#စံအိမ်တော်၏တိုက်ပွဲ#
Vol. 30 Ch. 426
မဟာဗျူဟာဖြန့်ကြက်ရေးတွင် တာအိုနယ်ပယ်က တစ်ဦးတည်းသော စွမ်းအားရှင်ဖြစ်သည့် ဟဲကျိတုံက ရန်သူမိစ္ဆာဘုရင်ကို ဆွဲချနေသည်။
ဟန်ယဲ့အင်ပါယာ၏ယခင်ခေါင်းဆောင် ဟန်ချန်းယဲ့က ရန်သူမိစ္ဆာဗိုလ်ချုပ်ကို ထိန်းချုပ်ထားသည်။
ကျန်ရှိနေသည့်မိစ္ဆာဗိုလ်ချုပ်ကိုးဦးကိုမူ စံအိမ်တော်ကလူများသာမက ရှန်ကျင်းကုန်သည်များအသင်း၏ သူတော်စင်မသုံ့ရှောင်ချင်းတို့က ထိန်းချုပ်ထားလေသည်။
ဤဆုံးဖြတ်ချက်ကို လူတိုင်းနီးပါးက ဆန့်ကျင်ကြသည်။
ထိုလူခုနှစ်ယောက်ထဲတွင် နယ်နိမိတ်မဲ့နယ်မြေ၏ ဧကရာဇ်အမွေခံမုဖူရှန်းကသာ အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။
ကျန်သောခြောက်ယောက်က သိုင်းဧကရာဇ်များဖြစ်ကြသည်။
ရန်သူမိစ္ဆာဗိုလ်ချုပ်ကိုးဦးကို မည်သို့မည်ပုံ ရင်ဆိုင်မည်နည်း။
သို့စေကာမူ ဟန်ချန်းယဲ့နှင့် ဟဲကျိတုံတို့က လူခုနှစ်ယောက်၏ခွန်အားကို မြင်ရသည်။
သူတို့က စံအိမ်တော်ကလူခြောက်ယောက်နှင့် သုံ့ရှောင်ခြင်းကို ပို့လွှတ်ရမည့်အပေါ် အနည်းငယ်တုံ့ဆိုင်းနေမိကြသည်။
ထိုစဉ် ရန်သူ၏ တပ်မှူးအဆင့်မိစ္ဆာများနှင့် မိစ္ဆာစစ်သည်များစွာက ပြေး၀င်လာကြ၏။
ယခုလိုဧရာမမိစ္ဆာစစ်တပ်ကို ရင်ဆိုင်ရသောအခါ အာရုံလွင့်ပါးမိသည်နှင့် ရန်သူ၏ အစာအာဟာရဖြစ်လာရပေလိမ့်မည်။
စံအိမ်တော်က လူတိုင်းက မိစ္ဆာဗိုလ်ချုပ်ကိုးဦးနှင့် မျက်နှာချင်းဆိုင်ရပ်နေကြသော်လည်း သူတို့ကကြောက်စိတ် သို့မဟုတ် ကြောက်ရွှံ့မှုလက္ခဏာ အနည်းငယ်မျှကိုပင် မပြသခဲ့ကြပါ။
ယင်းအစားပြုံးလိုက်လေသည်။
"ငါတို့ရန်သူကို အတူတကွမတိုက်ခိုက်ခဲ့ကြတာ ဘယ်လောက်တောင်ကြာနေပြီလဲ"
"ဟုတ်ပါ့၊ နှစ်အနည်းငယ်တောင်ရှိနေပြီ"
"မင်းတို့ရဲ့စွမ်းအား ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"
"ကျွန်တော်တို့လည်း ဂျူနီယာညီလေး၆ရဲ့ ခွန်အားကို မြင်ချင်နေကြတာ"
"စီနီယာအစ်ကိုနဲ့အစ်မတို့ကို စိတ်မပျက်စေရပါဘူး"
အပေါ်ယံတွင် ထိုသို့ပြောလိုက်သော်လည်း မုဖူရှန်းဘာကိုတွေးတောနေသလဲဆိုတာ မည်သူမသိကြပါ။
ဆန့်ကျင်ဘက်ရှိ မိစ္ဆာဗိုလ်ချုပ်ကိုးဦးက သူတို့ရှေ့ကလူများကိုကြည့်ရင်း သရော်ပြုံးပြုံးနေကြသည်။
"မင်းတို့ခွန်အားအရဆိုရင် မင်းတို့လို လူသားမျိုးနွယ်တွေက လုပ်နိုင်မယ်ဆိုတာ ဖြစ်နိုင်တယ်ထင်လား"
