မာစတာဝူဆိုတာ မင်းလား…
Vol. 88 Ch. 1320
“ မြန်သားပဲ…”
“ နေ့ခင်းတုန်းက အရမ်းတွေ မောက်မာပြနေတာ သူဌေး ဘယ်သူမှန်း မသိသေးလို့ပါ… ခု သိလည်း သိရော ပြေးလာလိုက်တာ အမြီးကို တန်းနေတာပဲ… မဟုတ်ရင် သူ့ခြေထောက်တွေကို ဘာလုပ်ဖို့ သွားသုံးတော့မှာလဲ..” လျိုရွှီလုမှ ရိုသေလေးစားစွာ ပြောသည်။
ချိန်လောင်ဝူ ပြုံးလိုက်ပြီး “ အထဲကို ခေါ်လိုက်…”
“ နားလည်ပါပြီ…”
လင်းရီ၏ ရောက်ရှိလာမှုကို လာရောက်တင်ပြသည့် လက်အောက်ငယ်သားသည် ပြန်လည်ထွက်ခွာပြီးနောက် ခေတ္တကြာတော့ လင်းရီကို ခေါ်လာသည်။
လျိုရွှီလုနှင့် ကျန်သူများက လင်းရီကို ပြုံးတုံ့တုံ့ ကြည့်နေကြသည်။
ဟမ်… နေ့ခင်းတုန်းက သောက်ရမ်း မောက်မာပြီး မိုးမမြင် လေမမြင် ဖြစ်နေတဲ့ကောင် ခုတော့ မင်း ဘယ်နှယ့်ရှိစ…
“ ခင်များတို့ကောင်တွေက ဇိမ်ရှိအောင် ဘယ်လိုနေရမလဲတော့ အတော်သိကြတာပဲ…” လင်းရီ ပြုံးလျက် ပြောသည်။
ချိန်လောင်ဝူသည် လင်းရီကို တစ်ချက် လှမ်းရှိုး၏။
“ လက်ဗလာနဲ့ လာပြီး တောင်းပန်တယ်ပေါ့…. စိတ်ဝင်စားစရာပဲ….”
“ တောင်းပန်တယ် ဟုတ်လား…” လင်းရီ ခေတ္တ ရပ်တန့်၍ “ ကျုပ် ဒီလာတာ တောင်းပန်ဖို့လို့ ဘယ်သူကပြောတာ…”
“ ဒါဆို မင်းက ဘာလုပ်ဖို့ ဒီလာခဲ့တာ…”
“ ဒါပေါ့… ခင်များနဲ့ ရှင်းစရာ ရှိလို့ပေါ့… မေးစရာ လိုသေးလို့လား…”
“ ငါနဲ့ ရှင်းမယ်… ဟုတ်လား…” ချိန်လောင်ဝူ မျက်လုံး မှေးကျဉ်းသွားခဲ့ပြီး “ မင်းမှာ အဲ့လို အစွမ်းအစမျိုး ရှိတယ် ထင်လား…”
“ အဓိပ္ပာယ် မရှိတာတွေ လာမပြောနဲ့… ကျုပ်ဒီရောက်လာတာ အရေမရ အဖက်မရတွေ နားထောင်ဖို့ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ၊ ခေတ်တွေ မတူတော့ဘူးဆိုတာပဲ ပြောချင်တယ်… ကိုယ်နဲ့ မထိုက်တာကို မယူချင်နဲ့.. ကိုယ့်ကိုယ်ကို ထိန်းသိမ်း… မဟုတ်ရင် ဘယ်လို သေလို့ သေသွားမှန်း မသိလိုက်ဘဲ ဖြစ်သွားမယ်…”
ဘန်း…
ချိန်လောင်ဝူသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်နှက်လိုက်၏။
“ မင်းကများ .... ငါ နေလာတာ ဘယ်သူမှ ငါ့ကို ဒီလို စကားမျိုး မပြောရဲသေးဘူး… ငိုးပဲ… ဒီကောင့်ကို ဝိုင်း%ကြစမ်း…”
အမိန့်သံ တစ်ချက်နှင့် ဒါဇင်ကျော်သော လူတို့မှာ လက်နက် ကိုယ်စီနှင့် အခန်းထဲ ရောက်လာပြီး လင်းရီကို ဝိုင်းရံလိုက်ကြသည်။
“ ငိုးမသားတွေ အတူတက်ကြမယ်…”
