← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

“ရွှမ်မိသားစုကိုယ်စား သူတို့အားလုံးကို ကျုပ်ကပဲ တောင်းပန်ပါတယ် …ဒါနဲ့မင်း သူတို့ရဲ့ခရီးလမ်းကို အဆုံးထိ ကူညီဆောင်ရွက်ပေးခဲ့ရဲ့ လား…”

“အားလုံးပြေလည်အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ…”

ကိုယ်စားလှယ်တစ်ဉီးက လက်ယှက်ကာ ပြောလိုက်သည်။

သေဆုံးသွားခဲ့ကြသူ ၁၁ ယောက်ထဲတွင် ၁ ယောက်က အရည်အချင်းမြင့်မားသော လူ ဆိုးတစ်ယောက်ဖြစ်၏။ ထိုလူငယ်က ဂိုဏ်းကြီးတစ်ခုကို စော်ကားမိပြီး လက်စားချေခံခဲ့ရကာ စောစောစီးစီးသေဆုံးခဲ့လေသည်။ ထိုဂိုဏ်း၏နောက်ကွယ်တွင် ဘုရင်အဆင့်တစ်ယောက်ရှိနေ၏။

သို့သော် ရွှမ်မိသားစုမှ ဘုရင်အဆင့်တစ်၀က်ကိုယ် စားလှယ်က ရွှမ်မိသားစုခေါင်းဆောင်၏ အ စွမ်းအနည်းငယ်ထည့်သွင်းထားသည့်မှော်အဆောင်အား အသုံးပြုကာ ထိုလူအားသတ် ဖြတ်ပစ်ခဲ့၏။

ထိုမှော်အဆောင်များမှာ ထုတ်လုပ်ရန် မလွယ်ကူလှချေ ၄င်းတို့အားပြုလုပ်ချိန်တွင် မိသားစုခေါင်းဆောင်၏ စွမ်းအားများကို ၄င်းအတွင်းသို့ ဖြည့်သွင်းပေးရန်လိုအပ်သ ည်။

ထိုအဆောင်ကိုဖန်တီးသည့်အချိန်၌ ဖန်တီး သူက၄င်း၏စွမ်းအား 10% ကိုအသုံးပြုရန် လိုအပ်သည်။ ထို့ကြောင့် ရွှမ်မိသားစုတွင် ထိုကဲ့သို့ ပစ္စည်းများစွာမရှိချေ။ တစ်ခုအားအသုံးပြုလိုက်သည်နှင့် မိသားစုခေါင်း ဆောင်အား အစီရင်ခံရန်လိုအပ်သည်။

“မှန်တယ်...လက်စားချေရမယ်…ရွှမ်မိသားစုကိုစော်ကားတဲ့အတွက် သူတို့အနေနဲ့ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရမှာပေါ့… ...ဒါက ဟိုးကတည်းက ဘိုးဘေးတွေရဲ့လမ်းညွှန်ချက်ပဲ…”

ရွှမ်ယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ခေါင်းညိမ့်လိုက်သည်။

“ခေါ်လာတဲ့ ၂၅ ယောက်ထဲမှာ ထူးခြားတာ တစ်ခုခုရှိလား…”

ထူးခြားတာလား...

ဟုတ်ပေသည်။ အချို့က အာရုံစူးစိုက်မှုခံရ ရန် အလွန်ထိုက်တန်၏။

ကိုယ်စားလှယ်အုပ်စုကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် သူ တို့ထဲမှတစ်ယောက်ကရှေ့ထွက်လိုက်ပြီး

“ သူတို့အားလုံးထဲမှာ သုံးယောက်က တော်တော်လေး အရည်အချင်း မြင့်ကြတယ်… ကျုပ်တို့ရွှမ်မိသားစုကို နောက်ထပ်နှစ်ရာဂဏန်းလောက်ထိ တိုးတက်သွားစေနိုင်စွမ်းရှိတယ်…အဲ့ဒီသုံးယောက်ထဲက တစ်ယောက်ရဲ့နာမည်က ရွှမ်တန်လို့ခေါ်တယ်... သူက အသက်ငယ် သေးပေမဲ့ အခြေတည်ဝိဉာဉ်အဆင့် ၃ ကို ရောက်နေပြီ..”

ရွှမ်ယွမ် အနည်းငယ်တုန်လှုပ်သွား၏။သူက မျက်ခုံးပင့်လိုက်ပြီး ထိုကိုယ်စားလှယ်အား ကြည့်လိုက်သည်။

ဤနေရာတွင် ရှိနေသူတိုင်း မြေခွေးအိုကြီးများ ဖြစ်ကြသည့်အလျောက် ပထမဦးဆုံး ထုတ်ဖော်ပြသခံရသူမှာ အားအနည်း‌ဆုံးဖြစ်ကြောင်း သဘာ၀အတိုင်း နားလည်ထားကြ၏။

သို့သော် ထိုကဲ့သို့ အသက်ငယ်ငယ်လေးနှင့် အခြေတည်ဝိညာဉ်အဆင့်(၃)သို့ ရောက်နေသည်မှာ ကောင်းကင်အဆင့်သို့ ၀င်ရန် အရည်အချင်းပြည့်မီနေချေပြီ။

ဒီလိုအရည်အချင်းမျိုးက ကျန်နှစ်ယောက်ထက် နိမ့်ကျနေသေးတာလား…?

