← Chapters

မျက်မှောက်

Vol. 88 Ch. 1307

မျက်မှောက်

Vol. 88 Ch. 1307

“ မလိုဘူး မလိုဘူး.. မင်း ခုလို လုပ်ပေးချင်စိတ် ရှိတာကိုပဲ ငါတို့က ကျေးဇူးတင်လှပြီ…”

လီချင်းယွမ်သည် လင်းရီက လူကောင်းတစ်ယောက်ဟု ခံစားလိုက်ရ၏။ သူ့ ကုမ္ပဏီက ဒေဝါလီခံနေရသည့်တိုင်အောင် မိတ်ဆွေ သူငယ်ချင်းထံ ကူညီလိုစိတ် ကျန်ရှိနေသေးလေသည်။ ထိုသို့သော လူမျိုးနှင့် သူငယ်ချင်းဖြစ်ရသည်မှာ တန်သည်။

“ ပြီးရော… မင်းတို့က မလိုဘူးဆိုမှတော့ သဘောပါပဲ…”

လင်းရီ စွန်းကျန်းဘက်သို့ လှည့်ကြည့်၍ “ သွားစို့.. ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး… အရင်သွားစားစို့ကွာ.. ငါ ဗိုက်ဆာနေပြီ…”

“ သွားမယ်… ဒီတစ်ခေါက်တော့ မင်း ဘာလိုလေသေးမှ မရှိစေရဘူး…”

“ ဟားဟား… စောင့်ကြည့်သေးတာပေါ့…”

ခရိတ်ခ်…

နှစ်ယောက်သား ကားထဲဝင်တော့မည့်ဟန် ပြင်နေတုန်းမှာပဲ ရုတ်တရက်ဆိုသလို Audi A6 တစ်စင်း ထိုးရပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

စစချင်းတုန်းကတော့ လီချင်းယွမ်နှင့် ကျန်သူများမှာ အလေးအနက် သိပ်ထား မနေခဲ့ချေ။ သို့သော်လည်း လိုင်စင် နံပါတ်ပြားကို မြင်တော့ သူတို့ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့တော့သည်။ ဤကားက အစိုးရဌာနမှ ကားတစ်စင်းပင်။

ကားထိုးရပ်လာပြီးနောက် လူနှစ်ယောက် အပြင်သို့ ထွက်၍ လင်းရီထံ လျှောက်လာသည်။

နှစ်ယောက်လုံးက အဖြူရောင်ရှပ်၊ စတိုင်ပန်နှင့် သားရေရှူးဖိနပ်တို့အား စီးနင်းထားပြီး သဏ္ဌာန်တူစွာ ဝတ်စားဆင်ယင်ထားခဲ့ကြ၏။

သူတို့၏ ဝတ်စားဆင်ယင်မှုပုံစံမှ အကဲဖြတ်ကြည့်ရသလောက်တော့ အစိုးရ အရာရှိကြီးများ ဖြစ်မည့်ပုံပင်။

“ ဥက္ကဌလင်း… မင်းရဲ့ ကားကလည်း မြန်လိုက်တာ … ခဏဆိုတာနဲ့ ပျောက်သွားရော…”

ထိုစကားကို အသက်အနည်းငယ် ကြီးရင့်ပုံရသည့် အမျိုးသားတစ်ဦးမှ ပြောလိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ပြောနေစဉ် ခဏ၌လည်း သူ့မျက်နှာထက်၌ နွေးထွေးသည့် အပြုံးတစ်ခုအား ဆင်မြန်းထား၏။ ထိုအချိန်၌ လင်းရီမှာ ပြောစရာစကား ကင်းမဲ့လို့နေသည်။ သူ ဤလူနှစ်ယောက်ကို လုံးဝ သိလည်း မသိ၊ မြင်လည်း မမြင်ဖူးခဲ့ချေ။ သို့သော် လီချင်းယွမ်မှာတော့ သူတို့နှစ်ယောက်ကို မမှိတ်မသုန် စိုက်ကြည့်နေလျက်ရှိ၏။ သူ့စိတ်ထဲ ထိုလူနှစ်ယောက်ကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ အနည်းငယ် ရင်းနှီးနေသယောင် ရှိနေသည်။ သို့သော် မည်သည့်နေရာ၌လည်းဆိုတာကို ပြန်မမှတ်မိနိုင် ဖြစ်နေခဲ့၏။

“ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ… ငါ့နာမည်က လုရန်မင်… ယွီဟန် ထိပ်ပိုင်း ခေါင်းဆောင်တစ်ယောက်ဆိုလည်း ဟုတ်ပါတယ်…”

လုရန်မင်…!

