← Chapters

ဘင်းမြို့တော်တွင် အကောင်းဆုံး ဆေးရုံ

Vol. 26 Ch. 389

ဘင်းမြို့တော်တွင် အကောင်းဆုံး ဆေးရုံ

Vol. 26 Ch. 389

“အဲလိုပုံစံဆိုတော့ မင်းဘာလို့ ငါ့ဆီကို အကူအညီ လာတောင်းနေရတာလဲ။ ကျန်းမာရေးဝန်ကြီးဌာန နဲ့ ကုန်သွယ်ရေးနှင့်စက်မှုဗျူရိုကို သွားလေ။”

“ခေါင်းဆောင် ကျွန်တော်ကို ဟာသ မလုပ်ပါနဲ့။ ကျွန်တော်ကို ဒီဌာနနှစ်ခုရဲ့ လုပ်ဆောင်ပုံအကြောင်းကို ပြောတဲ့အတွက် အရမ်းကို အံ့အားသင့်နေမိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က အလုပ်သမားတွေ သူတို့ရဲ့ လယ်ကို စွန့်ဖို့အတွက်နဲ့ ပေါ်လစီ အသစ်တွေ တောင်းဆိုဖို့ ပြောခဲ့တယ်။ ဘင်းမြို့တော်က တပြားမှ မကုန်ဘဲ အလုပ်သမားတွေရဲ့ ဝင်ငွေနဲ့ ပတ်သက်ပြီးတော့ ပြဿာနာကို ဖြေရှင်းပြီး ဖြစ်သွားတယ်။ ဒီဆေးရုံကလည်း အတူတူပဲ။ ကျွန်တော်တို့က အစိုးရ ဆေးရုံလို စဉ်းစားလို့ မရဘူး။ ပြီးတော့ အစိုးရကလည်း ကျွန်တော်တို့ကို ဘယ်ငွေကြေးအကူအညီမှ မပေးဘူး။ စက်ယန္တရားကုမ္ပဏီကပဲ ဆေးရုံကို ငွေထည့်နေရတာ။”

ကျန်းရွေ့ချင်က ပြောစရာ စကားမဲ့သွားခဲ့သည်။

“မင်းကို ဘယ်သူက အဲ့ဒီကော်မတီက အလုပ်မလုပ်ဘူးလို့ ပြောတာလဲ။ ပြည်နယ်အစိုးရက အရာရှိတွေက ကော်မတီအတွင်းမှာ ဆွေးနွေးနေတုန်းပဲ ရှိသေးတာ။ ငါလည်း ဒီကို လာပြီး ငါ့အလုပ်တွေကို အပြီးသတ်နေတာ။ ငါလည်း ဘင်းမြို့တော်မှာ ရက်အနည်းငယ်နေရင် ပြန်သွားရမှာ။ စက်ယန္တရားကုမ္ပဏီ အလုပ်သမားဆေးရုံက ဘာလို့ အပြင်ကို ဖွင့်မှာလဲ။ ပြီးတော့ ဘာလို့ မြို့တော်အစိုးရက ငွေကြေးထောက်ပံ့မှု ပေးရမှာလဲ။”

“ဒါအမှန်ပဲလေ။ ဒီဆေးရုံက မြိုတော် အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှု ရှိနေတော့တာမှ မဟုတ်တာ။ ကျွန်တော်တို့တွေ ရှယ်ယာဆေးရုံအဖြစ် ဖွင့်ပြီးတော့ အကျိုးအမြတ်ရှာတာက ဘာမှားလို့လဲ။ အရေးကြီးဆုံး အရာက ကျွန်တော်တို့အနေနဲ့ အဲ့ဆေးရုံအတွက် အဆင့်မြင့်ရောဂါစမ်းသပ် ကိရိယာတွေနှင့် အဆင့်မြင့် ဆေးကိရိယာတွေ ဝယ်ဖို့ပဲ။ ကျွန်တော်တို့တွေ အဲ့ပစ္စည်းတွေ ရတာနဲ့ တမြို့လုံးနဲ့ တပြည်နယ်လုံးအတွက် အကျိုးအမြတ်တွေ ရမှာ။”

