← Chapters

မူလရေကန် ဖွင့်လှစ်ခြင်း

Vol. 22 Ch. 305

မူလရေကန် ဖွင့်လှစ်ခြင်း

Vol. 22 Ch. 305

“လီချင်းချန်… သူမလည်း ဒီကိုရောက်နေတာ ငါယုံနိုင်ဘူး…”

တောင်ထိပ်ပေါ်တွင် ရှိနေသော ဇူထိုက်နှင့် ကျန့်ယန်တို့ လူစုမှာ ကြောင်အ သွားပြီး အခြားသော တောင်ထွတ် တစ်ခုပေါ်တွင် တင့်တယ်စွာ ရပ်နေသည့် ပုံရိပ်လေးအား စိုက်ကြည့် နေခဲ့ကြကာ သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန်များ ပေါ်လွင်နေသည်။ ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်တွင် သူတို့၏ ကိုယ်ပိုင်ဂူနန်းများ ရှိကြပြီး အခြားသူများကဲ့သို့ နှစ်လတစ်ကြိမ် ဖွင့်သော အချိန်အခါကို စောင့်ဆိုင်းရန် မလိုအပ်ပေ။ ထိုကြောင့် အခြားသူများ၏ ရှာဖွေမှုအတွင်း ပေါ်လာလေ့မရှိပေ။

ထိုကြောင့် လီချင်းချန် ပေါ်လာခြင်းက အုပ်စုများ၏ မမျှော်လင့်ထားသော အရာဖြစ်သည်။

“အဲ့တာ လီချင်းချန်ပဲ” ဇူယွမ်က လှပသော ပုံရိပ်လေးကို ကြည့်နေခဲ့သည်။ ယောက်ျားသား တစ်ယောက် အနေဖြင့် သူလည်း လူအများ ပြောကြသည့် ကန်ရွှမ်းကလန်၏ နံပါတ်တစ် အလှတရားကို တွေ့မြင်ချင်ပေသည်။

သူမြင်နိုင်သည် ကတော့ သူမက အံ့အားသင့်ဖွယ် ကောင်းသော တည်ရှိမှု ဖြစ်သည်။

သူက ခေါင်းကို တစ်ဖက်သို့ လှည့်ကာ ဝင်းပသော ယောင်ယောင်၏ ကျောက်စိမ်း မျက်နှာလေးအား လှမ်းကြည့် လိုက်ပြီး နှိုင်းယှဉ်ကြည့်ရန် ကြိုးပမ်းလိုက်သည်။

သို့သော်လည်း သူ၏ အကြည့်က ယောင်ယောင်ထံသို့ ရောက်သွားချိန်တွင် ယောင်ယောင်၏ အေးစက်စက် အကြည့်နှင့် ဆုံလိုက်ရသောကြောင့် သူ့အကြည့်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်ပြီး အားတင်းကာ ပြုံးပြလိုက်သည်။

သို့သော်လည်း ဇူယွမ်နှင့် အတွေးသူသည့် များစွာသော လူများ ရှိနေသေးပေသည်။ တပည့် တော်တော်များများက သူမတို့ နှစ်ယောက်ကို တိတ်တဆိတ် နှိုင်းယှဉ်ခဲ့ကြပြီး မည်သူက ကန်ရွှမ်းကလန်၏ အလှတရား ဖြစ်မလဲဆိုတာ ရှာဖွေနေကြပေသည်။

ဝှစ်…

သို့သော်လည်း များစွာသော တပည့်များက သူတို့အလုပ်နှင့် သူတို့ ရှုပ်နေချိန်တွင် ဝေးကွာသော ကောင်းကင်မှ ကျယ်လောင်သော လေတိုးသံကို ကြားလိုက်ရသည်။ အစိမ်းရင့်ရောင် မူလချီ တိမ်တိုက်တစ်ခုက ကောင်းကင်မှနေ၍ အခြားသော တောင်ထွတ် တစ်ခုပေါ်သို့ ဆင်းသက် လာခဲ့ပြီး များစွာသော အကြည့်များကို ဆွဲဆောင်သွားသည်။

