖြင့် အဆင့်မြင့် ဆေးရုံကို တည်ဆောက်နိုင်မည် ဖြစ်ကာ အဆင့်မြင့်ခေတ်မှတ်စမ်းသပ်ကိရိယာများနှင့် အထက်တန်းအဆင့် ကုသဆောင်များကို အဆင့်မြင့် အရာရှိများအတွက် ဆောက်လုပ်နိုင်ပေသည်။ အရာရှိများထံမှာ ဆေးကုသစရိတ်နှင့်ပင် ဆေးရုံသည် အရှုံးမရှိအောင် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
အရာရှိများသည် သူတို့၏ ငွေကို သုံးစွဲရာတွင် တွန့်တိုခြင်း မရှိပေ။ ပြီးနောက် သူတို့ကုန်ကျငွေများကို အစိုးရထံမှ ပြန်လည် တောင်းခံနိုင်ပေ၏။ ထိုသူများသည် သူတို့၏ ဆေးရုံစရိတ်ကို အောချအောင် သုံးဖြုန်းနိုင်ပေ၏။
ဖုန်းယွီ၏ အရင်ဘဝတွင် ရွာအုပ်ချုပ်ရေးမှူးသည် ဘေးကျင်းကို ဆေးသွားပြသည့်အဖြစ်မျိုး ရှိခဲ့သည်။ သူသည် သူ့သွေးတိုးရောဂါအတွက် ယွမ် တစ်သိန်းကျော် သုံးစွဲခဲ့သည်။ သူပင်စင်ယူပြီးနောက် ယင်းအဖြစ်ကို တွေ့မိခဲ့ပြီး တရားရင်ဆိုင်ခဲ့ရသည်။ သို့သော် ထိုမတော်တဆမှု မတိုင်မီက မည်သူမျှ အဖမ်းခံရခြင်း မရှိခဲ့ပေ။
အခြားသူများကို ငွေရယူစေခြင်းထက် သူတို့ကိုယ်တိုင် သုံးစွဲကြခြင်း ဖြစ်သည်။ ထိုခေတ်က ယင်းက သာမန်သာ ဖြစ်သည်။ ဖုန်းယွီအနေဖြင့် ယင်းကို ပြောင်းလဲရန်လည်း နည်းလမ်း မရှိပေ။
ဘင်းမြို့တော်တွင် လုပ်ငန်းများစွာ ရှိပြီး နယ်မြေလည်း ကျယ်ဝန်းပေါ၏။ အကယ်၍ ဆေးရုံသည် နာမည် ကြီးလာပါက အစိုးရ အရာရှိများစွာက ဆေးကုသမှု လာခံယူကြမည် ဖြစ်သည်။
သေချာသည်မှာ ထိုဆေးရုံသည် ဘင်းမြို့တော်ရှိ ဆေးရုံများ လစ်လပ်နေသည့် အဆင့်မှီ ဆေးစမ်းသပ် ပစ္စည်းများလည်း ရှိရမည် ဖြစ်သည်။ ထို့ပြင် ဆေးကုသခန်းသည်လည်း သက်တောင့်သက်သာ ရှိနေရမည် ဖြစ်ကာ ဆရာဝန်များနှင့် သူနာပြုများသည်လည်း စောင့်ရှောက်ပေးရန် လိုအပ်ပေသည်။ ယင်းက မှန်ပေ၏။ ထိုသူများအတွက် အနည်းဆုံးတော့ ဒေါက်တာများသည် အရေးကြီးပေ၏။
“ဆေးရုံ တစ်ရုံ ထောင်ဖို့ဆိုတာ တကယ်တော့ အရမ်းကို ခက်ခဲတယ်။ ဆေးရုံမှာ အလုပ်လုပ်ဖို့ အရည်အချင်းရှိတဲ့ လူကို ရှာရတာ ပိုတောင် ခက်ခဲသေးတယ်။ အဲ့သူက အရည်းအချင်းနဲ့ ရာထူးမြင့်ရပြီးတော့ အရင်က ဆေးမှားတာမျိုးလည်း မဖြစ်ဘူးရဘူး။ ဒီစီနီယာ ဆရာဝန်တွေကလည်း ငါတို့ဆေးရုံမှာ အမည်းစက်ထင်ခဲ့ရင် သူတို့ လာလုပ်ချင်မှာ မဟုတ်ဘူး။”
ဖုန်းယွီက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
