#မျှား#
Vol. 30 Ch. 424
နယ်နိမိတ်မဲ့နန်းတော်၌ မုကျန်းထင်က ဖိုင်များကို စီမံဆောင်ရွက်နေသည်။
ချက်ချင်းဆိုသလို သူကတစ်စုံတစ်ရာကို ခံစားမိပုံရသည်။
အပေါ်မော့မကြည့်ဘဲ မုကျန်းထင် ဖိုင်များကို စစ်ဆေးရင်း မေးလိုက်သည်။
"ဖူရှန်းနဲ့ကျန်တဲ့သူတွေသွားကြပြီလား"
အနှီမျက်လုံးဖြင့်ကြည့်မည်ဆိုပါက မုကျန်းထင်မှလွဲ၍ အနီးတွင် တခြားမည်သူမှမရှိပါ။
သူက လေကိုစကားပြောနေပုံရသည်။
ထိုအချိန်တွင် ခန်းမထဲကနေ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
"အရှင်မင်းကြီးရဲ့ဆန္ဒအတိုင်း စီစဉ်ထားပါပြီ"
မုကျန်းထင်ခေါင်းညိတ်သည်။
"မျှားကိုတော့ပစ်ချလိုက်ပြီ၊ ငါးအကြီးကြီးတစ်ကောင် ကိုက်မိမှာကိုပဲစောင့်ရတော့မယ်"
....
အေးခဲညနယ်မြေအပြင်ပ၌ ထူထပ်သည့်မြူခိုးနက်များဖြင့် ဖုံးလွှမ်းနေသည်။
မြူခိုးနက်ထဲတွင် မိစ္ဆာစွမ်းအားက ကြွယ်၀လွန်းသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက နယ်နိမိတ်အပြင်ဖက်ကိုပင် ရောက်လာလေပြီ။
ထို့ထဲမှ အသင်းကိုဦးဆောင်လာသည့် ကြယ်ကြွေဓားဂိုဏ်း၏အကြီးအကဲ ဟဲကျိတုံက သုံးပေရှည်ဓားစိမ်းကို လက်ထဲတွင် မြှောက်ကာ အေးစက်သည့်အသံဖြင့်ပြောသည်။
"အနီးမှာ ဘာဟာကွက်မှရှိမနေဘူး၊ ဒီနေရာကနေ၀င်ကြမယ်"
ယခုတွင်မူ အေးခဲညနယ်မြေတခုလုံးကို မြူခိုးနက်များဖြင့်ဖုံးအုပ်နေလေရာ နယ်မြေပြင်ပက မိစ္ဆာကလန်က ဝန်းရံထားလေသည်။
ထို့ကြောင့် အေးခဲညနယ်မြေသို့ ၀င်ရောက်လိုပါက တိုက်ခိုက်ပြီးလမ်းခင်းရပေမည်။
ဤနေရာ၌ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်ပြီး အားအကောင်းဆုံးဖြစ်သည့် ဟဲကျိတုံက ဦးဆောင်ခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း လုံး၀တုံ့ဆိုင်းမနေကြဘဲ အော်ရာများကို ထုတ်ပြီး ဟဲကျိတုံနောက်ကလိုက်သွားကြ၏။
မြူခိုးနက်ထဲတွင် မရေမတွက်နိုင်လောက်သော မိစ္ဆာစစ်သည်များရှိသည်။
ဤမိစ္ဆာစစ်သားအရေအတွက်က လူများကို စပ်တဖျဉ်းဖျဉ်းခံစားချက်တခုကိုရစေသည်။
ဟဲကျိတုံဓားကို ဆွဲထုတ်လိုက်စဉ် အန္တိမတ၀က်အဆင့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ သံသယမရှိထွက်လာသည်။
ယခုတကြိမ်တွင် ယဲ့ချိုးပိုင် ရှင်းလင်းစွာ ခံစားနေရသည်။
ငါကိုယ်တိုင်နှင့် ဒီအစွမ်းထက်ဓားသမားတွေအကြား ကွာဟချက်က ဘယ်လောက်တောင် ကြီးမားတာလဲ!