“မင်းက ဘယ်လောက် ရင်းနှီးမြှပ်နှံမှာလဲ။”

“အနည်းဆုံး ယွမ် ၁၀သန်းပေါ့။ ကျွန်တော် ယောက်ဖ လေနှင့်မိုး လော်ဂျစ်စတစ်ရဲ့ ပိုင်ရှင်ကိုယ်တိုင် ပြောထားတာ။ တကယ်လို့ သူ ငွေမထည့်နိုင်ဘူးဆိုရင် ကျွန်တော်အနေနဲ့ ထိုက်ဟွ ကုန်သွယ်ရေးကနေ လိုငွေတွေကို ထည့်ထားပေးနိုင်တယ်။ မဟုတ်ဘူးဆိုရင် ကျွန်တော်အနေနဲ့ စက်ယန္တရားကုမ္ပဏီကို ရှယ်ယာဝင်ခွင့် ပြုနိုင်တယ်။ စက်ယန္တရားကုမ္ပဏီမှာ ဘင်းမြို့တော်အစိုးရရဲ့ ရှယ်ယာတွေ ရှိတယ်ဆိုတာကို မမေ့နဲ့နော်။ ဒီအဓိပ္ပာယ်က ဒီကနေပြီးတော့ မြို့တော်အနေနဲ့ ဝင်ငွေရနိုင်တယ်။ ဒါပေမဲ့ ဒါကလည်း စက်ယန္တရားကုမ္ပဏီရဲ့ ဝန်ထမ်းတွေ အကျိုးအမြတ် ရဖို့ပဲလေ။”

“ငါ့ကို အရူးလုပ်တာ ရပ်လိုက်တော့ ။ ဆေးရုံသေးသေးလေးက ဒီလောက် ရင်းနှီးမြှပ်နှံဖို့ လိုအပ်လို့လား။ မင်းက ဘာပစ္စည်းတွေ ဝယ်မှာ မို့လို့လဲ။”

“ဦးနှောက် ဓာတ်မှန်ရိုက်စက်၊ ဝမ်းဗိုက်ပိုင်းဓာတ်မှန်ရိုက်စက်၊ ရင်ဖက်ဓာတ်မှန်ရိုက်စက်၊ MRI အဲတာကို ခန္ဓာကိုယ်အတွင်းရှိ ပရိုတွန်များရဲ့ နျူကလီးယားသံလိုက်အသုံးပြုမှုကို အသုံးပြုပြီး ဆေးပညာအရ ပုံရိပ်ဖော်သည့် ပုံစံလို့လဲ ခေါ်တယ်။ MRI စက်တစ်လုံးက အနည်းဆုံး ယွမ် ၃သန်းရှိတယ်။ ကျွန်တော်အထင်တော့ ဘင်းမြို့တော်ရဲ့ ဆေးရုံကြီး တစ်ခုမှာလဲ တစ်ပတ်ရစ် MRI စက်ကြီး ရှိသလိုပဲ။ ဒါက အရင်တုန်းက မော်ဒယ်အဟောင်း။ ကျွန်တော်တို့ ဝယ်မှာက ဈေးကွက်ထဲမှာ အသစ်ဆုံးနဲ့ အကောင်းဆုံး MRI စက်။ စီတီစကင်စက်လည်း ပါမှာ။ ကျွန်တော်တို့တွေက အကောင်းဆုံး Siemens Spiral စီတီစကင်စက်ကို ဝယ်မှာ။ အဲ့စက်ကလည်း အနည်းဆုံး ယွမ် ၃သန်းလောက်ရှိတယ်။ Angiography စက်လည်းပါမှာ။ အဲတာက ယွမ် ၂သန်းလောက်ရှိိတယ်။ ပြီးတော့ ပီအီးတီစကင်နာလည်း ရှိတယ်။ ဒါက လူတွေရဲ့ ကင်ဆာရောဂါ အစောပိုင်းအဆင့်ကို စမ်းသပ်စစ်ဆေးနိုင်တယ်။ ဒါကလည်း ယွမ် ၃သန်းလောက်ရှိတယ်။ တကယ်လို့ ကျွန်တော်တို့တွေ အနေနဲ့ ဒီစက်တွေကို ရပြီးမှာ ကျွန်တော်တို့ ပိုက်ဆံရှာဖို့ မတွေးဘူးဆိုရင် ကျွန်တော်တို့တွေ အဲ့စက်တွေ ထိန်းသိမ်းခနဲ့တင် ယွမ်သန်းချီ နှစ်တိုင်းဆုံးရှုံးမှာ။ စက်ယန္တရားကုမ္ပဏီကို အဲ့အရှုံးတွေအတွက် ပေးချင်ရဲ့လား။”