လျိုရွှီလု ဒေါသတကြီး ဆဲရေးတိုင်းထွာပြီး အရင်ဦးဆုံး ရှေ့သို့ ဝင်လာသည်။
လင်းရီသည် မျက်မှောင်ကြုတ်လိုက်မိပြီး ခြေထောက်ကို မြှောက်၍ သူ့ကို ချိန်လောင်ဝူဘက် ကန်ကျောက်လိုက်၏။
ကျန်သူများလည်း နောက်မှ ကပ်လျက် လိုက်ပါလာကြလေသည်။
လင်းရီ တုံ့ဆိုင်းခြင်း အလျဉ်းမရှိပါဘဲ နောက်ထပ် ရောက်လာသူ၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်၏။
တစ်ဖက်သူမှာ နာကျင်စွာ အော်ဟစ်၍ ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။
လင်းရီသည် ကြမ်းပြင်ပေါ်ရှိ သံတုတ်အားကောက်၍ ကျန်သူများအားလုံးကို သုံးမိနစ်အတွင်း အမှောက်သိပ်လိုက်နိုင်သည်။
“ ချီးတဲ့မှ…”
ကြမ်းပြင်တွင် တွန့်လိမ်နေသည့် သူ၏ လက်အောက်ငယ်သားများအား ကြည့်ရင်း ချိန်လောင်ဝူ၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။
လင်းရီက တိုက်ရေးခိုက်ရေး ကောင်းမွန်သည်ဟု ကြားမိသော်လည်း ဤမျှအထိ ဖြစ်နေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။ တစ်ယောက်တည်းဖြင့် ဒါဇင်ကျော်ကို အမှောက်သိပ်ပြသွားခဲ့လေသည်။ စိတ်တိုဖို့ကောင်းသည်က လူဒါဇင်ကျော် စုပေါင်း တိုက်ခိုက်သည်ကပင် သူ့အား တစ်ချက် မရိုက်လိုက်နိုင်သည်ကိုပင်။
တစ်ချိန်တည်းတွင် အောက်ထပ်ရှိ လက်အောက်ငယ်သားများလည်း အခန်းထဲ ရောက်လာခဲ့ကြသည်။
သို့သော် များများစားစား မဟုတ်ပါဘဲ လူ ရှစ်ယောက် ကိုးယောက်မျှသာ ဖြစ်၏။ အကယ်၍ သူတို့ ပြေးဝင်လာလျှင်ပင် ကြမ်းပြင်ပေါ်ရှိ လူများနည်းတူ ဇာတ်သိမ်းလှမည် မဟုတ်ကြောင်းကို သူတို့အားလုံး နားလည်ကြသည်။ လင်းရီသည် သူတို့အားလုံးကို အသာအယာလေး အမှောက်သိပ်ပေးလိုက်နိုင်သည်။
ချိန်လောင်ဝူ၏ မျက်နှာသည် ဒေါသခိုးဝေနေလျက် ရှိ၏။ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့ပြီး အံကြိတ်ထားသည့် လေသံဖြင့် “ မင်း ဒီလောက် မောက်မာဝံ့နေတာ မထူးဆန်းတော့ဘူး… လက်စသတ်တော့ မင်းက တိုက််ခိုက်တာ ကောင်းနေတာကိုး… အဲလိုဆိုရင်တောင် ငါတို့ကောင်တွေက မြေအောက် အဖွဲ့အစည်းက လူတွေ… ငါတို့ စည်းမျဉ်းအတိုင်း ဖြေရှင်းကြမယ်… မနက်ဖြန် နေ့လည်… တုံးဟော်မြစ်မှာတွေ့မယ်… မင်း လက်ခံလား…”
လင်းရီ ပြုံးလိုက်၏။ ထို့နောက် လှောင်ပြောင်သည့် လေသံဖြင့် “ ကြည့်ရတာ ကျုပ်နဲ့ တိကျပြတ်သားတဲ့ တိုက်ပွဲ နွှဲချင်နေတယ်တူတယ်….”
