#ပြန်လာခြင်း#
Vol. 30 Ch. 425
အေးခဲညနယ်မြေက မိစ္ဆာများက အရမ်းကြီးအားမကောင်းပေ။
သို့စေကာမူ ရန်သူများတွင် မိစ္ဆာဘုရင်အဆင့်မိစ္ဆာနှင့် မိစ္ဆာဗိုလ်ချုပ်များရှိပါသေးသည်။
ထို့ထဲတွင် တချို့က မိစ္ဆာတပ်မှူးများဖြစ်ပြီး မိစ္ဆာစစ်သည်များလည်းပါ၀င်သည်။
အမှန်ပြောရမည်ဆိုပါက ယခုလိုအခြေအနေအောက်တွင် အေးခဲညနယ်မြေက အချိန်အကြာကြီးတောင့်ခံနိုင်ခဲ့ခြင်းဖြစ်လေရာ ဒါကမျှော်လင့်ထားတာထက် ပိုကြာနေသည်။
ဟန်ရှန်းယဲ့ကလေးနက်သည့်မျက်နှာဖြင့် ပြောသည်။
"ကျွန်တော်တို့ရဲ့ ထောက်ပံ့ရေးအရင်းအမြစ်တွေကလည်း ကုန်ခမ်းသွားပြီဖြစ်သလို ဆေးလုံး၊ အဆောင်တွေနဲ့ အစီအရင်တွေကို အရေးတကြီးလိုအပ်နေပြီ"
ဟဲ့ကျိတုံခေါင်းညိတ်သည်။
ဟန်ရှန်းယဲ့ကိုတခဏမျှစိုက်ကြည့်လိုက်စဉ် သူကအကန့်အသတ်ကိုရောက်နေသည့်တိုင် သူ့ကိုယ်ထဲကအော်ရာက အတော်လေးပျက်ယွင်းနေပြီး အသက်ရှူတာကလည်း ပို၍ပင်နှေးကွေးနေသည်။
ဟဲ့ကျိတုံမည်သို့ဖြေရှင်းမည်ကို တွေးတောနေစဉ် သုံ့ရှောင်ချင်းရုတ်တရက်ထရပ်ကာ နူးညံ့စွာပြောသည်။
"အရင်းအမြစ်တွေကိုမစိုးရိမ်ပါနဲ့၊ ကျွန်မတာ၀န်ယူလိုက်ပါမယ်"
လူတိုင်းကသုံ့ရှောင်ချင်းကိုကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။
သုံ့ရှောင်ချင်းက ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မဖြစ်သည်။
နယ်နိမိတ်မဲ့မင်းဆက်တွင်ပင် ရှန်ကျင်းကုန်သည်များအသင်းလောက် ငွေကြေးစွမ်းအားမရှိဘူးဟုဆို၍ရသည်။
သုံ့ရှောင်ချင်းထိုသို့ပြောလာသောအခါတွင် ထောက်ပံ့ရေးကို ဖြေရှင်းပြီးသွားပြီဖြစ်သည်။
မု၀မ်အာကလည်း ဘေးကနေ ချစ်စရာကောင်းသည့်အသံဖြင့်ဆိုလာသည်။
"ကျွန်မ ဆေးလုံးတွေလုပ်နိုင်တယ်"
မုဖူရှန်းကလည်းပြောသည်။
"ယေဘုယျ ကာကွယ်ရေးသင်္ကေတတွေအတွက်တော့ ကျုပ်လုပ်လိုက်လို့ရပါတယ်"
မုဖူရှန်း၏စကားလုံးများကိုကြားသောအခါ စံအိမ်တော်က လူတိုင်းက ဆွံအနေကြ၏။
ယေဘုယျတဲ့လား!
ဒီလိုဖုံးကွယ်ထားစရာလိုသေးလို့လား!
သုံ့ရှောင်ချင်းပင်လျှင် ပါးစပ်လေးကိုပိတ်ကာ ရယ်မောလိုက်မိသည်။
ဤနေ့ရက်များတွင် မုဖူရှန်းဒါကို ပြုလုပ်ရန် ပဏာမခြေလှမ်းမလှမ်းခဲ့သည့်တိုင် တိုက်ပွဲအတွင်း သတ်ဖြတ်ခြင်းသင်္ကေတများက အတော်လေးထူးခြားနေလေပြီဖြစ်သည်။
မုဖူရှန်းနှုတ်ခမ်းကွေ့လိုက်ပြီး သူတို့၏အမူအရာများကိုကြည့်လိုက်သည်။ သူတို့ဘာတွေးနေသလဲဆိုတာသူသိပါသည်။
မင်းတို့ဘာသိလဲ!