တစ်ဖက်သူ၏ နာမည်ကို ကြားမိတော့ လီချင်းယွမ်မှာ ထခုန်လုမတတ် ဖြစ်သွားခဲ့၏။

ချီးတဲ့မှ ဒါ တကယ့် ဒိတ်ဒိတ်ကျဲကြီးပဲ…

သူက ဘာလို့ စွန်းကြီးရဲ့ အခန်းဖော်ကို လာရှာနေရတာ…

“ မင်္ဂလာပါ မင်္ဂလာပါ…” လင်းရီ သူ့လက်ကို ဆန့်တန်းလိုက်ပြီး “ ခင်များတို့က ဘာလို့ ဒီရောက်လာကြတာ… ကျွန်တော်လည်း ဘာမှ မပြင်မဆင်ရသေးဘူးဗျာ…”

“ အတွင်းရေးမှူးလျန်က မင်း ဒီနေ့ရောက်လာမယ် ပြောလို့လေ…. သူပြောတာတော့ မင်းက သိုသိုသိပ်သိပ် နေရတာကြိုက်လို့ ငါတို့ကို ဝင်မစွက်ဖက်နဲ့တဲ့… ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဘာပဲပြောပြော ယွီဟန်ကို ရောက်လာတယ်ဆိုမှတော့ ကိုယ့်ဘက်က တချို့ စီစဉ်ပေးပြီး အိမ်ရှင်အနေနဲ့ ဧည့်ဝတ်ကျေပွန်ပေးသင့်တာပေါ့… ဥက္ကဌလင်းရော အဲ့လို မထင်ဘူးလား…” လုရန်မင် အပြုံးလေးဖြင့် ပြောလိုက်သည်။

ဟစ်….

လီချင်းယွမ်နှင့် ကျန်နှစ်ယောက်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး မနေနိုင်မထိုင်နိုင် ပင့်သက်ရှိုက်မိသွားခဲ့ကြသည်။

ဒီလို ဒိတ်ဒိတ်ကျဲကြီးတစ်ယောက်ကတောင် သူ့ကို ခရီးဦးကြို လာပြုရတယ်… ဒါကြီးက နည်းနည်း ရယ်ချင်စရာ မကောင်းဘူးလား…

လင်းရီ အကြမ်းဖျင်း နားလည်သွားခဲ့၏။

လျန်ရူရွှယ်မှာ သူ မည်သည့်နေရာ ရောက်ရှိနေသည်ကို တိုက်ရိုက်သိနေပြီး ဤလူကလည်း လျန်မိသားစုနှင့် မကင်းရာ မကင်းကြောင်း တစ်ယောက် ဖြစ်သဖြင့် လျန်ရူရွှယ်မှ သူ့အား အသိပေး အကြောင်းကြားထားခြင်း ဖြစ်ပေရမည်။

“ မလိုပါဘူးဗျာ… အချင်းချင်းတွေကိုပဲ… ကျွန်တော့်ဘက်က လုပ်ဖို့ လိုအပ်နေတာတွေလည်း အမျာကြီးရှိတော့ ယဉ်ကျေးနေစရာ မလိုပါဘူး…”

လင်းရီ၏ စကားလုံးများက လုရန်မင်အတွက် အင်မတန် အကျိုးရှိစေသည်။

လင်းရီနှင့် လျန်မိသားစုတို့ကို ရင်းနှီးချင်၍သာ သူ ဤမျှ စိတ်အားထက်သန် နေရခြင်းပင်။

ယခု သူ့တွင် လင်းရီ၏ အာမခံချက် ရှိသွားပြီ ဖြစ်လေရာ လုရန်မင်သည် မည်သည်ကိုမျှ စိုးရိမ်နေစရာ အကြောင်းမရှိတော့ချေ။

“ ဥက္ကဌလင်းက ကိစ္စရှိနေတယ်ဆိုမှတော့ ငါလည်း သွားပါတော့မယ်…”

