အခန်း (၁၁၁)
Vol. 8 Ch. 111
“ ကြိုဆိုပါတယ်ကလေးတို့.. ငါက ရွှမ်မိသားစုခေါင်းဆောင်ပါ… မင်းတို့ကိုစောင့်နေတာ တော်တော်လေးတောင်ကြာပြီ…”
ဒေသဖြတ်ကျော်လှေပျံကြီးအား ရုတ်တရက်ရပ်တန့်လိုက်ရာ အလွန်အားကောင်းသည့် စွမ်းအင်လှိုင်းလုံးများ နံဘေးသို့ လွင့်စင် ထွက်ပေါ်လာလေသည်။
ဘုန်း…
ထိုအချိန်တွင် ကောင်းကင်သို့ ထို့ဖောက်လုမတတ်ကြီးမားသော ဓားကြီးတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ထို စွမ်းအင်အကြွင်းအကျန်များအား ခုတ်ဖြတ်သွားကာ ပယ်ပျောက်သွားစေခဲ့၏။
အစောပိုင်းတွင် ထိုစွမ်းအင်လှိုင်းလုံးကြီးများက အာကာပြင်ကိုပင် ပြိုပျက်သွားစေနိုင်သည့် မုန်တိုင်းအသွင်ဆောင်နေသော်လည်း ဓားချက်အောက်၌ ချက်ချင်းလွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်။
လှေပျံပေါ်ရှိလူတိုင်း အံ့ဩသွားခဲ့ပြီး လှေပျံကြီး၏ ဦး အရှေ့ပိုင်းကောင်းကင်ယံထက်၌ ရပ်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်လိုက်ကြ၏။
ထိုလူ၏ မျက်နှာမှာ နှင်းဆီရောင်သန်းနေခဲ့ပြီး ရှည်လျားသောမုတ်ဆိတ်မွေးများရှိသည်။ သူ၏ လက်ထဲ၌ တစ်ဖက်သွားဓားရှည်ကြီးတစ်ချောင်းအား ကိုင်ဆွဲထားလေသည်။
“ ကဲ.. လူတိုင်း လှေပေါ်ကဆင်းလို့ရပြီ.. နောက်ဆုံးတော့ မင်းတို့ရဲ့ အိမ်ကို ပြန်ရောက်ခဲ့ကြပြီ…”
ထို နှင်းဆီရောင်သန်းနေသည့် မျက်နှာနှင့် ရွှမ်မိသားစု ခေါင်းဆောင်ဆိုသူက အလွန်ဖော်ရွေဟန်ရသည်။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်များက အလင်းတန်း(၂၀)ကျော် အဖြစ်ပြောင်းလဲသွားပြီး လူတိုင်း ခြေထောက်အောက်သို့ရောက်သွား၏။ ကြည့်ရသည်မှာ သက်တန့် လှေခါးများ အလားပင်။
“ သက်တန့်အသွင်ပြောင်းခြင်း… ဒီစွမ်းအားက အလယ်အလတ်မူလဘုရင်တစ်ယောက်ဖြစ်မှ ရှိတဲ့စွမ်းအားပဲ…”
ရွှမ်တန်လည်း အံ့ဩသွားခဲ့၏။ သူက ရီဝေသော အကြည့်များဖြင့် ရွှမ်မိသားစုရှိရာသို့ ကြည့်လိုက်မိသည်။
ရွှမ်မိသားစုခေါင်းဆောင်၏ ကျောဘက်အခြမ်းရှိ တောင်ထိပ်များပေါ်၌ တည်ရှိနေသော ခမ်းနားထည်ဝါသည့် အဆောက်အအုံများအားကြည့်ကာ လူတိုင်း၏ ခန္ဓာကိုယ်များ တုန်လှုပ်သွားခဲ့ရသည်။
လှေပျံပေါ်ရှိလူတိုင်း အလွန်စိတ်လှုပ်ရှားနေခဲ့ကြ၏။
သူတို့မိသားစုခေါင်းဆောင်က အလယ်အလတ်အဆင့် မူလဘုရင်တစ်ယောက်ဖြစ်ပြီး တစ်ချို့သော ဒေသများ၌ ထိပ်ဆုံးသော တည်ရှိမှုဖြစ်သည်။
အနာဂါတ်တွင် သူတို့က ထိုမိသားစု၏ မိသားစု၀င်များ ဖြစ်လာတော့မည်လား။
ရွှမ်ယီ၏ အမူအရာကမူ အလွန်တည်ငြိမ်နေခဲ့သည်။ သူက လူအုပ်ကြား၌ အသာအယာလျှောက်လှမ်းနေ၏။ သူ၏ နံဘေးတွင် ရွှမ်ရင်ရင်ရှိနေခဲ့ပြီး သူမ၏ မျက်နှာကလေးမှာ အနည်းငယ်နီရဲနေပြီး မျက်၀န်းများက တစ်လက်လက်တောက်ပနေသည်။
“ အစ်ကို ရွှမ်ယီ.. ကျွန်မတို့ ရွှမ်မိသားစုက အရမ်းအားကောင်းတာပဲနော်…”
“ ဒါနဲ့ အစ်ကို့ကိုကြည့်ရတာ ဘာလို့နည်းနည်းလေးမှ အံ့ဩပုံမပေါ်တာလဲ…”
ထိုကောင်မလေးက တစ်ဖက်တွင် စိတ်လှုပ်ရှားလျက်ရှိပြီး တစ်ဖက်တွင် စိတ်ရှုပ်ထွေးနေခဲ့သည်။
သူမ၏ အစ်ကိုကြီး ရွှမ်ယီက အမြဲတစေ တည်ငြိမ်လျက်ရှိနေသည်အား တွေ့ရ၏။
