← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

“ ဟီးဟီး.. ငါတို့ ရွှမ်မိသားစုမှာ ဘယ်တုန်းကမှ အဆင့်မြင့်ဆေးပညာရှင်မပေါ်ထွန်းခဲ့ဖူးဘူး.. ရွှမ်ယီ.. အဲ့ကောင်လေးလည်း အောင်မြင်မှာမဟုတ်ဘူးဆိုတာ ငါပြောရဲတယ်…”

“ အင်း.. သူ့ကို အခက်အခဲနည်းနည်းခံစားစေလိုက်တာကောင်းပါတယ်လေ.. မဟုတ်ရင် ဒီအသက်အရွယ်နဲ့ အရမ်းအစွမ်းထက်လွန်းနေတော့ တစ်ချိန်ကျရင် အောက်ခြေလွတ်သွားမှာစိုးရတယ်.. သူက အခု အခြေတည်ဝိညာဉ်အဆင့်(၉) မှာရှိနေပြီဆိုတော့ စိတ်ပြေလက်ပျောက် ဆေပညာလေ့လာရင်း ဘုရင်အဆင့်တံခါးကို ထိတွေ့မိသွားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…”

လူတိုင်းက ပြုံးရွှင်နေသော မိသားစုခေါင်းဆောင်အား ငေးကြည့်မိလိုက်ကြ၏။ သူ၏ အကြံကြောင့် လူတိုင်း အနည်းငယ် မှင်သက်သွားကြသည်။

“ ဒါပေမယ့် ကျုပ်တို့ ရွှမ်မိသားစုမှာ အဆင့်မြင့် မှော်ဆေးပညာရှင်မရှိဘူးလေ.. ဘယ်သူက သူ့ကိုသင်ပေးမှာလဲ…”

“ ဘယ်သူမှ သင်ပေးစရာမလိုဘူး.. သူ့ကို မှော်ဆေးပညာရှင် အစည်းအရုံးအကြောင်း ပြောပြလိုက်ရုံပဲလေ.. သူက အဲ့တာကို စိတ်၀င်စားတဲ့နောက် သူကိုယ်တိုင်လေ့လာပါစေ…”

ရွှမ်ယွမ်က ဤကိစ္စနှင့်ပတ်သက်၍ ပေါ့ပေါ့ပါးပါးသာသဘောထားခဲ့၏။ ရွှမ်ယီအနေဖြင့် ဆေးပညာလမ်းကြောင်းတွင် အောင်မြင်မှုများ ရရှိရန် မျှော်လင့်ထားခြင်းအလျဉ်းမရှိပေ။

ဆေးဖော်စပ်ခြင်း… ရွှမ်ယီ မည်မျှပင် ပါရမီထူးစေကာမူ အချိန်တိုအတွင်း ထိုနယ်ပယ်၌ အောင်မြင်မှုရရန် မည်သို့မှ မဖြစ်နိုင်ချေ။ အကယ်၍ ထိုလမ်းကြောင်း၌ တိုးတက်လိုလျှင် ဆရာကောင်းတစ်ယောက်၏ အသေးစိတ်သင်ကြားပြသမှုများအား လိုအပ်သည်။

ရွှမ်မိသားစုတွင် အဆင့်(၃) ‌မှော်ဆေးပညာရှင်များသာရှိသည်။

…….

ထိုအချိန်တွင် မှော်ဆေးပညာနန်းတော် ၊ မှော်ဆေးပညာရှင် အစည်းအရုံး… ကောင်းကင်ဒေသတစ်ခုလုံးတွင် မှော်ဆေးပညာနှင့် ပတ်သက်ပြီး မြင့်မြတ်နယ်မြေဖြစ်၏။

ဆွှစ်ရှ်…

ရွှမ်ယီက လေဟာနယ်အားဖြတ်သန်းကာ ထိုနေရာ၌ ပေါ်လာခဲ့သည်။

ရွှမ်မိသားစုတွင် သူဆက်ခံသူဖြစ်လာပြီးနောက် ပျောက်ဆုံးနေသော ပင်မသွေးမျိုးဆက်များအတွက် ရည်ရွယ်ထားသည့် အရင်းအမြစ်များစွာ သူရရှိထားခဲ့ချေပြီ။