ထိုသို့ပြောပြီးနောက် လုရန်မင်သည် လီချင်းယွမ်နှင့် ကျန်သူများဘက်သို့လည်း ပြုံးပြ၍ “ မင်းတို့က ဥက္ကဌလင်းရဲ့ မိတ်ဆွေလေးတွေ ဖြစ်ရမယ်… နောင်ကျ ဥပဒေရေးရာနဲ့ ပက်သက်လို့ လိုအပ်တာရှိရင် ငါ့ကို သတိရလိုက်… ငါ မင်းတို့ကို ခွင့်ပြုပေးမယ်…. ကြိုးစားကြကွာ…”

“ ဟုတ်.. ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်…”

လီချင်းယွမ်နှင့် ကျန်နှစ်ယောက်မှာ အံ့အားသင့်လို့ မဆုံးနိုင် ဖြစ်နေကြတော့သည်။

ဝမ်းသာစရာ ကိစ္စရပ်က ဗြုတ်စဗျင်းတောင်းကြီး ရောက်လာခဲ့သည့်အတွက် သူတို့ အဆင့်သင့်ပင် မဖြစ်လိုက်ချေ။

ဒီလို အခွင့်အရေးမျိုးရနိုင်အောင် သူတို့ချင်း ပတ်သက်မှုက ဘယ်လောက်ထိတောင် ကောင်းနေလို့ပါလိမ့်…

သူတို့သုံးယောက် အသိစိတ် ပြန်ကပ်လာတော့ လုရန်မင်သည် ကားထဲသို့ ဝင်၍ ထွက်ခွာသွားခဲ့ချေပြီ။

“ ဘာအိပ်မက်တွေ မက်နေတာ… လစ်စို့…” လင်းရီ လှမ်းအော်လိုက်၏။

“ ဘော့…ဘော့စ်… ခုက ဘာတွေ ဖြစ်သွားခဲ့တာလဲ… “ စွန်းကျန်း တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလာခဲ့သည်။

“ အဲ့လို ဒိတ်ဒိတ်ကျဲကြီးက တကယ်ကြီး မင်းဆီ လာနှုတ်ဆက်နေတယ်…”

“ မင်း ဘာတွေ လာနေပြောတာ.. ငါ့ကို လာနှုတ်ဆက်တယ်ဆိုတာ ပုံမှန်ပဲ မဟုတ်ဘူးလား…”

“ ဒါပေမယ့် မင်းက ဒေဝါလီခံလိုက်ရလို့ အစိုးရဝန်ထမ်း အလုပ်လာလုပ်နေတာ မဟုတ်ဘူးလား…”

လီချင်းယွမ်နှင့် လျိုကွမ်းမင်သည်လည်း ပဟေဠိဖြစ်လို့နေပြီး ဖြစ်နေသည့်အရာများအား နားလည်သဘောပေါက်ချင်နေသည်။

“ ချီးတဲ့မှ ငါ ဒေဝါလီခံလိုက်ရတယ်လို့ ဘယ်ကောင်ပြောတာ… ငါ တုံးစန်းကောင်တီကို လာပြီး အစိုးရဝန်ထမ်း လာလုပ်တယ်ဆိုတာ တခြား ဘာလုပ်စရာမှမရှိလို့… အားနေလို့… ငါ့ စီးပွားရေး အခြေအနေနဲ့ ဘာမှမသက်ဆိုင်ဘူး…”

“ ဪ……” စွန်းကျန်း အတန်ငယ်မျှ တိတ်ဆိတ်သွားခဲ့ကာ “ ဆိုတော့ မင်း ကုမ္ပဏီက ဘာပြဿနာမှ မရှိဘူးပေါ့ ဟုတ်လား…”

လင်းရီ စွန်းကျန်း၏ ဂုတ်ပိုးကို ဖြောင်းခနဲ ချလိုက်၏။

“ မင်း စကားအကောင်းလေး ပြောလို့မရဘူးလား…”

