← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

“ ဟုတ်တယ်.. ဆီးနှင်းဘုရင် အဲ့တာ သူပဲ.. သူ့ကြည့်ရတာ လှည့်စားနေတာနဲ့တူတယ်.. သူ့ရဲ့ စစ်ဆေးမှုရလဒ်ကို ပယ်ဖျက်သင့်ပါတယ်…”

အနီ၀တ်လူငယ်က စစ်ထူဘိုင်အား လက်ညှိုးထိုးလျက် ၀မ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။

ဟမ့်.. ဘုရင်အဆင့်ကျွမ်းကျင်သူရှေ့မှာ မင်းဘယ်လို သေမလဲကြည့်ရအောင်…

“ တိတ်စမ်း.. ပယ်ဖျက်တာ မပယ်ဖျက်တာ ငါ့ဟာငါစစ်ဆေးဆုံးဖြတ်မယ်.. မင်းက ဘယ်သူမို့ ဒီနေရာလာပြီးအော်နေတာလဲ…”

ဆီးနှင်းဘုရင်က မကျေမနပ်ဖြင့်ပြောလိုက်ပြီးနောက် ဒေါသများပြည့်နေသည့် မျက်၀န်းများဖြင့် စစ်ထူဘိုင်အား ကြည့်လိုက်၏။

စစ်ထူဘိုင်က ပါရမီကောင်းမွန်သူတစ်ယောက်မဟုတ်ကြောင်း သူမက အကြည့်တစ်ချက်ဖြင့်ပင် ပြောနိုင်စွမ်းရှိသည်။ သို့သော် ထိုလူငယ်၏ နံဘေးမှ ကောင်မလေးကမူ အလွန်အရည်အချင်းကောင်းမွန်၏။

ထိုလူငယ်က အရည်အချင်းနိမ့်ပါးသူတစ်ဦးဖြစ်ရာ သူမထုတ်လွှတ်သည့် ဖိအားကို အဘယ်ကြောင့် ဘာမှမဖြစ်သလို တောင့်ခံနိုင်ခဲ့ရသနည်း…

ထိုကောင်လေး ဘုရင်အဆင့်နှစ်ယောက်မရိပ်မိအောင် ဘယ်လိုလှည့်စားနိုင်ခဲ့တာလဲ…?

စစ်ထူဘိုင်၏ အမူအရာကမူ ရှုပ်ထွေးနေ၏။ ဘာတွေဖြစ်သွားမှန်း သူလည်း မသိပေ။ လက်ရှိတွင် ဆီးနှင်းဘုရင်ကြောင့် သူ၏ မျက်၀န်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။

သူ့အနေဖြင့် ဘုရင်အဆင့်တစ်ယောက်ရှေ့တွင် မောက်မာမနေသင့်ကြောင့်နားလည်ထားပေသည်။ အကယ်၍ ဘုရင်အဆင့်တစ်ယောက်က သူ့အား စော်ကားနေသည်ဟု တွေးထင်သွားလျှင် လက်တစ်ဖျောက်တီးစာအတွင်း အနိစ္စရောက်သွားပေလိမ့်မည်။

“ ကျွန်.. ကျွန်တော့်မှာ တံဆိပ်ပြားတစ်ခုရှိပါတယ်…”

စစ်ထူဘိုင်က ရွှမ်ယီပေးခဲ့သော တံဆိပ်ပြားအား အလျင်အမြန်ထုတ်ယူလိုက်၏။

လွန်ခဲ့သောရက်များအတွင်း ရွှမ်ယီက အမှားလုပ်ခဲ့မိသည်ဟုထင်မိခဲ့သဖြင့် ထိုတံဆိပ်ပြားအား ထုတ်ယူရန်ရှက်ရွံ့နေခဲ့သည်။ သို့သော် လက်ရှိအချိန်၌ ထိုတံဆိပ်ပြားအား ထုတ်ယူရန်မှအပ တခြားရွေးချယ်စရာမရှိတော့ပေ။

တံဆိပ်ပြားလား..?

