← Chapters

ဘာလို့ ဆေးရုံက ငွေမရှာနိုင်ရမှာလဲ။

Vol. 26 Ch. 388

ဘာလို့ ဆေးရုံက ငွေမရှာနိုင်ရမှာလဲ။

Vol. 26 Ch. 388

ညစာစားချိန်တွင် လီရှစ်ချင်က သူ့ဇနီးအား သူလုပ်မည့် အကြောင်းအရာများအား ဝမ်းသာအားရဖြင့် ရှင်းပြသည်။ သူ့တွင် ဆေးရုံထောင်သည့် ကိစ္စနှင့် ပတ်သတ်ပြီး စိုးရိမ်စရာ မလိုအပ်တော့ပေ။ သူ့အနေဖြင့် တရုတ်နိုင်ငံတွင် မရှိသေးသည့် အဆင့်မြင့် စမ်းသပ်ကုသစက်ကိရိယာများအား ဝယ်ယူရန်သာ လိုအပ်သည်။ သူ့အနေဖြင့် ဆေးရုံများမှာ အထူးကုနှင့် ပါမောက္ခများကိုသာ ခန့်အပ်ရန်သာ လိုအပ်ပေ၏။

ဖုန်းယွီက လီရှစ်ချင်အား ဖူကွမ်းကျန်းသည် ဆေးကိရိယာများ ဝယ်ယူသည့်အခါ ကူညီပေးနိုင်ကြောင်း ပြောခဲ့သည်။ ဖူမိသားစုတွင် အရောင်းလမ်းကြောင်းများသာ ရှိသည်သာမက သူတို့တွင် မည်သည့်ပစ္စည်းမဆို ဝယ်ယူနိုင်သည့် အဆက်သွယ်လည်း ရှိပေသည်။ ဖူမိသားစုသည် ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာစီးပွားရေးကို မလုပ်သော်ငြား သူတို့အနေဖြင့် အမေရိကန်နှင့် ဥရောပရှိ ဆေးပစ္စည်းကုမ္ပဏီများနှင့် ဆက်သွယ်နိုင်သေးသည်။

ဆိုဗီယက် ပြည်ထောင်စုတွင် ဖုန်းယွီ အသားစီးရကာ ရယူနိုင်မည့် မည်သည့် ဆေးဝါးပစ္စည်းများ မရှိသေးပေ။ ယခုလက်ရှိတွင် ဆိုဗီယက် နိုင်ငံဟောင်း ဖြစ်သည့် ရုရှားကဲ့သို့ နိုင်ငံမျိုးတောင် သူတို့၏ အခြေခံ အဆောက်အဦးများ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဆေးဖက်ဆိုင်ရာတွင် ရင်းနှီးမြှပ်နှံလျက်ရှိသည်။ ထိုနိုင်ငံများမှ ဈေးပေါ့သည် တလက်ကိုင် ပစ္စည်းများကို မရနိုင်ပေ။

ဖုန်းယွီသည် လီရှစ်ချင်နှင့် ဆွေးနွေးပြီးနောက် သူတို့အနေဖြင့် အဆင့်မှီ ခေတ်အမှီဆုံး ဦးနှောက်နှင့် ပတ်သက်သည့် ဆေးပစ္စည်းများကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ မည်သူပင် ဖြစ်စေ ဦးနှောက်နှင့် ပတ်သက်ပြီး နာမကျန်းမှုမျိုးနှင့် ကြုံတွေ့ပါက ထိုသူသည် ပိုက်ဆံတော်တော်များများအား အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသူများသည် အများအားဖြင့် အစိုးရ အရာရှိများနှင့် ချမ်းသာသည့် ပုဂ္ဂိုလ်များ ဖြစ်သည်။