မူလချီတိမ် ကွယ်ပျောက် သွားသည်နှင့် ပိန်ပါးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိူလူငယ်သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး သူ၏ နက်မှောင်သော ဆံပင်များက ပခုံးပေါ်တွင် ဖြာကျနေပေသည်။ သူပုံစံမှာ သေသပ်ပိရိသော မျက်နှာ အနေအထား ရှိသော်လည်း သူ၏ မျက်လုံးအစုံမှာ ပိုမို ထင်ရှားပေသည်။ ထိုအရာများမှာ မင်ရည်ကဲ့သို့ နက်မှောင်နေပြီး အနက်ရောင် ကျောက်တုံးများနှင့် နှိုင်းယှဉ်နိုင်ကာ တော်တော်လေးကို ပဟေဋိဆန်ပေသည်။

သူ၏ အနက်ရောင် အင်္ကျီလက်မောင်းအိုးတွင် ဓားသွားနှင့်တူသော စာလုံးများမှာ ပေါ်နေခဲ့ပြီး လေတိုက်တိုင်းတွင် ညင်သာစွာ တဖျပ်ဖျပ် လွင့်နေခဲ့ပေသည်။ အလွန်အမင်း ထက်ရှသော ဓားအော်ရာများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှ ဓားချီများ ထွက်ပေါ် နေခဲ့ကာ ဧရိယာ တစ်ခွင်လုံး ဓားအော်သံများနှင့် ပြည့်နှက်နေခဲ့သည်။

ထိုနေရာတွင် ရပ်နေချိန်တွင် သူ့အား လူတစ်ယောက်ဟု မခံစားစေပဲ ဓားအိမ်မှ ထုတ်ထားသော နတ်ဘုရား ဓားတစ်စင်း အလား ခံစားရစေပေသည်။

များစွာသော အမျိုးသမီးတပည့်များက ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်ကို တောက်ပ နေသော မျက်လုံးရွဲကြီးများနှင့် စိုက်ကြည့် နေခဲ့ကြသည်။

ဇူယွမ်မှာလည်း ထိုအနက်ရောင်နှင့် လူငယ်ကို စိုက်ကြည့်နေရင်းမှ သူ၏ အမူအရာမှာ လေးနက် သွားခဲ့၏။ ထိုသူကို ကြည့်နေရင်းနဲ့မှ ထိူလူငယ်ဆီမှ ထွက်ပေါ်လာသည့် ထက်ရှသော မူလချီများကြောင့် သူမျက်လုံးတွင် နာကျင်မှုကို ခံစားမိ လိုက်ရသောကြောင့် ဖြစ်သည်။

ကန်ရွှမ်းကလန်တွင် ဓားကပ်ဘေး တောင်ထွတ်ကသာ ဤကဲ့သို့သော ထက်ရှမှုမျိုးအား ပိုင်ဆိုင်ပေသည်။

ထိုကြောင့် ထိုအနက်ရောင်နှင့် လူငယ်၏ နောက်ခံကို သိနိုင်ပေသည်။

ဇူယွမ်က အသံနိုမ့်ကာ မေးလိုက်သည် “သူက ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက်ထဲက ဒုတိယမြောက် ဖြစ်တဲ့ ခုန်းစိန်မလား။”

ဇူထိုက်ကလည်း တူညီစွာ လေးနက်နေသော အမူအရာဖြင့် ခေါင်းညိတ် လိုက်သည်။

“ဟုတ်တယ်၊ သူက ခုန်းစိန်ပဲ”

ထိုလူငယ် ပေါ်လာခြင်းက များစွာသော ခရမ်းရောင် တပည့်များအား ကြီးမားသော ဖိအားကို ခံစား ရစေပေသည်။