သူက စကြာ၀ဠာဓားသခင်နယ်ပယ်ကို ချိုးဖျက်တက်ရောက်ပြီးဖြစ်သော်လည်း ဓားဆန္ဒများကို ယှဉ်ကြည့်ပြီးသောအခါတွင် ဒါက ဂျုံစပါးအုံကို ထိုးနေသည့် အပ်ဖျားတချောင်းနှင့် တူလှသည်။
ငါ့မှာသွားရမယ့်လမ်းအရှည်ကြီးကျန်သေးတယ်!
ယဲ့ချိုးပိုင် တချက်ဟစ်ကြွေးရင်း ကိုးပေရှည်ကြယ်ကြွေဓားက ချက်ချင်းဆိုသလို ထွက်လာသည်။
ကြယ်ကြွေဓားထွက်လာသည်နှင့်တပြိုင်နက် ဓားသခင်နယ်ပယ်ဓားဆန္ဒကလည်း ဓားဟိန်းသံများမြည်ဟီးကာ အကန့်အသတ်မဲ့လေဟာနယ်၌ ပဲ့တင်ထပ်နေသည်။
ဘေးကဂျီဂျီကလည်း အားကျမခံဘဲ ဓားသခင်တ၀က်အဆင့်ဓားဆန္ဒကို ထုတ်လွှတ်လိုက်လေသည်။
မကြာသေးခင်က သူကလည်း သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ကို ချိုးဖျက်ပြီးကာ သူ့ခွန်အားက အရင်ကထက်အားကောင်းလာပြီဖြစ်သည်။
နင်းချန်ရှန်း၏မျက်လုံးများကအေးစက်နေသည်။
ယခုလိုရက်စက်ပြီးသွေးဆာနေသည့် မျိုးနွယ်စုကို အမြစ်ဖြတ်ရန်လိုအပ်သည်။
တာအိုကျမ်းစာများကိုကိုင်ထားရင်း နင်းချန်ရှင်း၏ကိုယ်တဝိုက်တွင် ဆန်းကြယ်သည့်ရှေးဟောင်းအက္ခရာများက လှည့်ပတ်နေသည်။
ချက်ချင်းဆိုသလို အက္ခရာကိုးလုံးမန္တန်က ပေါက်ကွဲလာပြီး ပါးစပ်ထဲက အသံက မိုးကြိုးသံအဖြစ် စကားလုံးများထွက်လာသည်။
"တန်း၊ စစ်သား၊ တိုက်ပွဲ၊ လူ၊ အားလုံး၊ အခင်းအကျင်း၊ အတန်းအစား"
နတ်သံချပ်ကာကို၀တ်ဆင်ပြီး ရွှေရောင်ကြေးခွံပါလှံတစ်ချောင်းကိုင်ထားသည့် ကောင်းကင်ဗိုလ်ချုပ်တစ်ဦးက လေဟာနယ်ထဲကနေ ထွက်လာသည်။
ထိုအခိုက်အတန့်၌ တာအိုစွမ်းအားက ရုတ်တရက်ထွက်လာသည်။
ပတ်၀န်းကျင်ရှိ ၀န်းရံနေသည့်မြူခိုးနက်များကလည်း ဤတဒင်္ဂတွင် အများကြီး ပျောက်ကွယ်သွားခဲ့သည်။
ရှောင်ဟိုင်၊ ဟုန်ရင်နှင့် ရှီရှန်းတို့ကလည်း လုပ်ဆောင်လာကြသည်။
ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မသုံ့ရှောင်ချင်းပင်လျှင် မရေမတွက်နိုင်လောက်သည့် စည်းတံဆိပ်များနှင့် စာလိပ်အစီအရင်များကို ဖန်တီးလိုက်သည်။
မုဖူရှန်းဤမြင်ကွင်းကိုကြည့်ရင်း သဘောကျသည့်အသွင်ပြောသည်။
"အတူတကွလှုပ်ရှားကြရအောင်"
