#အပြင်းအထန်ထိတ်လန့်ခြင်း#
Vol. 30 Ch. 427
ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က တချိန်တည်းမှာပင် ပစ်လွှတ်လိုက်ကြသည်။
ရည်ရွယ်ချက်က ရန်သူမိစ္ဆာဗိုလ်ချုပ်တစ်ဦးကို ခွန်အားအလုံးစုံသုံးကာ ရှင်းထုတ်ပစ်ရန်ပင်။
ဤနည်းလမ်းဖြင့်ဆိုပါက ဖိအားက အကြီးအမားလျော့နည်းသွားပေလိမ့်မည်။
အဆင့်လေးဆင့်အားနည်းနေသော်လည်း ရန်သူမိစ္ဆာဗိုလ်ချုပ်ကိုးဦး၏ခွန်အားက အာရုံထွေပြားခြင်း အလယ်အလတ်အဆင့်သို့ ကျသွားခဲ့ရသည်။
သို့စေကာမူ သူတို့က အာရုံထွေပြားခြင်းနယ်ပယ်က စွမ်းအားရှင်များဖြစ်နေဆဲပါ။
ဖိအားကရှိနေဆဲ။
သို့သော် မိစ္ဆာဗိုလ်ချုပ်များက တစ်ယောက်တည်းတိုက်ခိုက်တာကိုလည်း သိထားတာကို မမေ့သင့်ပေ။
နောက်ထပ်မိစ္ဆာဗိုလ်ချုပ်တစ်ယောက်က ဒါကိုမြင်သဖြင့် ချက်ချင်းဆိုသလို ထောင်ချောက်ထဲပိတ်မိနေသည့် မိစ္ဆာဗိုလ်ချုပ်ထံပြေး၀င်လာပြီး အကြွင်းမဟာဓားလေးစင်းကနေ ကာကွယ်ရန်ကြိုးစားသည်။
ထိုအချိန်တွင် မုဖူရှန်း အေးစက်စွာ နှာခေါင်းရှုံ့သည်။
လက်ဖဝါးလှိုင်းနှင့်အတူ သတ်ဖြတ်ခြင်းတံဆိပ်ကိုးခုက တချိန်တည်းမှာပင် ကမ္ဘာ့သုတ်သင်နတ်ဆိုးမိုးကြိုး၏ တောက်ပမှုဖြင့် လင်း၀င်းလာသည်။
တိမ်မည်းများကြားကနေ အလွန်အမင်းထူထဲသည့်နဂါးနက်က ဟိန်းကာ ထိုမိစ္ဆာဗိုလ်ချုပ်ထံပြေး၀င်လာသည်။
ဤမိုးကြိုး၏စွမ်းအားကိုခံစားမိသောအခါ မိစ္ဆာဗိုလ်ချုပ်အားလုံးက လေးနက်သွားကြ၏။
ဒီလူက သူတို့အသက်ရှင်လျက် ဖမ်းယူချင်နေသည့်ပစ်မှတ်ဖြစ်ကာ ပြိုင်ဘက်နယ်ပယ်များထဲတွင် ယခုအချိန်၌ အားအကောင်းဆုံးဖြစ်ပြီး အာရုံထွေပြားခြင်းနယ်ပယ် အစောပိုင်းအဆင့်ဖြစ်သည်။
ဤအဆောင်ကိုးခု၏ ထပ်ဆောင်းပါ၀င်မှုနှင့်ပတူ စွမ်းအားက ပို၍ပင် အစွမ်းထက်လာသည်။
မိစ္ဆာဗိုလ်ချုပ်များပင်လျှင် အလွန်အမင်း အန္တရာယ်ရှိသည့်အော်ရာကို ခံစားနေရသည်။
ရလဒ်အနေဖြင့် မိစ္ဆာဗိုလ်ချုပ်နှစ်ဦးက တချိန်တည်းမှာပင် ပြေး၀င်လာကြသည်။
ဟုန်ရင်က ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားပြီး ရှေ့တလှမ်းတိုးသည်။
ထို့နောက်တချက်အော်ဟစ်ကာ သူမပစ်လွှတ်လိုက်ပြီး မိစ္ဆာဗိုလ်ချုပ်နှစ်ဦးကို တားဆီးလိုက်၏။
ပြန်လည်မွေးဖွားခြင်း၏အဓိပ္ပာယ်က ထိုးထွက်လာသည်။