“ဒီစက်တွေက အရမ်းကို ဈေးကြီးတာလား။”

ကျန်းရွေ့ချင်အနေဖြင့် ဆေးဖက်ဆိုင်ရာ စမ်းသပ်ပစ္စည်းများသည် ဤမျှ ဈေးကြီးမည်ဟု မမျှော်လင့်ခဲ့ပေ။

“သေချာတာပေါ့။ အဲ့ကုမ္ပဏီတွေက ဒီစက်တွေ တီထွင်ဖို့အတွက် ငွေအများကြီး ရင်းနှီးမြှပ်နှံထားရတာ။ ပြီးတော့ သူတို့တွေ အနေနဲ့ အမြတ်ရဖို့လည်း လိုသေးတယ်လေ. ပြီးတော့ သူတို့အနေနဲ့ ဆက်ပြီးတော့ တိုးတက်မှုတွေနဲ့ လူသားတွေ အားလုံးအတွက် အကျိုးပြုမဲ့ စက်ပစ္စည်းတွေကိုလည်း တီထွင်ရဦးမှာပဲလေ။ ဒီကုမ္ပဏီတွေက Siemens နဲ့ Philips လိုပဲ။ အဲ့ကုမ္ပဏီတွေက သူတို့ရဲ့နယ်ပယ်မှာ အကောင်းဆုံး နိုင်ငံခြားကုမ္ပဏီတွေပဲ။ အခုလက်ရှိ တရုတ်ကုမ္ပဏီတွေက အဲလိုစက်တွေကို မထုတ်လုပ်နိုင်သေးဘူး။ အဲ့က နိုင်ငံခြားတွေကပဲ ဒီလိုမျိုး အဆင့်မြင့်ဆုံး နည်းပညာတွေကို အသုံးပြုပြီးတော့ ဆေးဝါးတွေ ကုသနေကြတာ။ ဘာလို့ ကျွန်တော်တို့လည်း မလုပ်နိုင်ရမှာလဲ။ အခုလက်ရှိကျွန်တော် ပြောတာကြောင့် မြို့တော်ဝန်အနေနဲ့ ကျွန်တော်တို့ အစိုးရ ဆေးရုံအတွက် ဈေးအချိုဆုံး ပစ္စည်းကို ဝယ်ချင်လာပြီမလား။”

ဖုန်းယွီက အရူးပမာ ပြောနေ၏။ ပီအီးတီနှင့် စီတီစကင်စက်များသည် သုတေသန အဆင့်တွင်သာ ရှိသေးသည်။ အခုလက်ရှိ ဈေးကွက်ထဲတွင် မရှိသေးပေ။ ယခုလက်ရှိတွင် Double Spiral စီတီစကင်နာ စက်များသာ ဈေးကွက်ထဲ၌ ရနိုင်သေးသည်။ ဖုန်းယွီသည် ထိုပစ္စည်းအကုန်ကို ပြောလိုက်ခြင်းသည် ဖုန်းယွီအနေဖြင့် ကျန်းရွေ့ချင်ကို ခြောက်လန့်ရန် ဖြစ်သည်။ သေချာသည်မှာ ဖုန်းယွီသည် ဆေးရုံအတွက် MRI နှင့် စီတီစကင်စက်များကို ဝယ်ရန် ဆုံးဖြတ်ထားသည်။ ထိုစက်များကို အသုံးချကာ ဆေးရုံကို ကြော်ငြာနိုင်၏။ ဟမ်... ဒီစက်တွေရဲ့ ဈေးကလည်း မနည်းဘူး။”