ပြီးနောက် သူတို့သည် အာထရာဆောင်းစက်များကိုလည်း မှာယူမည် ဖြစ်သည်။ ဆေးရုံသည် မိဘများကို သူတို့၏ မမွေးဖွားသေးသည့် ကလေး၏ လိင်နှင့် ပတ်သက်ပြီး ပြောရန်ပင် အလုပ်ရှုပ်နေလိမ့်မည် ဖြစ်သည်။ သေချာသည်မှာ နောက်ထပ် နှစ်နှစ်ပြီးနောက် ယင်းကို တားမြစ်မည် ဖြစ်သည်။ သို့သော် ပေါ်လစီတိုင်းက ဟာကွက်များ ရှိပေ၏။ ထိုအချိန်တွင် ကိုယ်ဝန်သည် အမျိုးသမီးကို ဆရာဝန်က “ကြည့်ပါဦး ဒါက ကလေးရဲ့ခေါင်းလေ။ ဒါက ဂွေးစိလေး” ထိုအခါ အမေဖြစ်သူအနေဖြင့် သူမ၏ ကလေးသည် ယောက်ျားလေး ဖြစ်ကြောင်း ပြောနိုင်မည် ဖြစ်သည်။ အကယ်၍ ဆရာဝန်သည် ဂွေးစိလေး အကြောင်းကို မပြောပါက ယင်းအဓိပ္ပာယ်ကား ထိုကလေးသည် မိန်းကလေး ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

အဆုံးသတ်အနေဖြင့် သူတို့အနေဖြင့် ဆေးရုံအတွက် အင်မတန် ဈေးကြီးပြီး ရှားပါးသည့် စက်ကိရိယာများအား ဝယ်ယူရမည် ဖြစ်သည်။ သူတို့အနေဖြင့် အစိုးရ ဆေးရုံများတွင် ရှိသည့် သာမန် ကိရိယာများကို မလိုအပ်ပေ။ သူတို့အနေဖြင့် ထို အဆင့်မြင့် စက်ကိရိယာများကို သူတို့ဆေးရုံအတွက် ရောင်းချသည့် အချက်အနေဖြင့် အသုံးမပြုနိုင်ပေ။

ပြီးနောက် ဆေးဝါးများရောင်းချရာတွင်လည်း ပြဿနာ ရှိသည်။ သာမန် ဆေးဝါးများအတွက် မဟုတ်ပေ။ ဘင်းမြို့တော်တွင် ဆေးဝါးထုတ်လုပ်သည့် စက်ရုံလည်း ရှိသည်။ သာမန် ဆေးဝါးများအတွက် အကျိုးအမြတ်ကား အလွန်နည်းပေ၏။

ဖုန်းယွီသည် ကျန်းမာရေးဖြည့်စွက်စာများ သို့မဟုတ် ဆေးဖက်ဆိုင်ရာ ပစ္စည်းများအား ရောင်းချချင်ပေသည်။ ထိုလုပ်ငန်းတွင် အကျိုးအမြတ်များစွာ ရှိပေ၏။ ထိုထုတ်ကုန်နှင့် ဆေးဝါးများကို ဝယ်ယူသည့်သူများက ချမ်းသားသည့် သူများပင် ဖြစ်သည်။ အကယ်၍ ထိုထုတ်ကုန်များသာ အနည်းငယ် သက်ရောက်မှု ရှိပါက ထိုလူများက ဝယ်ရန်ဆန္ဒရှိမည်ပင်။

သေချာသည်ကား ထိုအရာအားလုံးကား သူတို့ စီစဉ်ထားခြင်းပင် ဖြစ်သည်။ အရေးကြီးဆုံးမှာ မြို့တော် အစိုးရအနေဖြင့် သူတို့အား စက်ယန္တရားကုမ္ပဏီဆေးရုံကို ပုဂ္ဂလိကရှယ်ယာဆေးရုံအဖြစ် ပြောင်းလဲဖို့ ခွင့်ပြုရန်ပင် ဖြစ်သည်။

ပုဂ္ဂလိက ဆေးရုံများသည် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပြီးကတည်းက ပေါ်ပေါ်ပြီး ဖြစ်သည်။ သို့သော် ထိုပုဂ္ဂလိက ဆေးရုံ အများစုသည် ကမ်းရိုးတန်းဒေသများတွင်သာ ရှိသည်။ ပထမက ထိုနေရာတွင် ပုဂ္ဂလိက ဆေးခန်းများ ရှိခဲ့သည်။ ထို့နောက် လူအချို့က သူတို့ ပိုက်ဆံများကို စုပြီး ပုဂ္ဂလိကအထူးကု ဆေးရုံအဖြစ် ထူထောင်လိုက်ခြင်းပင် ဖြစ်သည်။ ပြီးနောက် ပုဂ္ဂလိက အထွေထွေဆေးရုံများလည်း ပေါ်ပေါက်လာခဲ့ပေသည်။