ဧကရီတစ်ဦး၏ရည်ရွယ်ချက်က သံသယမရှိပေါ်လွင်လာသည်။
ထိုအချိန်တွင် ဟုန်ရင်က သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ခွန်အားဖြင့် မိစ္ဆာဗိုလ်ချုပ်နှစ်ဦးကို ရုတ်ချည်းဆိုသလို ရပ်တန့်သွားစေသည်။
တချိန်တည်းမှာပင် သုံ့ရှောင်ချင်းက ငှက်မွှေးပြာယပ်တောင်ကို ထုတ်ယူလိုက်သည်။
ဤငှက်မွှေးယပ်တောင်က အစီအရင်များ၏စွမ်းအားဖြင့် ဖုံးလွှမ်းနေသည်။
အဆင့်ကအတော်လေးကောင်းမွန်တာ သိသာထင်ရှားနေသည်။
ထိုအချိန်တွင် သူမကလည်း သတ်ဖြတ်ခြင်းသင်္ကေတများစွာကိုပစ်ကာ နောက်ထပ်မိစ္ဆာဗိုလ်ချုပ်တစ်ဦးနှင့် တိုက်ခိုက်လိုက်လေသည်။
နင်းချန်ရှင်းက တာအိုကျမ်းစာများနှင့် နတ်ဘုရားများ၏စွမ်းအားဖြင့် နှစ်ယောက်ကို အတူဆွဲခေါ်ထားသည်။
တာအိုစွမ်းအားနှင့်အတူ သူက ဤမိစ္ဆာများ၏ ကပ်ဘေးရန်သူတစ်ဦးအဖြစ် မွေးဖွားလာခဲ့သည်။
အချိန်တိုမျှတော့နှောင့်နှေးအောင် သူလုပ်နိုင်ပါသေးသည်။
ယဲ့ချိုးပိုင်၏ အကြွင်းမဲ့မဟာဓားလေးစင်းက ဆက်လက်ခုခံနေသည်။
သို့စေကာမူ ရှောင်ဟိုင်၏ ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ကလည်း ချေမွဖျက်ဆီးပစ်လိုက်လေပြီ။
တချိန်တည်းမှာပင် ရှောင်ဟိုင်နောက်က နတ်ဆိုးဘုရားပုံရိပ်ယောင်က နတ်ဆိုးတင်းပုတ်ကို လက်လွှတ်ကု ထိုးနှက်လိုက်သည်။
နတ်ဆိုးဘုရင်ဆင်းသက်လာလေပြီ။
ပထမလက်သီးချက် ၊ ကောင်းကင်ဖြိုခွဲလက်သီး!
မှော်စွမ်းအားက ထိုအခိုက်အတန့်၌ အရူးအမူးထိုးထွက်လာသည်။
ရှောင်ဟိုင်ကိုယ်ထဲရှိနတ်ဆိုးသွေးက စတင်ဆူပွက်လာသည်။
ရှောင်ဟိုင်ကိုရင်ဆိုင်နေသည့် မိစ္ဆာဗိုလ်ချုပ်၏ မိစ္ဆာမျိုးနွယ်သွေးက ပို၍ပင်ဖိနှိပ်ခံရကာ သူ့ဝိဉာဉ်ပင်လျှင် စတင်တုန်ယင်လာသည်။
ဒီကောင်ကဘယ်သူလဲဟ!
သူ့မှာ ဘာလို့မိစ္ဆာသွေးထက်ပိုမြင့်တဲ့ သွေးစွမ်းအားရှိနေရတာလဲ!
ဒီအဆင့်နိမ့်ကြယ်နယ်မြေမှာ ဒီလိုမျိုးနွယ်စုရှိလို့လား!
မိစ္ဆာဗိုလ်ချုပ်က အော်ဟစ်ကာ ကျောက အတောင်ပံများအား ယပ်ခတ်ရင်း လက်သီးနှစ်ဖက်စလုံးဖြင့် တချိန်တည်းတွင် ထိုးနှက်ပစ်သည်။
ပထမလက်သီးချင်က ရှောင်ဟိုင်၏ ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ဆီသို့ကျသွားပြီး ကျန်လက်သီးချက်က နတ်ဆိုးပုံရိပ်ယောင်နှင့် ကောင်းကင်ကွဲအက်သွားသည့်ပမာ တွေ့ဆုံသွားကြ၏။
ဘန်း.....