ဒါကိုမတော်တဆမှုကနေရှောင်ရှားတာလို့ခေါ်တယ်!
ဟန်ချန်းယဲ့တခဏမျှဆွံအနေပြီးနောက် သုံ့ရှောင်ချင်းတို့ကိုကြည့်ကာ မေးလိုက်သည်။
"ဒီသုံးယောက်က ဘယ်သူတွေလဲ"
သူကဤမျှထိငယ်ရွယ်သည့် ဂျူနီယာလေးကို ဘယ်သူလဲဆိုတာ မတွေးမိနိုင်ပေ။ သူက အေးခဲညနယ်မြေက အရင်းအမြစ်ပြဿာနာအားလုံးကိုပင် ဖြေရှင်းနိုင်လေသည်။
ဟဲကျိတုံရှင်းပြသည်။
"သူတို့ဒီလိုပြောတယ်ဆိုကတည်းက ပြဿာနာရှိမှာမဟုတ်ဘူး"
"သုံ့ရှောင်ချင်း၊ ရှန်ကျင်းကုန်သည်များအသင်းရဲ့သူတော်စင်မပါ"
"မုဖူရှန်း၊ နယ်နိမိတ်မဲ့ဧကရာဇ်ရဲ့အမွေခံ"
"မု၀မ်အာ.... အမ်....အဲ..."
မု၀မ်အာ ချက်ချင်းမကျေမနပ်ဖြစ်သွားပြီး သူမ၏နှာခေါင်းသေးသေးလေးကို ပွတ်လိုက်သည်။
"ကျွန်မ ကမ္ဘာမြေအဆင့်ဆေးလုံးကို သန့်စင်ပေးနိုင်တယ်"
ကမ္ဘာမြေအဆင့်လား!
ယခုတွင်မူ သုံ့ရှောင်ချင်း၏မျက်လုံးများပင် တည်ငြိမ်မနေတော့ပါ။
ဒီလိုငယ်ရွယ်တဲ့အရွယ်မှာတောင် ကမ္ဘာမြေအဆင့်ဆေးလုံးကို သန့်စင်နိုင်ပြီလား!
ကမ္ဘာမြေအဆင့်ဆေးလုံးကို သန့်စင်နိုင်တယ်ဆိုတာက နယ်နိမိတ်မဲ့နယ်မြေမှာ ထိပ်တန်းအဂ္ဂိရတ်ဆရာတယောက်လို့ ပြောလို့ရပြီလေ!
သူမတို့၏ရှန်ကျင်းကုန်သည်များအသင်းတွင်ပင် အများကြီးမရှိပေ။
တခြားတဘက်တွင် ဟန်ရှန်ယဲ့တွင် ထိတ်လန့်နေသည့်အမူအရာတစ်ခုရှိနေပြီး သူ့ပါးစပ်က ပြူးကျယ်နေသည်။
ဤနေရာကလူများ၏နောက်ခံများက အတော်လေးကြီးမားကြသည်။
ဟဲကျိတုံက ကြယ်ကြွေဓားဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သည်။
သုံ့ရှောင်ချင်းက ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မဖြစ်သည်။
ရှန်ကျင်းကုန်သည်များအသင်းဟူသည် အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးတွင် တည်ရှိသည်။
အေးခဲညနယ်မြေတွင်ပင် ရှန်ကျင်းကုန်သည်များအသင်းရှိလေသည်။
သို့စေကာမူ ရှန်ကျင်းကုန်သည်များအသင်း၏ ဌာနချုပ်က ဟန်ချန်းမြို့အရှေ့ဘက်တွင်ရှိပြီး ထိုမြို့က နယ်မြေပြင်ပက မိစ္ဆာများ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့်မြို့ဖြစ်သည်။
မုဖူရှန်းက နယ်နိမိတ်မဲ့နယ်မြေ ဧကရာဇ်၏ အမွေခံဖြစ်နေသည်လား။
ဟန်ချန်းယဲ့ ချက်ချင်းပင် ဒူးထောက်လိုက်ပြီး လေးစားစွာပြောလိုက်သည်။
"အရှင်မင်းသားကို အရိုအသေပေးပါတယ်"
မုဖူရှန်း ဟန်ချန်းယဲ့ကိုထရပ်ရန် ကူညီပေးလိုက်သည်။
"အရမ်းကြီးအလေးထားနေစရာမလိုပါဘူး၊ အခုက အထူးအခြေအနေကိုရောက်နေတာ"