“ ငါ မေးချင်တာက မင်း ဒီလောက်ထိ အခြေအနေကောင်းနေတယ်ဆိုရင်လည်း ဘာလို့ ဒီလို ဈေးပေါတဲ့ ကားကြီး မောင်းလာခဲ့တာ… ငါ ကျန်းစုန့်ဆီက ကြားမိတာတော့ မင်းမှာ ROLLS ROYCE နဲ့ ဘန်ထလေလည်း ရှိတယ်ဆို… ဘာလို့ အဲ့ကားတွေ မောင်းမလာခဲ့တာ…”

“ ငါက ကောင်တီကို သွားမှာ… နောင်ကျရင် ကျေးလက်ဘက်တောင် သွားဖြစ်ရင် သွားဖြစ်ဦးမယ်…. အဲ့လိုကားမျိုး မောင်းလာခဲ့လို့ကတော့ စုတ်ဖြဲနေသလို ဖြစ်နေမှာပေါ့….”

“ အာ…. ဟုတ်သားပဲနော်…”

စွန်းကျန်း သူ့ပေါင်ကို ဖြန်းခနဲ ပိတ်ရိုက်လိုက်ပြီး “ အဲ့ကနေ အတွေးတွေ လွန်လာလိုက်တာ နောက်ဆုံး မင်း ဒေဝါလီခံလိုက်ရတယ် ထင်လိုက်တာပဲ…”

“ ငါ - ိုးတဲ့မှ…” လင်းရီ ကျိန်ဆဲလိုက်ပြီး “ တစ်နေ့ ငါ ဒေဝါလီခံလိုက်ရတယ်ဆိုတောင် ယွမ် လေးငါးဘီလီယမ်လောက်တော့ အေးဆေးကျန်တယ်…”

“ လေးငါး ဘီလီယမ်…”

ထိုနံပါတ်ကို ကြားတော့ သုံးယောက်လုံး ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ပြန်သည်။

“ သင်္ဘောနဲ့ ဆိပ်ကမ်း စီးပွားရေးတွေက ဒီနေ့ခေတ်မှာ အဲ့လောက်တောင် အမြတ်များနေပြီလား….”

“ ဆိပ်ကမ်းက အဲ့သလောက် ဝင်ငွေမများဘူး… တစ်နှစ်မှ ယွမ် ဆယ်သန်းကျော်ကျော်လောက်ပဲ ရတာ… မင်း ထင်သလောက်ကြီးလည်း များမနေဘူး…”

“ အာ… ဒါဆို မင်း ပိုက်ဆံအဲ့လောက် အများကြီးက ဘယ်ကနေ ရတာ…”

“ ကျိုးဟိုင်မှာ ငါ့ကုမ္ပဏီတစ်ခု ထပ်ရှိသေးတယ်လေ… အဲ့တာကမှ ငါ့ အဓိက စီးပွားရေးလုပ်ငန်း…”

“ ညီကိုလင်း… မင်းရဲ့ ကုမ္ပဏီနာမည်က ဘာလဲတဲ့…” လီချင်းယွမ် စကားအစ်ကြည့်လိုက်၏။

“ လင်းယွင်အုပ်စု….”

“ လင်းယွင်အုပ်စု…!!!” လီချင်းယွမ် အာမေဋိတ်သံဖြင့် ရုတ်ချည်း ထအော်ပြီး “ အဲ့ဒီ နာမည်ကြီး ကုမ္ပဏီလား… ငါ ကြားမိတာတော့ သူသာ စာရင်းဝင်(listed)လိုက်ရင်

တန်ဖိုးက အနည်းဆုံး ၂ ထရီလီယမ် ကျော်သွားမယ်ဆို…”

“ အဲ့ ပမာဏ ရောက်ရင်လည်း ရောက်လောက်တယ်… ဒါပေမယ့် စာရင်းဝင်ဖို့တော့ မစဉ်းစားသေးဘူး… ပြင်ပ ရင်းနှီးမြုပ်နှံသူတွေကို ခေါ်သွင်းတာကလည်း စိန်ခေါ်မှုများတယ်လေ..” လင်းရီ ရှင်းပြလိုက်သည်။

သုံးယောက်သားမှာ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်ကုန်တော့သည်။ လင်းရီ၏ အနေအထားမှာ သူတို့ လက်ခံနိုင်သည့် အတိုင်းအတာထက်ကို ကျော်လွန်နေချေပြီ။ သူက လုံးဝကို မတူညီသည့် အဆင့်တစ်ခုတိုင် ရောက်ရှီနေပြီး သူတို့လိုကောင်တွေ နားလည်ရန် ခက်ခဲလှ၏။