ပတ်ပတ်လည်ကလေဟာနယ်က ထိုနှစ်ခု၏ တွေ့ဆုံတိုက်ခိုက်မှုအောက်တွင် နေရာအနှံ့ ပြိူကွဲသွားကြသည်။
အာကာသအရှုပ်အထွေးများက ကျိုးပဲ့နေသည့်လေဟာနယ်ကနေ အဆက်မပြတ် စိမ့်၀င်လာသည်။
ထိုအချိန်တွင် မိစ္ဆာဗိုလ်ချုပ်၏မျက်နှာက ဆက်လက်ပြောင်းလဲနေသည်။
ဤမြင်ကွင်းကသူ့ကိုထိတ်လန့်သွားစေသည်။
သူ့ခွန်အားအရ သူကအားနည်းသည်ဆိုလျှင်ပင် ယုတ္တိတန်စွာဆိုရမည်ဆိုပါက ရန်သူကို ဖျက်ဆီးနိုင်ပါသေးသည်။
သို့သော် ယခုတွင်မူ ဒါကတရားရုံးများအကြား ပြိုင်ဆိုင်မှုတခုပမာဖြစ်လာသည်။
ဤသည်အပြင် ဤမိစ္ဆာဗိုလ်ချုပ်က ထိုလက်သီးချက်နှင့်အတူ ကြောက်ခမန်းလိလိ မှော်စွမ်းအားက သူ့ကိုယ်ထဲကသွေးရှိရာသို့ အဆက်မပြတ်ပြေးလွှာလာနေတာကို ခံစားနေရသည်။
မိစ္ဆှာဗိုလ်ချုပ်၏ကိုယ်ထဲစီး၀င်လာသည့် ကြောက်ခမန်းလိလိမှော်စွမ်းအားက ကောင်းကင်ဘုံနတ်ဆိုးဘုရင်တစ်ပါးအဖြစ် သူ့အားအတွင်းပိုင်းကနေ ဖျက်ဆီးရန်အတွက် ရည်ရွယ်ထားလာသည်။
တချိန်တည်းမှာပင် ကောင်းကင်ထက်တွင် အဆောင်ကိုးခု၏သိပ်သည်းမှုနှင့်ဖန်တီးထားသည့် နဂါးနက်ကလည်း ဆင်းသက်လာသည်။
သူ့ကိုယ်ထဲတွင် ပျံ့နေသည့်မှော်စွမ်းအားကို ဖိနှိပ်ထားရန်ဟူသည် အရမ်းနောက်ကျသွားလေပြီ။
မိစ္ဆာဗိုလ်ချုပ်အံကြိတ်ရင်း သူ့နောက်က ကြီးမားသည့်အမြီးစိမ်းကိုလှုပ်ယမ်းကာ နဂါးနက်၏ခေါင်းကို ရိုက်ချလိုက်သည်။
တိုက်ချက်နှစ်ခုက သူ့ကို သေခြင်းတရား၏ ခြိမ်းခြောက်မှုကိုပင် ခံစားရစေသည်။
ပထမဆုံးအကြိမ် မိစ္ဆာဗိုလ်ချုပ်၏ မျက်လုံးများ၌ အကြောက်တရားတခုပေါ်လာခဲ့သည်။
သေခြင်းတရားကသူ့ကိုစောင့်ကြပ်နေသည့်အလားပင်။
ဤလူနှစ်ယောက်၏တိုက်ချက်များက သူ့ကို ဤနေရာအထိပင် တွန်းပို့ပစ်ခဲ့သည်။
တခြားမိစ္ဆာဗိုလ်ချုပ်များ၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် မိစ္ဆာဘုရင်၏ ဓရာမအမြီးစိမ်းက အပိုင်းပိုင်းအစစ ကြေမွသွားရသည်။
မှော်နဂါးနက်က ပါးစပ်ကိုကျယ်ပြောစွာဖွင့်ပြီး မိစ္ဆာဗိုလ်ချုပ်ကို တိုက်ရိုက်ပင် ကိုက်ပစ်သည်။
မှော်နဂါး၏ကိုယ်ထည်နှင့်အတူ ကမ္ဘာ့သုတ်သင်မှော်မိုးကြိုးက မိစ္ဆာဗိုလ်ချုပ်၏ ကိုယ်ကို အဆက်မပြတ် ပစ်ချနေသည်။
တချိန်တည်းတွင် ရှောင်ဟိုင်၏ ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ကလည်း ရန်သူ၏အကာအကွယ်ကို ထိုးဖောက်ပစ်သည်။
သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ထပ်မံထိုးနှက်လိုက်ပြန်သည်။
နတ်ဆိုးဆင်းသက်လာခြင်း! ကောင်းကင်ဖြိုခွဲ!
