← Chapters

#နင်ပိုအားကောင်းလာတာကို စောင့်နေပါမယ်#

Vol. 30 Ch. 422

#နင်ပိုအားကောင်းလာတာကို စောင့်နေပါမယ်#

Vol. 30 Ch. 422

ဘိုးဘေးများတွင် သွေးပြောင်းလဲခြင်းအခြေအနေ သို့မဟုတ် အထက်တွင် အားကောင်းသည့်လူမရှိပါက ကျင့်ကြံသူ၏သွေးက သာမန်သာဖြစ်သည်။

ဒါကမော်တယ်သွေးဖြစ်ပြီး ‌သွေးနယ်ပယ်တခုပမာဖြစ်လာသည်။

အမည်တွင်ညွှန်းထားသည့်အတိုင်းပင် မော်တယ်သွေးကိုအစားထိုးခြင်းဖြင့်သာ မိမိသွေးကအော်ရာစီးကြောင်းကို ထောက်ပံ့ပေးနိုင်သည်အထိ အားကောင်းလာမည်ဖြစ်ကာ အဆင့်ဆက်လက်ချိုးဖျက်နိုင်ပေမည်။

သို့သော် သေမျိုးများအတွက် သွေးပြောင်းလဲရန်ဟူသည် လိုအပ်ချက်က အတော်‌လေးပြင်းထန်သည်။

ဆေးလုံးက ဟင်းလင်းပြင်ကောင်းကင်အဆင့်အထွပ်အထိပ်ကိုရောက်ရမည်သာမက သွေးပြောင်းလဲခြင်းဆေးလုံးလည်းလိုအပ်သည်။

ဤဆေးလုံးကိုသန့်စင်ရမည့်ခက်ခဲမှုနှင့် ကုန်ကြမ်းရှားပါးမှုက ကောင်းကင်အထွပ်အထိပ်အဆင့်ထက်ပင် အများကြီး သာလွန်နေပြီဖြစ်သည်။

တချိန်တည်းမှာပင် သွေးပြောင်းလဲခြင်း၀န်းကျင် သို့မဟုတ် အားကောင်းသည့်သွေးအမျိူးအစားကိုလည်းလိုအပ်သည်။

ထို့နောက် သွေးဖလှယ်စဉ်အတွင်း ကိုယ်ခန္ဓာအားဖြစ်ပျက်လာစေမည့် အကြီးအကျယ်ပျက်စီးခြင်းကို ခံနိုင်ရည်ရှိသည့် အားကောင်းသည့်ကိုယ်ခန္ဓာမျိုးလည်းလိုအပ်သေးသည်။

ဤအခြေအနေရပ်သုံးခုကမရှိမဖြစ်ပင်။

အဆင့်နိမ့်ကြယ်နယ်မြေတွင်ပင် ဤအခြေအနေရပ်သုံးခုက အောင်မြင်ရန် မဖြစ်နိုင်သလောက်နည်းပါးသည်။

ထို့ကြောင့် သွေးပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည့် ဘိုးဘေးများရှိသော ကြီးမြတ်သည့်ရှေးဟောင်းကလန်သုံးခုကသာ ဤလိုအပ်ချက်များကို လျစ်လျူရှုထားနိုင်ပေလိမ့်မည်။

သွေးကသန့်စင်နေသရွေ့ သွေးပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်ရန်အတွက် အခွင့်အရေးရှိသည်။

ထို့ကြောင့် ရှေးဟောင်းကလန်သုံးခုအကြား သူတို့၏တိုက်ရိုက်သားစဉ်မြေးဆက်များနှင့် ပြင်ပကမ္ဘာက သေမျိုးများကို တာအိုလက်တွဲဖော်များဖြစ်လာ‌ရန် ခွင့်မပြုရသည့်အကြောင်းရင်းက ကိုယ်ထဲက ပြောင်းလဲနေသည့်သွေးက ရောစပ်ပျော်၀င်သွားမည်ဖြစ်သောကြောင့်ပင်။