ယဲ့ချိုးပိုင်ရှေ့တလှမ်းလှမ်းပြီး ကိုးပေရှည်ကြယ်ကြွေဓားကိုမတင်ကာ ခပ်ရေးရေးပြုံးလိုက်သည်။
"အဆင်ပြေပါတယ်၊ မစမ်းကြည့်ရသေးသရွေ့ ခင်ဗျားတို့သိမှာမဟုတ်ဘူးလေ"
"တကယ်သေချင်နေကြတာပဲ"
စကားပြောပြီးနောက်တွင် ရန်သူမိစ္ဆာဗိုလ်ချုပ်များက တချိန်တည်းမှာပင် ပြေး၀င်လာကြ၏။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ခွန်အားက ဤမိစ္ဆာဗိုလ်ချုပ်များထက် အများကြီး နိမ့်ကျသော်လည်း ဒါက ကျူးကျော်တိုက်ခိုက်မှု၊ ဒါက စစ်ပွဲဖြစ်သည်။
ဒါက သိုင်းပညာတိုက်ပွဲမဟုတ်ပေ။
ထို့ကြောင့် ဒီအချက်တခုတည်းကြောင့် သူတို့က လက်ရုတ်သိမ်းထားကြမည်မဟုတ်။
ခြင်္သေ့က ယုန်ကို ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သည်။
ဒီအမှန်တရားကို မသိသောသူ မည်သူ ရှိသနည်း။
ယဲ့ချိုးပိုင်က ဓားနယ်ပယ်ကို ပထမဆုံး ထုတ်လွှတ်လိုက်သည်။
သူ့ဓားဆန္ဒက ထိုအခိုက်အတန့်၌ ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဓားစက်ကွင်းက ၀န်းရံလာကာ ဤလေဟာနယ်၌ ဓားဆန္ဒက နေရာတိုင်းရှိနေပြီး အရာတိုင်းကို ဖြတ်တောက်နေသည်။
ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားပြီး သူမက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ချိုးဖျက်ခဲ့ပြီဖြစ်လေရာ ပြန်လည်၀င်စားခြင်း၏ အဓိပ္ပာယ်က နဂါးတစ်ကောင်ကဲ့သို့ ပြန်လည်မွေးဖွားခြင်းလှံပေါ်သို့ ရစ်ပတ်သွားသည်။
ရှေ့တစ်လှမ်းတိုးလိုက်စဉ် ဧကရီဝိဉာဉ်က ထွက်လာသည်။
ဒါက ကမ္ဘာကြီးထဲသို့ ဆင်းသက်လာသည့် အင်မော်တယ်ဧကရီတပါးနှင့် တူလေသည်။
နင်းချန်ရှန်းက ရှေ့သို့မသွားသော်လည်း နောက်တွင် တာအိုကျမ်းစာများကို ကိုင်ထားရင်း ကိုးလုံးမန္တန်နှင့် အက္ခရာခှနှစ်လုံးက အတူတကွထွက်လာကြသည်။
စကားလုံးတွေကလည်း နောက်ကနေ လိုက်ပါလာကြပြီး ဗိုလ်ချုပ်က ရွှေကြေးခွံလှံကိုကိုင်ရင်း ဆန်းကြယ်သည့်ရှေးဟောင်းပုံရိပ်တခုအဖြစ်ပြောင်းလဲကာ ရန်သူကို ဆီးကြိုလိုက်သည်။
သို့သော် ဒါကမပြီးသေးပါ။
နင်းချန်ရှင်း၏မျက်လုံးများက အေးစက်နေပြီး သူ့ကိုယ်ပတ်လည်၌ တာအိုက အသံမြည်ဟီးနေသည်။
တာအိုစွမ်းအားက ထိုအခိုက်အတန့်၌ မိစ္ဆာဗိုလ်ချုပ်ကိုးဦး၏ ကိုယ်ခန္ဓာများကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်ကြ၏။
