← Chapters

#သွေးပြောင်းလဲခြင်းနယ်ပယ်#

Vol. 30 Ch. 421

#သွေးပြောင်းလဲခြင်းနယ်ပယ်#

Vol. 30 Ch. 421

ဓားသခင်နယ်ပယ်ဓားဆန္ဒကိုမသုံးလျှင်ပင် မုလီရီကိုရင်ဆိုင်ရာ၌ ယဲ့ချိုးပိုင်အလွယ်တကူ အနိုင်ယူနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ တူညီသည့်နယ်ပယ်နောက်တွင် ယဲ့ချိုးပိုင်က ဘယ်တော့မှ မရှုံးဖူးပေ။

နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်သည့်အကြမ်တိုင်းတွင်ပင် အခြေခံအားဖြင့် သူတို့က အနိုင်ယူ၍ရသည်။

ယဲ့ချိုးပိုင်နှင့်နယ်ပယ်တူညီသည့် မုလီရီက မည်သို့မည်ပုံ ယဲ့ချိုးပိုင်၏ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

စကြာ၀ဠာဓားသခင်နယ်ပယ်ဓားဆန္ဒကို သုံးရခြင်း၏ ရည်ရွယ်ချက်က မုလီရီနောက်က လူကိုပြသရန်အတွက်ဖြစ်သည်။

မည်သည့်အရည်အချင်းကိုမှ မပြသဘူးဆိုပါက တဖက်လူကသူ့ကို ဘယ်လိုတန်ဖိုးထားတော့မည်နည်း။

တဘက်လူထံမှ မုဇီရှင်းနှင့် တကြိမ်တည်းတွင် တာအိုလက်တွဲဖော်ဖြစ်လာရန်အတွက် သဘောတူအောင်လုပ်ရန်ဟူသည် မဖြစ်နိုင်သော်လည်း အနည်းဆုံးတော့ သူက ခပ်ပေါ့ပေါ့ယူဆရဲတော့မည်မဟုတ်ပေ။

ဤခြေလှမ်းကအောင်မြင်နေသရွေ့ ကနဦးအောင်မြင်မှုတခုအဖြစ် မှတ်ယူ၍ရသည်။

ကြောက်မက်ဖွယ်ရာဓားလှိုင်းကို ရေခဲအမျှင်စတခုဖြင့် သိပ်သည်းအောင်လုပ်ပစ်ခြင်းဖြင့် မုလီရီနောက်က အခန်းထဲကလူက လှုပ်ရှားလိုက်ပြီဆိုတာ သိသာထင်ရှားနေသည်။

ထိုလူက မုမိသားစုခေါင်းဆောင် မုလီပိုင်ပေတည်း။

နယ်နိမိတ်မဲ့နယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသောလူတစ်ယောက်ဆိုသည့်အတိုင်းပင် ရေခဲဆန္ဒအမျှင်စတခုလေးဖြစ်သည့်တိုင် သူ့၏ဓားသခင်နယ်ပယ်ဓားဆန္ဒကို ရပ်ပစ်ခဲ့သည်။

ယဲ့ချိုးပိုင်တွေးတောနေမိသည်။

မုလီပိုင်၏မျက်နှာကအနည်းငယ်မီးခိုးရောင်သမ်းနေသည်။

သူဒါကိုတခါမှ ‌မတွေးတောခဲ့ဖူးပါ။

နယ်ပယ်တူတွင် ရှေးဟောင်းကလန်သုံးခုမှ သွေးစွမ်းအားကိုပိုင်ဆိုင်သည့် တိုက်ရိုက်သားစဉ်မြေးဆက်တစ်ဦးက ရှုံးနိမ့်ခဲ့ရသည်။

သူကအရမ်းရိုးရှင်စွာပင် ရှုံးခဲ့ရသည်။

ဤဓားသခင်နယ်ပယ်ဓားဆန္ဒကို ရင်ဆိုင်ရာ၌ မုလီရီတွင် ခုခံရန်အတွက် ဆန္ဒပင်မရှိတော့ချေ။

သူ့နှလုံးသားထဲတွင် သေခြင်းတရားတခုတည်းသာရှိနေတော့သည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏တည်ရှိနေသည့် အမူအရာကိုကြည့်လိုက်စဉ် အသက်ရှူသံကလည်း တည်ငြိမ်နေတာကို တွေ့လိုက်ရသည်။

တဘက်လူက အကောင်းဆုံးပင်မကြိုးစားရသေးတာကို ‌သိလိုက်ရသောအခါ မုလီရီတွေးတောနေမိသည်။

ဒီလူကဘယ်သူလဲ!

