← Chapters

ထိပါဆိုတောင် မထိဘူး

Vol. 88 Ch. 1315

ထိပါဆိုတောင် မထိဘူး

Vol. 88 Ch. 1315

“ မင်း အဲ့ကိစ္စ တွေးပူပေးစရာ မလိုပါဘူး…”

ဝမ်ထင်သည် လင်းရီကို ကြည့်၍ ဤလူက နည်းနည်းလေး ပုံမှန်မဟုတ်ဟု ခံစားနေရ၏။

သွေးထွက်သံယို တိုက်ခိုက်နေသည်က သူ့အတွက် လုပ်လေ့လုပ်ထရှိသည့် အမူအကျင့်တစ်ခုနှယ် အေးအေးဆေးဆေး ဖြစ်နေသည်။ မဟုတ်ပါက ထိုမျှ ကျွမ်းကျင်နေလိမ့်မည် မဟုတ်ချေ။

သို့ဖြစ်သည့်တိုင် သူက သိပ်ကို လူကြီးလူကောင်းဆန်သည့်ပုံပေါ်သည်။

“ ငါတို့ သူ့ကို ဆေးရုံပို့ကြမလားဟင်..” သွေးထွက်နေသည့် လူများကို ကြည့်ရင်း လီစီကျင်းမှ ညင်သာစွာ မေးမြန်းလိုက်၏။

သူမက ဝမ်ထင်ကဲ့သို့လည်း အတွေးမများချေ။ ယခုလို အချိန်၌ပင် အသုံးမဝင်သည်များအား စဉ်းစားနေလျက် ရှိလေသည်။

“ အေးဆေးပေါ့… ဒီကောင်တွေ အချိန်တစ်ခုလောက်အထိတော့ မသေနိုင်ပါဘူး..” လင်းရီ ပြောလိုက်ပြီး “ ဟိုရောက်မှပဲ ရဲတွေကို သူတို့စိတ်ကြိုက် ကိုင်တွယ်ပါလေ့စေ…”

“ အွန်း… “

လီစီကျင်းသည် ဝမ်ထင်အား အတင်း ဆွဲခေါ်၍ ခပ်လှမ်းလှမ်းတွင် သွားရပ်နေလိုက်သည်။ ထိုနှစ်ယောက်အား သူမ ဆက်မကြည့်ဝံ့တော့ချေ။ ညတွင် အိပ်မက်ဆိုးများ မက်မည်ကိုလည်း ကြောက်ရွံ့နေမိ၏။

နာရီဝက်ကြာပြီးနောက် ရဲကား တစ်စင်း ရောက်ရှိလာပြီး ရဲအရာရှိနှစ်ဦး ထွက်လို့လာသည်။

“ ဘာတွေဖြစ်နေတာလဲ… အခြေအနေက ဘာလို့ ဒီလောက်ထိ ဆိုးရွားနေရတာ…”

“ သူတို့က တရားမဝင် သဲတူးဖော်နေကြတဲ့လူတွေ… ငါတို့ ဒီလာပြီး အကြံဉာဏ်ပေးတော့ ငြင်းတဲ့အပြင် ပြင်းပြင်းထန်ထန် တုံ့ပြန်လာတယ်… အခုလို ဖြစ်တာက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုပ်လိုက်ရတာပဲ…”

ရဲအရာရှိ နှစ်ယောက်မှာ မျက်လုံးသာ လှန်လိုက်ကြ၏။ အပိုစကားတော့ မပြောကြတော့ချေ။

“ ငါတို့ ဒီနှစ်ယောက်ကို ဆေးရုံအရင် ခေါ်သွားလိုက်မယ်… မင်းတို့သုံးယောက်… ဖြောင့်ချက်ပေးဖို့ စခန်းလိုက်ခဲ့ကြ…”

“ ဟယ်လို အရာရှိကြီးတို့… ကျွန်မတို့က နွမ်းပါးမှု တိုက်ဖျက်ရေးဌာနကပါ.. ဒီမွန်းလွဲပိုင်းမှာ ကွင်းဆင်းလေ့လာရင်းနဲ့ ဒီဘက်ရောက်လာခဲ့တာ… ရှင့်အထင် ကျွန်မတို့……”

