နင့်ရဲ့ ခေါင်းမာတဲ့ စိတ်ဓာတ်ကို ကြိုက်တယ်
Vol. 88 Ch. 1317
လျိုရွှီလုသည် လီစီကျင်းနှင့် ဝမ်ထင်ကို စလာချင်းတုန်းကတည်းက သတိပြုမိပြီး ဖြစ်သည်။
ဤမျှ လှသည့် မိန်းကလေးမျိုးက ခွမ်းဟော် ကျေးရွာသူတော့ မဖြစ်နိုင်။
“ မင်းတို့က ထုံလေ့ ရွာသူတွေလား… ဟုတ်ရင် ပိုက်ဆံ တစ်ခါတည်း ပေးသွားလိုက်… မဟုတ်ရင် ဘေးကပ်ရပ်နေ…”
“ ကျွန်မက ထုံလေ့ ကျေးရွာကပဲ… ဒါပေမယ့် ကောင်တီရဲ့ နွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက ဆိုလည်း ဟုတ်တယ်… ရှင့်ရဲ့ ဒီနေ့ အပြုအမူတွေက တရားဥပဒေကို ဆန့်ကျင်နေတယ်ဆိုတာ သိလား.. ပြီးတော့ ရှင်တို့ခုလေးတင် လုပ်ခဲ့တဲ့ အပြုအမူတွေကိုလည်း မှတ်တမ်းတင်ထားပြီးပြီ… ရှင်တို့ စောင့်နေလိုက်တော့…”
“ သူတို့ တကယ်ကြီး ဗွီဒီရို ရိုက်ထားတယ်ပေါ့…”
လျိုရွှီလု၏ အမူအရာသည် မဆိုသလောက်လေး ပြောင်းလဲသွားခဲ့၏။ ဝမ်ထင်၏ လက်တွင် ဖုန်းကိုင်ထားပြီး မသိမသာ မှတ်တမ်းတင်နေကြောင်းကို သူ သတိပြုမိသွားခဲ့သည်။
“ ခွေးမ…. မင်း ဖုန်း ပေးလိုက်စမ်း…”
တစ်ယောက်ပြီးတစ်ယောက်… လူမိုက်များမှ ဝမ်ထင်ထံ တုတ်တံများ ရွယ်လျက် “ မင်းကို ရိုက်သတ်ပြီး အလောင်းဖျက်ပစ်လို့ရတယ်ဆိုတာ ယုံလား…”
ဖြန်း….
ဝမ်ထင် များများစားစား ဂရုစိုက်မနေဘဲ ကမ္မဌာန်း ရုပ်နှင့်ကောင်ကို မျက်နှာ ဖြတ်ရိုက်လိုက်သည်။
“ နင် ဘယ်သူ့ကို အဲ့စကားမျိုး လာပြောနေတာလဲ… နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ…”
လူမိုက်ဂိုဏ်းသားမှာ လုံးဝ ကြက်သေသေသွားခဲ့သည်။ ဝါးရင်းတုတ်လောက်ရှိမည့် မိန်းကလေးက သူ့အား ရိုက်ဝံ့လာလိမ့်မည်လို့ အမှန်ပင် မျှော်လင့်မထားခဲ့ချေ။
“ မင်း မေ$%....”