လီရှင်ချင် ရင်ဆိုင်ရသည့်အတိုင်းပင် ပုဂ္ဂလိက ဆေးရုံများ ထူထောင်ရန်အတွက် အစိုးရ ဆေးရုံများမှ ဆရာဝန်များအား ခန့်ထားရန် ခက်ခဲခဲ့သည်။

အကယ်၍ သူတို့သာ ၁၀ခုတင်ထက်ပိုသည့် အထူးကု ဆေးရုံကို တည်ထောင်ပါက သူတို့အနေဖြင့် ကန့်သတ်ချက်များနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ အကြောင်းမှာ အစိုးရ ဆေးရုံများအနေဖြင့် ငွေမရှာနိုင်သည့်အတွက် ဖြစ်သည်။ အစိုးရ ဆေးရုံများသည် ငွေကြေးထောက်ပံ့မှုအတွက် အစိုးရကို လိုအပ်နေသေးဆဲ ဖြစ်သည်။ အကယ်၍ ပုဂ္ဂလိက ဆေးရုံများ များများလာပါက အစိုးရ ဆေးရုံများသည် အရှုံးများနှင့် ပိုရင်ဆိုင်လာရကာ အစိုးရထံမှ ငွေကြေးရေးကို ပိုလိုအပ်လာမည် ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ထိုပုဂ္ဂလိကဆေးရုံ ခွင့်ပြုမိန့်ပေးရန်အတွက် ခက်ခဲအောင် လုပ်ထားခြင်း ဖြစ်သည်။ အစိုးရ ဆေးရုံများကို စိတ်ဝင်စားမှု မလျော့ကျသွားစေရန်လည်းပါ၏။

အချို့သော ပေါ်လစီများက ပုဂ္ဂလိက ဆေးရုံများကို ခွင့်ပြုပေးထားသည်။ ယင်းအဓိပ္ပာယ်ကား စက်ယန္တရားကုမ္ပဏီ၏ ဆေးရုံသည် ပုဂ္ဂလိကပိုင် ရှယ်ယာဆေးရုံအဖြစ် ပြောင်းလဲရန်အတွက် ခွင့်ပြုပေးခြင်းပင် ဖြစ်သည်။

သို့သော် ဖုန်းယွီသည် မြို့တော်အစိုးရရုံးကို လာပြီး အကူအညီရရန်အတွက် ခွင့်ပြုမိန့်သွားသည့်အခါ သူ ငြင်းဆိုခံလိုက်ရသည်ပင်။

“ဒါက စက်ယန္တရားကုမ္ပဏီ အလုပ်သမားတွေရဲ့ ဆေးရုံလေ။ ဘယ်လိုလုပ် မင်းက ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရမှာလဲ။ ပြီးတော့ အကျိုးအမြတ်ရဖို့အတွက် ဒီဆေးရုံကို ရှယ်ယာဆေးရုံအဖြစ် ပြောင်းလဲလို့ ရမှာလဲ။ မင်းမှာ အသိစိတ်မရှိဘူးလား။”

ကျန်းရွေ့ချင်က ဆူလိုက်သည်။

“ဘာလို့ ကျွန်တော်က အသိစိတ်ရှိရမှာလဲ။ ဆရာဝန်တွေက သူတို့ရဲ့ ကျွမ်းကျင်ရာကို အသုံးပြုနေကြတာပဲ။ ပြီးတော့ ဆေးရုံမှာ ဆေးဝါးပစ္စည်းတွေ၊ခွဲစိတ်ခန်း၊ လူနာခန်းတွေ နဲ့ လူနာတွေကို ကုသဖို့ သေချာရှိမှာ။ ဘာလို့ သူတို့ကြိုးစားအားထုတ်မှုအတွက် အကျိုးအမြတ်မရသင့်ရမှာလဲ။ အင်ခေတ်တွေတုန်းက ဘယ်ဆေးခန်းက ငွေရှာနိုင်ခဲ့လို့လဲ။ ဒီဆရာဝန်တွေက သူတို့ မိသားစုတွေအတွက် ပိုက်ဆံ မလိုအပ်ဘူးလို့ ဆိုချင်တာလား။”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