ဆီးနှင်းဘုရင်၏ မျက်၀န်းများထဲ၌ ထူးဆန်းသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ဤတပည့်လက်ခံခြင်းအခမ်းအနားအား သူမနှင့် မုန်ညင်းဘုရင်တို့ ဦးဆောင်ကာကျင်းပခြင်းဖြစ်ပြီး ၀င်ခွင့်တံဆိပ်ပြား‌များရှိကြောင်း သူမတို့ပင် သိမထားကြချေ။

ထိုရှုထောင့်ဘက်မှကြည့်လိုက်လျှင် သူမရှေ့ရှိလူငယ်လေးက ကွကို သေလမ်းရှာနေသည်နှင့်မခြားပေ။ ဒုက္ခကို လက်ယပ်ခေါ်နေခြင်းဖြစ်၏။

ဆီးနှင်းဘုရင်က သူမ၏ ညာလက်အားမြှောက်ရန်ပြင်လိုက်သည်။ အသက်ရှုတစ်ရှိုက်စာအတွင်း စစ်ထူဘိုင်တစ်ယောက် ဘာမှမသိလိုက်ဘဲ အနိစ္စရောက်သွားပေလိမ့်မည်။

“ မဟုတ်ဘူး..”

ဝူလင်းအားက ပြင်းထန်စွာအော်ဟစ်လိုက်သည်။ ပတ်၀န်းကျင်ရှိ လူတိုင်းက သက်ပြင်းချကာ ခေါင်းယမ်းလိုက်ကြ၏။ အနီ၀တ်လူငယ်လေးကမူ ထိုမြင်ကွင်းအား စိတ်လှုပ်ရှားနေသော မျက်၀န်းများဖြင့် တက်ကြွစွာကြည့်ရှုနေသည်။

ဝှစ်ရှ်…

ရုတ်တရက် မုန်ညင်းဘုရင်က ဆီးနှင်းဘုရင်ရှေ့၌ ထွက်ပေါ်လာ၏။

“ နေဦး.. တစ်ခုခုထူးဆန်းနေတယ်…”

မုန်ညင်းဘုရင်၏ အမူအရာက အလွန်လေးနက်နေခဲ့သည်။ သူက စစ်ထူဘိုင်လက်တွင်းမှ ၀င်ခွင့်တံဆိပ်ပြားကိုယူပြီး အာရုံခံကြည့်လိုက်၏။ ထို့နောက် သူ၏အမူအရာပြောင်းလဲသွားခဲ့သည်။

“ မင်း သေချာကြည့်လိုက်..”

သူက တံဆိပ်ပြားအား ဆီးနှင်းဘုရင်ထံသို့ လွှဲပေးလိုက်၏။ ဆီးနှင်းဘုရင်၏ အမူပရာကလည်း ‌လေးနက်နေပြီး တံဆိပ်ပြားအားယူကာ သေချာစစ်ဆေးကြည့်လိုက်သည်။

ထို့နောက် ၎င်းအတွင်းမှ ရွှမ်ယီ၏ အရှိန်အဝါအား အာရုံခံမိလိုက်သည်။

“ သခင်လေး ရွှမ်ယီ…”

ဘုရင်နှစ်ယောက်လုံး ထိတ်လန့်နေသော မျက်၀န်းများဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့နှစ်ဦး၏ သေခြင်းရှင်ခြင်းက ရွှမ်ယီလက်တွင်း၌ ရှိသည်။ ထို့အပြင် ရွှမ်ယီ၏ နောက်တွင် အလွန့်အလွန်အစွမ်းထက်လှသည့် အမျိုးသမီးတစ်ဦးလည်းရှိနေ၏။

သူမလက်သာ အနည်ငယ်မြန်သွားပြီး စစ်ထူဘိုင်အား သတ်လိုက်မိပါက…..

ရွှမ်ယီသိသွားလျှင် ဖြစ်လာမည့် အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

“ အခြေအနေက ဘယ်လိုများလဲ.. အဲ့ဒီ အရှက်မဲ့ပြီး လှည့်စားတဲ့ကောင်ကို မြန်မြန် အဆုံးသတ်လိုက်ပါတော့…”

နံဘေးရှိ အနီ၀တ်လူငယ်က ထပ်မံ၍ လောဆော်လိုက်၏။

“ မိုက်မဲလိုက်တာ…”

ဆီးနှင်းဘုရင်၏ မျက်နှာလှလှလေးထက်၌ ဒေါသများဖြင့်ပြည့်နှက်နေပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။

သူမက လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး အနီ၀တ်လူငယ်အား လွင့်ပျံသွားစေခဲ့သည်။

ထိုအကောင်ကြောင့် သူမ ဒုက္ခရောက်လုနီးပါးဖြစ်းသွားခဲ့၏။

ရွှမ်ယီ၏ စရိုက်နှင့် ပုံစံအား မြင်ယောင်မိလိုက်ပြီး သူမနောက်ကျေ၌ ချွေးအေးများပင် စီးကျလာလေသည်။

“ ကောင်လေး.. မင်းနာမည်ဘယ်လိုခေါ်လဲ..”

