#ရည်ရွယ်ချက်#
Vol. 30 Ch. 428
နယ်နိမိတ်မဲ့နယ်မြေ၏ တိုက်ပွဲအလားအလာအရ ခန့်ညားသည့်လူက နယ်မြေပြင်ပကမိစ္ဆာများက နောက်ဆုံးအောင်ပွဲကို သေချာပေါက်ရယူနိုင်မည်ဟု ယုံကြည်ထားသည်။
မည်သို့ပင်ဆိုစေကာမူ အဆင့်နိမ့်ကြယ်နယ်မြေက လူသားမျိုးနွယ်နှင့် သူတို့အကြားက ခွန်အားကွာဟချက်က အရမ်းကြီးမားသည်။
အနိုင်ရသူက သူတို့လက်ထဲတွင်ရှိနေလေရာ နယ်နိမိတ်မဲ့မင်းဆက်အမွေခံမုဖူရှန်းကို အသက်ရှင်လျက် ဖမ်းရန် ဒုက္ခခံနေရလေသနည်း။
ဒီပြဿာနာကို မင်းသားလင်းလုံကလည်း ပြောခဲ့သည်။
သို့စေကာမူ ခန့်ညားသည့်လူက အကြောင်းရင်းကို မပြောပြခဲ့ပေ။
တကယ်တမ်းတွင် ဒီအကြောင်းရင်းက မင်းသားလင်းလုံ၏ခွန်အားကို သိရန် မလုံလောက်သေးပါ။
သူတို့က အဆင့်နိမ့်ကြယ်နယ်မြေကို တတ်နိုင်သမျှ မြန်မြန်သိမ်းဆည်းရန် လိုအပ်သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အင်အားစုအများအပြားရှိပြီး သူတို့က အဆင့်နိမ့်ကြယ်နယ်မြေအပေါ် မျက်စိကျနေကြပြီဖြစ်သည်။
ထို့ထဲတွင် နယ်မြေပြင်ပကမိစ္ဆာများထက် အများကြီးပိုအားကောင်းသည့် အင်အားစုများစွာလည်းရှိသည်။
ထို့ကြောင့် ခန့်ညားသည့်လူ၏ရည်ရွယ်ချက်က ဤစစ်ပွဲကို မြန်မြန်နှင့်ပိုထိရောက်စွာဖြေရှင်းကာ အဆင့်နိမ့်ကြယ်နယ်မြေကို အမြန်သိမ်းပိုက်ရန်ပင်။
ဤနည်းလမ်းဖြင့် တခြားအင်အားစုများက အားသုံးလုပ်၍ရတော့မည်မဟုတ်။
ဒါကလည်း မိစ္ဆာမျိုးနွယ်စု၏ မြင့်မားသည့်အဆင့်တခု၏ အဓိပ္ပာယ်လည်း ဖြစ်သွားပေလိမ့်မည်။
ဤသည်က ခန့်ညားသည့်လူကို အဆင့်နိမ့်ကြယ်နယ်မြေသို့ ပို့လွှတ်ရသည့် အကြောင်းရင်းလည်းဖြစ်သည်။
.....
အေးခဲညနယ်မြေတွင် ကောင်းကင်အလယ်၌ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ ဆန့်ကျင်ဘက်တွင် မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးသာ ကျန်တော့သည်။
ရန်သူများတွင် အာရုံထွေပြားခြင်းနယ်ပယ် အစောပိုင်းအဆင့်တစ်ဦးတည်းသာ ရှိသည့်တိုင် သူတို့၏မိစ္ဆာဗိုလ်ချုပ်တစ်ဦးကို အားသုံးသတ်နိုင်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြချေ။
ဒီလူသားတွေကဘယ်ကလာကြတာလဲ!