ရွှမ်မိသားစု၏ အနာဂါတ်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် အလျောက် လက်ရှိမိသားစုခေါင်းဆောင် နဂိုကတည်းက ကြိုတင်၍ ပြင်ဆင်ထားသည့် နေရာကူးပြောင်းခြင်းအဆောင်များစွာ ရရှိထားခဲ့၏။

ကောင်းကင်ဒေသကြီးမှာ အလွန်ကျယ်ပြန့်လွန်းလှသော်လည်း ဘုရင်အဆင့်တစ်ယောက်သန့်စင်ထားသည့် ထိုနေရာကူးပြောင်းခြင်းအဆောင်များက ဒေသအတွင်း မိမိအလိုရှိရာသို့ သွားလာရန် လုံလောက်သည်။

“ ဒါက မှော်ဆေးပညာနန်းတော်ပေါ့…”

ရွှမ်ယီက သူ့ရှေ့မှ အဆောက်အအုံကြီးအား ကြည့်ပြီး ရေရွတ်လိုက်၏။ ၎င်းကို ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး သတ္တုဒြပ်စင်တစ်မျိုးလည်း ပေါင်းစပ်ပါ၀င်နေဟန်ရသည်။ ထိုအဆောက်အအုံကြီးက နေရောင်အောက်တွင် ရှေးဟောင်းခတ် အရှိန်အဝါများ ထုတ်လွှတ်နေ၏။

ဒန်ချင်ဇီ၏ မှတ်ညာဏ်များအရ အဆင့်မြင့်မှော်ဆေးပညာရှင်ရှိသည့် ဒေသတိုင်းတွင် မှော်ဆေးပညာနန်တော်နှင့် မှော်ဆေးပညာရှင် အစည်းအရုံးတို့ရှိကြောင်း သိရှိခဲ့ရသည်။ ထို အဆင့်မြင့် မှော်ဆေးပညာရှင်များက ဒေသတွင်းတွင် ဆေးပညာနှင့်ပတ်သက်သော ဗဟုသုတများဝေမျှရန် ၊ ဆေးပညာရှင်များအား ထိန်းသိမ်းရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိုအစည်းအရုံးအား တည်ထောင်ထားကြခြင်းဖြစ်၏။

အလုပ်သင်တစ်ဦးအဖြစ်မှစတင်ပြီး တရား၀င်မှော်ဆေးပညာရှင်မဖြစ်မချင်း ထိုနေရာ၌ စည်းစနစ်တကျ လေ့လာသင်ယူနိုင်သည်။

အဆင့်(၃) မှော်ဆေးပညာရှင်အဆင့်သို့ရောက်ပြီး ထိုနေရာမှထွက်ခွာလာပါက အတန်အသင့်လေးစားခံရရန် လုံလောက်၏။

မှော်ဆေးပညာရှင်များအတွက် စာမေးပွဲအား မှော်ဆေးပညာနန်းတော်၌ ကျင်းပလေ့ရှိသည်။

မှော်ဆေးပညာနန်းတော်အနားသို့ နီးကပ်လာသည်နှင့်အမျှ ပုံမှန်မဟုတ်သော ကမ္ဘာ့သွေးကြော အရှိန်အဝါများကို ခံစားမိလိုက်ပြီး ရွှမ်ယီ အနည်းငယ်အံ့ဩသွားခဲ့၏။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ကမ္ဘာ့သွေးကြောမှ မီးတောက်ကို ထုတ်ယူပြီး အထူးနည်းလမ်းများအသုံးပြုကာ ဆေးလုံးများ သန့်စင်နိုင်သည့် မီးတောက်များအဖြစ် ပြောင်းလဲထားကြောင်း ထင်ရှားပေသည်။

ထို ကမ္ဘာသွေးကြောမှ မီးလျှံများက မြေမီးတောက်ဟုခေါ်သော မီးတောက်အဖြစ် ပြောင်းလဲသွားနိုင်စွမ်းရှိ၏။ ဆေးဖော်စပ်ရာ၌ ထိုမီးတောက်အား အဓိကအသုံးများသည်။ ထိုမီးတောက်၏စွမ်းအားက အသုံးပြုသူအပေါ် မူတည်ပြီး အနိမ့်အမြင့် ကွဲပြားသွားပေလိမ့်မည်။