“မင်းဒီစက်ပစ္စည်းတွေကို ဝယ်ပြီးရင် ဘင်းမြို့တော်က နေထိုင်သူတွေအနေနဲ့ ဒီစက်တွေကို အသုံးပြုပြီး ဆေးဝါး ကုသနိုင်မှာလား။”

ဆေးရုံအတွက် စက်ပစ္စည်း တစ်ခု ဝယ်ယူခြင်းလော။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။ ဆေးရုံသည် ထိုပစ္စည်းကို တပ်ဆင်ပြီးနောက် အခြားသော ဆေးရုံများသည်လည်း လိုချင်လာမ် ဖြစ်သည်။ အကယ်၍ ဤဆေးရုံသာ Spiral စီတီစကင်နာကို တပ်ဆင်ပါက အခြားသော ဆေးရုံသည် MRI စက်ကို လိုအပ်မည် ဖြစ်သည်။ အဆုံးတွင် မြို့တော် အစိုးရသာ အကုန်ကျခံရမည် ဖြစ်သည်။ မြို့တော်အနေဖြင့် အနည်းဆုံး သန်းတစ်ဆယ်ဂဏန်း ကုန်ကျမည် ဖြစ်သည်။ မြို့တော်တွင် ထိုမျှ ရန်ပုံငွေများ မရှိပေ။

ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။

“သူတို့တွေ ပေးနိုင်ရင်ပေါ့။ ဒီစက်ပစ္စည်းတွေက ဈေးကြီးပြီးတော့ ပြုပြင်ထိန်းသိမ်းဖို့လည်း လိုအပ်သေးတယ်။ ကုန်ကျစရိတ်က နည်းမှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဆေးရုံက တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှုကို လုပ်မှာ။ စစ်ဆေးချိန်မှာ ဒီစက်တွေကို သုံးပြီးတော့ ဘယ်နားက နေမကောင်းနေလဲဆိုတာကို စစ်ဆေးမှာ။ မြို့တော်ဝန်ကျန်း မြို့တော် အစိုးရက အရာရှိတွေကို ခန္ဓာကိုယ် စစ်ဆေးမှု မပြုလုပ်စေချင်ဘူးလား။ ကျွန်တော်အနေနဲ့ အဖွဲ့လိုက် စာရင်းသွင်းမယ်ဆိုရင် ကျွန်တော် ဈေးလျော့ပေးမှာပါ။

“မြို့တော် အစိုးရနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေတဲ့အကြောင်း ရပ်လိုက်တော့။ ငါတို့ အစိုးရ ဆေးရုံတွေက ငါတို့အတွက် အခမဲ့ တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ပေးနေတာ။ မင်းအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ပူစရာ မလိုဘူး။”

ကျန်းရွေ့ချင်က မျက်လုံးဝေ့ကာ ပြန်ပြောလိုက်သည်။

“ဒီအဓိပ္ပာယ်က မင်းတို့ဆေးရုံက လူနာတွေကို ကြေးမြင့်မြင့်ယူမှာပေါ့။ မင်းက ဆေးကုသသူတွေ ဆေးကုသစရိတ်မြင့်တာကြောင့် ပြန်သွားတာ ပြီးတော့ မင်းဆေးရုံကို မလာမှာ မကြောက်ဘူးလား။”

“ဒီအကြောင်း စိတ်ပူဖို့က ကျွန်တော် အလုပ်ပါ။ ကျွန်တော်အနေနဲ့ ဒီလောက် ငွေအများကြီး ရင်းနှီးမြှပ်နှံထားရတာ။ ဒီအဓိပ္ပာယ်က ကျွန်တော်အနေနဲ့ ရှုံးမှာ မကြောက်လို့ဘဲ။”