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်ပင် ဒါကိုလုပ်ရန်မလွယ်ကူပါ။
သိုင်းဧကရာဇ်နယ်ပယ်ခွန်အားဖြင့် နယ်ပယ်ကြီးတခုကိုဖြတ်ကျော်ကာ အာရုံထွေပြားခြင်းနယ်ပယ်က မိစ္ဆာဗိုလ်ချုပ်ကို သတ်ရန်ဟူသည် ထိုထိပ်သီးအင်အားစုများက မွန်းစတားများသာ လုပ်နိုင်ပေလိမ့်မည်။
ယခုတွင်မူ သူတို့ကနောက်ထပ်သေရေးရှင်ရေးအကျပ်အတည်းကာလတခုကို ကြုံကြိုက်နေကြရပြန်သည်။
ရှေ့က လူငယ်ဓားသမားကိုကြည့်နေစဉ် သူက ဓားအိမ်ပါသည့်ဓားရှည်ကို ဆွဲထုတ်ပြီး ဓားသိုင်းစွမ်းအားကို ထုတ်လွှတ်လိုက်လေရာ ဒါကသူတို့အား သေခြင်းတရားက ဧကန်မုချဖြစ်လာတော့မည်ဟု ခံစားရစေသည်။
ဒီဓား၏အဆင့်က သေချာပေါက်မနိမ့်ကျပေ။
သူတို့၏မိစ္ဆာမျိုးနွယ်တွင်ပင် ဒီလက်နက်ကို ယှဉ်နိုင်သည့်လက်နက်မရှိပေ။
ယဲ့ချိုးပိုင်ကလက်ထဲတွင် ရှင်းယွန်ဓားကို ဆွဲထုတ်ရန်ပြင်လိုက်သည်။
သူ့၏လက်ရှိခွန်အားနှင့်ပင် ရှင်းယွန်ဓားကို ဓားအိမ်ကနေ အပြည့်အ၀မထုတ်နိုင်ဘဲ ထိပ်စွန်းကိုသာ ပြသနိုင်သည်။
သို့စေကာမူ အနည်းငယ်မျှဆွဲထုတ်ခြင်းကပင် ထုတ်လွှတ်နေသည့်ဓားသိုင်းစည်းမျဉ်းစွမ်းအားက ရန်သူကိုသတ်ပစ်နိုင်သည်။
သို့သော် ခွန်အားအကုန်ဖြင့်ထုတ်ရန်လိုအပ်သည်။ ဒီမတိုင်ခင် ရန်သူများက သူ့ကို ၀င်ရောက်နှောက်ယှက်၍မရပေ။
ဒါကလည်း စံအိမ်တော်ကလူတိုင်းက ယဲ့ချိုးပိုင်အား ကာကွယ်ရမည့်အကြောင်းရင်းဖြင့် အနားသို့တိုးသွားကြခြင်းဖြစ်သည်။
ဟဲကျိတုံကလည်း ဤအငွေ့အသက်ကို ခံစားမိသဖြင့် စိုက်ကြည့်လိုက်စဉ် ယဲ့ချိုးပိုင်လက်ထဲက ဓားကို တွေ့လိုက်ရသည်။
သူ့နှလုံးသားက အဆက်မပြတ် ခုန်ပေါက်နေသည်။
သူ့မျက်လုံးအစုံကလေးနက်သွား၏။
သူ့လက်ထဲကဓားပင် ယဲ့ချိုးပိုင်လက်ထဲက ဓား၏ ဆင့်ခေါ်ခြင်းကို ခံရသည့်အလား အထိန်းအချုပ်တုန်ခါနေသည်။
ဒါဘယ်လိုဓားမျိုးလဲ!
ဘယ်လိုလုပ်ဒီလိုဆန်းကြယ်ပြီး အစွမ်းထက်တဲ့ အော်ရာမျိုးရှိနေရတာလဲ!