“ ဟေ့ ဟေ့ ဟေ့…” လင်းရီ အော်ဟစ်လိုက်ပြီး “ သူက နည်းနည်း ရုပ်ဆိုးတယ်ဆိုပေမယ့် မိန်းကလေးပဲလေ… မိန်းကလေးကို လက်မပါနဲ့လေကွာ…”
ဝမ်ထင် “ ??? “
နင့်ကို နုပ်နုပ်စင်းပစ်မယ်…
နင်လုပ်ရမှာက အလှလေးကို ကယ်တင်မယ့် သူရဲကောင်းကြီး လုပ်သင့်တာလေ…
လင်းရီ ထိုသို့ ပြောလိုက်တော့ လူမိုက်ဂိုဏ်းသားမှာ ပစ်မှတ်ပြောင်းသွားခဲ့ပြီး လင်းရီကို လက်ညိုးထိုး၍
“ မင်း မေ $% “
ဖြောင်း…
ယခုတင် ဝမ်ထင်က သူ့အား ပါးရိုက်ခဲ့သည်။ ယခု လင်းရီကလည်း ထပ်ဆင့် ရိုက်လို့ နေပြန်သည်။
ပါးတစ်ချက် ဆိုသော်လည်းပဲ ဤတစ်ချက်က ယခင် ကောင်မလေး ရိုက်သည့် တစ်ချက်နှင့် နည်းနည်းလေးမျှ မတူညီ။
လူမိုက်ဂိုဏ်းသားမှာ ကျယ်လောင်စွာ အော်ညည်း၍ မြေပြင်သို့ လဲကျသွားခဲ့တော့၏။ သွေးများ ထွေးထုတ်ပစ်လိုက်ပြီး သွားလေးငါးချောင်းခန့် ထွက်ကျလာသည်။
ထိုမြင်ကွင်းက လျိုရွှီလုနှင့် ကျန်သူများအား ကြက်သေသေသွားစေခဲ့၏။
ဒီကောင့်လက်သံက တယ်ပြောင်လှချည်လား…..
“ မင်းရဲ့ ကိုယ်နေဟန်ထားကို ကြည့်ရသလောက်တော့ ဒီလို ရိုက်တတ်ဖို့ကို အများကြီး လေ့ကျင့်ခဲ့ရတယ်နဲ့တူတယ်…”
“ အင်း … ဟုတ်တယ်… “
“ ငါ မင်းကို ပြောလိုက်မယ်… ဒါက မာစတာဝူရဲ့ အလုပ်ကိစ္စ… မင်း ဝင်မပါရင် ကောင်းမယ်… မဟုတ်ရင် မင်း အကျိုးဆက်ကို ခံစားရလိမ့်မယ်…”
“ ဟုတ်လား… အဲ့တော့ မင်း ထွက်လာရောတဲ့လား…”
လင်းရီ ခြေထောက်မြှောက်၍ တစ်ဖက်သူကို ဆောင့်ကန်လိုက်လေသည်။
လျိုရွှီလုမှာ ဝှစ်ခနဲ နောက်လွင့်သွားခဲ့၏။
“ သဲတူးနေတဲ့ကောင်တွေလည်း ဒီစကားမျိုး ပြောခဲ့တာပဲ… နောက်ဆုံးကျတော့ ငါ့လက်ချက်နဲ့ အကုန်လျှောကုန်ပြီ… ငါ့ရှေ့မှာ မာစတာဝူတွေ မာစတာပူတွေ လာမပြောနဲ့… အသုံးမဝင်ဘူး…”
“ မင်း…”
“ မင်းအတွက် ဘာက ကောင်းတယ်ဆိုတာ သိရင် ခု လစ်လိုက်တော့… မဟုတ်ရင် ငါ မင်းကို သေအောင် ရိုက်သတ်ပြမယ်…”
အခြေအနေ မဟန်သည်ကို မြင်တော့ လျိုရွှီလု မတ်တပ် ပြန်ရပ်၍ နောက်သို့ အလှမ်းတော်တော်များများ ဆုတ်သွားခဲ့ပြီး ကျန်သူများကို အော်ခေါ်လိုက်သည်။
“ သွားကြစို့…”
လေးယောက်သားလုံး ကားထဲသို့ တစ်ယောက်ပြီး တစ်ယောက်ဝင်၍ ခွမ်းဟော်ကျေးရွာမှ ထွက်သွားခဲ့ကြသည်။
“ လူလေး … ကျေးဇူးတင်ပါတယ်ကွယ်…”
ရွာသားတစ်ဦးမှ ကိုယ်စားလှယ်လုပ်၍ လင်းရီအား ကျေးဇူးတင်လိုက်သည်။
“ အဆင်ပြေပါတယ်…. ကိုယ့်ရှေ့မှာ ဒီလိုတွေ ဖြစ်ပျက်နေမှတော့ ကူညီသင့်တာ သဘာဝပဲ မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် နွမ်းပါးမှု တိုက်ဖျက်ရေးအတွက် ခင်များတို့ ကူညီပေးတာတော့ လိုသေးတယ်… ဒီဖောင် တစ်ချို့ ဖြည့်ပေးဦး… ပြီးမှ ကျွန်တော်တို့က ပြန်ပြီး ဒေတာတွေကို ပြန်စီစစ်ရမှာ..”