“မင်းပြောတာ တော်တော်လေး တရားကျဖို့ ကောင်းတာပဲ။ ဒီပုဂ္ဂလိက ဆေးရုံတွေ ငွေပြတ်လတ်အောင်လို့ အစိုးရ ဆေးရုံတွေ တည်ဆောက်တာပေါ့။ အစိုးရ ဆေးရုံတွေက ဒီဆေးရုံတွေကိုတောင် ငွေကြေးဆိုင်ရာ အကူအညီ ပေးနိုင်တယ်။ ဒါက လူတိုင်း ဆရာဝန်ကို ဆေးပြသနိုင်အောင်လို့။ အခုတော့ မင်းက ဒါ အသုံးချပြီးတော့ ငွေရှာမလို့လား။ မင်းက တကယ်ပဲ ဆင်းရဲနေတာလား။”

ကျန်းရွေ့ချင်က ဖုန်းယွီကို စိတ်ပျက်စွာဖြင့် ကြည့်လိုက်သည်။ အခြားသူများ မသိလျှင်တောင် ကျန်းရွေ့ချင်က ရှင်းရှင်းလင်းလင်းသိသည်။ စက်ယန္တရားကုမ္ပဏီသည် ယွမ်သန်းတစ်ထောင်ကျော် တန်ကြေးရှိသည်။ သူအနေဖြင့် ဖုန်းယွီသည် တရုတ်တနိုင်ငံလုံးတွင် အချမ်းသာဆုံးဆိုသည်မှာ မသေချာသော်ငြား ဘင်းမြို့တော်နှင့် လုံကျန်းပြည်နယ်တွင်တော့ အချမ်းသာဆုံးသူ ဖြစ်သည်။

စက်ယန္တရားကုမ္ပဏီအပြင် ဖုန်းယွီတွင် ရေနွေးငွေ့စက်နှင့် ဒလက်မဲ့ပန်ကာများ ရှိသေးသည်။ သူ့မိသားစုသည် ဝက်ခြံနှင့် အစားအစာ ထုတ်လုပ်သည့် စက်ရုံလည်း ရှိသည်။ ထိုစီးပွားရေးများထဲမှ မည်သည်ကား အကျိုးအမြတ် မရရှိသနည်း။ ဖုန်းယွီသည် ဆေးရုံကို အသုံးပြုကာ ငွေရှာရန် တွေးနေသည်လော။ ယင်းက အလွန်ပင် ဆိုးဝါးလှသည်။

ဖုန်းယွီက ပြောစရာ စကားမဲ့သွားသည်။ ငါက ပိုက်ဆံ မပြတ်လက်တော့မှ ငွေရှာတာကို ရပ်ရမှာလား။ ထပ်ပြောရရင် ဒီအစိုးရ ဆေးရုံတွေရဲ့ ဝန်ဆောင်မှုက ဆိုးဆိုးဝါးဝါးပဲ။ ဆရာဝန်တွေရဲ့ အရည်အသွေးကလည်း မကောင်းဘူး။ ပြည်သူတွေ နေမကောင်းတဲ့အခါ ဆေးရုံကို လာကြမှာပဲ။ အစိုးရ အရာရှိတွေတောင် သူတို့တွေက ဘင်းမြို့တော်မှာ ရှိတဲ့ အကောင်းဆုံး ဆေးရုံကို သွားကြသေးတာပဲ။

“ကျွန်တော် တည်ဆောက်မဲ့ ဆေးရုံ လူနာတွေကို သတ်မှတ်ချက်တွေအတိုင်း လက်ခံသွားမှာ။ ကျွန်တော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းတွေကိုလည်း လိုက်နာမှာ။ ဘာမှားလို့လဲ။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်အနေနဲ့ စက်ယန္တရားကုမ္ပဏီမှာ ရှိတဲ့ အလုပ်သမားတွေနဲ့ သူတို့ မိသားစုအတွက်လည်း တာဝန်လည်း ရှိသေးတယ်။ ပင်စဉ်ယူပြီးသားတွေအပြင် အလုပ်သမားတွေ မိသားစုဝင်တွေက သူတို့ ဆေးရုံကို လာလို့ရတယ်။ ကျွန်တော်တို့တွေက ဒီဆေးရုံကို အများပြည်သူကို ဖွင့်ပေးပြီး သူတို့ ဆီကနေ ငွေယူမှာ။ ရတဲ့ငွေတွေကလည်း အလုပ်သမားတွေနဲ့ သူတို့ မိသားစုတွေနဲ့ ဆေးရုံ အကျိုးအမြတ်အတွက်ပဲ။ အစိုးရဆေးရုံတွေမှာလို ဆရာဝန်က ခွဲမစိပ်ခင် ဟုန်ပေါင်းတောင်းတာမျိုး မဟုတ်ဘူး။”