“ အရင် သွားစားကြစို့… ငါ ဗိုက်ဆာနေပြီ…”

“ အမ်… ဟုတ်တယ် ဟုတ်တယ်… သွားကြစို့…”

လီချင်းယွမ်နှင့် လျိုကွမ်းမင်တို့၏ အကြည့်အောက်တွင် နှစ်ယောက်သား ကားထဲသို့ ဝင်၍ ထွက်ခွာသွားခဲ့ကြလေသည်။

“ ငါတော့ ငါတို့နှစ်ကောင် ခုလေးတင် အတော်ကြီး ပိန်းတိန်းတဲ့အမှုကို လုပ်ခဲ့တယ်လို့ထင်တယ်… ချီးတဲ့မှ ငါ တိုင်နဲ့ ခေါင်းနဲ့သာ ဆောင့်ပြီး သေသာသေလိုက်ချင်တော့တယ်ကွာ…” လီချင်းယွမ် အားမလိုအားမရ ဖြစ်စွာ ပြောသည်။

“ ငါက ပိန်းရုံတင် မဟုတ်ဘူး… လုံးဝကို ရူးနေတာ…” လျိုကွမ်းမင် ပြောလိုက်ကာ “ ဘီလီယမ်နာ သူဌေးကြီးက ငါတို့ကို ရင်းနှီးမြုပ်နှံပေးဖို့ စကားစလာတာတောင် ငါတို့က လက်မခံခဲ့ဘူး… ငါတို့ကောင်တွေက နောင်လာနောက်သားတွေအတွက် ဥပမာကောင်းဖြစ်အောင် မှတ်ကျောက်တောင် တင်ထားသင့်တယ်…”

“ အချိန်မဖြုန်းနဲ့… စွန်းကြီးကို ပြောပြီး ပြန်ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာရအောင်…”

မိုးသစ်တော နည်းပညာ ကုမ္ပဏီမှ ထွက်လာခဲ့ပြီးနောက် စွန်းကျန်းမှ ထူးခြားဆန်းတင့်စွာ ပြင်ဆင်မွမ်းမံထားသည့် ဘာဘီကျူးဆိုင်တစ်ဆိုင်ထံ ခေါ်သွားပေးသည်။ သူတို့ ဘီယာ ဖာအနည်းငယ် ချခိုင်းလိုက်ပြီး ရိုးရှင်းသည့် ထမင်းတစ်နပ် စားရန် ဟန်ပြင်သည်။

“ ဘော့စ်…. လာ… ငါတို့ချင်း မတွေ့ဖြစ်တာ သုံးနှစ်ရှိတော့မယ်… ငါ မင်းကို စောက်ရမ်း သတိရနေတာ…”

“ နောင်ကျ မင်း ဒီမှာ အခြေကျသွားရင် ကျိုးဟိုင်နဲ့လည်း နီးတယ်… အားရင် ငါ့ဆီ လာလည်လှည့်…” လင်းရီ ပြောလိုက်ပြီး “ ဒါမှမဟုတ် မင်း အဆင်သင့်ဖြစ်တယ်ဆိုရင် ငါနဲ့အတူ စီးပွားရေး လုပ်လို့လည်း ရတယ်… ငါ့မှာ မင်း အတွက် အသုံးဝင်မယ့် အရင်းအမြစ်တွေ အများကြီးပဲ…”

“ ကျေးဇူးပဲ ဘော့စ်… လာ နောက်တစ်ခွက်…”

“ ဘာတွေ လာကျေးဇူးတင်နေတာ… တအား ရည်မွန်လွန်းတယ်… သက်တောင့်သက်သာ မဖြစ်လိုက်တာ…”

“ ဟားဟား…..”

“ တစ်စိတ်လောက်ပါ… ကျိုးဟိုင် လိုင်စင်နံပါတ် A99877 နဲ့ Lexus ကားက ဘယ်သူ့ကားလဲ…” ထိုအချိန်၌ စားပွဲထိုးမှ လူတိုင်းကို မေးမြန်းလာခဲ့၏။

All Chapters