ဤဓား၏စွမ်းအားက သူ့အန္တိမတ၀က်ဓားဆန္ဒထက် အဆပေါင်းများစွာအဆုံးမဲ့အားကောင်းတာကို ဟဲကျိတုံခံစားနေရသည်။
ပြီးတော့ဒီစွမ်းအားက ငါကြယ်ကြွေဓားဂိုဏ်းမှာရှိတုန်းက ယဲ့ချိုးပိုင်နဲ့ သူတို့ရဲ့ ဆရာသခင် ဟိုစီနီယာထုတ်သုံးသေးတယ်မလား!
ဒါက သူချန်ထားခဲ့သည့် ဓားသိုင်းစည်းမျဉ်းစွမ်းအားပဲ!
ဓားကိုလည်းဒီလိုအသုံးပြုလို့ရတာလား!
ဤဓားသိုင်းစည်းမျဉ်းစွမ်းအားကို ယခုအချိန်ထိ ဂိုဏ်းချုပ်ကျန်းဝူဖန်းတင်မက ကျန်သောမဟာအကြီးအကဲများပင် မရှာတွေ့နိုင်ခဲ့ကြပေ။
ဟန်ချန်းယဲ့ ဤမြင်ကွင်းကို ထိတ်လန့်စွာ ကြည့်နေမိသည်။
ဒီလိုစွမ်းအားကို သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်က ဓားသမားတစ်ယောက်က အသုံးပြုနိုင်တာလား!
ငါဆိုရင်တောင် ဒီလိုရိုးစင်းပြီးဆန်းကြယ်တဲ့ အားကိုရင်ဆိုင်ရမယ်ဆိုရင် ချင်ချင်းအသတ်ခံရနိုင်လောက်တယ်!
သူမျှော်လင့်မထားသည်က ထိုလူငယ်ဓားသမားက ယခုစစ်မြေပြင်၌ မျက်စိကျစရာအကောင်းဆုံးသူဖြစ်နေသည်ကိုပင်။
ကျန်ရှိနေသည့်မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက ဤဓားစည်းမျဉ်းစွမ်းအားကို တိုက်ရိုက်ရင်ဆိုင်ရသောအခါ ခံစားချက်ကလည်း အနက်ရှိုင်းဆုံးဖြစ်သည်။
ဒီလူငယ်ဓားသမားကသာ ရိုးစင်းသည့်ဓားရှည်ကိုဆွဲထုတ်ပြီး ဆန်းကြယ်ထက်ရှသည့်ဓားစွမ်းအားကို ထုတ်လွှတ်လိုက်မည်ဆိုပါက သူတို့အများစုထပ်မံသေရတော့မယ်ဆိုတာ သူတို့နားလည်ကြသည်။
ထိုသို့ဖြစ်လာမည်ဆိုပါက တိုက်ပွဲအခြေအနေကလည်း ပြောင်းလဲသွားပေလိမ့်မည်။
ဒီလိုဖြစ်ပျက်မှာကို သူတို့ခွင့်ပြုမည်မဟုတ်။
ငါတို့က ဘယ်လိုလုပ်လူသားပုရွက်ဆိတ်တွေရဲ့လက်ထဲမှာ ရှုံးနိမ့်ရမှာလဲ!
ပြီးတော့နယ်ပယ်ကွာဟချက်ကလည်း အရမ်းကြီးမားနေသေးတယ်လေ!
မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက မဆက်သွယ်ကြပေ။ သူတို့ကအချင်းချင်းဆက်သွယ်စရာပင် မလိုပေ။
အသက်ရှုကြိမ်တခဏအတွင်း တချိန်တည်းမှာပင် မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက ယဲ့ချိုးပိုင်အား တိုက်ခိုက်လိုက်ကြသည်။
သူတို့ကအလွန်အမင်းမြန်ဆန်လွန်းကာ လေဟာနယ်ကိုပင် ချိုးဖျက်သွားခဲ့သည်။
လေဟာနယ်ထဲတွင် ထူထဲသည့်မြူခိုးနက်ရှစ်ခုသာလျှင်ကျန်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ယဲ့ချိုးပိုင်ဆီသို့ပြေး၀င်သွားကြပြီဖြစ်သည်။
ဖိနှိပ်မှုကြောင့် သူတို့ကအားနည်းနေသည့်တိုင် မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ခွန်အားများရှိပါသေးသည်။
ထိုအချိန်တွင် သူတို့က တချိန်တည်းတွင် ပစ်လွှတ်လိုက်ကြသည်။
လက်သီးချက်ဖြစ်စေ၊ လက်ဖဝါးချက်ဖြစ်စေ၊ သို့မဟုတ် အဆုံးသတ်၌ ဧရာမအမြီးပြာဖြစ်စေ အားခုံးက ယဲ့ချိုးပိုင်ထံ ပြေး၀င်သွားလေသည်။
ထိုအချိန်မှာပင် စံအိမ်တော်ကကျန်သောသူများအပါအ၀င် သုံ့ရှောင်ချင်းပါ မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးရှေ့သို့ ပြေး၀င်သွားကြပြီး အားအကောင်းဆုံးတိုက်ချက်များကို တချိန်တည်းတွင် ထုတ်လွှတ်ကြသည်။
ဟုန်ရင်က ခွန်အားအလုံးစုံဖြင့် ပြန်လည်မွေးဖွားခြင်း(ပြန်လည်၀င်စားခြင်း) အဓိပ္ပာယ်ကို ထုတ်လွှတ်သည်။
ပြန်လည်မွေးဖွားလာသည့်ဧကရီဘုရင်မတစ်ပါးအလား သူမကတချက်တည်းဖြင့် ပစ်လွှတ်လိုက်သည်။
ပြန်လည်မွေးဖွားခြင်းပစ်မှတ်!
နင်းချန်ရှင်းက နှလုံးသားထဲတွင် တာအိုကျမ်းစာများကိုစွဲကိုင်ထားပြီး သင်္ကေတမန္တန်ခုနှစ်ခုကနေအခြေခံထားသည့် သင်္ကေတကိုးခုမန္တန်ဖြင့် ဒေါသတကြီး အော်ဟစ်သည်။
"ထွက်လာစမ်း"
ရွှေကြေးခွံလှံကိုကိုင်ထားသည့် နတ်ဘုရားဗိုလ်ချုပ်ကြီးက ထိုအခိုက်အတန့်၌ ၎င်း၏ အံ့ဩဖွယ်အစွမ်းနှင့်အတူ နတ်အလင်းကို ပြသသည်။
ကောင်းကင်ထဲတွင် တိမ်တိုက်များကြားမှ အပေါက်တစ်ပေါက်ဖွင့်လာသည်။
ကောင်းကင်ထဲသို့မော့ကြည့်စဉ် ထိုအပေါက်၌ ရွှေရောင်နတ်ဘုရားအလင်းတန်းတခုဆင်းသက်လာသည်။
ထို့နောက် ဗိုလ်ချုပ်၏ကိုယ်ပေါ်သို့ကျဆင်းကာ ဖုံးလွှမ်းသွား၏။ အော်ရာက ထိုအချိန်တွင် ထိုးတက်လာသည်။
တခြားတဘက်တွင် ရှောင်ဟိုင်က ကောင်းကင်ကိုးသွယ်နတ်ဆိုးတင်းပုတ်ကို ကိုင်ကာ ရိုက်ချလိုက်သည်။
တချိန်တည်းမှာပင် သူ့နောက်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်ကလည်း ထိုးနှက်လိုက်လေသည်။
နတ်ဆိုးဆင်းသက်လာခြင်း၊ ကောင်းကင်ဖြိုခွဲ!