ထိုခေတ်အခါက ဆရာဝန်များက လူနာမိသားစုများကို ဟုန်ပေါင်းပေးရန်အတွက် အရိတ်အမြွက် ပြကြသည်။ လွန်ခဲ့သည့်လက ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဆက်တိုက် ဘင်းမြို့တော်တွင် ပျံ့နှံခဲ့သည်။ ထိုဆရာဝန်သည် အလုပ်ပြုတ်သားသော်ငြား အစိုးရဆေးရုံ၏ နာမည်သည် လူထုကြားတွင် အနိမ့်ဆုံး အဆင့်ကို ရောက်သွားတော့သည်။ အစိုးရအပေါ်တောင် သက်ရောက်မှု ရှိခဲသည်။

အချို့သော သူများက ထိုဟုန်ပေါင်းများသည် အစိုးရ ကူညီမှုအတွက်ဖြစ်သည်ဟုတောင် ဆိုကြသည်။ တစ်ယောက်က အစိုးရ အရာရှိများအား ညစာကျွေးရမည်ဟုဆိုသည်။ ယင်းက အပေးအယူပင် ဖြစ်သည်.

“ငါသဘောမပေါက်ဘူး။ မင်းပြောတော့ မင်းကျောင်းတွေ အများကြီး လှူတာက မင်းဂုဏ်သတင်း ကောင်းဖို့ မဟုတ်ဘူးလား။ ဘာလို့ ဆေးရုံတွေကိုလည်း ဒီလို မလုပ်နိုင်ရတာလဲ။”

ကျန်းရွေ့ချင်က မေးလိုက်သည်။

ဖုန်းယွီက မျက်နှာကြတ်ကို ကြည့်ကာ

“ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ။ ကျွန်တော် ဘင်းမြို့တော်မှာ ကျောင်းတွေ အများကြီး လှူဒါန်းတာက မြို့တော်ကို ပြန်ပေးတာပဲ။ ဒါက ကျွန်တော် မိဘတွေအတွက်လည်း ဖြစ်တယ်။ သူတို့အနေနဲ့ အပြင်ထွက်တဲ့အခါ မော့မော့ကြွားကြွားနဲ့ ထွက်နိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ နိုင်ငံက ပညာရေး အားပေးတယ်လေ။ ကျွန်တော်တို့ နိုင်ငံအတွက် လိုက်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက ပုဂ္ဂလိက ဆေးရုံတွေအနေနဲ့ ပြည်သူတွေထံက အကျိုးအမြတ်မယူရဘူးလို့ မပြောထားဘူး။”

“ထပ်ပြောရရင် ကျွန်တော် တက္ကသိုလ်တွေမှာ လှူတာကလည်း နောင်ကျ ကျွန်တော်ကုမ္ပဏီအတွက် ဝန်ထမ်းကောင်းတွေ ခန့်ထားချင်လို့။ ကျွန်တော် ကုမ္ပဏီက ဝန်ထမ်းခန့်အပ်ဖို့ လိုလာတဲ့အခါ ကျွန်တော်ကုမ္ပဏီက သူတို့ တက္ကသိုလ်တွေမှာ အဆောက်အဦးတွေ လှူထားတယ် ဆိုတာပဲ။ ဒီလိုပဲ သူတို့မှာ အစိုးရရုံးတွေမှာ လုပ်စရာရှိရင်တောင် ကျွန်တော်တို့ ကုမ္ပဏီမှာပဲ အလုပ်လုပ်ကြမှာ။”

ကျန်းရွေ့ချင်သည် ပြောစရာ စကားမဲ့သွားခဲ့သည်။ သူ့အနေဖြင့် ဖုန်းယွီသည် သူ့ရည်ရွယ်ချက်အတွက် ကျောင်းများကို လှူဒါန်းခဲ့သည်ဟု မည်သည့်အခါကမျှ မတွေးမိခဲ့ပေ။ တလျှောက်လုံး ဖုန်းယွီကို သူသည် လုံးဝကို လေးစားခဲ့သည်။ သို့သော် ယခုတွင် ဖုန်းယွီသည် တကယ် စီးပွားရေး သမားဖြစ်ကြောင်း သိသွားသည်။ သူ့အိပ်ကပ်ထဲမှ ထွက်လာသည့် ငွေများတိုင်း ရည်ရွယ်ချက် တစ်ခု ရှိပေ၏။

All Chapters