မိစ္ဆာဗိုလ်ချုပ်ကိုးဦး၏ မျက်လုံးများက အေးခဲသွားပြီး သူတို့ကိုယ်များက တုန်ယင်သွားကြသည်။
တာအိုစွမ်းအားက မိစ္ဆာလူမျိုးများအတွက် သဘာ၀ရန်သူဖြစ်သည်။
အာရုံထွေပြားခြင်းနယ်ပယ် အထွပ်အထိပ်က မိစ္ဆှာဗိုလ်ချုပ်ဖြစ်သည့်တိုင် ထိုအချိန်တွင် ခွန်အားက အားနည်းလာသည်။
တချိန်တည်းမှာပင် မုဖူရှန်းကလှုပ်ရှားကာ စည်းတံဆိပ်စာအုပ်မှ ထွင်းထုထားသည့် သတ်ဖြတ်ခြင်းသင်္ကေတကိုးခုကို ပစ်လွှတ်လိုက်သည်။
အစီအရင်တခုပမာ စည်းတံဆိပါကိုးခုက မတူညီသည့်လမ်းကြောင်းကိုးခုတွင်ပေါ်လာသည်။
ထို့နောက် ထိုလမ်းကြောင်းကိုးခုက မိစ္ဆာဗိုလ်ချုပ်ကိုးဦးက လွှမ်းခြုံသွား၏။
လေဟာနယ်က စည်းတံဆိပ်ဖြင့် ဖုံးအုပ်ခံထားရသည်။ တခဏအကြာတွင် တိမ်မည်းများက ၀န်းရံလာပြီး မှော်နက်မိုးကြိုးများက ပျက်သုဉ်းတော့မည့်အလား ကျရောက်နေသည်။
ဒါက စည်းတံဆိပ်စာအုပ်တွင် မှတ်တမ်းတင်ထားသည့် စည်းတံဆိပ်ကို သုံးရသည့်နည်းလမ်းဖြစ်သည်။
စည်းတံဆိပ်များအကြား ပူးပေါင်းဆောင်ရွက်မှုက အခင်းအကျင်းကဲ့သို့ တူညီသည့်သက်ရောက်မှုကို ရရှိနိုင်သည်။
သို့စေကာမူ အစီအရင်က ကိုယ်ပိုင်အတွက် အသုံးပြုရန် ကောင်းကင်နှင့်ကမ္ဘာမြေ၏ စွမ်းအားကို ငှားယူရသည်။
စည်းတံဆိပ်က စွမ်းအားကို သိုလှောင်ပြီး နောက်မှထုတ်လွှတ်ပေးသည်။
သို့သော် နှစ်ခုအကြား မရှိမဖြစ်ခြားနားချက်တခုရှိနေဆဲပင်။
မိုးကြိုးစွမ်းအားတွင် သန့်စင်သည့်သက်ရောက်မှုတခုရှိသော်လည်း တခြားတခုကမူ မိစ္ဆာဗိုလ်ချုပ်ကိုးဦးကို အားနည်းသွားစေသည်။
ရှီရှန်းက အင်ပါယာမင်ရွှမ်ပုဆိန်ကို လက်ထဲတွင်ကိုင်ထားပြီး တခြားတဖက်တွင်မူ ရှန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲမှ နတ်ကြယ်ကျောက်တုံးကိုကိုင်ထားသည်။
ကြယ်စွမ်းအားထွက်လာစဉ် ဖိနှိပ်ခြင်းစွမ်းအားလှိုင်းတခုက ကြယ်ကြွေဆင်းလာသည့်အလား မိစ္ဆာဗိုလ်ချုပ်ကိုးဦး၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။
သုံးထပ်ကွမ်းဖိနှိပ်ခြင်းက တချိန်တည်းတွင် ကျရောက်လာသောအခါ မိစ္ဆာဗိုလ်ချုပ်ကိုးဦးပင်လျှင် အပြည့်အ၀ ဆန့်ကျင်နိုင်စွမ်းမရှိကြတော့ပါ။