နောက်ချင်းချင်းဆိုသလို သူကလည်း ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုးကို လမ်းညွှန်အဖြစ် သုံးကာထွင်းထုထားသည့် သတ်ဖြတ်ခြင်းဆောင်များကို ပစ်လိုက်သည်။
နောက်ကနေ အစွမ်းထက်အော်ရာကို ခံစားမိသဖြင့် အေးခဲညနယ်မြေကို ၀န်းရံနေသည့် နယ်မြေပြင်ပကမိစ္ဆာများက သတိထားမိသွားကြသည်။
သူတို့မျက်နှာ၌ထိတ်လန့်မှုတခုပေါ်လာစဉ် ဒေါသတကြီးပြေး၀င်လာသည့် ဟဲကျိတုံနှင့် ကျန်သောသူများနှင့် မိတ်ဆက်သွားကြရသည်။
ဟဲကျိတုံဓားကိုဆွဲထုတ်ကာ ပိုင်းချလိုက်သည်။
အန္တိနယ်ပယ်တ၀က်အဆင့်နှင့် ရောစပ်နေသည့်ဓားဆန္ဒက ဧရာမဓားချက်တစ်ချက်အဖြစ် ပြောင်းလဲသွား၏။
လွှမ်းမိုးထားသည့်မိစ္ဆာစစ်သားများက ထိုဓားချက်ကိုမထိသေးထင်မှာပင် ဤရူးသွပ်လုနီးပါး ဓားဆန္ဒကြောင့် အမှုန့်များအဖြစ် ချေမွခံရသည်။
ချက်ချင်းဆိုသလို မူလကမှောင်မိုက်နေသည့်ရှေ့ပိုင်းက လမ်းကြောင်းတခုကို တိုက်ရိုက်ပင် ဖွင့်ပေးလာသည်။
ထို့နောက်တွင် ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင် ဓားနယ်ပယ်ကို ထုတ်လွှတ်လိုက်၏။
လေဟာနယ်ထဲတွင် အရာအားလုံးက ဓားစက်ကွင်းထဲတွင် ရစ်ပတ်ခံလိုက်ရပုံရသည်။
ဓားနယ်မြေရှိမိစ္ဆာစစ်သည်များက ယဲ့ချိုးပိုင်၏ဓားဆန္ဒကြောင့် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံရသည်။
ယဲ့ချိုးပိုင်တွင် ဓားစက်ကွင်းရှိပြီး ဒါက အမျိုးမျိုးသော စစ်သားများကို ရှင်းလင်းသုတ်သင်ရန် အတော်လေးအဆင်ပြေသည်။
ရှောင်ဟိုင်ကလည်း အတော်လေးအဆင်အခြင်မဲ့နေပြီး မိစ္ဆာစစ်သားများအုပ်စုရှိရာသို့ တိုက်ရိုက်ပြေး၀င်ကာ မိစ္ဆာစစ်သားများ၏ကိုယ်များပေါ်၌ လက်သီးတစ်ချက်ပြီးတစ်ချက် ထိုးနှက်နေသည်။
ရှီရှန်းကလည်း အင်ပါယာမင်ရွှမ်ပုဆိန်ကို ကိုင်ထားပြီး ကြယ်စွမ်းအားဖြင့် တောက်ပနေကာ ပုဆိန်၏စွမ်းအားကို မည်သည့်မိစ္ဆာစစ်သည်မှ မခံနိုင်ပေ။
နင်းချန်ရှန်း၏တာအိုစွမ်းအားက နတ်ဘုရားစွမ်းအားဖြင့် ပြည့်နှက်နေသည်။
မူလက တာအိုစွမ်းအားတွင် နယ်မြေပြင်ပကမိစ္ဆာများအပေါ် ထိန်းချုပ်နိုင်သည့် သက်ရောက်မှုမျိုးရှိသည်။
တာအို၏ကောင်းချီးပေးမှုအောက်တွင် တာအိုစွမ်းအားက ပို၍ပင်ကြီးမားလာသည်။