ဖုန်းယွီက သန်းကြွယ်သူဌေးတစ်ဦးတစ်ဖွယ် ပြောလိုက်သည်။

ဖုန်းယွီက အေးစက်စက် အကြည့်ဖြင့်

“အခု ယွမ် ၁၀သန်းက မင်းလွှင့်ပစ်လိုက်တဲ့ ငွေလိုပဲနော်။”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်လို့ ဆေးရုံက အရုံးပေါ်မယ်ဆိုရင်တောင် ဒီကနေ စက်ယန္တရားကုမ္ပဏီက အလုပ်သမားတွေ အကျိုးကျေးဇူးရတယ်လို့ တွေးနေတာ။ ကျွန်တော်က မြို့တော်ဝန်က ကျန်းမာရေးဝန်ကြီးနဲ့ ကုန်သွယ်ရေးနှင့် စက်မှုဌာနကို စကားပြောစေချင်ရုံပဲ။ ကျွန်တော်က သူတို့ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်လုပ်မှာ။"

လမ်းညွှန်ချက်အတိုင်းလား။ ကျန်းရွေ့ချင်က ဖုန်းယွီကို စိုက်ကြည့်လိုက်သည်။ ဒီဌာနတွေ ဘယ်လိုမျိုး လည်ပတ်နေလဲဆိုတာကို ငါမသိဘူးလို့ မင်းထင်နေရာလား။ ငါက သူတို့ကို ပြောလိုက်တာနဲ့ သူတို့တွေက သေချာပေါက် လုပ်ရမဲ့ အဆင့်ကို မြန်မြန်လုပ်ပေးမှာ ပြီးတော့ သူတို့တွေက အကျိုးခွင့်ပြုမိန့်တွေကိုတောင် ပေးလိမ့်ဦးမယ်။”

“အို ဟုတ်သားပဲ ကျွန်တော်တို့ရဲ့ ဆေးရုံမှာ တက္ကသိုလ်က ပါမောက္ခတွေနဲ့ အထူးကုတွေကို အချိန်ပိုင်း ခန့်ထားဦးမှာ။ ကျွန်တော်တို့ ဆေးရုံက အရှေ့တိုင်းနဲ့ အနောက်တိုင်း ပေါင်းစပ်ထားတဲ့ ဆေးရုံ ဖြစ်မှာ။ အဲ့ပါမောက္ခတွေက သူတို့ရဲ့ အချိန် အများစုကို သင်ခန်းစာပေးဖို့ သုံးရတာ အခုဆို လူနာတွေ ကြည့်ဖို့အချိန် ရှားတယ်လေ။ ကျွန်တော်တို့ ဆေးရုံက မြို့တော်က ဆရာဝန်အသစ်တွေကို လေ့ကျင့်ဖို့လည်း ကူညီပေးမှာ။ ဒါက ကျွန်တော်တို့ မြို့သားတွေကို ကူညီပေးရာ ရောက်တယ်လို့လည်း စဉ်းစားပေးလို့ရတယ်။”

“မင်းက အဲ့ပါမောက္ခတွေကိုပါ ခန့်ထားဖို့ တွေးနေတာလား။ သူတို့တက္ကသိုလ်တွေမှာ ကိုယ်ပိုင် တက္ကသိုလ် ရှိတယ်လေ။ မင်းအနေနဲ့ သူတို့တွေက မင်းရဲ့ ဆေးရုံကို လာလုပ်မယ်လို့ တွေးနေတာလား။”

ကျန်းရွေ့ချင်က ဖုန်းယွီကို မယုံကြည်ပေ။ ဖုန်းယွီသည် သူ့ဓနများကို အသုံးပြုကာ ထိုပါမောက္ခများကို ငှားရမ်းနိုင်ပေသည်။ မဟုတ်ပါက ဆရာဝန်များအနေဖြင့် ဖုန်းယွီ၏ ဆေးရုံတွင် အလုပ်လုပ်ရန်အတွက် အကြောင်းပြချက် မရှိပေ။

ဖုန်းယွီ၏ ပြန်ဆိုမှုသည် အမှန်တကယ်ပင် ထိုပါမောက္ခများအား လစာကြေးမြင့်မြင့်ဖြင့် ငှားချင်းပင် ဖြစ်ပေမည်။