ယခုသူတို့ခွန်အားက လူသားမျိုးနွယ်၏ အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်ကိုသာ ယှဉ်ပြိုင်နိုင်စွမ်းရှိတော့သည်။
တချိန်တည်းမှာပင် အသင်းနောက်ရှိ မု၀မ်အာက ဟုန်ထိုအဆင့်ဆေးလုံးကို တိုက်ရိုက်ပစ်လိုက်သည်။
ဆေးလုံးက လူသားအဖွဲ့တခုလုံးပေါ် ပြန့်ကြဲသွားစဉ် လူတိုင်းကပို၍အားအင်ပြည့်၀လာကြသည်။
အားလုံးတုန်လှုပ်သွားကြသည်။
ခွန်အားရော ကုသခြင်းစွမ်းရည်ကပါ အကြီးအမားတိုးတက်လာခဲ့သည်။
ယခုလိုတိုးတက်နှုန်းက ကောင်းကင်ထက်ရှိ ဟဲကျိတုံကိုလည်း အကြီးအမား အားကောင်းသွားစေသည်။
"ဟုန်ထိုအဆင့်ဆေးလုံးဆိုတဲ့အတိုင်းပါပဲ.."
ယခုဟဲကျိတုံက တာအိုနယ်ပယ်အလယ်အလတ်အဆင့်က စွမ်းအားရှင်ကိုပင် ယှဉ်ပြိုင်နိုင်နေပြီဖြစ်သည်။
မိစ္ဆှာဗိုလ်ချုပ်ကိုးဦးက ဤမြင်ကွင်းကို ခံစားမိသဖြင့် သူတို့မျက်နှာများက အတော်လေးမည်းမှောင်သွားကြသည်။
"ခွန်အားလျော့ကျသွားတော့ရောဘာအရေးလဲ၊ မင်းတို့က အာရုံထွေပြားခြင်းနယ်ပယ် မဟုတ်ကြသေးဘူးလေ"
သိုင်းဧကရာဇ်နယ်ပယ်နှင့် အာရုံထွေပြားခြင်းနယ်ပယ်အကြား ကွာဟချက်က မည်မျှပင် ကြီးမားလေသနည်း။
ယခုလိုမေးခွန်းမျိုးကို တောကြိုတောင်ကြားက သူများသာမေးကြလိမ့်မည်။
သို့သော် စံအိမ်တော်က လူတွေက သာမန်ကျင့်ကြံသူများမဟုတ်ကြပေ။
သူတို့အဖို့ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ခြင်းက ဖြစ်ပျက်နေကြဖြစ်သည်။
လူများစွာက လုံး၀တုံ့ဆိုင်းမနေကြဘဲ မိစ္ဆာဗိုလ်ချုပ်ကိုးဦးထံ ပြေး၀င်သွားကြ၏။
ရှောင်ဟိုင်က ဦးဆောင်မှုရယူသည်။
နတ်ဆိုးဘုရင်ဆင်းသက်လာခဲ့သည်။
ယနေ့ရှောင်ဟိုင်က ရုပ်ပိုင်းဆိုင်ရာခွန်အားအရာတွင် သိုင်းဧကရာဇ်နယ်ပယ်နောက်ဆုံးအဆင့်ပင်လျှင် အားတခုတည်းဖြင့် ခံနိုင်မည်မဟုတ်။
မှော်နက်စွမ်းအားစီးကြောင်းများက ရှောင်ဟိုင်နောက်တွင် စုဝေးလာသည်။
နတ်ဆိုးချောက်၏စမ်းသပ်မှုကို ဖြတ်ကျော်ကာ နောက်ထပ်မှတ်ဉာဏ်အပိုင်းအစတခုကို ရလာပြီးနောက် ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆင်းသက်လာတာကို မှီခိုနိုင်ခဲ့သည်။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ပို၍ပို၍ခိုင်မာလာသည်။
ဤအငွေ့အသက်ကိုခံစားမိသောအခါ မိစ္ဆှာဗိုလ်ချုပ်ကိုးဦး၏မျက်နှာများက ထိတ်လန့်မှုအဖြစ် ကူးပြောင်းကုန်ကြသည်။