“ ဒါပေါ့ ဒါပေါ့… ရပါတယ် ရပါတယ်.. ငါတို့အားလုံး ပူးပေါင်းပေးသွားပါ့မယ်…”
လီစီကျင်းသည် အစတုန်းကတည်းကပင် ရွာခံ တစ်ယောက်ဖြစ်ပြီး လင်းရီကလည်း သူတို့အား ကူညီပေးသည့် လူဖြစ်သဖြင့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ အထစ်အငေါ့ မရှိ၊ အဆင်ပြေချောမွေ့နေသည်။
လူတစ်ချို့ဆို အိမ်ပြန်ပြီး မိသားစုဝင်များအား ခေါ်၍ ဖောင်ဖြည့်ခိုင်းသည်များလည်း ရှိ၏။ လင်းရီတို့လည်း ရေသာခိုမနေကြဘဲ မွန်းလွဲ သုံးမတ်တင်းထိတိုင်အောင် ဖောင်ဖြည့်သည့် ကိစ္စနှင့် အလုပ်ရှုပ်နေခဲ့ကြသည်။
ဤသို့ဖြင့် လင်းရီသည် တုံးစန်းကောင်တီအတွင်းရှိ အခြေအနေကို ပိုပြီးကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်သွားခဲ့တော့သည်။
ကြည့်ရသည်မှာ ဤနေရာကိုယ်၌က အကြောင်းပြချက် တစ်ခုဖြင့် ဆင်းရဲနေပုံရ၏။ မိုးကောင်းကင်သည်ပင် ၎င်းတို့အား စည်ပင်ဝပြောသည့် နေရာတစ်ခု မဖြစ်စေချင်သည့် ပုံပင်။
ကောင်တီက မကြီးမားသော်လည်း တစ်ချို့နေရာများတွင် နှစ်စဉ် ရေခမ်းခြောက်သည့် ပြဿနာကို ရင်ဆိုင်နေရပြီး ကျန်နေရာဒေသများကတော့ ရေကြီးသည့် ဒဏ်ကို ခံစားနေရသည်။
သောက်အဓိပ္ပာယ်ပင် မရှိချေ။
သူတို့ ကိစ္စပြီးဆုံးတော့ အန်းခုံမြို့သို့ မောင်းနှင် ရောက်ရှိလာသည်။ ဤနေရာက လက်ရှိ လီစီကျင်း နေထိုင်သည့် နေရာဖြစ်၏။
အန်းခုံ မြို့က ချင်းရန်မြို့နှင့် နှိုင်းစာလျှင်တော့ အခြေအနေက အနည်းငယ် ပိုကောင်းသည်။ သို့သော် နှိုင်းစာရုံမျှသာ။ မြို့ အင်္ဂါရပ်နှင့် ကိုက်ညီနေမှု မရှိချေ။
လီစီကျင်း၏ အိမ်သို့ ရောက်သည်တွင် လင်းရီသည် မြို့ပြင်မှ ဝယ်လာသည့် ပစ္စည်းတစ်ချို့ကို ဝမ်ထင်၏ ပစ္စည်းများနှင့် အတူရော၍ လီစီကျင်း၏ မိသားစုထံ လက်ဆောင်ပေးလိုက်၏။
အစကတော့ လီစီကျင်း၏ မိဘများက သူတို့ကို ဤနေရာတွင် ထမင်း စားသွားစေချင်သည်။ သို့သော် လင်းရီ သူတို့ကို ငြင်းဆန်လိုက်၏။
အန်းခုံမြို့တွင် ခေတ္တမျှ နေထိုင်ပြီးနောက် သုံးယောက်သား တုံးစန်းကောင်တီသို့ ပြန်လာခဲ့ကြသည်။
“ ငါ နေ့လည် ဒီရောက်လာတုန်းက ကောင်တီက တော်တော်လေး ချာတယ် ထင်နေတာ ချင်းရန်မြို့နဲ့ အန်းခုံမြို့ကို သွားလည်ပြီးမှပဲ ကောင်တီက ယှဉ်ပြောကြေးဆို မြို့ကြီးတစ်မြို့မှန်း သိလိုက်ရတော့တယ်…” လင်းရီ ထိုသို့ မှတ်ချက်ပြုလိုက်သည်။
လီစီကျင်းသည် လက်ဖြင့်ကွယ်၍ တခစ်ခစ် ရယ်မောလိုက်ပြီး “ နင် ယွီဟန်ကို ပြန်ရောက်ဖြစ်ခဲ့ရင် အဲ့က ကောင်းကင်ဘုံလို့တောင် နင် ထင်သွားဦးမယ်…”