ထိုသို့ ပြောရင်းဖြင့် လီစီကျင်း သူမ၏ အိုင်ဒီကတ်ကို ထုတ်ပြလိုက်သည်။

အိုင်ဒီကတ်ကို မြင်တော့ အရာရှိ နှစ်ဦး၏ အမူအရာမှာ သိသိသာသာ ကောင်းမွန်လာသည်။

“ ဒါဆိုလည်း မင်းတို့ လုပ်စရာရှိတာ ဆက်လုပ်ကြ… ဒါပေမယ့် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တော့ ချန်ထားခဲ့ရမယ်… စုံစမ်းစစ်ဆေးတဲ့အခါကျ မင်းတို့သုံးယောက်ရဲ့ ပူးပေါင်းပါဝင်ပေးမှုကို လိုအပ်တယ်… အဲ့ခါကျ မင်းတို့ကို ဆက်သွယ်လိုက်မယ်…”

“ ပြဿနာ မရှိပါဘူး…”

ညွှန်ကြားသည့်အတိုင်း သုံးယောက်သားလုံးက မထွက်ခွာမီ ကိုယ်စီ ဖုန်းနံပါတ်များအား ချန်ထားရစ်ခဲ့ကြသည်။

“ နင် နာသွားသေးလား…” လီစီကျင်းက ဂရုတစိုက်ဖြင့် မေးသည်။

“ ဘာလို့… ငါ့ရုပ်က နာကျင်နေတဲ့ ရုပ်ပေါက်နေလို့လား…”

“ သူ့စကေးတွေကြည့်တာနဲ့ သူက အတွေ့အကြုံရှိတဲ့ ဖိုက်တာဆိုတာ ငါပြောနိုင်တယ်… ပြီးတော့ သူက ရဲလည်း မကြောက်ဘူး… ကျိုးဟိုင်က လက်တစ်ဆုပ်စာ လူထဲက တစ်ယောက်ပဲ ဖြစ်ရမယ်… “ ဝမ်ထင် ပြောလိုက်ပြီး “ စကားမစပ် နင်က ပိုက်ဆံလည်း ချို့တဲ့ မနေတာကို ဘာလို့ ဒီလာပြီး အလုပ်လာလုပ်နေတာလဲ…”

“ ဘယ်သိမှာ… ငါ့မှာ တခြား ဘာလုပ်စရာမှ မရှိလို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့…”

“ မဟုတ်ဘူး… နင့်မှာ တခြား အကြောင်းပြချက် တစ်ခုတော့ ရှိရဦးမယ်…” ဝမ်ထင် လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး “ နင် ရာဇဝတ်မှု တစ်ခုခု ကျူးလွန်ပြီးမှ ဒီလာပြီး ဇာတ်မြုပ်နေတယ်လို့တော့ လာမပြောနဲ့နော်..”

“ အမ်… မင်း ဘယ်လိုလုပ်ပြီး သိသွားခဲ့တာ…” လင်းရီ အံ့အားသင့်သွားသည့်ဟန် ဆောင်လိုက်၏။

“ ငါ မှန်သွားတာလား…”

ဝမ်ထင်၏ မျက်နှာသည် ဝင်းပသွားခဲ့ပြီး သူမ ထိုင်နေသည့် ပုံစံကို တစ်မျိုးပြောင်း၍ ခေါင်းကို ရှေ့သို့ တိုးလာခဲ့ကာ “ ခုလည်း အားနေမယ့်အတူတူ ငါ့ကို ပြောပြ… တုံးစန်း ကောင်တီလို ပစ္စန္ဓရာဇ်ဖြစ်တဲ့ နေရာမှာ လာပြီး ဇာတ်မြုပ်နေရအောင် နင် ဘယ်လို ရာဇဝတ်မှုတွေများ ကျူးလွန်ခဲ့လို့…”