စိတ်ဝိညာဉ်စွမ်းအင် မလေ့ကျင့်ရသေးသည့် အလုပ်သင်တစ်ယောက်ပင်လျှင် စိတ်ဝိညာဉ်ကျောက်တုံးများအားသုံးပြီး ထိုမီးတောက်အား အသုံးပြုနိုင်သည်။

ဤနေရာတွင် မှော်ဆေးပညာရှင်များ ကျင့်ကြံရန်အတွက် အထူးနေရာများလည်းဖန်းတီးထား၏။

ထို့ကြောင့် မှော်ဆေးပညာမြင့်မြတ်နယ်မြေဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

မှော်ဆေးပညာရှင်၏ အဆင့်မြင့်လေ ပို၍ အလေးစားခံရလေဖြစ်ပေသည်။

ရွှမ်ယီက မျက်လုံးများ ခေတ္တမှိတ်ထားခဲ့ပြီး နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

မြေမီးတောက်၏ အရှိန်အဝါများကို အာရုံခံလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ ဒန်ချင်ဇီ၏ မှတ်ညာဏ်များအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဤနေရာ၌ ရင်းနှီးမှု သက်တောင့်သက်သာဖြစ်မှုများ ခံစားနေရ၏။ ဤနေရာက ဒန်ချင်ဇီ သူ့ ဘ၀တစ်လျှောက်လုံး နေထိုင်ခဲ့သည့် နေရာအလားပင်။

ထို မြေမီးတောက်များက တရားရုံးတော်မှ တရားသူကြီးများနှင့်ဆင်တူပြီး အဆင့်(၇) မှော်ဆေးပညာရှင် ဒန်ချင်ဇီကမူ ဘုရင်မင်းမြတ် သို့မဟုတ် ဧကရာဇ်တစ်ပါးအလားဖြစ်၏။

ယခုတွင် ရွှမ်ယီက ဒန်ချင်ဇီ၏ မှတ်ညာဏ်များနှင့်အတူ မှော်ဆေးပညာနန်းတော်သို့ ရောက်လာချေပြီ။

တစ်နည်းဆိုရသော် ဧကရာဇ်တစ်ပါး၏ ပြန်လာခြင်းဖြစ်ပေသည်။

“ တာအိုရောင်းရင်းကြည့်ရတာ ဒီနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးတာနဲ့တူတယ်…”

မှော်ဆေးပညာနန်းတော်၏ အတွင်းပိုင်းက အလွန်ကြီးမားလှသည့်အပြင် အထပ်ပေါင်းများစွာလည်းရှိနေသည်။ အထပ်တိုင်းတွင် အခန်းများ ဒါဇင်နှင့်ချီ၍ ရှိ၏။ ထိုအပြင် ထိုအခန်းများအားလုံး အသုံး၀င်သော အခန်းများချည်းသာ။ တစ်ချို့က ဆေးဖော်စပ်သော ပစ္စည်းများထားသော အခန်းဖြစ်ကာ တစ်ချို့က ဆေးပင်များထားသော အခန်းဖြစ်သည်။ တစ်ချို့ကမူ ဆေးဖော်စပ်ရာအခန်းများဖြစ်ပြီး ၊ ဆေးပညာစာမေးပွဲဖြေရာ ၊ ကောင်းကင်နှင့် မြေကြီး၏ ရတနာပစ္စည်းများသန့်စင်ရာ အစရှိသဖြင့် အမျိုးအစားစုံလင်လှသည်။

လူများစွာ အဆက်မပြတ်၀င်လိုက်ထွက်လိုက် လုပ်နေကြ၏။ ရွှမ်ယီက ဘယ်နားသို့သွားရမည်မှန်းမသိသောကြောင့် ဤနေရာတွင် ပေကပ်ကပ်ဖြင့် ရပ်နေခဲ့ခြင်းဖြစ်သည်။

All Chapters