“အစ်ကို ကျွန်တော်တို့မိသားစုမှာ ဆေးရုံပိုင်တယ်ဆိုတာကို မေ့သွားပြီလား။”
“ဟ... ဘယ်တုန်းက ငါတို့ မိသားစုက ဆေးရုံ ပိုင်သွားတာလဲ။ ငါတို့ရဲ့ အဖေက ဒေသမှာ ဆေးရုံကို ဝယ်ထားလို့လား။”
လီရှစ်ချင်၏ မျက်လုံးများ ပေါက်ထွက်တော့မည်ပင်။ သူ့ယောက္ခမကား ဆေးရုံ ဝယ်ထားသည်လော။ ဘာလို့ ငါသတိမပြုမိတာလဲ။
“ဘယ်ဒေသက ဆေးရုံလဲ။ စက်ယန္တရားကုမ္ပဏီကို မေ့နေပြီလား။”
“စက်ယန္တရားကုမ္ပဏီလား။ အလုပ်သမားဆေးရုံ အကြောင်း ပြောတာလား။”
လီရုစ်ချင်သည် ယင်းကို ရုတ်တရက် သတိရလိုက်၏။ ဟုတ်သား ငါဘာလို့ အရင်က ဒါကို မစဉ်းစားခဲ့မိတာလဲ။
စက်ယန္တရားကုမ္ပဏီသည် ယခင်က နိုင်ငံပိုင်လုပ်ငန်း ဖြစ်သည်။ ထိုခေတ်အခါက နိုင်ငံပိုင် လုပ်ငန်းများက လူမှုအသိုက်အဝန်း အသေးစားလေးနှင့် တူ၏။ ထိုစက်ရုံများတွင် ကိုယ်ပိုင် လုံခြုံရေးဌာန၊ အိမ်ယာနှင့် ဆေးရုံတို့ ပါဝင်သည်ပင်။
စက်ယန္တရားကုမ္ပဏီသည် ရှယ်ယာကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခဲ့သော်ငြား အလုပ်သမားစက်ရုံသည် ရှိနေသေးဆဲ ဖြစ်သည်။ ထိုဆေးရုံတွင် စီနီယာ ဆရာဝန်အချို့ ရှိသေး၏။
အတိတ်က ဆရာဝန်များက ဖုန်းယွီ၏ စကားကို နားမထောင်ကြပေ။ သို့သော် ယခုလက်ရှိတွင် သူတို့အား ကျန်းမာရေး ဝန်ကြီးဌာနမှ ခန့်အပ်ထားခြင်းမျိုး မဟုတ်တော့ပေ။ သူတို့အား ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ၏ ဆေးရုံမှဆရာဝန်အဖြစ် ခန့်ထားခြင်း ဖြစ်ပေသည်။ ထိုဆရာဝန်များသည် အစိုးရက ချမှတ်ထားသည့် ရထူးအတိုင်း ရယူထားဆဲ ဖြစ်ကာ ဖုန်းယွီသည်လည်း ဘာမျှ မပြောပေ။ သို့သော် သူတို့သည် ကျန်းမာရေးဝန်ကြီးဌာနကို တင်ပြကာ အခြားဆေးရုံများကို အပြောင်းတင်နိုင်ကြပေ၏။
ထိုဆရာဝန်များသည် အလုပ်သမားဆေးရုံမှ မထွက်ချင်ကြပေ။ ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီ အလုပ်သမားဆေးရုံသည် ဘင်းမြို့တော်တွင် အကျိုးအမြတ် အရဆုံးဖြစ်သည်။ သူတို့လစာသည် များရုံသာမက သူတို့သည် အပိုဆုကြေးများလည်း ရသေး၏။ ပွဲတော်များတွင် သူတို့သည် လက်ဆောင်များကိုတောင် ရကြသည်။
ဆရာဝန်များစွာက စက်ယန္တရားကုမ္ပဏီ၏ ဆေးရုံတွင် အလုပ်လုပ်ကိုင်ချင်သော်ငြား မရပေ။ စက်ယန္တရားကုမ္ပဏီက သူတို့ကို မလိုအပ်ပေ။ စက်ယန္တရားကုမ္ပဏီသည် ဆရာဝန်ဖြစ်စများကိုသာ ခေါ်ကာ စီနီယာ ဆရာဝန်များက သူတို့ကို လေ့ကျင့်ပေ၏။ အရေးကြီးဆုံးလုပ်ရသည့် အရာကား ဆေးရုံ အလုပ်သမားများအား ကုသပေးရခြင်း ဖြစ်သည်။ သူတို့အနေဖြင့် အပြင်တွင် ဆေးခန်း ဖွင့်ရန်လည်း မလိုပေ။