“ အဲ့ဒါကကွာ…” လင်းရီ လေးနက်သည့် အမူအရာဖြင့် “ အဲ့ဒီတုန်းက ငါ ဝူလင်းဟုန်ကွမ်းလေး မောင်းရင်း ကျိုးဟိုင်က ကျေးလက်ဒေသတစ်ချို့ကို စူးစမ်းလေ့လာဖို့ ဆိုပြီး သွားတယ်… အဲ့ဒီအချိန်တုန်းက ငါ့ကားထဲမှာ အလှလေး နှစ်ယောက်နဲ့…. ငါသူတို့ကို ဗလက္ကာရ ပြုကျင့်လိုက်တော့ သူတို့ကလည်း ရဲပြန်တိုင်လိုက်တယ်လေ… နောက်ဆုံးတော့ ဒီလာပြီး ဇာတ်မြုပ်နေလိုက်တာ…”

“ ဟင်…”

မိန်းကလေးနှစ်ယောက်မှာ ချိုးတစ်ကူစာမျှ ကြက်သေသေသွားခဲ့ကြ၏။ ဤမြင်ကွင်းက စိတ်ထဲ သိပ်ရင်းနှီးနေသလို ရှိနေသည်။

ဝူလင်းဟုန်ကွမ်း….

ကျေးလက်ဒေသဘက်ကို စူးစမ်းလေ့လာဖို့ သွားတယ်…

ကောင်မလေး နှစ်ယောက်နဲ့….

ခု အခြေအနေနဲ့ အတူတူပဲမလား…

မသိစိတ်အလျောက် လီစီကျင်းမှာ လင်းရီကို ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်၍ ကိုယ်ကိုလည်း ကားတံခါး အနားသို့ တိုးကပ်ထားလိုက်သည်။

အကယ်၍ တစ်ခုခုဆိုပါက တံခါးဖွင့်ပြီး အသင့်ခုန်ချနိုင်လေသည်။

“ ကျွန်မရဲ့ ချစ်လှစွာသော ကျင်းကျင်း… နင့်ခေါင်းက မှိုတွေနဲ့ ပြည့်နေတာလား…သူ ငါတို့နှစ်ယောက်ကို လာနောက်နေတယ်ဆိုသာ အသိသာကြီး… အဲ့တာကို နင်က ယုံတယ်ပေါ့....” ဝမ်ထင် ဆွံ့အစွာဖြင့် ပြောလိုက်၏။

“ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ကောက်ချက်ချလို့မှ မရတာ…. သူ လိမ်ညာနေမှန်း နင် ဘယ်လိုလုပ်ပြီး သိလဲ…”

“ ကဲကဲ ငါတို့ရင်ထဲက မလိုမုန်းထားစိတ်တွေကို ခေတ္တ ဘေးချိတ်ထားပြီး ဒီကိစ္စကို သုံးသပ်ကြည့်ရအောင်…” ဝမ်ထင် သူမ တင်ပါးကို ရွေ့၍ တစ်မျိုးပြောင်းထိုင်လိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ သူက နည်းနည်းလေး မုန်းဖို့ကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်လေးက မဆိုးတဲ့ထဲ ပါတယ်… သူသာ သုံးစက္ကန့်ထက် ပိုကြာတယ်ဆိုရင် ငါတို့နှစ်ယောက်လုံး သာယာနိုင်တယ် မဟုတ်ဘူးလား… ဘာကြောက်စရာ ရှိလို့…”

လင်းရီ “ ….. “

‘ မင်းတို့ ဘိုးဘေး ဆယ့်ရှစ်ဆက်ကို ကျေးဇူးတင်တယ် သိလား…’

" အဲ့.. အဲ့လိုလည်း မဖြစ်ဘူးလေ…”

“ မဖြစ်ဘူးဆိုတာ သိတယ်… ငါလည်း လတ်လတ်ဆတ်ဆတ် အပျိုဖြန်းလေးက သူ့ကို အလကားတော့ အခွင့်အရေး မပေးနိုင်ပါဘူး…”

“ မင်းတို့ တအား စိတ်ကူးယဉ်လွန်းနေပြီ.. ငါ့လက်ကို အတင်း ဆွဲယူပြီး မင်းတို့ကို ထိပါလို့ ခိုင်းရင်တောင် ငါ မထိဘူး စိတ်ချ… နေ့ခင်းကြောင်တောင်ကြီး အိပ်မက်မက်မနေနဲ့… နှိုးထတော့….”

