← Chapters

ဒူးထောက်ခိုင်းလိုက်

Vol. 88 Ch. 1309

ဒူးထောက်ခိုင်းလိုက်

Vol. 88 Ch. 1309

“ ဟင်…”

ဝမ်ထင်သည် ကြက်သေသေသွားခဲ့၏။ စတီယာရင်ဘီးကို ကိုင်ထားသည့် သူမလက်များလည်း တုန်ယင်နေသည်။

သူတို့ဘာလို့ အဲ့လောက်အမြန်ကြီး လိုက်မှီလာခဲ့တာလဲ…

ဝမ်ထင်မှ တွေဝေနေစဉ် လင်းရီ လီဗာပေါ်သို့ တဖန် နင်းလိုက်ကာ အခွင့်အရေးမပေးဘဲ သူမ၏ ကားကို ကျော်တက်လိုက်၏။

“ ထင်ထင် … ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ… တို့တော့ ကျော်တက်ခံလိုက်ရပြီ..” လီစီကျင်းမှ စိုးထိတ်နေသည့် လေသံဖြင့် ပြောလာသည်။

“ နင်ရှုံးရင် အဲ့ကောင်ကို နမ်းရတော့မှာနော်…”

“ သေစမ်း… ငါ ခုနက ပေါ့ဆသွားလို့ပါ..” ဝမ်ထင် ဆေးလိပ်ကို လွင့်ပစ်လိုက်ပြီး စတင် လေးနက်လာခဲ့တော့၏။

“ ငါ့ကို ဟို အချောလေး နမ်းခိုင်းရင်တောင် အဆင်ပြေသေးတယ်.. ဒါပေမယ့် ဟို ရုပ်ဆိုးဆိုးနဲ့ ဘဲကြီးကို နမ်းခိုင်းမယ်ဆိုလို့ကတော့ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီးပဲ သေပစ်လိုက်မယ်…”

သူမ၏ စကားတို့က သိပ်ပြီး နာကျင်စရာတော့ မကောင်းလှချေ။ သို့သော် အလွန်အကြူး စော်ကားရာတော့ ရောက်၏။

စွန်းကျန်း ‘ ချီးတဲ့မှ အမေမွေးပေးတဲ့ ရုပ်အလှလေးကို မင်းမို့လို့ ပြောရက်တယ်…’

စွမ်းဆောင်ရည်ပိုင်း၌ လင်းရီ၏ ကားသည် ဝမ်ထင်၏ ကားထက် အပြတ်သတ် ဝေးကွာသည်။

ဈေးနှုန်းက အတူတူနီးပါး ဆိုသော်လည်းပဲ မတူညီသည့် အလေး‌ပေး သတ်မှတ်ချက်တို့ကြောင့် အမြန်နှုန်းတွင် အလေးမသာခဲ့ချေ။

သို့သော် နေရာက မြို့တွင်း၌ ဖြစ်သည့်အတွက် အမြန်နှုန်း အားမသာမှုကို ဖာထေးလိုက်၍ရသည်။

ထို့ပြင် လင်းရီ၏ စကေးများကလည်း အလျင်ကွာဟမှုကို ဖာထေးပေးနိုင်သည်။

ထို့ကြောင့် သူ့အဖို့ ဝမ်ထင်ကို အနိုင်ယူရန်က မခဲယဉ်းလှပေ။

“ ဘော့စ်… မင်း အဲ့မိန်းကလေးရဲ့ စကေးတွေကို ဘယ်လိုထင်လဲ…”

“ သာမန်ပါပဲ… ဘာများ ထူးနေလို့…”

“ ဟားဟား… ငါက မင်း A အဆင့်လောက်တော့ ရှိတယ်လို့ ပြောတော့မယ် ထင်နေတာ.. “

“ ဘယ်လိုဖြစ်နိုင်မှာ… သူက ဒီတိုင်း ရှုံးနိမ့်မှုက ဘာလဲဆိုတာ မသိတဲ့ ချမ်းသာတဲ့ သူဌေးသမီးတစ်ယောက်ပဲကို ဒီတိုင်း ဟန်များနေတာပါကွာ… သူ့အရည်အချင်းနဲ့ ကျိုးဟိုင်မှာ ကားလာပြိုင်လို့ကတော့ သူများက တစ်လုပ်တည်း ဝါးစားပြီး ထွေးထုတ်သွားပါလိမ့်မယ်…”

“ ကျစ် ကျစ် ကျစ်… အဲ့လိုကြားလိုက်ရတော့ စိတ်သက်သာသွားပြီ…” စွန်းကျန်း ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