“ ခုတောင် အဲ့လို ခံစားနေရပြီ…” ဝမ်ထင် သက်ပြင်းချလျက် ပြောလိုက်ပြီး “ ငါ အစက ဒီလာခဲ့တာ အချိန်တစ်ချို့ ဖြုန်းပြီး နင်တို့နဲ့ လျှောက်လည်မလို့ လုပ်နေတာ … ဒါပေမယ့် အတွေ့အကြုံအသစ်တွေ ရလိုက်လိမ့်မယ်လို့ ထင်မထားဘူး… ငါလည်း အဓိပ္ပာယ် ရှိတာ တစ်ခုခု လုပ်ချိန် တန်ပြီ… လူတစ်ယောက်က သိလျက်နဲ့ မလုပ်တာက ပိုပြီး မိုက်မဲရာကျတယ်လေ…”
ပြောပြီးနောက် ဝမ်ထင် သူမကားထဲသို့ ဝင်သွားခဲ့ပြီး “ ငါ ပြန်နှင့်တော့မယ်… ပြောစရာရှိရင် ဝီချက်ကနေ စာပို့ထားလိုက်…”
“ အိုကေ… လမ်းမှာ ဂရုစိုက်… ဖြည်းဖြည်းလည်း မောင်းဦး…”လီစီကျင်း ဂရုတစိုက် သတိပေးလိုက်သည်။
“ မပူနဲ့.. ငါ သိပါတယ်…”
ပြန်ပြောပြီးနောက် ဝမ်ထင် အဝေးသို့ မောင်းထွက်သွားခဲ့၏။
လင်းရီ သူ့နာရီကို ငုံ့ကြည့်လိုက်ပြီး “ ခြောက်နာရီတောင် ထိုးတော့မယ်… ထမင်းစားတော့မလား…”
လီစီကျင်း ခေါင်းရမ်းလိုက်၏။
“ ငါ ကောင်တီမှာ အိမ်သပ်သပ် ငှားထားတယ်… ပြန်ပြီး အဲ့မှာပဲ ကိုယ့်ဘာကိုယ် ချက်စားမှာ…”
ထိုသို့ ပြောပြီးမှ သူမစကားက သိပ်မသင့်လျော်သွားကြောင်း သတိထားမိသွားကာ ယခုလို ထပ်ပေါင်း ပြောလိုက်၏။
“ နင်လည်း တစ်ယောက်တည်းမလား… စိတ်မရှိဘူးဆိုရင် အိမ်လိုက်စားလေ… ငါ ပိုချက်လိုက်မယ်…”
“ အလုပ်ရှုပ်တယ်… ကိုယ့်ဘာကိုယ် အပြင်မှာပဲ ဝယ်စားလိုက်မယ်…”
“ နင်ရော ဘယ်မှာနေတာ.. အိမ်ငှားထားတာပဲလား…”
“ ငါလည်း ဒီမနက်ခင်းမှ ဒီရောက်လာတာ ဆိုတော့ နေဖို့ထိုင်ဖို့ ကိစ္စ မစဉ်းစားရသေးဘူး… ကောင်တီမှာ ဟိုတယ် ရှိတယ်မလား… အဲ့မှာပဲ နေဖြစ်ဖို့များတယ်…”
“ အွန်း အွန်း…”
လီစီကျင်း ဘာမျှ ထပ်မပြောချေ။ လင်းရီသည် ချမ်းသာမှန်း သူမသိ၏။ သူ ယခုလို အလုပ်လာလုပ်နေသည်ကလည်း ပိုက်ဆံထက် အတွေ့အကြုံရရှိဖို့ဘက်ကို အားသန်နေသည်။ တစ်နေရာသို့ မရွေ့ပြောင်းခင် ခက်ခဲမှုက မည်သည့် အရသာရှိမှန်းကို ခံစားကြည့်ချင်နေပုံရ၏။
ကိုယ်စီ သွားမည့် လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် လင်းရီသည် လီစီကျင်းကို ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။
ထို့နောက် သူ၏ ဝူလင်းဟုန်ကွမ်းဖြင့် ကောင်တီတစ်ဝိုက် လျှောက်သွားရင်း ညစာကို ဖြေရှင်းလိုက်၏။
ညစာစားပြီးနောက် လင်းရီ အထူးတလှယ် ဇိမ်ကျမည့် ဟိုတယ်တစ်ခု၌ အခန်းတစ်ခန်း ယူလိုက်သည်။
ဒူ ဒူ ဒူ ….