ကျန်းမာရေးဝန်ကြီးဖြစ်သူ၏ ယောက်ဖ ဖြစ်သူတောင် အငြင်းခံရသည်။ လီမင်တသည် ယခုလက်ရှိတွင် အာဏာ ရှိနေပြီ ဖြစ်သည်။ ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန နှောက်ယှက်လျှင်လည်း သူတို့အနေဖြင့် စက်ရုံ၏ မြေတစ်မှုန်တောင် မယူနိုင်ပေ။
ဘာလဲ။ မပျော်ဘူးလား။ ကျွန်တော်တို့ရဲ့ ဘင်းမြို့တော် ထိပ်တန်းကုမ္ပဏီ ကျွန်တော်တို့ အခွန်အများဆုံး ပေးတာ။ ကျွန်တော်တို့တွေက ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်နဲ့လည်း ဆက်စပ်တဲ့ ကုမ္ပဏီ။ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်ကို ရှုပ်ရဲလား။
“အစ်ကို ခုနက ကျွန်တော် လီမင်တနဲ့ ဖုန်းပြောခဲ့တယ်။ အလုပ်သမား ဆေးရုံရဲ့ ပစ္စည်းတွေကလည်း အဆင့်မြင့်ဖို့ လိုပြီတဲ့။ အစ်ကိုက တရုတ်နိုင်ငံမှာ မရှိသေးတဲ့ အဆင့်မှီ ဆေးစမ်းသပ်ကိရိယာတွေ ဝယ်ပြီးတော့ ဆေးရုံမှာ ရင်းနှီးမြှပ်နှံ။ ဒီဆေးရုံက ပုဂ္ဂလိကပိုင် လုပ်လို့ရတယ်။”
လီရှစ်ချင်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဆေးရုံကလည်း ရှယ်ယာနဲ့ လုပ်လို့ ရတာလား။”
ဖုန်းယွီက ယုံကြည်ချက် ရှိစွာဖြင့် ပြောလိုက်၏။
“သေချာတာပေါ့။ ဒီဆေးရုံက အစိုးရပိုင်အဖြစ် စဉ်းစားဖို့ မလိုတော့ဘူး။ စက်ယန္တရားကုမ္ပဏီ ပိုင်တယ်။ ဒီဆေးရုံကို ရှယ်ယာကုမ္ပဏီက ပိုင်ဆိုင်ကတည်းက ဒီဆေးရုံကိုလည်း ရှယ်ယာဆေးရုံအဖြစ် ပြောင်းလို့ ရတာပဲလေ။ ဒါပေမဲ့ ပြောင်းလဲပြီးနောက်မှာ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုတွေသာ ကုသလို့ ရနိုင်မဲ့အပြင် အများပြည်သူကိုလည်း ဖွင့်လို့ရတယ်။ သေချာတာပေ့။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကလည်း အပိုကြေးတွေ ဥပမာ စမ်းသပ်ခတွေနဲ့ ဆေးကုတဲ့အခါ လျော့ဈေး ရလိမ့်မယ်။”
“ဒီဆေးရုံအတွက် နောက်ဆုံး ပြောခွင့်ရတဲ့သူက ဘယ်သူလဲ။”
“အစ်ကို ဒီစက်ယန္တရားကုမ္ပဏီက ယွမ် ၈သိန်းကနေ ၁သန်း တန်ကြေးရှိတယ်။ အစ်ကိုအနေနဲ့ ယွမ် ၁၀သန်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဝယ်ပြီးတော့ အဲ့ဆေးရုံအတွက် ပါမောက္ခအချို့ကို ခန့်ထားလိုက်။ သေချာတာပေါ့ အစ်ကိုက ဒါရိုက်တာ ဖြစ်မှာလေ။”