“ ငါ သူ့ကို နမ်းခိုင်းဖို့ ပြောလိုက်တာ ဘယ်လိုလဲ…”

“ ဒူးထောက်ခိုင်းလိုက်ကွာ… ငါတော့ အဲ့ပုံစံကို ပိုကြိုက်တယ်…”

“ ချီးတဲ့မှ အဲ့တာ ဘယ်လိုသောက်အဓိပ္ပာယ် မရှိတဲ့ အရာမျိုးလဲ… ဒါပေမယ့် ငါကြိုက်တယ်…”

ဝမ်ထင်၏ လမ်းက သိပ်ပြီးမှ ရှည်လျားခြင်းမရှိ။ မိနစ်အနည်းငယ်ကြာတော့ လင်းရီ ပေါ်အောင်းလမ်းသို့ ခွဲလိုက်သည်။ သို့သော် သူက အခြားသူများအား ဦးဆောင်နေဆဲပင်။

လမ်းပေါ်ရှိ လူများကတော့ ကြက်သေသေပြီး ကျန်ရစ်နေခဲ့၏။

Lexus 570 ကို အဲ့လောက် အလျင်နဲ့ မောင်းနိုင်တယ်ဆိုတော့ ကားပိုင်ရှင်က တော်တော်ကြီးကို ခေါင်းထိခိုက်ထားတာပဲ ဖြစ်ရမယ်….

“ ဟင်.. ဘော့စ်… မင်း ဘာလို့ အရှိန်လျော့လိုက်တာတုန်း…” စွန်းကျိန်း အာမေဋိတ်သံဖြင့် ပြောလိုက်သည်။

“ ရှေ့မှာ ယာဉ်ထိန်းရဲ(မော်တော်ပီကယ်)ရှိတယ်လေ… အရှိန်မလျော့ရင် မင့်အဘတွေက ဖမ်းမှာပေါ့….”

“ ဒါပေမယ့် မင်းက အာဏာပိုင်တွေနဲ့ သိတယ် မဟုတ်ဘူးလား… အရှိန်မလျော့ရင်တောင် အဖမ်းခံရမှာကို ဘာကြောက်စရာ လိုလို့…”

“ ငါ့မှာ အစီအစဉ်တစ်ခုရှိတယ်… မင်း စောင့်သာ ကြည့်နေ…”

“ ဟေ့ကောင်… မင်း အေးဆေး မလုပ်နဲ့လေ… ငါ အဲ့စကီလေး ဒူးထောက်ပြီး နမ်းတာ လိုချင်သေးတယ်နော်…”

“ စိတ်ချစမ်းပါ… တစ်ခုခု မှားယွင်းသွားခဲ့ရင် ငါ ရေချိုးစင်တာ လိုက်ပို့ပြီး မင်းကို ကောင်းကောင်းပြုစုပေးမယ်…”

“ ဘော့စ်က အကောင်းဆုံးပဲ…”

လင်းရီ အရှိန်ကို လျော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရိပ်ထဲတွင် ချောင်းနေသည့် ယာဉ်ထိန်းရဲများအား မြင်လိုက်ရသောကြောင့် ဖြစ်၏။

နောက်တွင်ရှိသည့် ဝမ်ထင်ကတော့ လမ်းပွင့်နေသည်ကို မြင်သွားခဲ့ပြီး ချက်ချင်းလက်ငင်း အရှိန်ကို အားပါးတရတင်ကာ ကျော်တက်ဖို့ ဟန်ပြင်‌လေတော့သည်။

“ အကောင်းသားကြီးကို ဘာလို့ ရုတ်တရက် အရှိန်လျော့လိုက်လဲ မသိဘူး..” လီစီကျင်းမှ တီးတိုးရေရွတ်လိုက်၏။

“ သူ လျော့ရမှာပေါ့… တခြား နည်းလမ်းမှ မရှိတာ… ဒီလောက် လမ်းတိုတိုလေးကို အရှိန်မလျော့ဘဲနဲ့ လမ်းဘယ်လို ပြောင်းတော့မှာ… “ ဝမ်ထင် ပြောလိုက်ပြီး “ ဒီခုချိန်မှာ ငါ့ရဲ့ အားသာချက်က ထွက်ပေါ်လာပြီ… ငါသူ့ကို နှာတစ်ဖျားသာနေသရွေ့ သူ့ရှေ့ကနေ ပိတ်ထားလို့ရပြီ… အဲ့ခါကျရင် သူ ငါ့ကို ဘယ်လိုကျော်တက်ဦးမလဲ ကျော်စမ်း…”