ဆီးနှင်းဘုရင်က စစ်ထူဘိုင်အား နူးညံ့စွာမေးလိုက်၏။

စစ်ထူဘိုင် အလွန်အံ့ဩသွားခဲ့ပြီး

“ ဟောဒီ နိမ့်ကျတဲ့လူနာမည်က စစ်ထူဘိုင်ဖြစ်ပြီး ကျောက်တုံးနတ်ဆိုးမြို့ စစ်ထူမိသားစုကပါ…”

ဘုရင်အဆင့်နှစ်ယောက်လုံး ထိုစကားအားကြားလျှင် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့မမှားခဲ့ကြပေ။ ကျောက်တုံးနတ်ဆိုး‌မြို့က အဇူရာဒေသသို့ သွားရာလမ်းတွင် တည်ရှိနေသည်။

“ သူရဲ့ ရလဒ်တွေက အစစ်အမှန်ဖြစ်တယ်လို့ ငါကိုယ်တိုင် ကြေငြာတယ်…”

ဆီးနှင်းဘုရင်က လူတိုင်းကြားအောင် ပြောလိုက်၏။

“ အဲ့တာအပြင်.. ဒီနေ့ကစပြီး စစ်ထူဘိုင်က ငါ ဆီနှင်းဘုရင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်လာလိမ့်မယ်….”

ဆီးနှင်းဘုရင်က နှုတ်ခမ်းထောင့်၌ သွေးများစွန်းပေနေသော မလှမ်းမကမ်းရှိ အနီ၀တ်လူငယ်အား ထပ်မံ၍ ကြည့်လိုက်သည်။

ထို ကောင်စုတ်သာ နောက်ထပ် စောဒကတက်ဝံ့ပါက ဤနေရာ၌ပင် အမှုန့်ချေပစ်ပေလိမ့်မည်။

ထိုအနီ၀တ်လူငယ်လည်း မှင်သက်အံ့ဩနေပြီး ကျောက်ရုပ်တစ်ခုအလားဖြစ်နေခဲ့သည်။

သူ့မိသားစု ပိုင်ဆိုင်သမျှ အားလုံး အသုံးပြုခဲ့သည်တိုင် အပြင်စည်းတပည့်သာဖြစ်ခွင့်ရ၏။ သို့သော် ထိုကောင်စုတ်လေးကမူ မည်သည့်အရာမှ မပေးသော်လည်း နက်နဲဓားဂိုဏ်းသို့၀င်ခွင့်ရရုံသာမက ဆီးနှင်းဘုရင်၏ တပည့်ပင် ဖြစ်ခွင့်ရသွားသေးသည်။

ကွားခြားချက်က ကြီးမားလွန်းလှ၏။

ထို့အပြင် သူက ယနေ့၌ ဆီးနှင်းဘုရင်အား စော်ကားခဲ့သေး၏။ စစ်ထူဘိုင်၏ အဆင့်အတန်းကမူ သူနှင့် ကမ္ဘာခြားသွားချေပြီ။ အနာဂါတ်တွင် ပို၍ ဝေးကွာသွားပေလိမ့်မည်။

လက်ရှိအချိန်တွင် ပါးစပ်ကို တင်းကြပ်စွာပိတ်ထားရုံသာတတ်နိုင်၏။ ဝေဖန်လေကန်သည့် စကားပြောရန်မဆိုထားနှင့် ဂိုဏ်းတွင်း၌ စစ်ထူဘိုင် သူ့အား ခက်ခဲအောင်မလုပ်စေရန်သာ နေစဉ်နှင့်အမျှ ဆုတောင်းနေရတော့မည်။

All Chapters