ထို ပင်မသွေးမျိုးဆက်များကြားထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားများ ရှိနေပုံရသည်။

ရွှမ်ယွမ်က စိတ်၀င်တစားဖြင့် လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက စူးရှတောက်ပနေပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

“ နောက်ထပ်တစ်‌ယောက်နာမည်ကတော့ ရွှမ်ယင်ပါ.. သူက ကျင့်ကြံတာနောက်ကျတဲ့အတွက် အဆင့်ကတော့နိမ့်သေးတယ်.. ဒါပေမယ့် သူ့မှာ နိုးထနေပြီးဖြစ်တဲ့ လှံဝိညာဉ်ခန္ဓာကိုယ် ရှိနေတယ်…”

ဘုန်း…

ခန်းမကြီးတစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင် လှိုင်းလုံးများရိုက်ခတ်သွားခဲ့ပြီး နေရာအနှံ့သို့ သံအပိုင်းအစများလည်း လွင့်စင်သွားလေသည်။ အားလုံး ခန်းမအလယ်သို့ ကြည့်လိုက်ကြလျှင် နဂိုက ရွှမ်ယွမ်ကိုင်ထားသည့် အနက်ရောင် သံထိုင်ခုံ၏ လက်ရန်းမရှိတော့ကြောင်း တွေ့လိုက်ရ၏။

ရွှမ်ယွမ် စိတ်လှုပ်ရှားနေသည်မှာ သိသာပေသည်။

“ ရွှမ်ယင်.. လှံဝိညာဉ်ခန္ဓာကိုယ်…”

ရွှမ်ယွမ်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။

သူ၏ နှလုံးခုန်သံများ အလွန်လျင်မြန်နေ၏။ သူက အရူးတစ်ယောက်မဟုတ်ချေ။ ထို ရွှမ်ယင်ကြောင့် အနာဂါတ်တွင် ရွှမ်မိသားစု ယခုထက်ပို၍ မြင့်တက်လာနိုင်ကြောင်း သူကောင်းစွာ နားလည်ထားသည်။

ကောင်းကင်အဆင့်တွင်ပင် စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိသူ ရှားပါး၏။

ထို့အပြင် ရွှမ်ယင်၏ ခန္ဓာကိုယ်က တိုက်ခိုက်ရေးအဓိကထားသည့် လှံဝိညာဉ်ခန္ဓာကိုယ်ဖြစ်ပေသည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်များစွာထဲ၌ပင် ၎င်းက အကောင်းဆုံးထဲတွင်ပါ၀င်၏။

ဤကမ္ဘာကြီးတွင် မတူညီသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ နှင့် မတူညီသော စိတ်ဝိညာဉ်ခန္ဓာကိုယ်များစွာရှိသည်။ ထိုစိတ်ဝိညာဉ်ခန္ဓာကိုယ် များစွာထဲတွင် တိုက်ခိုက်ရေးအဓိက စိတ်ဝိညာဉ်ခန္ဓာကိုယ်များမှာ အရှားပါးဆုံးဖြစ်၏။

လှံစိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ လုံး၀ တိုက်ခိုက်ရေးအတွက် သင့်တော်ကောင်းမွန်လှသည်။ ထိုလူငယ် မြင့်တက်လာသည်နှင့်အမျှ အဆင့်တူတွင် သူ့အား အနိုင်ယူနိုင်မည့်လူ အလွန်ရှားပါးသွားပေလိမ့်မည်။

မှန်ပေသည်။ စိတ်ဝိညာဉ်ခန္ဓာကိုယ်က အမြင့်ဆုံးဖြစ်တည်မှုမဟုတ်သေးပေ။ စိတ်ဝိညာဉ်ခန္ဓာကိုယ်၏ အထက်တွင် ဘုရင်ခန္ဓာကိုယ်ရှိနေသည်။

ဘုရင်ခန္ဓာကိုယ် တစ်ခုသာဖြစ်ခဲ့ရင်….

ရွှမ်ယွမ်က ခေါင်းယမ်းလိုက်၏။

နှစ်ထောင်ချီကြာမြင့်သည့်တိုင်အောင် ဘုရင်ခန္ဓာကိုယ်တစ်ခု ပေါ်ပေါက်လာရန် မလွယ်ကူချေ။ ထိုလှံဝိညာဉ်ခန္ဓာကိုယ်က ဘုရင်ခန္ဓာကိုယ်နှင့် မယှဉ်နိုင်သော်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်များထဲတွင် အလွန့်အလွန်ကောင်းမွန်နေချေပြီ။

“ နောက်တစ်ယောက်ကရော ဘယ်သူများလဲ.. သူ့ အရည်အချင်းတွေကရော ဘယ်လိုလဲ…”

ရွှမ်ယွမ် အလွန်စိတ်လှုပ်ရှားနေပြီး မျက်လုံးများ မှိတ်ချလိုက်ပြန်သည်။ သူ၏ အတွေးထဲတွင် ရွှမ်ယင်အတွက် လေ့ကျင့်ရေး အစီအစဉ်အမျိုးမျိုးကိုပင် စီစဉ်ခဲ့ပြီးဖြစ်၏။ ထိုလူငယ်အတွက် ရွှမ်မိသားစုမှ အရင်းအမြစ်အမြောက်အများအား သုံးစွဲရန်ဆန္ဒရှိသည်။

ထိုကိုယ်စားလှယ်က ကပျက်ကချော် ပြုဝံ့ခြင်းမရှိဘဲ ရွှမ်ယီ၏ အကြောင်းအား အသေးစိတ်ရှင်းပြလိုက်၏။

All Chapters