ခုန်းစိန် ပေါ်ပေါက်လာမှုကြောင့် သူတို့အားလုံး ထိတ်လန့်နေစဉ် အတွင်းမှာပဲ အခြားသော မူလချီတစ်ခုကလည်း ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့သည်။ တိမ်၏ ထိပ်ဖျားတွင် အရေမတွက် နိုင်သော ရှေးဟောင်း မှော်စာလုံးများ ရေးထိုးထားသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ပါလာခဲ့ပေသည်။ ဝတ်ရုံပေါ်မှ မှော်စာလုံးများက အလှည့်ကျ တောက်ပနေခဲ့ပြီး အလင်းရောင်များ ပျံ့နှံလျက် ရှိသည်။

ထိုတာအိုဝတ်စုံနှင့် အမျိုးသား၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေခဲ့ပြီး လေပြည့်အဝှေ့မှာ တဖျပ်ဖျပ် လွင့်နေသော အဝတ်အစားနှင့် အတော် ကြည့်ကောင်းသော လူငယ်တစ်ယောက် ဖြစ်သည်။

“သူတော်စင် မှော်စာလုံး တောင်ထွတ်က ယဲ့ကယ်…” ထိုတာအိုဝတ်စုံဝတ် လူငယ်ပေါ်လာခြင်က ဇူထိုက်၏ အမူအရာကို ရှုပ်ထွေးသွားစေခဲ့ပြီး “ဒီနေ့ ဘာဖြစ်နေတာလဲ။” ကြီးမြတ်သော ရွေးချယ်ခံ တပည့်ဆယ်ယောက်မှ သုံးယောက် ပေါ်လာခဲ့ခြင်းက စဉ်းစားစရာ ဖြစ်သည်။

အခြား တပည့်များကလည်း အချင်းချင်း ကြည့်လိုက်ကြသည်။ လူတိုင်း ပဟေဋိ ဖြစ်နေကြပေသည်။

လီချင်းချန် ပေါ်လာသည်မှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း အရွေးချယ်ခံ တပည့်မှ သုံးယောက်ပင် ပေါ်လာခြင်းက ရိုးရှင်းသော ကိစ္စမဟုတ်ပေ။

“ဗဟုသုတ နည်းလိုက်တာ။ နင်သတင်း မကြားမိဘူးလား။”

သူတို့အားလုံး စိတ်ရှုပ်ထွေး နေစဉ်တွင် နောက်ကွယ်က ကြင်လင်သော အသံတစ်သံ ထွက်ပေါ် လာခဲ့သည်။ ဇူထိုက်တို့က အနောက်သို့ လှည့်ကြည့်လိုက်လျှင် လုယန်တို့ အုပ်စုက လျှောက်လှမ်း လာသည်ကို မြင်လိုက်ရသည်။

“ဟီးဟီး… ဘာဖြစ်နေလဲ ဆိုတာ ညီမတော် လုယန်သိလား” ဇူထိုက်က ရယ်မောရင်း မေးလိုက်သည်။

လုယန်က သူတို့အုပ်စုကို ကြည့်လိုက်ပြီး ဖြေးညင်းစွာ ပြောလိုက်သည် “ငါ့အဘိုးဆီကနေ ကြားခဲ့တာတော့ အရင်တစ်ခေါက်တုန်းက ပေတစ်ထောင် ရှည်တဲ့ ရေနေသားရဲကို မူလရေကန်ထဲမှာ ရှာတွေ့ခဲ့တယ်တဲ့။ ခုန်းစိန်၊ လီချင်းချန်နဲ့ ယဲ့ကယ်တို့ ရောက်လာတာ အဲ့တာကြောင့်ပဲ။”

“ပေတစ်ထောင်ရှည်တဲ့ ရေသားရဲ…”

ဇူထိုက်တို့ လူစု၏ မျက်နှာမှာ အံ့အားသင့်မှုများ ပေါ်လာခဲ့သည်။ ပေတစ်ထောင် ရှည်သည့် ရေသားရဲများသည် ရေကန်၏ အနက်ရှိုင်းဆုံး နေရာများတွင်သာ ပုံးကွယ် နေတတ်ပြီး ၎င်းတို့ကို ရှာဖွေရန် ခက်ခဲလွန်းပေသည်။ ထိုထဲမှာ တစ်ကောင်က အပြင်ဘက်နားသို့ ထွက်လာပုံရသည်။ ဤသို့ဆိုလျှင် ခုန်းစိန်၊ လီချင်းချန်နှင့် ယဲ့ကယ်တို့ ပေါ်လာခြင်းမှာ အံ့အောစရာ မဟုတ်တော့ပေ။