ဘာလို့သူ့မှာဒီလိုအားကောင်းတဲ့ဓားသိုင်းမျိုးရှိနေရတာလဲ!

သိုင်းဧကရာဇ်နယ်ပယ်သို့ရောက်စဉ် အစောပိုင်းရက်များတွင် ယဲ့ချိုးပိုင်က ဓားသခင်နယ်ပယ်သို့ကျင့်ကြံပြီးသွားပြီဖြစ်သည်။

ယဲ့ချိုးပိုင်က ထိုအချိန်တွင် မုလီရီအား ကြည့်မနေဘဲ သူ့နောက်ကပွင့်နေသည့်တံခါးကိုသာ ကြည့်နေခဲ့သည်။

"ဂျူနီယာယဲ့ချိုးပိုင်က မုမိသားစုခေါင်းဆောင်ကို အရိုအသေပေးပါတယ်"

ချက်ချင်းဆိုသလို သိမ်မွေ့သည့်အားလှိုင်းတခုက ယဲ့ချိုးပိုင်၏ကိုယ်ကို ဖြောင့်တန်းသွားစေသည်။

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အပြုံးရေးရေးဖြင့်ထွက်လာသည်။ သူက စကားပြောရလွယ်ကူပုံပေါ်နေသည်။

သို့စေကာမူ မုလီပိုင်ကိုသိသည့်လူတိုင်းက ထိုအပြုံးအောက်တွင် ရေခဲစိုင်များ ပုန်းလျှိုးနေတာကို သိကြသည်။

"ဓားသိုင်းပါရမီကောင်းတယ်၊ ငါက နယ်နိမိတ်မဲ့နယ်မြေမှာ အကောင်းဆုံးဓားသိုင်းပါရမီနဲ့ဂျူနီယာလေးကို တွေ့ခဲ့ရတယ်လို့ပြောလို့ရတာပေါ့"

ယဲ့ချိုးပိုင်ကနှိမ့်ချစွာပြောသည်။

"စီနီယာ ကျွန်တော့်ကိုအရမ်းချီးမွမ်းနေတာပဲ၊ လူတိုင်းရဲ့နောက်ကွယ်မှာ တခြားသူဆိုတာရှိပြီးတော့ ကောင်းကင်ရဲ့နောက်ကွယ်မှာ ကောင်းကင်ဘုံဆိုတာရှိတယ်လေ၊ ကျွန်တော်မခံယူရဲပါဘူး"

"အရမ်းကောင်းတယ်"

မုလီပိုင်က မျက်လုံးများနီရဲနေသည့် မုလီရီအားကြည့်လိုက်သည်။

"မင်းကြားလား၊ လူတွေရဲ့နောက်ကွယ်မှာ တခြားသူဆိုတာရှိသလို ကောင်းကင်ရဲ့ နောက်ကွယ်မှာလည်း ကောင်းကင်ဘုံဆိုတာရှိတယ်၊ ဒီကမ္ဘာကြီးက အရမ်းကြီးမားတယ်၊ သွေးစွမ်းအားတခုတည်းကြောင့်နဲ့ အရမ်းမကြွားဝါနဲ့"

"ဒါက.....အဖေ"

"ပြန်သွားပြီးလေ့ကျင့်တော့"

ဤသည်ကိုကြားသောအခါ မုလီရီလက်နှစ်ဖက်ကို ညင်သာစွာဆုပ်ရင်း ယဲ့ချိုးပိုင်ကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် စိုက်ကြည့်ပြီးနောက် တဖက်လှည့်ကာ ထွက်သွားလေတော့သည်။

မုလီရီထွက်သွားပြီးနောက် မုလီပိုင်က ကျောက်ဆောင်ဘေးရှိ ကျောက်စားပွဲရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး လက်ဖက်ရည်အိုးကို သက်တောင့်သက်သာပင် ‌ဖျော်နေရသည်။