“ မင်း လက်မခံဝံ့ရင် ဒူးထောက်လိုက်… ငါ တခြား ဘာစကားမှ မကြားချင်ဘူး…”
“ မနက်ဖြန် နေ့လည် တုံးဟော်မြစ်မှာ တွေ့မယ်…”
သွေးစ သွေးနတို့ ပေပွနေသည့် သံတုတ်ကို ချိန်လောင်ဝူရှေ့ ပစ်ချပေးလိုက်ပြီး လူတိုင်း၏ အကြည့်အောက်တွင် ထွက်ခွာသွားခဲ့၏။
“ သူဌေး…”
လျိုရွှီလု ဝမ်းဗိုက်အား ဖိကိုင်ထား၍ ရုန်းကန် မတ်တပ်ရပ်လာသည်။
“ လူတိုင်းကို အကုန်ပြန်ခေါ်လိုက်တော့… မနက်ဖြန်.. တုံးစန်းကောင်တီကို ဘယ်သူက အုပ်ချုပ်နေလဲ ဆိုတာ ဒီကောင် သိအောင် ပြကြမယ်…”
…….
ချိန်လောင်ဝူနှင့် စာရင်းရှင်းပြီးနောက် လင်းရီသည် ဟိုတယ်သို့ ပြန်လာခဲ့သည်။
ဤကိစ္စကို ဖြေရှင်းရန် နောက်တစ်နေ့သို့ ရွေ့ဆိုင်းလိုက်ရခြင်းက သူ နှိုက်နှိုက်ချွတ်ချွတ် ကိုင်တွယ်ရန် စီစဉ်ထားသောကြောင့်ပင်။
အကယ်၍ သူ့ကို ယနေ့ ရိုက်နှက်လိုက်မည်ဆိုပါက အနာဂတ်တွင် ပြန်လည်၍ ကလန်ကဆန် လုပ်လာနိုင်ပြီး သူ့အား အဖျက်အမှောင့် ပြုလာသည်မျိုးတောင် ဖြစ်လာနိုင်သည်။
ထို့ကြောင့် လင်းရီသည် ဤကိစ္စကို အမြစ်ပါ မကျန် ရှင်းလင်းရန် ရည်ရွယ်ထား၏။
နောက်တစ်နေ့ နံနက်တွင် နံနက်စာ စားသောက်ပြီးနောက် လီစီကျင်းအား ခေါ်၍ အခြားသော ကျေးရွာနှင့် မြို့များထံ သွားပြီး စစ်တမ်းကောက်ရန် ဟန်ပြင်သည်။ နေရာတိုင်းကို အနှံ့သွားပြီး သူ၏ အလုပ်ကို အသေးစိတ်ကျကျပြုလုပ်ဖို့ ဆုံးဖြတ်ထား၏။
မနက်ခင်းတွင် လင်းရီနှင့် လီစီကျင်းတို့သည် ကျန်ရှိသည့် မြို့နှစ်မြို့သို့ သွားရောက်ကြပြီး ကောင်တီတွင်း အခြေအနေများအား အကြမ်းဖျင်း နားလည်သွားခဲ့ကာ နေ့လည်ပိုင်းတွင် ကွင်းဆင်းလေ့လာမှု ပြုရန် စီစဉ်ထား၏။
နေ့လည်ခင်း ၊ တုံးဟော်မြစ်နံဘေးတွင်။
ချိန်လောင်ဝူနှင့် လက်အောက်ငယ်သား ၅၀ ကျော်တို့သည် နေရာတွင် မတ်တပ်ရပ်ပြီး ဆေးလိပ်သောက်ရင်း စကားစမြည်နေကြသည်။
“ သူဌေး.. ဒီလောက်တောင် နောက်ကျနေပြီကို သောက်ကလေးက ခုထိ ရောက်မလာသေးဘူး… သူ လာဖို့ ကြောက်နေတာများလည်း မသိဘူးနော်..” လျိုရွှီလုမှ ပြောလိုက်သည်။
“ သူ လာလာ မလာလာ ရလဒ်က အတူတူပဲ…” ချိန်လောင်ဝူ ပြောလိုက်ပြီး “ သူလာဝံ့ရင် ဒီမှာ လူတွေ ဒီလောက်အများကြီး… တစ်ယောက်တစ်ချက် တံတွေးဝိုင်းထွေးရင်တောင် ဒီကောင် နစ်သေတယ်… သူမလာရဲဘူးဆိုရင် ဆိုလိုတာ ဒီကောင် ကြောက်လို့… နောင်လည်း သူ့ကို ကိုင်တွယ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်…”
“ ဟားဟား.. သူဌေးက အတော်ဆုံးပဲ…” လျိုရွှီလု ပြောလိုက်ပြီး “ သူက ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ဖျက်စီးသွားရုံတင် မကဘူး… တိုက်ခိုက်တတ်တယ်ဆိုတိုင်း ကျွန်တော်တို့ ပိုင်နက်ထဲပါ လာပြီး ပြဿနာ လာရှာသွားခဲ့သေးတာ.. ဒီနေ့ သူ့ ခြေထောက်ကိုမှ ရိုက်မချိုးနိုင်ဘူးဆိုရင် ကျွန်တော့်နာမည် လျိုမဟုတ်တော့ဘူး..”