ထို့နောက် မိစ္ဆာစစ်သားများထံ ဉာဏ်အလင်းအား ပို့လွှတ်လိုက်သောအခါ ပတ်ပတ်လည်က မြူခိုးနက်များသာမက မိစ္ဆာစစ်သားများ၏ အော်ဟစ်သံများထွက်လာပြီး သူတို့ကိုယ်အစိတ်အပိုင်းတိုင်းက ပြင်းထန်သည့်မီးဖြင့် လောင်ကျွမ်းနေသကဲ့သို့ စတင်အရည်ပျော်လာကြသည်။
မိစ္ဆာစစ်သားများက ထိုလူအုပ်စု၏ အံ့ဩသင့်ဖွယ်တိုက်ချက်များကို မခုခံနိုင်ကြပေ။
မကြာမီ လမ်းတစ်လမ်းပွင့်လာသည်။
တချိန်တည်းမှာပင် အေးခဲနယ်မြေပြင်ပကမိစ္ဆာများကလည်း ထိုသတင်းကို ရသွားကြသည်။
မိစ္ဆာဘုရင်တစ်ပါးက သတင်းကိုကြားရသောအခါ သူ့အမူအရာကတည်ကြည်သွားသည်။
"အခု အေးခဲမြို့ကို ပြန်ဆုတ်ကြ"
အေးခဲမြို့က နယ်မြေပြင်ပကမိစ္ဆာများ၏ လက်ရှိနေထိုင်ရာနေရာဖြစ်ပြီး အေးခဲညနယ်မြေ၏ အရှေ့ပိုင်းက ပင်မမြို့တစ်မြို့ဖြစ်သည်။
ယခု အေးခဲညမြို့၏ အရှေ့ပိုင်းတခုလုံးကို နယ်မြေပြင်ပကမိစ္ဆာများက သိမ်းပိုက်လိုက်ပြီဖြစ်သည်။
ယာယီဆုတ်ခွာခြင်းက လူသားမျိုးနွယ်မှ ဘေးနှစ်ဖက်ကနေ တိုက်ခိုက်လာမည့် အရေးကနေ ကာကွယ်ရန်လည်းဖြစ်သည်။
ထိုသို့အခြေအနေမျိုးသာကျရောက်လာပါက နယ်မြေပြင်ပကမိစ္ဆာများက ကြီးမားသည့်ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။
မိစ္ဆာဗိုလ်ချုပ်အားလုံးကခေါင်းညိတ်ကြပြီးနောက် သူတို့၏တပ်များကို ဆုတ်ခွာရန်အတွက် စတင်ညွှန်ကြားသည်။
အေးခဲညနယ်မြေမှ မဟာမိတ်တပ်များက ထောက်ပံ့ပေးရန်အတွက် ရုန်းကန်နေရသည်။
ထိုအချိန်တွင် စတင်ဆုတ်ခွာနေသည့် နယ်မြေပြင်ပကမိစ္ဆာများအားကြည့်ရင်း သူတို့ကအံ့ဩသင့်သွားကြသည်။
သူတို့၏အရင်းအမြစ်များက ကုန်နေပြီဖြစ်သလို အခင်းအကျင်းစွမ်းအားတင်မက ကိုယ်ခန္ဓာကသာ အကန့်အသတ်ကို ရောက်နေလေပြီ။
အများဆုံးနောက်သုံးရက်အတွင်း အေးခဲညနယ်မြေက လုံး၀ရှုံးနိမ့်သွားရပေလိမ့်မည်။
အမှန်ပြောရမည်ဆိုပါက သူတို့က သေရန်အတွက်ပင် စိတ်ပိုင်းဖြတ်ထားကြပြီဖြစ်သည်ာ
သို့သော် ရန်သူများက ဆက်လက်မတိုက်ခိုက်ဘဲ ဆုတ်ခွာရန် ရွေးချယ်လိုက်ကြသောအခါ သူတို့အံ့ဩသင့်သွားကြသည်။
ဒီကောင်တွေမှာ လျှို့ဝှက်ကြံစည်မှုတခုခုရှိနေတာလား!