အဆင့်မြင့် စက်ပစ္စည်းများကို အသုံးပြုပြီး ထိုပါမောက္ခများအနေဖြင့် သူတို့ ကျောင်းသားများအား တစ်နှစ်တစ်ကြိမ် သင်ကြားနိုင်ပေသည်။ ပါမောက္ခများအနေဖြင့် လူနာကြည့်သည့်အခါ ဆေးနွေးမှုစရိတ်သည်လည်း မြင့်မားပေလိမ့်မည်။ ဖုန်းယွီသည် တရုတ်အထူးကုများအတွက် တရုတ်တိုင်းရင်းဆေးကုသခြင်းကိုလည်း လုပ်မည် ဖြစ်သည်။ ဖုန်းယွီသည် တရုတ်အထူးကုများအတွက် ရှေးဟောင်း ဆေးကျမ်းများကိုလည်း ရှာပြီး ဝယ်ယူရန် အကူအညီ တောင်းထားပေ၏။ သူတို့၏ ဆွေးနွေးခသည်လည်း ဈေးနိမ့်လိမ့်မည် မဟုတ်ပေ။

ဖုန်းယွီသည် တရုတ်တိုင်းရင်းဆေးသမားတော်များသည် အရိုးကုသမှုတွင် ကျွမ်းကျင်ကြပေသည်။ သူတို့အနေဖြင့် လူနာများ၏ အခြေအနေကို သွေးကြောစမ်းရုံဖြင့် သိနိုင်ပေသည်။ ယင်းက အိတ်ရေးစက်များဖြင့် အတူတူပင် ဖြစ်သည်။ သူ့တွင် လူနာများစွာရှိသည်။

အချို့သော တရုတ်တိုင်းရင်းဆေးကုသမှုသည် အနောက်နိုင်ငံဆေးဝါးများထက် ကောင်းတာလည်း ရှိသေး၏။ ဥပမာအနေဖြင့် ဂျင်ဆင်း ဖြစ်သည်။ အနောက်နိုင်ငံများသည် ဂျင်းဆင်းတွင် ပါသည့် သတ္တုဓတ်များကို ရှာဖွေ တွေ့ရှိခဲ့ကြပြီး သူတို့၏ တန်ဖိုးသည် မုန်လာဥနီနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ဂျင်ဆင်းသည် တရုတ်တိုင်းရင်းဆေး၌ လူနာများကို ကယ်တင်နိုင်ပေ၏။

ပါမောက္ခများ၏ ဆွေးနွေးခကို ကြေးမြင့်ပါက ဆေးရုံအနေဖြင့် အရှုံးပေါ်နိုင်မည်လော။ ယင်းက ဖြစ်နိုင်ဦးမည်လော။ ယင်းကို အထူးကု ဆေးရုံအဖြစ် စဉ်းစား၍ ရနိုင်ပေ၏။

ထိုသာမန် ဆရာဝန်များသည် ဆွေးနွေးခအတွက် ၀.၅ယွွမ်သာ ယူကြသည်။ ပြီးနောက် ထိုအထူးကုများသည် ၅ယွမ်ထက် ပိုယူကြသည်။ အထူးတော်ကြသည့် သမားတော်များသည် ဆွေးနွေးမှုအတွက် ၁၀ယွမ် ယူကြပေ၏။ ယင်းက အဲတာကို ဈေးကြီးသည်ဟု တွေးနေသည်လော။သင့်အနေဖြင့် အခြားသော ဒေါက်တာများကို ရွေးချယ်မည်လော။ ဆွေးနွေးခန်းထဲတွင် ထိုင်နေသည့် ပါမောက္ခများကို ရွေးချယ်မည်လော။ လူနာများသည် သာမန်လူနာများကို ဘယ်တော့မှ မပြကြပေ။

လူနာများသည် အတော်ဆုံး ဆရာဝန်များသာ ရှာကြသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် သမားတော်နှင့် ပြသလိုသည့် သူများသည် နံပါတ်ယူကာ ရက်သတ္တပတ် ကြာအောင် စောင့်ရသည်။ ယင်းအခြေအနေမျိုးကို ယခုဆေးရုံမှ စတင်မည် ဖြစ်သည်။ ယင်းက ဘင်းမြို့တော်တွင် အကောင်းဆုံး ဆေးရုံ ဖြစ်လာမည်ပင်။

All Chapters