လက်သီးချက်က မိစ္ဆာဗိုလ်ချုပ်၏ခေါင်းကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။
ဘန်း.......
ဘန်းခနဲမြည်သံနှင့်အတူ မိစ္ဆာဗိုလ်ချုပ်၏ ခေါင်းက ဖရဲသီးတစ်လုံးအလား ပေါက်ကွဲသွား၏။ ဝိဉာဉ်ပင်လျှင် ဖျက်ဆီးခံလိုက်ရသည်။
ရှောင်ဟိုင်နှင့်မုဖူရှန်းတို့၏ ဒီပူးပေါင်းအားထုတ်မှုများက မိစ္ဆာဗိုလ်ချုပ်တစ်ဦးကို တိုက်ရိုက်သတ်ပစ်နိုင်ခဲ့သည်။
ထိုမြင်ကွင်းကို အေးခဲညနယ်မြေက လူတိုင်းတွေ့ခဲ့ကြသည်။
တခဏကြာ သူတို့၏အမူအရာများက ထိတ်လန့်နေကြသည်။
ဒီလူတွေက အာရုံထွေပြားခြင်းအစောပိုင်း အဆင့်တစ်ယောက်ပဲရှိတာတောင် အချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး အပြင်းအထန်ထိတ်လန့်စေပြီး မိစ္ဆာဗိုလ်ချုပ်တစ်ယောက်ကို သတ်ပစ်ခဲ့တာလား!
ဒါကိုဘယ်လိုလုပ်လိုက်တာလဲ!
ချက်ချင်းဆိုသလို သူတို့နှလုံးသားထဲကနေ မည်သည့်အတွက်ကြောင့် ဟဲကျိတုံနှင့် ဟန်ချန်းယဲ့တို့က သူတို့၏သဘောထားအတိုင်း တိုက်ခွင့်ပေးရသလဲဆိုတာ ယုံကြည်နားလည်သွားကြ၏။
ဤလူငယ်များက မိစ္ဆာဗိုလ်ချုပ်ကိုးဦးနှင့် တိုက်ခွင့်ပေးတာက ကြည့်ရသည်မှာ သူတို့ကကြီးမားသည့်တာ၀န်များကို ယူနိုင်ကြသောကြောင့်ပင်။
မိစ္ဆာဗိုလ်ချုပ်တစ်ဦးကျရှုံးသွားပြီးနောက် စံအိမ်တော်ကလူများအပေါ် ဖိအားက သိသိသာသာကျဆင်းသွားသည်။
ခုနှစ်ယောက်ရှစ်ယောက်တိုက်ပွဲ!