မုလီပိုင်၏စကားလုံးများကို နားထောင်ရင်း ယဲ့ချိုးပိုင်ကလည်းနားလည်လာသည်။

သဟဇာတတာအိုနယ်ပယ်အထက်တွင် သွေးပြောင်းလဲခြင်းနယ်ပယ်ရှိသည်။

ယခုလိုအပ်ချက်မျိုးကြောင့် ရှေးဟောင်းကလန်သုံးခုကို စည်းရုံးရန်ဟူသည်မဖြစ်နိုင်ပေ။

ထို့ကြောင့် ယဲ့ချိုး‌ပိုင်မေးလိုက်သည်။

"မုမိသားစုက သွေးပြောင်းလဲခြင်းနယ်ပယ်ကို ရောက်နေပြီဖြစ်တဲ့ ကျင့်ကြံသူများရှိလား"

ဤသည်ကိုကြားသောအခါ မုလီပိုင်ခေါင်းခါယမ်းသည်။

"ကံဆိုးချင်တော့ မရှိသေးဘူး"

"သွေးပြောင်းလဲခြင်းနယ်ပယ်ဘိုးဘေးတွေ သေဆုံးခဲ့ကြရတာ နှစ်အတော်ကြာမြင့်နေပါပြီ"

"သားသမီးတွေရဲ့အဆက်မပြတ်‌ပေါင်းစပ်မှုနဲ့အတူ အလယ်မှာဘယ်သူမှ သွေးပြောင်းလဲခြင်းနယ်ပယ်ကို မရောက်နိုင်ဘူးဆိုရင် သွေးစွမ်းအားကလည်း လျော့ကျသွားလိမ့်မယ်၊ သွေးစွမ်းအားရှိတဲ့ တခြားရှေးဟောင်းကလန်က လက်တွဲဖော်ဆိုရင်တောင် ဒါကရှောင်လွဲလို့မရဘူး"

"အဆင့်နိမ့်ကြယ်နယ်မြေရဲ့၀န်းကျင်က ကျက်တီးမြေတခုလိုဖြစ်နေပြီမို့ သွေးပြောင်းလဲခြင်းနယ်ပယ် စွမ်းအားရှင်တစ်ယောက်ကို မွေးထုတ်ဖို့ အရမ်းခက်ခဲနေပြီ"

"ဒါကြောင့် မျိုးဆက်များစွာကြာမြင့်ခဲ့ပြီးနောက်မှာ ရှေးဟောင်းကလန်သုံးခုရဲ့ သွေးစွမ်းအားက အဆက်မပြတ်လျော့ကျသွားခဲ့တာပဲ"

"အခု မုဇီရှင်းရဲ့သွေးစွမ်းအားက ဘိုးဘေးတွေရဲ့အဆင့်နဲ့နီးကပ်လာပြီ၊ ငါဆိုလိုတာကို မင်းနားလည်လောက်မှာပါ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ဆိုလိုတာက ရှေးဟောင်းကလန်သုံးခု၏ သွေးစွမ်းအားအားလုံး လျော့နည်းသွားသည့် အခြေအနေတွင် သွေးကြောစွမ်းအားတခုတည်းတွင်ပင် အလွန်အမင်းသန့်စင်နေသည့် မုဇီရှင်းက ဘိုးဘေးများနှင့် အဆုံးမဲ့နီးစပ်နေပြီဖြစ်ကာ သွေးပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်ရန်အတွက် မျှော်လင့်ထားသူဖြစ်သည်။

မုဇီရှင်း သွေးပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်သွားသည်နှင့်တပြိုင်နက် မုမိသားစု၏ သွေးစွမ်းအားကလည်း ထပ်မံလှုံ့ဆော်ခံရမည်ဖြစ်သည်။

ဤနည်းလမ်းဖြင့် ရှေးဟောင်းကလန်သုံးခုအဖြစ် မုမိသားစု၏နာမည်ကို ဆက်လက်ထိန်းသိမ်းနိုင်ပေလိမ့်မည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်နေသည်ကို မြင်ရသောအခါ မုလီပိုင်ပြုံးလိုက်၏။