ထို့နောက်သူ့ရှေ့ကထိုင်ခုံကို လက်ညိုးထိုးပြရင်းပြောသည်။

"ယဲ့ချိုးပိုင်၊ မှန်တယ်နော်၊ အရမ်းသတိထားနေစရာမလိုပါဘူး၊ ထိုင်ပါ"

ချက်ချင်းဆိုသလို သူက မုစီချန်အားကြည့်လိုက်သည်။

"မင်းလည်းလေ့ကျင့်ဖို့သွားသင့်တယ်"

မုစီချန်းကရှက်ပုံပေါ်သော်လည်း သူက တခြားလူများနှင့် ဆက်ဆံရာတွင် မကောင်းမွန်ပေ။

သို့စေကာမူ မုလီပိုင်က ယဲ့ချိုးပိုင်နှင့် သီးသန့်စကားပြောလိုသည်ဆိုသော် စကားကဆိုလိုရင်းကို သူနားလည်ပါသေးသည်။

နှုတ်ဆက်ပြီးနောက် မုစီချန်းတဖက်လှည့်ကာ ထွက်သွားသည်။

"လက်ဖက်ရည်သောက်ပါဦး"

စကားပြောပြီးနောက် မုလီပိုင် လက်ဖက်ရည်ခွက်ကိုကိုင်ကာ သောက်လိုက်သည်။

ယဲ့ချိုးပိုင်ကလည်း တငုံသောက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်၏။

မုလီပိုင်ပြုံးလိုက်သည်။

"ဒီလက်ဖက်ရည်ကိုဘယ်လိုထင်လဲ"

"ဒီလက်ဖက်ရည်က ခွန်းလွန်နှင်းတောင်ထိပ်က လက်ဖက်ပင်တွေကနေ ပြုလုပ်ထားတာ၊ ဒီရေကလည်း ခွန်းလွန်နှင်းတောင်တန်းက ဝိဉာဉ်စမ်းရေပဲ"

ယဲ့ချိုးပိုင်ရှက်ရွှံ့စွာ ခေါင်းကုတ်လျက် အမှန်တရားကိုပြောလိုက်သည်။

"ကျွန်တော် လက်ဖက်ရည်အကြောင်းကို သိပ်မသိတော့ ဒီလက်ဖက်ရည်က ကျွန်တော့်အတွက်တော့ သာမန်ရေလိုပါပဲ"

ဤသည်ကိုကြားသောအခါ မုလီပိုင်၏ မျက်လုံးများက လေးစားမှုဖြင့် တောက်ပလာပြီး ခေါင်းညိတ်သည်။

"အင်း၊ လက်ဖက်ရည်က ဘယ်လောက်ပဲအရဿာရှိရှိ ရေဆိုတဲ့စကားလုံးကနေ မခွဲထုတ်နိုင်ဘူးလေ"

အကယ်၍တခြားဂျူနီယာများဆိုပါက သူတို့က သေချာပေါက် မုလီပိုင်၏စကားလုံးများအတိုင်းလိုက်ပါပြောဆိုကာ ဒီလက်ဖက်ရည်က မည်မျှထိ အရဿာရှိပြီး အံ့ဖွယ်ကောင်းကြောင်း ပြောကြပေလိမ့်မည်။

မုလီပိုင်ပြုံးလိုက်သည်။

"တကယ်တော့ ငါလည်းလက်ဖက်ရည်အကြောင်းကို နားမလည်ပါဘူး"

ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွားပုံပေါ်သော်လည်း ခေါင်းခါယမ်းကာ ရယ်မောသည်။

"စီနီယာ ခင်ဗျားက ပြည့်စုံတဲ့ဘ၀မှာ နေနေတာပဲ"

"ဒါကပြည့်စုံတာလား"

မုလီပိုင်ပြုံးပြန်သည်။

"စကားလုံးကောင်းပဲ၊ ဒါက တစ်စုံတစ်ယောက်က ငါ့ကိုအခုလိုမျိုး ပထမဆုံးမှတ်ချက်ပေးတာပဲ"

