← Chapters

အခန်း (၁၁၆)

Vol. 8 Ch. 116

အခန်း (၁၁၆)

Vol. 8 Ch. 116

ရွှမ်မိသားစုခေါင်းဆောင်က သူ့အား ရွှမ်မိသားစု၏ ဆက်ခံသူအဖြစ် သတ်မှတ်လိုက်ချေပြီ။

ရွှမ်ယီ၏ စိတ်ထဲတွင် တစ်မျိုးတစ်မည်ဖြစ်သွားသော်လည်း မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။

သူက ကျင့်ကြံမှုအပေါ်တွင်သာ အာရုံစူးစိုက်ထားသူတစ်ဦးဖြစ်သည်။ မိသားစုတစ်ခုအား စီမံခန့်ခွဲရာ၌ အတွေ့အကြုံလုံး၀မရှိသလို စိတ်လည်း၀င်စားခြင်းမရှိပေ။ သူက ယုအချိန်တွင် အဇူရာဒေသ နက်နဲဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ခဲ့သော်လည်း ဂိုဏ်းစီမံခန့်ခွဲရေးကိစ္စများနှင့် ပတ်သက်ပြီး တစ်ကြိမ်တစ်ခါမှ တာ၀န်ကျေခဲ့ဖူးခြင်းမရှိပါ။

ကြက်သွေးနတ်ဆိုးဒေသ၌ နက်နဲဓားဂိုဏ်းခွဲတည်ထောင်ခဲ့သည်မှာမှန်သော်လည်း ထိုအတိုင်း ဘုရင်နှစ်ယောက်အား တာ၀န်ပေးကာ ထားခဲ့ခြင်းဖြစ်၏။

အင်အားစုတစ်ခုအား စီမံခန့်ခွဲရသည်မှာ အလွန်ခက်ခဲပြီး အာရုံနောက်စရာကောင်းလွန်းလှသည်။

ရွှမ်ယီအနေဖြင့် ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိခြင်းမဟုတ်ပေ။ ထိုကိစ္စများလုပ်ကာ အချိန်ဖြုန်းနေသည်ထက် ထိုအချိန်များအားလုံးကို စွမ်အားများတိုးလာစေရန် အသုံးပြုသည်က ပိုအကျိူးရှိသည်ဟု ခံစားရသောကြောင့်ဖြစ်၏။

ထို့အပြင် ရွှမ်ယီက နဂိုကတည်းက ရွှမ်မိသားစု အမွေဆက်ခံသူဖြစ်ရန် စိတ်ကူးမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူက ဤနေရာတွင် အကြာကြီးနေမည်မဟုတ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ငြင်းဆန်ရန်ပြင်လိုက်သည်။

သို့သော် သူပြောတော့မည့်အချိန်တွင် ရွှမ်ယီ အံ့အားသင့်သွားခဲ့၏။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲ၌ စနစ်ထံမှ အချက်ပေးသံအား ကြားလိုက်ရသောကြောင့်ဖြစ်သည်။

[ ဒင်! သင်က ဖုံးကွယ်ထားသော တာ၀န်တစ်ခုကို ‌‌တွေ့ရှိခဲ့ပါတယ်- ရွှမ်မိသားစု၏ ဆက်ခံသူ ဖြစ်လာရမည်။

ဆုလာဘ်- မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ ဆေးပညာနှင့်ပတ်သက်သော မှတ်ညာဏ်များ….]

ရွှမ်ယီ အလွန်အံ့အားသင့်သွားခဲ့၏။

ဤအခြေအနေတွင် စနစ်ထံမှ ဖုံးကွယ်ထားသော တာ၀န်တစ်ခုထွက်ပေါ်လာသည်တဲ့လား..

မှော်ဆေးပညာရှင် ဒန်ချင်ဇီ.. ဒီ မှော်ဆေးပညာချင်က ဘယ်အဆင့်လောက်ကများလဲ.. ဆေးပညာနှင့်ပတ်သက်တဲ့ မှတ်ညာဏ်တွေတဲ့လား…?

ထိုအကြောင်းအား စဉ်းစားရင်း ရွှမ်ယီတစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ စနစ်အမည်က တပည့်လက်ခံခြင်းစနစ်ဟုခေါ်သော်လည်း ၎င်းက တပည့်များအား လက်ခံရုံမျှလောက် မရိုးရှင်းပေ။

လောလောဆယ် မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ မှတ်ညာဏ်များဖြင့်ဆိုလျှင် သူက ဆေးပညာနယ်ပယ်သို့ လျှောက်လှမ်းနိုင်တော့မည်။

ထိုရှုထောင့်မှကြည့်လျှင် ရွှမ်မိသားစု၏ ဆက်ခံသူဖြစ်လာမည့်ကိစ္စမှာ ဘာမှမဟုတ်သော်လည်း အဓိက တစ်ခုတည်းသော အခက်အခဲမှာ စီမံခန့်ခွဲခြင်းဖြစ်၏။

သို့သော် သူ့တွင် စနစ်ရှိနေသဖြင့် ရွှမ်ယီက ယုံကြည်မှုရှိနေခဲ့သည်။ သူ၏ စွမ်းအားများသာ လုံလောက်အောင်မြင့်မားနေပါက အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်နေစရာလိုမည်မဟုတ်ပေ။ စီမံခန့်ခွဲခြင်း ကိစ္စများအား အခြားတစ်ယောက်ကို လွှဲထားပေး၍ရသည်။