ချိန်လောင်ဝူ ပြုံးလျက် နာရီကို ငုံ့ကြည့်လိုက်သည်။ တစ်မတ်တင်းတော့ပေမည်။
“ နောက် ဆယ်မိနစ် စောင့်ကြစို့… တကယ်လို့ သူ မလာဘူးဆိုရင် ငါတို့ ပြန်ကြမယ်… နောင်မှ ဖြည်းဖြည်းချင်း ကိုင်တွယ်ကြမယ်…”
“ ကျွန်တော်တော့ အဲ့ကောင် လာရဲမယ် မထင်ဘူး…” လျိုရွှီလု ပြောလိုက်ပြီး “ သူက ကျိုးဟိုင်ကဆိုတော့ လူအများကြီး ခေါ်နိုင်မှာ မဟုတ်ဘူး… သူ့ဘက်မှာ လူငါးယောက်လောက် ရှိရင်ကိုပဲ များလှပြီ.. ကျွန်တော်တို့ဘက်က လူတွေ မြင်တာနဲ့ အဲ့ကောင် တန်း အရှုံးပေးချင်စိတ်တွေ ပေါက်သွားလောက်တယ်… “
“ ဟားဟား… အမှန်ပဲ… အဲ့ကောင် တုံးစန်း ကောင်တီထဲ ရှိသရွေ့ ငါ ကြိုက်တဲ့အချိန် ကိုင်တွယ်လို့ ရပါတယ်ကွာ…”
ဘွန်း ဘွန်း ဘွန်း…..
ချိန်လောင်ဝူမှ ဘဝင်လေဟပ်နေစဉ် မလှမ်းမကမ်းမှ ချဉ်းကပ်လာသည့် အင်ဂျင်သံများအား ကြားလိုက်ရ၏။
ရုတ်တရက် ထွက်ပေါ်လာသည့် အသံဗလံများက ချိန်လောင်ဝူနှင့် ကျန်သူများ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူတို့ မသိစိတ်အလျောက် လှမ်းကြည့်မိလိုက်ကြ၏။
စစချင်း သူတို့ သိပ်ပြီးမှ အာရုံထားမနေကြသော်လည်းပဲ ထို့နောက် အံ့အားသင့်သွားခဲ့ကြ၏။
ချဉ်းကပ်လာနေသည့် ကားက နှစ်ဆယ်ကျော်လောက် ရှိသည်ကို သူတို့ သတိထားမိသွားကြသည်။
ထို့ပြင် လူအပြည့်တင်လာသည့် ဘက်စ်ကားကလည်း တစ်ဒါဇင်လောက် ရှိ၏။
ထိပ်ဆုံးမှ ဦးဆောင်လာသည့်ကားက Rolls Royce ၊ သူ့နောက်တွင်မှ ဘန်ထလေ၊ မေဘက် နှင့် အေအမ်ဂျီကားများ စသဖြင့်…
ထိုသို့သော ယာဉ်တန်းကြီးကို မြင်တော့ ချိန်လောင်ဝူနှင့် သူ လက်အောက်ငယ်သားတို့မှာ အံ့အားသင့်သွားခဲ့ကြတော့သည်။
တုံးစန်းကောင်တီတွင် မဆိုထားနှင့်၊ ယွီဟန်မြို့၌ပင် ယခုလို မြင်ကွင်းက မေးရိုးပြုတ်ကျချင်စရာကြီးဖြစ်၏။
“ ဒါ… သောက်ကျိုးနည်း ဘာတွေလဲ… ကားအကောင်းစားကြီးတွေက ဘာလာလုပ်တာလဲတဲ့… ကထိန်လှည့်လာတာလား…”
“ ငါတို့နဲ့တော့ ဘာမှမဆိုင်လောက်ဘူး..” မာစတာဝူမှ ပြောလိုက်သည်။
“ လူတွေ ဒီလောက်အများကြီး… ကားကလည်း ရှယ်ကြီးတွေနဲ့ ဆိုတော့ သူဌေးသား တစ်ယောက်ယောက်က မင်္ဂလာဆောင်နေတာပဲ ဖြစ်မယ်…”
“ ဖြစ်နိုင်တယ်… ဒီလောက် ကားအကောင်းစားကြီးတွေကို မင်္ဂလာဆောင်လာမှပဲ သုံးကြမှာ…”
စီးတန်း၍ လာနေသည့် ကားအကောင်းစား ယာဉ်တန်းကြီးကို မြင်တော့ ချိန်လောင်ဝူနှင့် သူ့လက်အောက်ငယ်သားများမှာ စတင် ဆွေးနွေးကြတော့သည်။ သို့သော် မည်သူကမျှ ၎င်းသည် လင်းရီနှင့် ဆက်စပ်နေလိမ့်မည်လို့ ထင်မထားခဲ့ကြပါချေ။
ခရိတ်ခ်…
ခရိတ်ခ်…
ခရိတ်ခ်…..