"ငယ်ရွယ်တဲ့ကလေးတွေက သင်ပေးရလွယ်တယ်၊ ဒီလိုဆိုမှတော့ မင်းတောင်းဆိုချက်တခုလုပ်လို့ရတယ်၊ ဒါက ဇီရှင်းရဲ့ရုပ်ပိုင်းဆိုင်ရာပြဿာနာကို ကူညီဖြေရှင်းပေးတဲ့အတွက် ကျေးဇူးတင်တဲ့ လက်ဆောင်အဖြစ် မှတ်ယူကြတာပေါ့"

မုလီပိုင်က ဧည့်သည်ကို အပထုတ်ရန် ဆိုလိုနေသည်က သိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင်တခဏမျှတွေးတောနေပြီးနောက် ပြုံးလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုပြောကြည့်ရတာပေါ့"

မုလီပိုင်လက်ဆန့်ထုတ်ကာ လက်ဟန်ပြလိုက်သည်။

"ဇီရှင်းကို ကျွန်တော့်ကိုပေးလိုက်ပါ"

ထိုစကားလုံးများကိုကြားသောအခါ မုလီပိုင်မျက်နှာကအပြုံးက ပို၍ပင်အားကောင်းလာသော်လည်း သူ့အမူအရာအောင်၌ ရေခဲစိုင်ကဲ့သို့ အော်ရာတခုက လေဟာနယ်ကို ထိန်းချုပ်၍မရလောက်အောင် ဖြည်းဖြည်းချင်း၀န်းရံလာသည်။

လေဟာနယ်၌ ရေခဲမြူအမှုန်စများက မြောလွင့်နေကြသည်။

လေထုကချက်ချင်းပင်သိပ်သည်းသွား၏။

ယဲ့ချိုးပိုင်၏ကိုယ်က ဆီးနှင်းအလွှာများစွာဖြင့် ဖုံးလွှမ်းသွားသည်။

သဟဇာတတာအိုနယ်ပယ် အထွပ်အထိပ်အဆင့်တဖြစ်လဲ မုလီပိုင်က အနည်းငယ်မျှ လှုပ်ရှားလိုက်သည်တိုင် ယဲ့ချိုးပိုင် သူ့ကိုယ်ထဲကသွေးစီးဆင်းမှု သို့မဟုတ် အော်ရာလှုပ်ရှားမှုပင်လျှင် အေးခဲနေသည်ကို ခံစားလိုက်ရသည်။

သူ့ကိုယ်ခန္ဓာကိုပင် ရွေ့လျားလှုပ်ရှား၍မရတော့။

"မင်းငါ့ကိုလာနောက်နေတာလား"

မုလီပိုင်ကိုသိသောသူတိုင်းကသိကြသည်။

ဤရေခဲအပြုံးပိုင်ရှင်မုမိသားစုခေါင်းဆောင်က ယခုတွင်အမှန်တကယ် ကျော်ကြားပေသည်။

ဟူး.....

ယဲ့ချိုးပိုင် ဓားသခင်နယ်ပယ်ဓားဆန္ဒကို ထုတ်လွှတ်လိုက်သည်။

သူ့ကိုယ်မျက်နှာပြင်ပေါ်၌ သိပ်သည်းနေသည့်ဆီးနှင်းများက ဓားဆန္ဒ၏ အားအပြည့်အောက်တွင် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရသည်။

သူ့တကိုယ်လုံး၌ ဝိဉာဉ်စွမ်းအင်ကို အားသုံးလှည့်ပတ်ကာ မုလီပိုင်၏ အနည်းငယ်အံ့ဩသင့်နေသည့်အကြည့်အောက်တွင် ယဲ့ချိုးပိုင်ထရပ်ရန်ကြိုးစားလိုက်သည်။

မုလီပိုင်၏လက်ရှိခွန်အားအရ သူစွမ်းအားအနည်းငယ်မျှသာ ထုတ်လွှတ်လျှင်ပင် သူ့၏သွေးစွမ်းအားဖြင့်ပေါင်းစပ်ထားခြင်းဖြင့် သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ကျင့်ကြံသူများပင် လှုပ်ရှားနိုင်မည်မဟုတ်ပေ။

အာရုံထွေပြားခြင်းအဆင့်ကစွမ်းအားရှင်များပင်လျှင် ထရပ်ရန် အပြင်းအထန် ကြိုးစားရပေမည်။