အခန်းသို့ ရောက်လာပြီးနောက် ရေချိုး အဝတ်စားလဲတော့မည့် အချိန်တွင် ဖုန်းက ရုတ်တရက် တုန်ခါလာသည်။
လျန်ရူရွှယ်က ဝီချက် ဗွီဒီယိုကော ခေါ်ဆိုလာခဲ့ခြင်းပင်။
“ နေ့ခင်းကြီးကို မကောင်းတဲ့ကောင် လုပ်နေတယ်ပေါ့ ဟုတ်လား… အဝတ်လေးတောင် မကပ်နိုင်ရှာပါလားနော်…” လျန်ရူရွှယ် စောင်းထေ့ပြီး ပြောလိုက်၏။
“ ဒီလို ကောင်တီ သေးသေးလေးက ကျိုးဟိုင်နဲ့ ဘယ်သွားတုလို့ရမှာ… ဒီမှာက လူအိပ်ချိန် ရောက်နေပြီ…”
“ ဟမ့်.. နင့် စကားတွေကို ငါမသိရင် ခက်မယ်…”
လင်းရီ “ ??? “
ငါ ဘာတွေ ပြောလိုက်လို့ သူက ဘာတွေ သိသွားတာ…
“ အလုပ်ရဲ့ ပထမရက်က အခြေအနေ ဘယ်လိုလဲ…”
“ မကောင်းဘူး.. သဘာဝ သယံဇာတလည်း မကောင်းဘူး.. လူအချင်းချင်းကို သွေးစုပ်ချင်နေတဲ့ လူတွေရယ်…. တက်ညီလက်ညီ မရှိတာတွေရယ်… စိန်ခေါ်မှုက တော်တော်များတယ်… ဒီလို အခြေအနေအောက်မှာ ဆင်းရဲတွင်းက နက်သထက် နက်ဖို့ပဲ ရှိတယ်…” လင်းရီ ပြောလိုက်၏။
လျန်ရူရွှယ်မှာ တသိမ့်သိမ့်တုန်အောင် ရယ်မောသွားခဲ့လေသည်။ ရင်ဘက်ရှိ ယုန်ကြီးများဆို ခုန်ပေါက်နေပြီး စက္ခုပသာဒ ရှိလှ၏။
“ အခြေအနေ အများစုက မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး… နင်သာ သေချာ စူးစမ်းကြည့်ရင် ဖုံးကွယ်ထားတဲ့ အချက်တွေကို မြင်ရလိမ့်မယ်.. ရှုပ်ထွေးနေတဲ့ ချည်လုံးလိုမျိုးပဲ… ဖြေဖို့ ခက်လွန်းတယ်…”
“ ငါ ဒီရောက်လာပြီ ဆိုမှတော့ ဘယ်လောက်ခက်ခက် ရအောင် လုပ်မှာပဲ… နည်းနည်းချင်း တစ်ခုချင်းစီပေါ့… လောလို့တော့ ဘယ်ရမှာ…” လင်းရီ ပြောလိုက်သည်။
“ ဒါပေမယ့် ငါ့နောက်ကွယ်မှာ ဘာမှ လျှောက်မလုပ်နဲ့နော်.. ငါ့ဘာငါပဲ ဖြေရှင်းမယ်..”
လျန်ရူရွှယ်၏ လှပရွှန်းစိုသည့် မျက်လုံးဝိုင်းကြီးများက လေးစားမှုတို့ဖြင့် ပြည့်နှက်နေပြီး “ ငါက နင့်ရဲ့ အဲ့ဒီ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို သဘောကျတာ…”