ချက်ချင်းဆိုသလို မုလီပိုင်က နောက်ထပ်သွယ်ဝိုက်ပြောဆိုမနေတော့ဘဲ လိုချင်သည့်အချက်ကို တည့်တည့်သွားသည်။

"မင်းကငါ့သမီးမုဇီရှင်းကို စိတ်၀င်စားနေတယ်လို့ ငါကြားခဲ့တယ်"

ယဲ့ချိုးပိုင်၏မျက်နှာက ချက်ချင်းလေးနက်သွားပြီး လက်ကိုဒူးပေါ်၌တင်ကာ ခေါင်းညိတ်သည်။

"ဟုတ်ပါတယ်၊ ဇီရှင်းနဲ့ ကျွန်တော်တို့က အချင်းချင်းသိကြတာကြာပါပြီ"

"ငါသိတယ်၊ ဒါပေမယ့် ဇီရှင်းအဖေအနေနဲ့ ငါမင်းနဲ့ မင်းနောက်ကွယ်က ဆရာကိုလည်း ကျေးဇူးတင်ချင်ပါတယ်"

မုလီပိုင်ပြုံးသည်။

"ဇီရှင်းရဲ့ ရုပ်ပိုင်းဆိုင်ရာပြဿာနာကို မင်းဆရာက ဖြေရှင်းပေးခဲ့တာလေ"

"ဒါပေမယ့်...."

ဒါပေမယ့်တဲ့လား!

ယဲ့ချိုးပိုင် မုလီပိုင်၏ပြုံးနေသေးသည့်မျက်နှာကိုကြည့်ရင်း သူ့နောက်ထပ်စကားလုံးများကို စောင့်ဆိုင်းနေသည်။

မုလီပိုင်ဆက်ပြောသည်။

"ငါတို့ရှေးဟောင်းကလန်သုံးခုနဲ့ပတ်သက်ပြီး အရာတချို့ကို မင်း စီချန်းဆီကနေ ကြားခဲ့မှာပါ"

"ဥပမာပြောရရင် သွေးစွမ်းအားကြောင့် ရှေးဟောင်းကလန်တွေက ပြင်ပလူတွေရဲ့ နောက်ခံကဘယ်လောက်ပဲ အားကောင်းနေပါစေ အပြင်လူနဲ့လက်ထပ်မှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

မုလီပိုင်ဆက်သည်။

"မင်းဆရာကအရမ်းအားကောင်းတာငါသိပါတယ်၊ သူက ငါတို့မုမိသားစုတောင် ခွန်အားအကုန်ထုတ်သုံးပြီး မဖြေရှင်းနိုင်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာပြဿာနာကို ဖြေရှင်းနိုင်ခဲ့တာပဲလေ"

"ဒါပေမယ့် ငါတို့ကအရမ်းမာနကြီးကြပြီးတော့ မုမိသားစုရဲ့ ကြွယ်၀မှုအတွက် ကိုယ့်ကိုကိုယ်အားကိုးနိုင်သေးတယ်လို့ ခံစားနေရတုန်းပဲ၊ ငါတို့ပြင်ပလူတွေကို မမှီခိုနိုင်ဘူး၊ မင်းရောဒီလိုထင်လား"

ယဲ့ချိုး‌ပိုင်ခေါင်းညိတ်သည်။

သူနားလည်ပါသည်။

တဖက်လူကဆိုလိုတာက ယဲ့ချိုးပိုင်တွင် အစွမ်းထက်ဆရာတစ်ယောက်ရှိရုံမျှနှင့် သူကမုဇီရှင်းအား ရနိုင်မည်မဟုတ်ပေ။

"မင်းပါရမီကလည်း အားကောင်းပါတယ်၊ ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတောင် တာအိုဝါဒကအရမ်းတည်ငြိမ်လွန်းတော့ ငါတောင် နည်းနည်းအံ့ဩသင့်ရတယ်"

"ဒါ့အပြင် မင်းကဓားသခင်နယ်ပယ်ကိုလည်းရောက်နေပြီ၊ အချိန်ကြာလာတာနဲ့အမျှ မင်းက အဆင့်နိမ့်ကြယ်နယ်မြေမှာ နံပါတ်တစ်ဓားသမားဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ဘူး"

နံပါတ်တစ်ဓားသမား!