ဟန်ချန်းယဲ့ခေါင်းညိတ်သည်။
ဟဲကျိတုံပြောသည်။
"အရင်ဆုံးပြင်ဆင်ကြရအောင်၊ ရန်သူက ဘယ်အချိန်မဆို ပြန်လာတိုက်ခိုက်နိုင်တယ်"
လူတိုင်းခေါင်းညိတ်လိုက်ကြသည်။
မု၀မ်အာက အဂ္ဂိရတ်ပညာရပ်အား စတင်သည်။
သုံ့ရှောင်ချင်းက အေးခဲညနယ်မြေ၌ ရှန်ကျင်းကုန်သည်များအသင်း၏ ကျန်ရှိနေသောအင်အားစုများကို ပေါင်းစည်းနေသည်။
မုဖူရှန်းက စည်းတံဆိပ်ကို စတင်ချိတ်ပိတ်ရန် ကြိုးစားသည်။
နင်းချန်ရှင်းက အေးခဲညနယ်မြေ၌ အခင်းကျင်းကို ဖြည့်စွက်ပေးမည်ဖြစ်လေရာ ထို့ထဲတွင် တာအိုစွမ်းအားကို ပေါင်းထည့်လိုက်သည်။
....
အေးခဲမြို့က နယ်မြေပြင်ပကမိစ္ဆာများ၏ နေထိုင်ရာအဖြစ် သိမ်းပိုင်ထားခြင်းကို ခံရသည်။
ယခုအေးခဲမြို့တော်၀န်စံအိမ်၌ ကောင်းမွန်စွာထိန်းသိမ်းထားသည့်တခုတည်းသော အဆောက်အအုံတွင် မိစ္ဆာဘုရင်နှင့် မိစ္ဆာဗိုလ်ချုပ်ဆယ်ဦးရှိနေခဲ့သည်။
ထိုစဉ် သူတို့က ခန့်ညားသည့်လူတစ်ယောက်ရှေ့တွင် ဒူးထောက်နေကြ၏။
ခန့်ညားသည့်လူကပြောလာသည်။
"တာ၀န်ကပြောင်းလဲသွားပြီ၊ ဒီအဆင့်နိမ့်ကြယ်နယ်မြေကိုသိမ်းပိုက်ရင်း နယ်နိမိတ်မဲ့နယ်မြေက ထောက်ပံ့ရေးအဖွဲါကို သတ်ဖို့ ဦးစားပေးလိုက်ကြ"
"သူတို့ထဲက လျိုမုက တကိုယ်တော်ဘ၀တခုကို ပိုင်ဆိုင်ထားတယ်၊ သူ့ကို အသက်ရှင်လျက် ဖမ်းနိုင်ရင် အနာဂတ်မှာ ငါတို့အတွက် အကြီးအမားအသုံး၀င်လိမ့်မယ်"
ရှီ၀မ်ခေါင်းညိတ်သည်။
"နာခံပါမယ်"
"ဒါပေမယ့်၊ အရှင်၊ ကျွန်တော်တို့ဒါကို လုပ်ချင်တယ်ဆိုရင်တောင် ကျွန်တော်တို့ရဲ့ လက်ရှိခွန်အားအရဆိုရင် ချိုးဖျက်ဖို့ဆိုတာက အရမ်းခက်ခဲလိမ့်မယ်"
ရန်သူတွင် တာအိုနယ်ပယ်စွမ်းအားရှင်တစ်ဦးလည်းရှိသည်။
သူ့ခွန်အားက ထိုတာအိုအဆင့်စွမ်းအားရှင်ထက် အများကြီးအားကောင်းသော်လည်း ရန်သူအဖို့ အစီအရင်စွမ်းအားကိုသုံးကာ သူ့ကိုထိန်းချုပ်ထားဖို့က အတော်လေး လွယ်ကူသည်။
ခန့်ညားသည့်လူကခေါင်းညိတ်သည်။
"ငါနားလည်တယ်၊ ဒါပေမယ့် ငါအခုအပြင်ထွက်လှုပ်ရှားလို့မရသေးဘူး၊ စိတ်မပူပါနဲ့၊ ငါလူတချို့ကို ခေါ်လာပါတယ်"
ချက်ချင်းဆိုသလို သူလက်ခုပ်တီးလိုက်သောအခါ အနက်၀တ်လူခုနှစ်ယောက် ရောက်လာကြသည်။
ထိုခုနှစ်ယောက်လုံးက တာအိုနယ်ပယ် တ၀က်အဆင့်စွမ်းအားရှင်များဖြစ်ကြသည်။
မိစ္ဆာဘုရင်ကို တုန်လှုပ်သွားစေသည်က ထိုခုနှစ်ယောက်လုံးက လူသားမျိုးနွယ်များ ဖြစ်နေခြင်းပင်။
"အရှင်.... ဒါက....."