သူပို၍ သန်မာလာသည်နှင့်အမျှ ရွှမ်မိသားစုက လိုက်ပါမြင့်တက်လာပေလိမ့်မည်

“ ကောင်းပြီလေ.. ကျုပ်သဘောတူတယ်…”

[ဒင်! မှော်ဆေးပညာရှင် ဒန်ချင်ဇီရဲ့ ဆေးပညာနဲ့ ပတ်သက်သက်တဲ့မှတ်ညာဏ်တွေကို လက်ခံရရှိပါတယ်…]

ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အသိစိတ်က မှော်ဆေးပညာရှင် ဒန်ချင်ဇီ၏ မှတ်ညာဏ်များအတွင်း နစ်မြုပ်သွားခဲ့လေသည်။ တစ်ခဏအကြာတွင် သူ့ရှေ့မှ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

ဘုန်း…

အလွန်ကြီးမားပြီး အစွမ်းထက်ပုံရသည့် ဆေးမီးဖိုကြီးတစ်ခုက သူ့ရှေ့တွင် ရှိနေခဲ့သည်။ ထို့နောက် ၎င်းဆေးမီးဖိုကြီး မြေပြင်ထက်သို့ ကျဆင်းသွားရာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွား၏။ မြေပြင်ပင် ၎င်း၏ အလေးချိန်နှင့်စွမ်းအားကို မခံနိုင်ဘဲ အက်ကွဲသွားခဲ့ရသည်။ ထို့နောက် ကမ္ဘာမြေ၏ အနက်ရှိုင်းဆုံးနေရာရှိ အူတိုင်မှ အနီရဲရဲမီးတောက်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့၏။ ထိုမီးတောက်က ရွှေကိုအရည်ပျော်ပြီး သံမဏိကို ပျက်စီးသွားစေနိုင်စွမ်းရှိပေသည်။

ထို့နောက် လူပုံရိပ်တစ်ခုက မိုးပေါ်သို့ ပျံတက်သွားခဲ့၏။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်ထားပြီး လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ သူ့၏ စွမ်းအားအောက်တွင် ဆေးမီးဖိုက တဖြည်းဖြည်းလည်ပတ်လာ၏။ ပြင်းထန်သော စွမ်းအင်များက ကမ္ဘာမြေ၏ အူတိုင်မှ ထွက်ပေါ်လာသည့် မီးတောက်ကို တိုက်စားသွားခဲ့ပြီး ပြင်းထန်သော မီးတောက်အစုအဝေးအဖြစ်ပြောင်းလဲက ဆေးမီးဖိုအတွင်းသို့ ၀င်ရောက်သွားစေသည်။

အဆုံးမရှိသော မှော်ဂါထာများကို မြင်လိုင်ရပြီး ရွှမ်ယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။

ထို့နောက် ထိုလူ၏ လက်က ဆေးမီးကြီးအား ရိုက်ချလိုက်သည်။ ၎င်းက အလွန်ကျယ်လောင်သောအသံထွက်ပေါ်လာစေခဲ့ပြီး သူ၏ အကျီလက်အိုးအတွင်းမှ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ၊ စိတ်ဝိညာဉ်ဆေးပင်များ တစ်သီတစ်တန်းကြီးထွက်လာခဲ့ကာ ဆေးမီးဖိုအတွင်း ၀င်ရောက်သွားခဲ့၏။

အချိန်တစ်ခဏမျှကြာပြီးနောက် ဆေးမီးဖိုတစ်ခုလုံးတုန်ခါလာခဲ့ပြီး ကောင်းကင်ထက်ရှိ ပုံရိပ်ထံမှ အနှိုင်းမဲ့ စွမ်းအား နှင့် အရှိန်အဝါများ ပေါ်ထွက်လာသည်။

ကောင်းကင်ထက်တွင်လည်း တိမ်မည်းများစုစည်းလာခဲ့ပြီး မိုးများခြိမ်းကာ လျှပ်စီးများ တစ်ဖြတ်ဖြတ်တောက်ပလာ၏။ မြင်ကွင်းက ကြောက်မက်ဖွယ်အတိဖြစ်လေသည်။ ထို့နောက် မိုးကြိုးများ ကျဆင်းလာခဲ့၏။

ဘုန်း….

ဆေးမီးဖိုအား တိုက်ရိုက်ထိမှန်သွားပြီး ၎င်းအတွင်း ဆေးကိုးလုံးရှိနေရာမှ တစ်လုံးသာကျန်ခဲ့လေသည်။ ထို နောက်ဆုံးတစ်လုံးက ပတ်၀န်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို အားပါတရစုပ်ယူလိုက်၏။ ထို့နောက် ၎င်းအတွင်း၌ ဝိညာဉ်ကိန်းအောင်လာခဲ့ကာ ကောင်းကင်အား ဆုတ်ဖြဲပြီး ပျောက်ကွယ်သွားတော့သည်။

“ ဟောဒီက အဘိုးကြီးက အဆင့်(၇)မှော်ဆေးပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒန်ချင်ဇီပဲ.. မင်း အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် ဟောဒီက အဘိုးကြီးရဲ့ ဆေးပညာကို ဆက်ပြီး လက်ဆင့်ကမ်းသွားဖို့မမေ့ပါနဲ့….”

ဝုန်း…

ဒန်ချင်ဇီ၏ အဆင့်(၁)မှ အဆင့်(၇)အထိ ဆေးလုံးသန့်စင်မှုနှင့် ပတ်သက်သည့် အမှတ်တရများအားလုံး ရွှမ်ယီ၏ ဦးနှောက်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။

All Chapters