ထိုအချိန်တွင် ကောင်းပင်က ပြိုကျလာပုံရသည်။
အရှိန်က ကြောက်ခမန်းလိလိပင်။
မုဖူရှန်းကလည်း လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်များကို ဖန်တီးသည်။
ကမ္ဘာ့သုတ်သင်မှော်မိုးကြိုးများ လိမ့်ဆင်းလာပြီး သူ့ကိုယ်ခန္ဓာက နေရာတိုင်းတွင် ရှိနေသည်။
တချိန်တည်းမှာပင် ပတ်ပတ်လည်ကို ဖုံးအုပ်နေသည့် စည်းတံဆိပ်ကိုးခုက နောက်ဆုံးတောက်ပမှုကို ထုတ်လွှတ်လိုက်ပုံရသည်။
ရူးသွပ်ဖွယ်ရာမိုးကြိုးနက်များပွင့်လာသည်။
ချက်ချင်းဆိုသလို ဤအလွန်အမင်းထူထဲသည့်မိုးကြိုးနက်များက အတူတကွစုဝေးသွားကြပြီး နဂါးနက်က အရင်ကထက် အဆပေါင်းများစွာ ပိုကြီးလာသည်။
ထို့နောက်ဟိန်းသံတစ်ချက်ထုတ်ကာ မိစ္ဆာဗိုလ်ချုပ်ကိုးဦးထံ ၀င်ရောက်သွား၏။
သုံ့ရှောင်ချင်းဘယ်မှာလဲ!
သူမလက်ထဲက စည်းတံဆိပ်နှင့်စာလိပ်ကို မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးဆီသို့ သူမက ငွေလုံး၀မလိုအပ်သည့်အလား ဆုပ်ညှစ်လိုက်၏။
ဒါကမုဖူရှန်း၏မျက်လုံးများကို တုန်ယင်သွားစေသည်။
ဒီခွေးမက အရမ်းချမ်းသာတာပဲ....!
သူ့တွင်ပင်လျှင် အစီအရင်စာလိပ်များစွာမရှိပေ။
ဘယ်လိုတောင်လက်ဖွာတဲ့ခွေးမလဲ!
ရှီရှန်းကမူ ကြယ်စွမ်းအားကို ထုတ်လွှတ်သည်။
ကြယ်မရှိသည့်ကောင်းကင်က ထိုအခိုက်အတန့်၌ တောက်ပသည့်ကြယ်တစ်လုံးရှိနေသည်။
နေ့နဲ့ကြယ်!
နေ့တာ၏တပွင့်တည်းသောကြယ်က ရှီရှန်းကိုယ်ထဲက ကြယ်တာယာဒန်တျန်ရှိ ပထမကြယ်ကို ကိုယ်စားပြုသည်။
ဖိနှိပ်ခြင်းအားများစွာက မိစ္ဆာဗိုလ်ချုပ်ရှစ်ဦး၏ကိုယ်ပေါ်သို့ကျရောက်လာသည်။
အသင်းနောက်တွင်ရှိသည့်မု၀မ်အာက ဝေးကွာနေသည့်တိုင် စံအိမ်တော်က လူတိုင်းက အာရုံစိုက်နေကြစဉ် သူမလည်းမြင်သဖြင့် လက်ထဲက ကမ္ဘာမြေအဆင့် ဆေးလုံးနောက်တစ်လုံးကို ပြတ်သားစွာပင် ပစ်လိုက်သည်။
ဤဆေးလုံးက သွေးဆာယင်ယန်စွမ်းအင်ဆေးလုံးဖြစ်သည်။
ဤဆေးလုံးကို အမြင့်ဆုံးအဆင့်ရှိသည့် သွေးဆာဆေးလုံးပြောင်းလဲမှုအား အခြေခံထားခြင်းပင်။
သွေးဆာလောင်ခြင်းကို တိုးတက်လာစေပြီး ဘေးထွက်ဆိုးကျိုးဟူ၍မရှိပေ။
ဒါက အုပ်စုလိုက်သက်ရောက်မှုပေတည်း။
အပိုင်း(429) coming။