ခန့်ညားသည့်လူက ဂရုမစိုက်သည့်အသွင်ပြောလိုက်သည်။
"သူတို့ကငါ့နောက်လိုက်တွေပဲ၊ မင်းသူတို့ကို ယုံကြည်လို့ရတယ်"
ချက်ချင်းဆိုသလို မိစ္ဆာဘုရင်နှင့် မိစ္ဆှာဗိုလ်ချုပ်ဆယ်ဦးတို့က နားလည်သွားကြသည်။
ရာစုနှစ်တစ်လျှောက် လူသားမျိုးနွယ်များစွာက သူတို့ထံခိုလှုံခဲ့ကြသဖြင့် ဒါက ထူးခြားနေတာတော့မဟုတ်ပါ။
"ကောင်းပြီ၊ ပြုပြင်ပြီးတာနဲ့ အမြန်ဆုံးပို့လိုက်တော့၊ စည်းတံဆိပ်က ကျိုးပဲ့လုနီးပါးဖြစ်နေပြီ"
"ဟုတ်ကဲ့...."
ငါးရက်ကအလျင်အမြန်ကုန်ဆုံးသွား၏။
ရှန်ကျင်းကုန်သည်များအသင်းနှင့် မု၀မ်အာ၏ အကူအညီအပြည့်ဖြင့် အေးခဲညအင်ပါယာ၏ ထောက်ပံ့ရေးအရင်းအမြစ်များကို ထပ်မံဖြည့်စွက်လိုက်လေသည်။
ထို့ထဲတွင် မြေကမ္ဘာအဆင့်ဆေးနှစ်ပုလင်းပိုရှိသည်။
ဤဆေးလုံးနှစ်လုံးတွင် ကြီးမားစွာတိုးပွားနိုင်မည့်သက်ရောက်မှုရှိသည်။
ငါးရက်အတွင်းတွင် ကောင်းကင်အဆင့်ဆေးလုံးများစွာနှင့် မြေကမ္ဘာဆေးလုံးနှစ်လုံးကို သန့်စင်နိုင်ခဲ့သည်။
လူတိုင်းက မု၀မ်အာကို လေးစားစွာကြည့်လိုက်မိကြသည်။
မုဖူရှန်းကလည်း နေ့ရောညပါ စည်းတံဆိပ်ကို ထွင်းထုနေခဲ့သည်။
သို့သော် စည်းတံဆိပ်ထွင်းထုခြင်းများက သူ့ကိုယ်ပိုင်စည်းတံဆိပ်များသာဖြစ်ပြီး ထိုစည်းတံဆိပ်စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် စည်းတံဆိပ်များမဟုတ်ပါ။
ဒါတွေကလုံလောက်နေပါပြီ။
ထိုနေ့မှာပင် နယ်မြေပြင်ပကမိစ္ဆာများက ဟန်ယဲ့အင်ပါယာ၏ ပင်မမြို့သို့ ပြန်လည် ရောက်လာခဲ့ကြသည်။
အရှေ့ဘက်ကောင်းကင်တွင် မရေမတွက်နိုင်လောက်သည့်မြူခိုးနက်များဖြင့် ဖုံးလွှမ်းနေသည်။
ဟန်ချန်းယဲ့က ဟဲကျိတုံနှင့်တစ်လှမ်းအကွာတွင်ရှိနေပြီး လေးနက်နေသည့်အမူအရာဖြင့် ကောင်းကင်ရှိ မြူခိုးနက်များအား ကြည့်နေသည်။
ထို့နောက်ချက်ချင်းဆိုသလို သူကညွှန်ကြားချက်ထုတ်ပြန်လိုက်လေသည်။
"တိုက်ခိုက်ဖို့အသင့်ပြင်ကြ"