သို့စေကာမူ သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်သာရှိသေးသည့်ယဲ့ချိုးပိုင်က ဒါကိုလုပ်နိုင်သည်လား။

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"မိသားစုခေါင်းဆောင်မု၊ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ခင်ဗျားလည်းမြင်မှာပါ၊ ဇီရှင်းကိုယ်တိုင်မသွားချင်ဘူးလို့ မပြောသေးသရွေ့ ကျွန်တော်ဇီရှင်းကို သေချာပေါက် ခေါ်ယူသွားမယ်"

"ဒီတော့ ခင်ဗျား ရှေးဟောင်းကလန်ရဲ့ သွေးအကြောင်းပြောနေစရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါက လူဖန်ဆင်းထားတာလို့ ကျွန်တော်ယုံကြည်တယ်"

"သေမျိုးတွေက သွေးပြောင်းလဲခြင်းနယ်ပယ်ကို မချိုးဖျက်နိုင်တာကရော မဖြစ်နိုင်ဘူးလား၊ ရှေးဟောင်းကလန်တွေရဲ့ ဘိုးဘေးတွေကရော ဒါကိုအောင်မြင်ဖို့ ဘယ်လိုများလုပ်ခဲ့ကြတာလဲ"

"မုမိသားစုခေါင်းဆောင်၊ ခင်ဗျားက သွေးစွမ်းအားကို အရမ်းအားကိုးလွန်းတယ်"

စကားပြောပြီးနောက် ယဲ့ချိုးပိုင်ရုန်းကန်ရင်း မုလီပိုင်အား အနည်းငယ်ဦးညွှတ်ကာ လက်သီးနှစ်ဖက်ဆုပ်ပြသည်။

ထို့နောက်ချက်ချင်းဆိုသလို မုလီပိုင်၏ ‌မည်းမှောင်နေသည့်အကြည့်အောက်တွင် သူကစံအိမ်ထဲကနေ ထွက်သွားသည်။

ခြေလှမ်းတချက်လှမ်းတိုင်း အေးခဲခြင်းကလည်း တဆင့်တိုးလာသည်။

သို့သော်ခြေလှမ်းတိုင်းတွင် ဓားဆန္ဒက ပို၍ပင် ထက်ရှလာပြီး ဓားနယ်ပယ်က ကျယ်ပြန့်လာသည်။

အကြွင်းမဲ့ဓားလေးစင်းအစီအရင်က ထိုထဲတွင် ပေါင်းစပ်သွားခဲ့၏။

အာဒိကပ္ပဓားသိုင်းက အရှိန်အဟုန်အပြည့်ဖြင့် လှည့်ပတ်လာသည်။

ထို့နောက် ရေခဲကိုအရည်ပျော်ရန်အတွက် ယဲ့ချိုးပိုင်အကောင်းဆုံးလုပ်ဆောင်နေပြီး စံအိမ်ထဲကနေ ထွက်လာသည်။

မုလီပိုင် ခေါင်းမာသည့်ယဲ့ချိုးပိုင်၏ နောက်ကျောကိုကြည့်ရင်း ခေါင်းခါယမ်းသည်။

"သူကတကယ်မျိုးစေ့ကောင်းတစေ့ပဲ.... ဒါပေမယ့် အဆင့်နိမ့်ကြယ်နယ်မြေရဲ့ ‌နောက်ခံနဲ့ဆိုရင် သွေးစွမ်းအားမရှိဘူးဆိုရင် သူသွေးပြောင်းလဲခြင်းနယ်ပယ်ကို ဘယ်လိုများ ချိုးဖျက်နိုင်မှာလဲ"

ချက်ချင်းဆိုသလို မုလီပိုင် သူ့စွမ်းအားကို ဖယ်ရှားလိုက်သောအခါ စံအိမ်ရှိ ရေခဲအဓိပ္ပာယ်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။

သူ့ရှေ့က လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည်လည်း အရည်ပျော်သွား၏။

လက်ဖက်ရည်ခွက်ကို ပြန်ကောက်ကိုင်ရင်း မုလီပိုင်တငုံသောက်လိုက်သည်။

"အေးလိုက်တာ..."