ပြောပြီးနောက် ဝမ်ထင် လီဗာပေါ် နင်း၍ လင်းရီ၏ ကားကို အောင်အောင်မြင်မြင်နှင့် ကျော်တက်လိုက်နိုင်တော့သည်။

“ BMW 7 စီးရီး အဖြူရောင်လေး… ချက်ချင်းရပ်မယ်…”

လင်းရီကားကို ကျော်တက်ပြီးလို့ အရှိန်ပင် ကောင်းကောင်း မတင်နိုင်သေးခင်မှာပဲ ဝမ်ထင် ဘေးမှနေ၍ ကျယ်လောင်သည့် အသံကို ကြားလိုက်ရတော့ ရင်အစုံမှာ ဒိန်းကနဲ ခုန်ပေါက်သွားခဲ့တော့သည်။

BMW အဖြူရောင်လေးတဲ့…

ငါ့ပြောတာလား မသိဘူး…

သူမတို့ လှည့်ကြည့်လိုက်တော့ ယာဉ်ထိန်းရဲဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ဝမ်ထင်နှင့် လီစီကျင်းတို့ အံ့အားသင့်သွားခဲ့ကြ၏။

သေစမ်း... ဘာလို့ ယာဉ်ထိန်းရဲက ရုတ်တရက်ကြီး ရှိလာရတာလဲ…

အကယ်၍ သူမသာ စကားကို နားထောင်၍ အရှိန်ကိုလျော့၊ ရပ်တန့်လိုက်မည်ဆိုပါက ပြိုင်ပွဲအား ရှုံးနိမ့်သွားလိမ့်မည်။

တဒင်္ဂမျှ ကြာသည်အထိ ဝမ်ထင် အရှိန်ကိုတင်၍ ယာဉ်ထိန်းရဲ၏ စကားကို လျစ်လျူရှုချင်နေသည်။

သို့‌သော် သူမ မိသားစု၏ အခြေအနေကို ငဲ့ကြည့်လိုက်တော့ မစွန့်စားသည်က ပိုကောင်းမည်ဟု စိတ်ဆုံးဖြတ်လိုက်သည်။

ယွီဟန်မြို့တွင် လွှမ်းမိုးမှု ကြီးကြီးမားမား ရှိသည့် မိသားစုတို့မှအပ ထိုသို့ ပြဿနာရှာဝံ့လိမ့်မည် မဟုတ်ချေ။

စိတ်ကို အားတင်း၍ လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်တော့၏။ ပြိုင်ပွဲတွင်လည်း ရှုံးနိမ့်သွားခဲ့ချေပြီ။

“ မင်းတို့ကောင်တွေ နေ့ခင်းကြီးကို ကားပြိုင်မောင်းနေကြတယ် ဟုတ်လား… မင်းတို့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကတော့ တကယ် လက်လန်တယ်…” ယာဉ်ထိန်းရဲအရာရှိကြီးမှ မျက်နှာထား တင်းတင်းဖြင့် ကြိမ်းမောင်းလာသည်။

“ မဟုတ်ဘူး… ရှင် အထင်လွဲနေပြီ… ကျွန်မ ကားမပြိုင်ပါဘူး.. အရေးပေါ် အခြေအနေမို့ အရှိန်တင်ပြီး မောင်းမိတာပါ…”

“ ငါ့ကို ကန်းနေတယ်များ မင်းထင်နေတာလား… အရှိန်တင်တာနဲ့ ပြိုင်မောင်းတာကို ငါ မခွဲတတ်ဘူးများ မှတ်နေလား…”

“ ဒါပေမယ့် နောက်မှာ Lexus တစ်စင်းကလည်း အရှိန်တင်နေတာပဲလေ…”

ဝမ်ထင်၏ စိတ်သဘောထားက ဤကဲ့သို့ပင်။ သူမ အောက်သို့ ပြုတ်ကျသည်နှင့် တခြားတစ်ယောက်ကိုပါ သူမနှင့်အတူ အပါခေါ်သွားမည်။ ထို့ကြောင့် လင်းရီကိုပါ တိုင်တန်းလိုက်၏။

ယာဉ်ထိန်းရဲသည် နောက်သို့လှည့်ကြည့်လိုက်သောအခါ နှေးနှေးကွေးကွေး မောင်းနှင်လာသည့် လင်းရီကို မြင်တွေ့လိုက်ရ၏။ သူက တစ်နာရီကို ၂၀ မိုင်နှုန်းဖြင့် မောင်းနှင်နေခြင်းပင်။ ထို့ပြင် အရှိန်တင်မည့် လက္ခဏာများကိုလည်း မမြင်ရချေ။

“ သူများက ဒီလောက် နှေးနှေးမောင်းနေတာ ပြောစမ်း… ဘယ်မှာ အရှိန်လွန်နေလို့…”

“ ဒါပေမယ့်……….”