ဒါက ကျန်ရှိနေသည့်မိစ္ဆာဗိုလ်ချုပ်ရှစ်ယောက်၏မျက်နှာများကို အလွန်အမင်း မည်းမှောင်သွားစေသည်။
သူတို့ပူးပေါင်းခြင်းဖြင့် မိစ္ဆာဗိုလ်ချုပ်တစ်ဦးကို အတင်းအကျပ်သတ်ပစ်နိုင်ခဲ့သည်။
ဒါကအရမ်းရယ်စရာကောင်းလွန်းသည်။
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ပူးပေါင်းဆောင်ရွက်မှုကကောင်းတယ်၊ ဆက်လက်လုပ်ကြ၊ ရန်သူတွေကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ကြ"
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင် ကြယ်ကြွေဓားကို ဓားအိမ်ထဲသွင်းလိုက်သည်။
ထိုစဉ် ရိုးရှင်းပြီး အခွံတခုပါရှိသည့် ခေတ်နောက်ကျသည့်ဓားရှည်တစ်လက်က ယဲ့ချိုးပိုင်လက်ထဲပေါ်လာသည်ာ
ဒီဓားရှည်က ပိုဿဆန်းကြယ်ထက်ရှပြီး ပို၍အားကောင်းကာ ဓားဆန္ဒထက် ဓားသိုင်းစည်းမျဉ်းစွအ်းအားကို ထုတ်ပေးသည်။
ဒါက ရှင်းယွန်ဓားဖြစ်သည်။
ယဲ့ချိုးပိုင် မိစ္ဆာဗိုလ်ချုပ်နှစ်ဦးကို ထပ်မံသတ်ဖြတ်ရန် ရှင်းယွန်ဓားကိုသုံးချင်သည်။
ဤနည်းလမ်းဖြင့် သူတို့က ဒီနေရာက တိုက်ပွဲကို အလျင်အမြန်ဖြေရှင်းနိုင်မည်ဖြစ်ကာ ကျန်သောသူများအား ကူညီနိုင်ပေလိမ့်မည်။
တခြားတဘက်ရှိ မိစ္ဆာစစ်သည်နှင့် မိစ္ဆာတပ်မှူးများ၏အရေအတွက်က သူတို့ထက် အဆပေါင်းများစွာပိုများသည်။
အစီအရင်၏ကောင်းချီးနှင့် မု၀မ်အာ သန့်စင်ပေးခဲ့သည့် ကမ္ဘာမြေအဆင့်ဆေးလုံးကြောင့်သာမဟုတ်ပါက ယခုအချိန်တွင် ရန်သူများ၏ အုပ်စုနည်းဗျူဟာအောက်တွင် မြိူ့က ပြိုကွဲသွားပြီဟု ကြေညာခံရပေလိမ့်မည်။
ဟုန်ရင်နှင့် ကျန်သောသူများကလည်း ယဲ့ချိုးပိုင် ရှင်းယွန်ဓားကို ထုတ်လိုက်တာကိုမြင်သည်။
သူတို့ကယဲ့ချိုးပိုင်အနားတိုးကပ်သွားကြ၏။
မည်သို့ပင်ဆိုစေကာမူ ရှင်းယွန်ဓားကိုတကြိမ်အသုံးပြုလိုက်သည်နှင့် စွမ်းအားကကြီးမားလျှင်ပင် ဆန့်ကျင်ဘက်အနေနှင့် ယဲ့ချိုးပိုင်က တိုက်ခိုက်ရေးစွမ်းအားကို ယာယီဆူံးရှုံးသွားမှာကို သူတို့သိကြသည်။
တကယ်တမ်းတွင် ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားအရ ရှင်းယွန်ဓားကို ဆွဲထုတ်ရန်ပင် အားစိုက်ထုတ်မှုအများကြီး လိုအပ်သည်။
သို့သော် စစ်၏အောင်ပွဲအတွက် သူက ဒါကိုလုပ်ရပေမည်။
တခြားတဘက်က ကျန်ရှိနေသည့်မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက ဤမြင်ကွင်းကို မြင်သောအခါ ဓားသမား၏ ဆန်းကြယ်သည့် အော်ရာကို ခံစားလိုက်ရသည်။
သူတို့၏အမူအရာများက အကြီးအကျယ်ပြောင်းလဲသွားကြ၏။
ဤဓားသိုင်းစည်းမျဉ်းစွမ်းအားက သူတို့အား ဝိဉာဉ်များပင် တုန်ယင်နေသလို ခံစားရစေသည်။
အကယ်၍ ရန်သူကိုသာ ဤဓားချက်ကို ထုတ်လွှတ်ခွင့်ပေးမည်ဆိုပါက ဒါက သူတို့အား ထပ်မံသေချာပေါက်လျော့နည်းအောင် လုပ်ပေတော့မည်။
"မြန်မြန်၊ အတူတူတိုက်ခိုက်ကြရအောင်၊ ငါတို့သူ့ကို ဒီဓားချက်ထုတ်လွှတ်ခြင်းကနေ တားဆီးရမယ်"
မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက ယဲ့ချိုးပိုင်ရှိရာနေရာသို့ ဦးတည်လာကြသည်။
တချိန်တည်းမှာပင် အမှောင်ထုထဲတွင် အနက်၀တ်လူခုနှစ်ယောက်က လှုပ်ရှားရန် အဆင်သင့်ဖြစ်နေခဲ့ကြသည်။
အပိုင်း(428) coming။