သူကဓားသိုင်းအထွပ်အထိပ်ထဲတွင် မရှိသေးသော်လည်း ဤခန့်မှန်းချက်က မုလီပိုင်ဆီကနေ ထွက်လာခြင်းဖြစ်လေရာ ဒါက အားပေးစကားများမဟုတ်ဘဲ အမှန်တရားသာဖြစ်သည်။

သူတို့၏အဆင့်တွင် နှစ်ပေါင်းများစွာနေပြီးနောက် ချီးကျုးစကားများပြောရခြင်းကို စိတ်ကုန်နေပြီဖြစ်ကာ သူတို့ဆန္ဒနှင့် ဆန့်ကျင်စွာသာပြောတတ်ကြသည်။

သို့‌သော် ယခုတွင်မူ မုလီပိုင်က အမှန်တရားကိုသာပြောပြပြီးနောက် စိတ်မကောင်းစွာပြောလာသည်။

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းမှာ သွေးစွမ်းအားမရှိဘူး၊ ဇီရှင်းကို မင်းဆီအပ်နှံတာက သွေးသန့်စင်မှုကိုပဲ အားနည်းသွားစေလိမ့်မယ်"

ထိုစကားလုံးများကိုကြားသောအခါ ယဲ့ချိုးပိုင်ပြန်မေးလိုက်သည်။

"အရဲတင်းစွာမေးပါရစေ၊ မုမိသားစုခေါင်းဆောင်၊ သွေးစွမ်းအားက တကယ်ပဲအရေးကြီးတာလား"

"အင်း၊ အရေးပါတယ်"

မုလီပိုင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။

"နယ်နိမိတ်မဲ့နယ်မြေမှာ သဟဇာတတာအိုနယ်ပယ်ကိုချိုးဖျက်ပြီး ပိုမြင့်တဲ့နယ်ပယ်ကို တက်ရောက်ခဲ့တဲ့ လူဘာလို့တစ်ယောက်မှ မရှိရတာလဲဆိုတာ မင်းသိလား"

"နယ်နိတ်မဲ့မင်းဆက်ကအရမ်းအားကောင်းတယ်ဆိုပေမယ့် တာအိုနယ်ပယ်အထက်က အားကောင်းတဲ့သူတော့မဟုတ်သေးဘူး"

ယဲ့ချိုးပိုင်အံ့ဩသင့်သွားရသည်။

"ဒါကသွေးစွမ်းအားကြောင့်လား"

မုလီပိုင်ခေါင်းညိတ်သည်။

"မှန်တယ်၊ သဟဇာတတာအိုနယ်ပယ်အထက်ကအဆင့်ကို သွေးပြောင်းလဲခြင်းနယ်ပယ်လို့ခေါ်တယ်"

"နာမည်ကညွှန်းထားတဲ့အတိုင်းပဲ မင်းတာအိုနယ်ပယ်ကချိုးဖျက်ချင်တယ်ဆိုရင် မင်းကိုယ်ထဲပ သေမျိုးသွေးကို ပိုပြီးမြင့်မားအားကောင်းတဲ့သွေးနဲ့ အစားထိုးဖို့လိုအပ်တယ်"

"အဆင့်နိမ့်ကြယ်နယ်မြေမှာ ဒီလိုအခြေအနေမျိုးမရှိဘူး"

"ဒါကြောင့် သွေးစွမ်းအားရှိတဲ့ ရှေးဟောင်းကလန်သုံးခုကပဲ အဆင့်ချိုးဖျက်တက်ရောက်ဖို့ အခွင့်အလမ်းရှိတယ်"

"ဒါကြောင့်လည်း ငါတို့ရှေးဟောင်းကလန်သုံးခုက အပြင်ပကမ္ဘာကလူတွေနဲ့ တာအိုလက်တွဲဖော်ဖြစ်လာခွင့်ပေးဖို့ အတင်းအကျပ်တားမြစ်ပိတ်ပင်ထားရတာပဲ၊ မင်းနားလည်လား"

အပိုင်း(422) coming။

All Chapters