"ကောင်းပြီ၊ ထွက်လာတော့"

လက်ဖက်ရည်ခွက်ကိုချပြီး မုလီပိုင် နောက်က ခုံးနေသည့်တံခါးပေါက်ကိုကြည့်လိုက်၏။ ထိုစဉ် လှပသည့်ပုံရိပ်တခုက ခုံးနေသည့်တံခါးပေါက်နောက်ကနေ ဖြည်းညင်းစွာ လျှောက်လာသည်။

မုလီပိုင်ပြောသည်။

"ဇီရှင်း၊ ဒီအကြောင်းတွေးနေတာဆိုရင်တော့ အဖေသဘောတူတယ်၊ အခု သမီးမိသားစုရဲ့လျှို့ဝှက်နည်းလမ်းကို လေ့ကျင့်ရမယ်"

ရောက်လာသည့်သူကမုဇီရှင်းပေတည်း။

အရင်ကနှင့်ယှဉ်ပါက မုဇီရှင်းက သိသိသာသာပင် ပို၍ရင့်ကျက်လာပြီး အရင်က ချစ်စဖွယ်အမူအသွင်နှင့်ယှဉ်ပါက ယခု လှပသည့်မျက်နှာလေးက အနည်းငယ်ပို၍အေးစက်နေသည်။

ရှင်းရှင်းပြောရမည်ဆိုပါက သူမက ချစ်စရာကောင်းသည့်မိန်းကလေးအဖြစ်ကနေ ကြီးကျယ်ခမ်းနားသည့်မိန်းက‌လေးအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲနေသည်။

မုဇီရှင်းခေါင်းညိတ်သည်။

"သမီးသိပါတယ်"

သို့သော် အစကနေအဆုံးထိ မုဇီရှင်းက သူမအဖေအား ကြည့်မနေဘဲ သူမအကြည့်က စံအိမ်အပြင်သို့ထွက်သွားသည့် ယဲ့ချိုးပိုင်၏ ကျော၌သာ ကျရောက်နေသည်။

ဤမြင်ကွင်းနှင့် သူ့သမီး၏အမူအရာကို ကြည့်ရင်း မုလီပိုင်ညင်သာစွာ သက်ပြင်းချလိုက်မိသည်။

"ဇီရှင်း၊ သမီးက ကလန်သုံးခုအကြားမှာ သွေးပြောင်းဘဲခြင်းနယ်ပယ်ကို ချိုးဖျက်ဖို့ မျှော်လင့်ချက်အရှိဆုံးသူတစ်ယောက်ဆိုတာ သမီးနားလည်ထားသင့်တယ်"

"ဒီတော့ သမီးရဲ့သွေးကို သန့်စင်အောင်ထားရမယ်"

မုဇီရှင်းအဖြေမပေးပါ။

သူမစိတ်ထဲတွင် ယဲ့ချိုးပိုင်ပြောသည့်စကားက ပဲ့တင်ထပ်နေသည်။

လူဖန်တီးထားတာလား!

ချက်ချင်းဆိုသလို မျက်နှာ၌အပြုံးတပွင့် ပေါ်လာပြီး နှလုံးသားထဲကနေ သူမတီးတိုးပြောလိုက်မိသည်။

"နင်ပိုအားကောင်းလာတဲ့အချိန်ကို ငါစောင့်နေမယ်၊ ရှေးဟောင်းကလန်သုံးခုကတောင် နင့်ကိုမရပ်တန့်နိုင်တော့တဲ့အထိ အားကောင်းလာမယ့်အချိန်ကို ငါစောင့်နေပါမယ်...."

မုလီပိုင်ဤမြင်ကွင်းကိုကြည့်ရင်း တွေးနေမိသည်။

"ကြည့်ရတာ ဒီကလေးကို ငါအများကြီးကာကွယ်ပေးရဦးမယ်ထင်တယ်"

ယဲ့ချိုးပိုင်ကမူ စံအိမ်သို့သာပြန်လာခဲ့သည်။

ထိုစဉ် မုဖူရှန်းက သတင်းအသစ်တစ်ခု ယူဆောင်လာခဲ့သည်။

အပိုင်း(423) coming။

All Chapters