“ သွားစမ်းပါ… အနည်းဆုံးတော့ ကိုယ့်လက်ကိုယ် သုံးတာတောင် နင့်ထက် ပိုကောင်းဦးမယ်…”

ဝမ်ထင်မှာ အစွယ်များ လှစ်ဟာပြလာပြီး လင်းရီကို လက်သည်းဖြင့် ကုတ်ဖဲ့ချင်နေသည့် ပုံပေါ်သည်။

“ ထင်ထင်.. နင် လျှောက်မလုပ်နဲ့နော်… သူက မောင်းနေတာ.. ငါတို့ အသက်တွေက သူ့လက်ထဲမှာ ရှိတယ်….”

“ ဟွန့်… ဒီမိန်းကလေးက နင့်အသက်ကို ခဏ ချမ်းသာပေးလိုက်မယ်…” ဝမ်ထင် အေးစက်စွာ နှာမှုတ်လိုက်၏။

“ ငါတို့ ဒီက အခြေအနေတွေလည်း စစ်ဆေးပြီးပြီ… ပြန်ကြစို့… ကားထဲက ပစ္စည်းတွေကို နင့်မိဘတွေဆီ ယူသွားပေးမယ်.. ပြီးရင် ငါလည်း ငါ့လမ်းငါသွားတော့မယ်…”

“ ငါ့အမေတို့က မြို့ပေါ် ရွေ့သွားပြီ.. ငါတို့ ပြန်ရင် ခွမ်းဟော်ရွာကို ဖြတ်သွားရမှာ… ငါ့ မိသားစုက အရင်က အဲ့မှာ နေခဲ့တာလေ… အဲ့ကို အရင်သွားကြစို့… နောက်မှ မြို့ပေါ်ပြန်ကြမယ်…”

“ ပြီးတာပဲလေ… ဘယ်လိုပဲလုပ်လုပ် အတူတူပါပဲ…”

လီစီကျင်း၏ ဦးဆောင်မှု အောက်တွင် လင်းရီ ကားကို နောက် နာရီဝက်မျှ မောင်းနှင်လိုက်ပြီး ခွမ်းဟော်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

“ အိုး ကျင်းကျင်း ပြန်လာပြီပဲ…”

လီစီကျင်း ကားထဲမှ ထွက်လာသည်ကို မြင်တော့ ခွမ်းဟော် ရွာသူရွာသားများက ရိုးရှင်းသည့် အပြုံးတို့ဖြင့် ရောက်လာ နှုတ်ဆက်ကြသည်။

“ ကျွန်မက ခုဆို ကောင်တီမှာ အလုပ်ဝင်နေပြီ ဒေါ်ကြီးရဲ့ …. ခုလည်း အလုပ်ကိစ္စနဲ့ လာတာ… နောက်မှ ပြန်လာလည်တော့မယ်နော်…”

“ ကောင်မလေး နင် တကယ် တိုးတက်နေတာ ကြည့်စမ်း… ကောင်တီမှာတောင် အလုပ်ရနေပြီ… ကောင်းတယ် ကောင်းတယ်… “

ထိုအခါ ခါးမောက်ဆောင်းပြီး ပေါက်ပြား ပခုံးပေါ်ထမ်းထားသည့် ဦးလေးကြီးမှ ကျန်သူများကို ယခုလို ပြောသည်။

“ ငါ ဘာပြောခဲ့လဲ မြင်ပြီလား… စီကျင်းက လိမ္မာရေးခြားရှိပြီး စာတော်တဲ့ ကောင်မလေးပါလို့… ခု ကောင်တီမှာတောင် အလုပ်ဝင်နိုင်နေပြီ …”

“ အဟုတ်ပဲ… ငါတို့ရွာက သုံးနှစ်နေမှ တက္ကသိုလ် တက်နိုင်တဲ့သူဆိုလို့ တစ်ယောက်လောက် ထွန်းတာ… သူက တကယ်တော်တယ်….”