“ ဘာမှ ဒါပေမမယ့်နဲ့… ကားထဲဝင်… ငါတို့နဲ့ လိုက်ခဲ့… မင်းတို့နှစ်ယောက်ကို ခုနစ်ရက် ချုပ်ထားမယ်… ယာဉ်မောင်းလိုင်စင်ကိုလည်း သိမ်းမယ်… ရုံးမှာ ယွမ် ၂,၀၀၀ သွားဆောင်… ပြီးရင် ပြန်ပေးမယ်…”

“ ဟင်…. အချုပ်ကျမှာလား…”

“ မင်းက ဘာဖြစ်မယ် ထင်နေလို့… လမ်းပေါ်မှာ အပြိုင်မောင်းတာက ရာဇဝတ်မှုပဲ… ဒီလို အပြစ်ပေးတာက အပေါ့စား ပြစ်ဒဏ်လို့တောင် ပြောလို့ရတယ်…”

“ ညှိနှိုင်းလို့ မရတော့ဘူးလားရှင်… ကျွန်မ သူငယ်ချင်းက အစိုးရဝန်ထမ်းမို့ပါ… သူသာ အချုပ်ထဲ ဝင်ရမယ်ဆိုရင် သူ့အလုပ်ကိုလည်း တာ့တာပြရုံပဲ…” ဝမ်ထင် သနားစဖွယ်လေး ပြောဆိုလိုက်သည်။

ယာဉ်ထိန်းရဲသည် လီစီကျင်းအား ကြည့်လိုက်၏။

“ အစိုးရ ဝန်ထမ်းလား…”

“ ကျွန်မက တုံးစန်းကောင်တီမှာ အလုပ်လုပ်တာပါ…” လီစီကျင်းမှ တီးတိုးလေသံဖြင့် ပြောဆိုလိုက်၏။ သိသာစွာဖြင့် သူမလေးမှာ ယူနီဖောင်းကို ဖိန့်ဖိန့်တုန်လို့နေသည်။

“ အရာရှိကြီး… ကျွန်မအဖေက ဝမ်ဇီချန်ပါ… ကျွန်မသူ့ဆီ ဖုန်းဆက်လိုက်ဦးမယ်… ခဏ လေးငါး မိနစ်လောက်နော်…”

ယာဉ်ထိန်းရဲလည်း သူမကို မရပ်တန့်ချေ။ ဆိုလိုသည်မှာ ခွင့်ပြုသည်ဟူသည့် သဘောပင်။

တီ တီ တီ…

ထိုအချိန်၌ လင်းရီ၏ ကားသည် အနားသို့ မောင်းနှင်လာပြီး မှန်ပြတင်းကို ချ၍ “ ဒီစကေးနဲ့ မင်းကများ ငါ့ကို ယှဉ်မောင်းချင်နေသေးတယ်… အမျိုးသမီး ဒရိုင်ဘာလို့ ခေါ်တာနဲ့တင် မင်းကို ချီးကျူးလွန်းနေပြီသိလား…” လင်းရီ ပြောလိုက်ပြီး “ ရှေ့မှာ စောင့်နေမယ်နော်…. ပြီးတာနဲ့ လာပြီး ကတိတည်လှည့်… ငါ့ဘော်ဒါကတော့ ခါးပတ် ကြိုဖြုတ်ထားမယ်ဆိုပဲ…”

“ နင်….”

ဝမ်ထင်သည် အင်မတန် ဒေါသထွက်နေလျက်ရှိကာ ခရမ်းချဉ်သီးကဲ့သို့ ရဲရဲမှည့်နေသည်။ သူမ လင်းရီကို လက်ညိုး ငေါက်ငေါက်ထိုးလျက် “ နင် ဒါ တမင်တကာ လုပ်တာမလား….”