တကယ်တော့ သူတို့သာ ပေတစ်ထောင် ရှည်သည့် ရေသားရဲကို အမဲလိုက်နိုင်ပါက သူတို့၏ ကောင်းချီးမှာ နဂါးရှစ်ကောင် အဆင့်သို့ ရောက်သွားပေလိမ့်မည်။

“အခြားရွေးချယ်ခံ တပည့်တွေနဲ့ လက်ရွေးစင်တွေက သီးသန့်ကျင့်ကြံမှု ဒါမှမဟုတ်ရင် တာဝန် ထမ်းဆောင်နေကြလို့ပဲ မဟုတ်ရင် ဒီနေရာမှာ သူတို့တွေ ပိုပြီးရှိနေကြမှာ” လုယန်က ပြုံးလျက် ဆက်ပြောသည်။ “ဒါအပြင် အစ်ကိုတော် ချူးချင်းသာ လာခဲ့ရင် အခြားရွေးချယ်ခံတွေ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

သူမက ချူးချင်း၏ ဖန် အကြီးစား ဖြစ်သည်။

ဇူထိုက်က ရယ်မောလိုက်ပြီး အရှေ့ရှိ ပုံရိပ်သုံးခုကို ကြည့်လိုက်သည် “ကြည့်ရတာ သည်တစ်ခေါက် မူလကောင်းချီးခြင်ဆီ ဖမ်းဆုပ်ခြင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်။ နဂါးရှစ်ကောင် ကောင်းချီးက ကြီးမားတဲ့ ဖြစ်ရပ်ပဲ။ ငါတို့က ထိုအရာကို မရရှိနိုင်ရင်တောင်မှပဲ အဲ့တာက ငါတို့ရဲ့ အမြင်ကို ဖွင့်ပေးလိမ့်မယ်။”

သူက ပုံရိပ်သုံးခုကို စိုက်ကြည့်နေခဲ့သည့် ဇူယွမ်ကို လှမ်းကြည့်လိုက်သည် ထိုနောက် သူက ဇူယွမ်၏ ပခုံးကို ပုတ်လိုက်ပြီး “ညီတော်ဇူယွမ် သူတို့ကို မနာလိုအားကျနေစရာ မလိုပါဘူး။ အနာဂတ်မှာ မင်းလဲပဲ နဂါးရှစ်ကောင် ကောင်းချီးကို မြည်းစမ်းဖို့ အတွက် အခွင့်အရေး ရပါလိမ့်မယ်”

သူ၏ စကားလုံးဖြင့် ဇူယွမ်ကို အားပေးနှစ်သိမ့်ရန် လုပ်ခဲ့သော်လည်း ထိုစကားကို လုယန် ကြားသွားချိန်တွင် သူမက မျက်လုံးများကို ဝှေ့လိုက်ပြီး “လက်ရှိ ကန်ရွှမ်းကလန်မှာ အစ်ကိုတော် ချူးချင်း တစ်ယောက်ပဲ နဂါးရှစ်ကောင် ကောင်းချီးရအောင် စွမ်းဆောင်နိုင်ခဲ့တာ အခြား ရွေးချယ်ခံ တပည့်တွေတောင် လုပ်နိုင်မယ့် အရာ မဟုတ်ဘူး။”

သူမက အခြားသော ရွေးချယ်ခံ တပည့်များပင် မလုပ်နိုင်သော အရာကို ရွှေရောင်ခါးစည်း တပည့် အဆင့်သာ ရှိနေသူက လုပ်နိုင်မည်မဟုတ်ဟု သွယ်ဝှိုက် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဇူထိုက်က အနည်းငယ် ကသိကအောက် ဖြစ်သွားခဲ့သည်။ လုယန်က စကားပြောသည့် အချိန်တွင် တကယ်ကို အထိန်းအချုပ် မရှိပေ။