လီစီကျင်းနှင့် ဆုံတွေ့ရာတွင် ရိုးသားသည့် ရွာသူရွာသားတို့မှာ ချီးမွမ်းစကားတို့အား တွန့်တိုနေခြင်း မရှိခဲ့ချေ။ ဆက်တိုက်ဆိုသလို နာမည်ကို ပါးစပ်ဖျားမှပင် မချဘဲ ချီးမွမ်းစကား ပြောနေကြပြီး လီစီကျင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်နေမိတော့၏။

“ စကားမစပ် ကောင်တီမှာ အလုပ်ဝင်နေပြီ ပြောတယ်နော်… နင်က ဘာအလုပ် လုပ်တာလဲတဲ့… ‘ကြားပေါက်’ရော ကောင်းလား…”

ရိုးအသည့် ရွာသူရွာသားများမှာ ဝမ်ထင်နှင့် လင်းရီကို တစ်ဖွဲ့သားတည်းချင်းတွေဟု သတ်မှတ်လိုက်ကြ၏။

ထိုကဲ့သို့သော လျှို့လျှို့ဝှက်ဝှက် ပြောသင့်သည့် စကားလုံးများကို ပွင့်ပွင့်လင်းလင်း မေးလာသဖြင့် လီစီကျင်းမှာ ခေါင်းကိုက်နေမိတော့သည်။

“ ကျွန်မက လုပ်အားခနဲ့ ထောက်ပံ့ငွေပဲ ရတာ… ဒေါ်ကြီးတို့ပြောတဲ့ ကြားပေါက်ဆိုတာမျိုး မရှိပါဘူး..” လီစီကျင်း ပြောရင်းဖြင့် ငိုရမလို ရယ်ရမလို ဖြစ်နေပြီး “ ကျွန်မက နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနမှာ အလုပ်ဝင်နေတာလေ… ဒီနေ့ ဒီရောက်လာတယ် ဆိုတာလည်း ရွာက အခြေအနေကို နားလည်သဘောပေါက်ပြီး ပြင်သင့်တာတွေ ပြင်ကြရအောင်လို့… ဒီအတိုင်းကြီး တစ်သက်လုံး နေသွားလို့တော့ ဘယ်ဖြစ်မှာလဲ ဟုတ်တယ်မလား…”

“ ကောင်းလိုက်တာ … ကောင်းလိုက်တာ…”

လီစီကျင်းက နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနတွင် အလုပ်လုပ်နေသည်ဆိုတော့ ရွာသူရွာသားတို့မှာ ပါးစပ်ပင် မစေ့နိုင်တော့သည်အထိ ဝမ်းသာအားရ ဖြစ်သွားခဲ့ကြတော့၏။ ဘာပဲဆိုဆို လီစီကျင်းဆိုသည်မှာ သူတို့ရဲ့ ကလေး။ သူမရဲ့ အလုပ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားနှင့် အများကြီး ပတ်သက်နေလေသည်။

“ ဟဲ့ ဒီလောက်နောက်ကျနေပြီကို လယ်စိုက်ဖို့ ချေးငွေက ဘယ်တော့လာမှာလဲတဲ့ဟင်…”

“ ပြီးတော့ ဟိုရဲ့ သမဆေးကုခန်းကရော… သူတို့ပြောတာတော့ ငါတို့ကို ငွေပြန်အမ်းမယ်လို့တော့ ပြောတာပဲ… ဘယ်အချိန်မှ ရောက်လာမလဲ မသိ… “

“ ငါကြားတာ ငါတို့ နေရာ ပြောင်းရတော့မယ်ဆို… အစိုးရက တို့တွေကို မြို့ပေါ်မှာ နေဖို့ အိမ်ယာတွေ ထောက်ပံ့ပေးမယ်ဆို ဟုတ်လား…. အဲ့တာ အမှန်ပဲလား…”

လီစီကျင်း ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့သည်။

“ ကျွန်မက နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက ဆိုပေမယ့် အဲ့တာတွေက ကျွန်မရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးလေ…”

“ ဒါဆို ရေတွင်းတူးတာကျရော… နှစ်တိုင်းနှစ် ဒီလို အချိန်တိုင်း သူတို့ ရေတွင်းတွေ တူးတယ်… ပြီးရင် ရေထွက်ကလည်း နည်းနည်း…. နောက်နှစ်ကျရင် နောက်တစ်တွင်းဖိုး ပေးရပြန်ဦးမယ်… ဒါ လူတွေကို အမှည့်ခြွေသလို လာခြွေနေတာနဲ့ အတူတူပဲမလား… “ ပေါက်တူးနှင့် ဦးလေးကြီးမှ ပြောလိုက်၏။

All Chapters