“ ဟုတ်တယ်… ငါ တမင်လုပ်တာ… မင်းကို အရူးလုပ်ရတာ ဒီလောက်လွယ်မယ်လို့ရော ဘယ်သူက ထင်ထားမှာ… မင်းက ငါးစာကို ချက်ချင်း ဟပ်ပစ်လိုက်တာပဲ…”

မိန်းကလေး နှစ်ယောက်လုံး ဒေါသတကြီး အမူအရာများ ဖြစ်သွားခဲ့ကြသည်။ လင်းရီက ဤမျှ ဉာဏ်များ ကောက်ကျစ်နေလိမ့်မည်လို့ သူမတို့ ထင်မှတ်မထားခဲ့ကြချေ။

“ အရာရှိကြီး… ရှင်လည်း ခုနက သူပြောလိုက်တာကို ကြားတယ်မလား…” ဝမ်ထင် လင်းရီကို လက်ညိုးထိုးလျက် ပြောဆိုလိုက်ပြီး “ ကျွန်မနဲ့ ပြိုင်မောင်းပါတယ်လို့ သူကိုယ်တိုင် ဝန်ခံနေတာပဲ..”

“ ငါသိတယ်…” ရဲအရာရှိမှ မည်းသည်းနေသည့် အမူအရာဖြင့် ဆိုလိုက်ပြီး “ ဘေးမှာ ရပ်နေ… ငါ ဒီနှစ်ကောင်ကို အရင်ကိုင်တွယ်လိုက်ဦးမယ်..”

“ အင်း အင်း … အရာရှိကြီးတို့ နေပူကြီးထဲမှာ ပင်ပန်းနေမှာပဲနော်… အပူလျော့အောင် မစ်တီး အေးအေးလေး ဝယ်တိုက်မယ်… သူတို့လို လူစားမျိုးတွေက ပြင်းပြင်းထန်ထန် အရေးယူခံရဖို့ သင့်တယ်…”

“ ကောင်းပြီ… ငါ့ကို ဘာမှ မသိဘူး ထင်မနေနဲ့… ဘေးမှာ အသာရပ်နေ…”

ယာဉ်ထိန်းရဲမှ တည်တင်းနေသည့် မျက်နှာထားကြီးဖြင့် လင်းရီအနား ရောက်လာခဲ့သည်။

“ မင်းတို့နှစ်ယောက်က ပြိုင်မောင်းနေကြတာပဲ…”

“ မဟုတ်ဘူး… ကျွန်တော်က မစ်ရှင်နဲ့….”

“ မစ်ရှင်နဲ့… ဟုတ်လား…” ရဲအရာရှိ၏ အမူအရာသည် အိုးဖင်ကဲ့သို့ မည်းသည်းသွားပြီး “ ငါ့ကို အရမ်း အားယားနေတယ်လို့ မင်းထင်နေတာလား… ငါ မင်းတို့နှစ်ကောင်လုံးကို ခုချက်ချင်း အရေးယူပစ်လိုက်လို့ရတယ်ဆိုတာ နားလည်လား….”

စွန်းကျန်းမှာတော့ ကြက်သီးဖြန်းသည်အထိ အင်မတန် ကြောက်ရွံ့သွားခဲ့တော့၏။ မိမိုက်သလို လုပ်မည်ကြံကာမှ ကိုယ့်ရှူးကိုယ်ပတ်တော့မလို ဖြစ်နေလေသည်။ သူတော့ ပြဿနာဆိုသည့် အရာထံသို့ တန်းတန်းမတ်မတ်ကြီးကို တိုးဝင်လာမိလေခြင်းပင်။

“ ဘော့စ်… ခု ဘယ်လိုလုပ်ကြမလဲ… ငါတို့တွေ အကူအညီ ခေါ်ကြမလား…”

“ အဲ့ဒီ အသုံးမဝင်တဲ့ အရာတွေအပေါ် မှီခိုမယ် မကြံနဲ့ … အဲ့တာတွေက ငါ့အပေါ် အလုပ်မဖြစ်ဘူး…”

လင်းရီ၏ လိုင်စင်က ကျိုးဟိုင်မှဟု ဆိုထားသဖြင့် တစ်ဖက်သူကလည်း မည်မျှပင် မကျေမချမ်း ဖြစ်နေမှန်း မသိပေ။ လင်းရီတို့နှစ်ယောက်ကို မျက်နှာသာပင် တစ်စက်မျှမပေး။

“ စိတ်လျော့စမ်းပါဗျာ… “ လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ကျုံးဝေ့တပ်ဖွဲ့ အိုင်ဒီကို ကမ်းပေးလိုက်၏။

“ ဒေါသမထွက်ခင် ဒါလေး အရင်ကြည့်လိုက်ပါဦး….”

All Chapters