နှစ်ဆယ်ကျော်သော ကားတို့သည် ချိန်လောင်ဝူရှေ့ တစ်စင်းပြီး တစ်စင်း ထိုးရပ်လာခဲ့၏။
ထိုအခါ လူတိုင်း ကြက်သေသေသွားခဲ့တော့သည်။
သူတို့က မင်္ဂလာဆောင် လှည့်နေတာ မဟုတ်ဘူးလား… ဘာလို့ ဒီလာရပ်နေကြတာ…
ဧကန္တ လမ်းမေးချင်လို့များလား…
ဖြစ်နိုင်တယ်… မဟုတ်ရင် ဘာလုပ်ဖို့ ရပ်မှာလဲတဲ့….
Rolls Royce ကားတံခါး ပွင့်ဟလာခဲ့ပြီး လျန်ကျင်းမင်သည် ကားထဲမှ ထွက်လာခဲ့၏။
တစ်ချိန်တည်းတွင် သူ့နောက်ရှိ အခြားသော ကားများထဲမှ လူများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။
ဤလူများက အကုန် ငယ်ရွယ်ပြီး ဖက်ရှင်ကျနစွာ ဝတ်စားဆင်ယင်ထားကြသည်။ ချိန်လောင်ဝူတို့ တစ်သိုက်နှင့် နှိုင်းယှဉ်ကြည့်ပါက နံ့သာဆီနှင့် *ကဲ့သို့ ကွက်ကွက်ကွင်းကွင်းကြီး ဖြစ်နေသည်။
လျန်ကျင်းမင်နှင့် ကျန်သူများမှ အနားသို့ ရောက်လာပြီး မေးသည်။
“ မင်းက ချိန်လောင်ဝူလား…”
“ ငါပဲ… မင်းက …”
ချိန်လောင်ဝူ ရန်လိုခြင်း မရှိချေ။ ဘာဖြစ်နေလဲ ဆိုတာကို အရင်ဆုံး စူးစမ်းကြည့်ချင်နေသည်။
ဖြောင်း…
လျန်ကျင်းမင်သည် သူ့ကို စကားပြောရန် အခွင့်မပေးဘဲ ပါးဖြတ်ရိုက်လိုက်၏။
“ မင်းကများ ဝန်ခံရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့…”
ချိန်လောင်ဝူ သတိလက်လွတ်ဖြစ်ပြီး ကြောင်အမ်းသွားခဲ့၏။ နှစ်ဖက်ရှိ လေထုမှာ ချက်ချင်းဆိုသလို သိပ်သည်းမွန်းကြပ်ဖွယ် ကောင်းလာသည်။
“ မင်း သူဌေးကို ဘယ်လိုတောင် ရိုက်ဝံ့နေတာလဲ.. သေချင်လို့…”
လျိုရွှီလု သူ၏ လက်နက်နှင့်အတူ ပြေးလာသည်။ လျန်ကျင်းမင် နောက်ရှိ ချမ်းသာသည့် ဒုတိယမျိုးဆက်များကလည်း ကိုယ်စီ လက်နက်များဖြင့် လျိုရွှီလုထံ ချိန်ရွယ်ထားကြသည်။
“ လှုပ်ရင် လှုပ်တဲ့ကောင် သေမယ်… ဘယ်ကောင် အရင်လာမလဲ…”
“ ရပ်….”
ချိန်လောင်ဝူသည် သူ၏ မျက်နှာကို လက်ဖြင့် ကာရင်း လျိုရွှီလု၏ ကျန်သူများကို ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် အိုးဖင်ကဲ့သို့ မည်းနေသည့် အမူအရာဖြင့် မေး၏။
“ ဒါ ဘာသဘောတုန်း…”
စာစဉ် (၈၈) ပြီး၏။