သူတို့၏နှလုံးသားထဲမှ ရပ်တန့်၍မရနိုင်သည့်အကြောင်းအရားတခုကို ခံစားနေရသည်။
ဒါက ရန်သူ၏ခွန်အားကြောင့်မဟုတ်ဘဲ သွေးကြောင့်ဖြစ်သည်။
သူတို့၏မိစ္ဆာသွေးက ထိုအခိုက်အတန့်၌ အညှာအတာကင်းမဲ့စွာ ဖိနှိပ်ခံရသည်။
သူတို့အားအရမ်းကြီးတွေးခွင့်မပေးဘဲ ရှောင်ဟိုင် ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ကို လက်နှစ်ဖက်ဖြင့်မြှောက်ကာ မိစ္ဆာဗိုလ်ချုပ်တစ်ဦးထံ ပြေး၀င်သွားပြီး အပေါ်ကနေအောက်ထိ ရက်စက်စွာ ရိုက်ချလိုက်သည်။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း တူညီသည့်လှုပ်ရှားမှုကို လုပ်ဆောင်လေသည်။
အရှိန်ကကြောက်စရာကောင်းသည်။
မှော်တင်းပုတ်ဖြတ်သွားသည့်လေဟာနယ်က ထိုအခိုက်အတန့်၌ အမှန်တကယ် စတင်တုန်ခါလာသည်။
အေးခဲညနယ်မြေ၏လေဟာနယ်က နယ်နိမိတ်မဲ့နယ်မြေထက် အများကြီးပို၍နုနယ်သည်။
မိစ္ဆာဗိုလ်ချုပ်ကလည်း နှလုံးသားနှင့်သွေးထဲက အကြောက်တရားကို အတင်းဖိနှိပ်ပြီးနောက် အနည်းငယ်ဟိန်းကာ လက်သည်းများကိုမြှောက်ရင်း ကြောက်ခမန်းလိလိ မှော်စွမ်းအင်ကိုသယ်ထားသည့် တင်းပုတ်ကို ရိုက်ချလိုက်သည်။
နှစ်ခုစလုံးကစုဆုံသွားခဲ့သည်။
လူတိုင်းထင်ထားသည့်အတိုင်းပင် ရှောင်ဟိုင်က ဆယ်မီတာထိ လွင့်စင်သွားသည်။
သို့သော် မေးရိုးပြုတ်ကျလုနီးပါးမြင်ကွင်းတခုဖြစ်လာခဲ့သည်။ ထိုမိစ္ဆာဗိုလ်ချုပ်က နောက်သို့သုံးလှမ်းဆုတ်လိုက်ရခြင်းပင်။
ဒါက မိစ္ဆှာဗိုလ်ချုပ်ကို ထိတ်လန့်သွားစေသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ရန်သူ၏ခွန်အားက သူ့ထက်အဆပေါင်းများစွာ နိမ့်ကျတာသိသာနေသည်။
သို့စေကာမူ ယခုလိုသက်ရောက်မှုကို အောင်မြင်အောင်လုပ်နိုင်သည်။
ဒီလိုအခြေအနေမှာတောင် ငါ့ကို နောက်ဆုတ်အောင် လုပ်နိုင်တာလား!
တခြားတဘက်တွင် ရှောင်ဟိုင်က ဘာတခုမှမဖြစ်ပျက်သည့်အလား ရန်သူထံ ဆက်လက်ပြေး၀င်သွား၏။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ဓားဆန္ဒကလည်း မိစ္ဆာဗိုလ်ချုပ်နောက်တွင် အာဒိကပ္ပဓားသိုင်းနှင့်အတူ အကြွင်းမဲ့ဓားလေးစင်းအစီအရင်အဖြစ် ပေါင်းစည်းသွား၏။
အကြွင်းမဲ့မဟာဓားလေးစင်းအစီအရင်နှင့်အတူ နှစ်ဦးသားပေါင်းစပ်မှုက မိစ္ဆာဗိုလ်ချုပ်ကို သေစေမည့်အနေအထားအထိ ဦးတည်သွားခဲ့သည်။
အပိုင်း(427) coming။