သို့စေကာမူ သူတို့တွေးတောပြီးနောက်တွင် အေးခဲညအင်ပါယာ(ဟန်ယဲ့အင်ပါယာ)၏ ယခင်ခေါင်းဆောင်ဟောင်း ဟန်ချန်းယဲ့က ကောင်းကင်အား အံ့ဩသင့်တကြီး မော့ကြည့်လိုက်မိသည်။
တချိန်တည်းမှာပင် မည်သည့်အတွက်ကြောင့် နယ်မြေပြင်ပကမိစ္ဆာများက ဆုတ်ခွာရန်အတွက် ရွေးချယ်လိုက်တာကို သူနားလည်သွားရသည်။
အထောက်အကူများရောက်လာလေပြီ။
ဟဲကျိတုံက ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများကိုဦးဆောင်လျက် ဟန်ချန်းယဲ့ရှေ့တွင် ဆင်းလာသည်။
"ငါတို့က နယ်နိမိတ်မဲ့နယ်မြေကနေ ထောက်ပံ့ဖို့အတွက် လာခဲ့ကြတာ"
ဟန်ချန်းယဲ့ ချက်ချင်းဆိုသလို ဦးညွတ်ကာ လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ကျေးဇူးပါ၊ စီနီယာဟဲကျိတုံ"
ဟဲကျိတုံအနည်းငယ်အံ့ဩသွားသည်။
"မင်းငါ့ကိုသိတာလား"
ဤသည်ကိုကြားသောအခါ ဟန်ချန်းယဲ့ကပြုံးလိုက်သည်။
"ကျွန်တော် နယ်နိမိတ်မဲ့နယ်မြေကို အချိန်ခဏတာလောက်သွားခဲ့ပြီး ကြယ်ကြွေဓားဂိုဏ်းက စီနီယာတို့လှုပ်ရှားတာကို တွေ့ခဲ့ရပါတယ်"
ဟဲကျိတုံခေါင်းညိတ်သည်။
အောက်ကကျန်သောသူများက ဟန်ချန်းယဲ့က အဖိုးအိုက အရိုအသေပေးနေသည်ကို မြင်သောအခါ သူတို့အေးခဲနေကြသည်။
ဟန်ချန်းယဲ့သည် အာရုံထွေပြားခြင်းနယ်ပယ်ကဖြစ်ပြီး သူတို့အေးခဲညနယ်မြေကာ သူတော်စင်လည်းဖြစ်သည်။
ဟန်ချန်းယဲ့၏ခိုင်မာသည့်ထောက်ပံ့မှုအပြင် ယခင်ဟန်ယဲ့အင်ပါယာဘုရင်ဟောင်း၏ စွမ်းအားနှင့် အစီအရင်၏ ကောင်းချီးကိုမှီခိုအားကိုးရင်း သူက ရန်သူမိစ္ဆာဘုရင်တစ်ပါးကို အတင်းအကျပ် တားဆီးနိုင်ခဲ့သည်။
မဟုတ်ပါက အေးခဲညနယ်မြေက ကျရှုံးမှုကို ကြေငြာလိုက်ရမည်မှာ ကြာနေလောက်ပြီ။
သိူ့သော် သူတို့၏အေးခဲညနယ်မြေမှ အားအကောင်းဆုံးဖြစ်သည့် သူတို့၏ သူတော်စင်က တခြားသူများအား ဂျူနီယာတစ်ဦးသဖွယ် အရိုအသေပေးနေသည်။
ဒီအုပ်စုရဲ့မူလဇစ်မြစ်ကဘာလဲ!
ဟန်ချန်းယဲ့မိတ်ဆက်ပြီးနောက် လူတိုင်းအံ့ဩသင့်သွားကြသည်။
ဟဲကျိတုံလက်ဝှေ့ယမ်းပြသည်။
"ယဉ်ကျေးနေစရာမလိုပါဘူး၊ အခုအဓိကအချက်က ဒီနေရာက မိစ္ဆာတွေကို ရှင်းလင်းဖယ်ရှားပစ်ဖို့ပဲ၊ ရန်သူတွေက မကြာခင် ပြန်လှုပ်ရှားမှုလုပ်လာကြလိမ့်မယ်"
အပိုင်း(425) coming။