“ခဏလေး.... ငါက ပိုက်ဆံတွေကို ကိရိယာတွေ ဝယ်တဲ့အခါ သုံးရမှာလား။ ဒါပေမဲ့ ငါ အခုထိ ပါမောက္ခတွေ မခေါ်နိုင်သေးဘူး။ ငါ စီနီဘာ ဆရာဝန်တွေကိုတောင် မငှားနိုင်သေးဘူး။”
“အစ်ကိုကို အခြားဆေးရုံက ဆရာဝန်တွေ ခေါ်မယ်လို့ ပြောလဲ။ တက္ကသိုလ်ကို သွားကြမယ်။ တက္ကသိုလ်မှာ ပါမောက္ခတွေ အများကြီး ရှိတယ်။ အစ်ကိုမှာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ဆေးဖက်ဆိုင်ရာ စမ်းသပ် ကိရိယာတွေ ရှိရင် အစ်ကိုသူတို့ အစ်ကိုဆီ လာမယ်လို့ ထင်လား။”
လီရှစ်ချင်သည် မျက်လုံး တောက်ပသွားသည်။ ပြဿနာအားလုံး ဖြေရှင်းသည့်ပုံ ဖြစ်ကာ နောက်ဆုံးတွင် သူ့ချစ်လှစွာသော ဇနီးအတွက် ဆေးရုံ ဆောက်ပေးနိုင်တော့မည် ဖြစ်သည်။
Req Start
新年快乐
မင်္ဂလာပါ တရုတ်နှစ်သစ်ကူး ဖြစ်ပါစေ။
ကျွန်တော်က ဘာသာပြန်သူပါ။ အခုလက်ရှိမှာ တရုတ်မှာ ကျောင်းတက်နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော် နောက်လကျ တရုတ်ကို သွားပြီး ကျောင်းပြန်တက်ရနိုင်ချေ ၇၀ရာခိုင်နှုန်းလောက် ရှိနေတဲ့အတွက် အခုလက်ရှိမှာ တရုတ်စာ လုပ်ဖို့ အချိန်ကို ပိုပေးနေရပါတယ်။ ဒီအတွက် ဒီဂရု စာတင်တာ နှေးနိုင်ပါတယ်။ အဲတာ ကြိုပြီး တောင်းပန်ထားတာပါ။
**အခုလက်ရှိ အပိုင်းများနှင့် ပတ်သက်ပြီးတော့
ဒီတစ်ခါတော့ ဆေးဖက်ဆိုင်ရာ အသုံးအနှုန်းပါ။ 🥲🥲🥲
ကျွန်တော်က ဘာသာကို ကောင်းကောင်း ပြန်ပါတယ်။ အရင်ကလည်း ဘာသာပြန်နဲ့ ပတ်သက်ပြီးတော့ မေဂျာ တစ်ခုလို သင်ခဲ့ရတဲ့အတွက် Choice of Words စကားလုံး ရွေးချယ်မှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ အမှားပါနိုင်မှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် အပိုင်း တစ်ခု(ဆေးပညာ/ ရုပ်သံထုတ်လွှင့်မှု) ပြန်ရမယ်ဆိုတိုင်း သူနဲ့ ပတ်သက်သာ သေချာ ပြန်လေ့လာပါတယ်။ ဒါကလည်း အပိုင်းထွက်တာ နှေးရတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းထဲက တချက်ပါပဲ။
ကျွန်တော် အနေနဲ့ ဘာသာပြန်တာပဲ ဖြစ်ဖြစ် တခြားအပိုင်းပဲ ဖြစ်ဖြစ် Feedback အကြံပြုချက်လည်း လိုချင်ပါတယ်။ ဘာသာပြန်တဲ့ အပိုင်းကတော့ အချိန်ရရင် ရသလို ပြန်ပေးပါမယ်။ တနေ့ကို အနည်းဆုံး တစ်ပိုင်းတော့ ရအောင် တင်ပေးပါ့မယ်။ တချို့အပိုင်းမှာ Choice of Words ခက်တဲ့ အပိုင်းမှာတော့ တစ်ပိုင်းကို နှစ်ရက် ယူမယ်နော်။ 😁
Req End