အစောပိုင်းကာလ ဒေသဖြတ်ကျော်လှေပျံကြီးထက်၌ ရှိနေစဉ် ဘုရင်တစ်၀က်အဆင့်များရှိနေသော်လည်း သူ၏ အမူအရာက သာမန်အတိုင်းပင်။
သို့ယခု ဘုရင်အဆင့်စစ်စစ်တစ်ယောက် ရှေ့မှောက်သို့ရောက်လာသည့်တိုင်အောင် နဂိုအတိုင်းတည်ငြိမ်လျက်ရှိနေ၏။
ဘုရင်အဆင့်တစ်ယောက်တောင်မှ အစ်ကိုကြီး ရွှမ်ယီကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်ဘူးလား…
ရွှမ်ယီက ထိုမေးခွန်းအားကြားသော်လည်း မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။
သူ့အနေဖြင့် ယခင်က ကောင်းကင်ဘုရင်အဆင့်တစ်ယောက်ကိုပင် မြင်ဖူးခဲ့သည်။ အလယ်အလတ် မူလဘုရင်အဆင့်တစ်ယောက်က သူ့အား အဘယ်ကြောင့် အံ့ဩစေနိုင်မည်နည်း။
ထို့အပြင် သူက အလတ်အဆင့် မူလဘုရင်တစ်ယောက်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိပေသည်။
အားလုံးစိတ်လှုပ်ရှားသွားပြီးသည့်နောက် တစ်ခဏမျှငြိမ်သက်သွားကြသည်။
သေချာစဉ်းစားလိုက်ပြီးသည့်နောက် ရွမ် မိသားစု၏ ခေါင်းဆောင်ကဆုံးဖြတ်ချက် ချလိုက်၏။
“သူတို့အားလုံးကိုခေါ်ခဲ့လိုက်”
ငါတို့ရွှမ်မိသားစုရဲ့ မျိုးဆက်တွေက ဘယ်လိုလုပ် အပြင်ဒေသမှာ အဆုံးသတ်လို့ ရမှာလဲ။
ရလဒ်အနေဖြင့်ရွှမ်မိသားစုတစ်ခုလုံး စတင် ၍လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ ရွှမ်မိသားစုမှ ဒေသဖြတ်ကျော်လှေပျံကြီးစေလွှတ်ကာ ဘုရင်တစ်ဝက်အဆင့်များအား ပင်မ သွေးမျိုးဆက်များကိုရှာဖွေစေခဲ့သည်။
ထိုမိသားစုမှ ဘုရင်တစ်ဝက်အဆင့်များမှာ ရွှမ်မိသားစု၏အပြင်ဘက်တွင် လွတ်လပ် သောလူပုဂ္ဂိုလ်များဖြစ်ကြ၏။ သူတို့တွင် ရွှမ်မိသားစု၏ တာဝန်အရေးကိစ္စများကို ကိုင်တွယ်ရန် တာဝန်ရှိသည်။ သူတို့အားလုံးတွင်စူးရှသော အမြင်များရှိကြ၏။ ထို့ကြောင့် မိသားစု၏အမွေဆက်ခံခြင်း ပထ မအဆင့်မှာ ၄င်းတို့အပေါ်တွင်မူတည်သည်။
“မင်းတို့ဘယ်လိုထင်လဲ”
ရွှမ်မိသားစု၏ခေါင်းဆောင်က ခန်းမအလယ်ရှိထိုင်ခုံထက်တွင် ထိုင်လျက် မေးလိုက် သည်။ သူ၏အသွင်အပြင်အမူအရာက သြ ဇာအာဏာနှင့်ပြည့်စုံလျက် ရှိသည်။
သူ၏အမည်က ရွှမ်ယွမ်ဖြစ်ပြီး ကောင်းကင် ဒေသတွင်လည်းနာမည်ကြီး၏။ သူက ရွှမ်မိသားစု၏ ကိစ္စအဝဝကိုအမြော်အမြင် ကြီးစွာလုပ်ကိုင်ဆောင်ရွက်လျက် ရွှမ်မိ သားစုအား ရှေ့သို့ဖြည်းဖြည်းနှင့်မှန်မှန် ပို့ဆောင်နေသူလဲ ဖြစ်သည်။
ဘုရင်တစ်ဝက်အဆင့်ကိုယ်စားလှယ်များက ပေါ့ဆနေဟန်မရှိဘဲ လက်ယှက်ကာ ဉီးညွတ်အရိုအသေပြုလိုက်ကြ၏။
“မိသားစုခေါင်းဆောင်ကိုအစီရင်ခံပါတယ်.. ဒီတစ်ကြိမ် ရွှမ်မိသားစုက ပင်မသွေးမျိုးဆက်တွေ သွားရှာခဲ့တာမှာ ၂၅ ယောက်ရရှိခဲ့ပါတယ်…သူတို့တွေထဲ အကြီးဆုံးက ၂၈ နှစ် ရှိပြီး အငယ်ဆုံးက ၁၈ နှစ်ရှိပါတယ်…သူတို့ အားလုံးက လူငယ်တွေပါ…”
“ ဒါပေမယ့် တချို့သောရွှမ်မိသားစု သွေးရင်းတွေက စောစောစီးစီး သေဆုံးသွားခဲ့ကြပါပြီ…”
ထိုစကားအားကြားသည်နှင့် ပတ်ဝန်ကျင်ရှိ လူအားလုံး တစ်ခဏမျှငြိမ်သက်သွားခဲ့ကြ၏။ ခန်းမအလယ်တွင်ထိုင်နေသောရွမ် မိသားစုခေါင်းဆောင်၏ မျက်ဝန်းများအတွင်း၌ ဒေါသအရိပ်အယောင်များ ပြည့်နှက် လာခဲ့သည်။