သို့သော်လည်း ဇူယွမ်က သူမကို ဂရုစိုက်နေခြင်း မရှိပဲ ဇူထိုက်ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

ဘန်း…

သူတို့ စကား ပြောနေစဉ်တွင် ထူးဆန်းသော အသံတစ်ခုက ဧရိယာတစ်ခုလုံး ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။ ထိုနောက် အားလုံးသော တပည့်များ၏ စောင့်ကြည့်မှု အောက်တွင် မူလရေကန် တစ်လျောက်ရှိ ကြီးမားသော အလင်းရောင် အမိုးခုံးကြီးမှာ စတင်ပြီး ကြည်လင် လာခဲ့သည်။

ဇူထိုက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “မူလရေကန်က ပွင့်လာခဲ့ပြီ။”

သူက ဇူယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည် “ညီတော်ဇူယွမ် ရေကန်က မြူခိုးတွေနဲ့ ဖုံးအုပ်နေပြီး တောင်တွေက ရေကန်ကို အပိုင်းပိုင်းတွေ ခွဲခြားထားခဲ့တယ်။ မင်းအနေနဲ့ မူလနဂါး အဆီအနှစ်တွေကို ကိုယ်တိုင် ရှာဖွေ ရလိမ့်မယ်။”

ဇူယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

တပည့်များ၏ စိတ်လှုပ်ရှားနေသော အကြည့်များ အောက်တွင် ကောင်းကင်မှ အလင်း အမိုးခုံးကြီးက မှိန်ဖျော့သည်ထက် မှိန်ဖျော့လာခဲ့ပြီး နောက်ဆုံးတွင် လွင့်ပြယ်သွားခဲ့သည်။

တစ်ပြိုင်နက်တည်း အဆုံးမဲ့သည် မူလချီများက ပျံ့နှံထွက်ပေါ်လာခဲ့ပြီး ကုန်မြေတစ်ခုလုံးကို သန့်စင်သွားစေကာ လတ်ဆတ်သော အမြင်သစ်ကို ဖြစ်ပေါ်စေပေသည်။

ဝရုန်း…

သို့သော်လည်း ထိုအရာကို မည်သူမှ ဂရုစိုက်နေခြင်း မရှိပဲ များစွာသော တပည့်များမှာ အရှေ့သို့ တက်လှမ်း သွားကြပြီး သူတို့၏ ခြေထောက်အောက်ရှိ မှုလချီများမှာ တိမ်များ အဖြစ်သို့ ပြောင်းလဲသွားကာ ရေကန်ပေါ်ရှိ မြူထုထဲသို့ တိုးဝင်သွားကြသည်။

သူတို့နှင့် သက်ဆိုင်သော တောင်ထွတ်များတွင် ရပ်နေခဲ့သည် ခုန်းစိန်၊ လီချင်းချန်နှင့် ယဲ့ကယ် တို့မှာလည်း အလင်းတန်းများ အဖြစ် အရှေ့သို့ ထိုးတက်သွားပြီး အသက်ရှိုက်စာ အနည်းငယ် အတွင်းမှာပဲ မြူထုထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ် သွားတော့သည်။

“သွားကြစို့”

ဇူထိုက်က ဇူယွမ်နှင့် သူအုပ်စုရှိသူများကို ပြုံးကာ ပြောလိုက်သည်။

ခဏအတွင်းမှာ သူတို့လည်း မူလချီများကို စီးနင်းကာ အခြားသူများကဲ့သို့ မြူထုထဲသို့ ဝင်ရောက် သွားကြသည်။ အထဲသို့ မဝင်ရောက်ရန် အရည်အချင်း မပြည့်မီသည့် များစွာသော တပည့်များ၏ မနာလို အားကျသော အကြည့်များအောင်တွင် လူတိုင်းက အဆုံးမဲ့သော မူလ ရေကန်ထဲသို့ ဝင်ရောက် သွားကြလေတော့သည်…

All Chapters