ထိုစဉ် နယ်ပယ်ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်လေတော့သည်။
အလင်းမျက်နှာဖုံးတခုက ပင်မမြို့တစ်ခုလုံးသို့ ဖုံးလွှမ်းသွားခဲ့သည်။
မျက်နှာဖုံးပတ်လည်၌ နဂါးများပျံဝဲနေကြသည်။
ဒါက အခင်းအကျင်းဝိဉာဉ်ဖြစ်သည်။
သို့စေကာမူ ယခင်မဟာကာကွယ်ရေးနယ်ပယ်အခင်းအကျင်းနှင့်ယှဉ်မည်ဆိုပါက ယနေ့အစီအရင်က တာအိုစွမ်းအားဖြင့် ကောင်းချီးပေးခံထားရသည်။
ဒါကနင်းချန်ရှင်း၏လက်ရာဖြစ်သည်။
ဟဲကျိတုံဓားကိုဆွဲထုတ်ကာ ဟင်းလင်းပြင်ထဲခြေချရင်း ကောင်းကင်ပေါ်တက်သွားသည်။
နယ်မြေပြင်ပကမိစ္ဆာများဖက်တွင်လည်း မိစ္ဆာ့ဘုရင်ကလည်း ထရပ်သည်။
တာအိုနယ်ပယ်က စွမ်းအားရှင်နှစ်ယောက်က အတူတကွတိုက်ခိုက်လိုက်ကြသည်ာ
တခဏအကြာတွင် အေးခဲညနယ်မြေတခုလုံးက တုန်ခါနေပုံရပြီး ကောင်းကင်က ဆက်လက်အသံဟိန်းနေသည်။
သဟဇာတတာအိုနယ်ပယ်ကြားက တိုက်ပွဲက မည်သူမဆို၀င်ရောက်စွက်ဖက်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင်နယ်မြေပြင်ပက မိစ္ဆာများကလည်း တပ်ဖွဲ့အားလုံးကို အစီအရင်အား ဖျက်ဆီးရန် စတင်စေလွှတ်ခဲ့သည်။
ဒါကိုမြင်သောအခါ ဟန်ချန်းယဲ့က ချက်ချင်းလက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
"တိုက်ကြမယ်"
ထိုအချိန်တွင် မိစ္ဆာဗိုလ်ချုပ်ဆယ်ဦးက တချိန်တည်းတွင် ရောက်လာသည်။
ဟန်ချန်းယဲ့က တစ်ယောက်ကိုဆွဲခေါ်သွားပြီး ကျန်သောသူများကမူ စံအိမ်တော်က လူများနှင့် တခြားသူများက တိုက်ခိုက်ကြသည်။
သုံ့ရှောင်ချင်းအပါအ၀င် အာရုံထွေပြားခြင်းနယ်ပယ်က မိစ္ဆာဗိုလ်ချုပ်ကိုးဦးအား နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရန် ဟဲကျိတုံနှင့် တခြားသူများက အရင်ကတည်းက စီစဉ်ထားခဲ့ကြသည်။
လူတိုင်းဤမြင်ကွင်းကိုကြည့်နေကြပြီး ရယ်စရာကောင်းလွန်းသည်ဟုခံစားနေကြရသည်။
လူအရေအတွက်မှာတောင် ကြီးမားတဲ့ကွာဟချက်ရှိနေတယ်လေ၊ ဒါကို ဘယ်လိုနှောင့်နှေးအောင်လုပ်နိုင်မှာလဲ!
အပိုင်း(426) coming။