← Chapters

#ရှင်းယွန်ဓား၏စွမ်းအားကိုပြသခြင်း၊ အနက်၀တ်လူများပေါ်လာခြင်း#

Vol. 30 Ch. 429

#ရှင်းယွန်ဓား၏စွမ်းအားကိုပြသခြင်း၊ အနက်၀တ်လူများပေါ်လာခြင်း#

Vol. 30 Ch. 429

စံအိမ်တော်ကလူတိုင်းက သူတို့၏ခွန်အားအလုံးစုံဖြင့် ပါ၀င်ကြသည်။

တခဏအတွင်းမှာပင် လူတိုင်းနှင့် မိစ္ဆာမျိုးနွယ်များက အံ့ဩသင့်နေကြရသည်။

သူတို့အားလုံးက ဤမြင်ကွင်းအား စိတ်၀င်စားနေကြသည်။

မရေမတွက်နိုင်လောက်သည့်တိုက်ချက်များစွာက ထိုအခိုက်အတန့်၌ထွက်လာသည်။

ကောင်းကင်ကအရောင်အဆင်းပြောင်းလာပြီး တုန်ခါနေသည်။

ကြောက်ခမန်းလိလိပြန်လည်မွေးဖွားခြင်းအဓိပ္ပာယ်ဖြစ်စေ တောက်ပနေသည့် နတ်ဘုရားဗိုလ်ချုပ်ဖြစ်စေ၊ မှော်နက်နဂါးနှင့် နတ်ဆိုးဘုရင်ပုံရိပ်ယောင်ဖြစ်စေ၊ နေနှင့် ကြယ်ထုတ်လွှတ်ခြင်းဖြစ်စေ၊ သို့မဟုတ် မရေမတွက်နိုင်လောက်သည့် စည်းတံဆိပ်များနှင့် အစီအရင်စာလိပ်များဖြစ်စေ၊ လက်ကျန်ကမ္ဘာမြေအဆင့်ဆေးလုံးဖြစ်စေ အားလုံးထွက်ပေါ်လာကြသည်။

ဟဲကျိတုံအံ့ဩသင့်တကြီးပြောလိုက်မိသည်။

"သွေးဆာဆေးလုံးလား၊ ဒါပေမယ့် ဒါက အုပ်စုအားကောင်းစေတဲ့ဆေးလုံးမလား"

သွေးဆာဆေးလုံး၏ သွေးဆာ‌သည့်သက်ရောက်မှုက အလွန်အမင်းအစွမ်းထက်သည်။ အာရုံထွေပြားခြင်း အထွပ်အထိပ်ကလူတစ်ယောက်ပင်လျှင် သွေးဆာဆေးလုံးကို သောက်သုံးပြီးနောက်တွင် သွေးဆာလောင်သည့်ရူးသွပ်မှုကနေ တာအိုနယ်ပယ်အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်နှင့် ရေတိုထိပ်တိုက်တွေ့ဆုံကု ယှဉ်ပြိုင်နိုင်သည်။

ဘာလို့အချိန်တိုဟုပြောရလေသနည်း။

အဘယ်ကြောင့်ဆိုသော် သွေးဆာဆေးလုံး၏ကြာချိန်က အတော်လေးတိုတောင်းပြီး အမွေးတိုင် တစ်တိုင်စာ၏ တ၀က်ခန့်မျှသာ ကြာမြင့်သောကြောင့်ပင်။။

တချိန်တည်းမှာပင် သွေးဆာသည့်သက်ရောက်မှုပျောက်ကွယ်သွားပြီးနောက် ယင်းအစား အလွန်အမင်းပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများရှိလာသည်။

ဒါက သွေးဆာဆေးလုံး၏ သွေးဆာလောင်သည့်သက်ရောက်မှုက အတော်လေးအားကောင်းသောကြောင့်ပင်။

ထို့ကြောင့် ဆေးအာနိသင်၏ အထွပ်အထိပ်ကာလတွင် ကမ္ဘာမြေအဆင့်သွေးဆာဆေးလုံးက အုပ်စုလိုက်သွေးဆာသည့် ဆေးလုံးတစ်ခုဖြစ်လာပြီး စံအိမ်တော်က လူတိုင်းကို တိုက်ခိုက်စေသည်။

ထိုစဉ် သူတို့က ယခင်ကထက် ဆယ်ဆပို၍အားကောင်းလာသည်။

သို့သော် ဟဲကျိတုံစိုးရိမ်သည်က သွေးဆာဆေးလုံး၏ဘေးထွက်ဆိုးကျိုးများပင်။

ဒါကအလားအလာစွမ်းရည်ကို အလွန်အကျွံသုံးစွဲရသည့်ဆေးလုံးမျိုးပင်။

ဒါကို ပါရမီရှိသည့်ဤမွန်းစတား‌အုပ်စုလေးတွင် ဘယ်လိုလုပ်သုံးနိုင်မည်နည်း။

သို့သော် ဟဲကျိတုံအရမ်းမတွေးတောနိုင်ခင်မှာပင် မိစ္ဆာဘုရင်ကရှေ့သို့ပြေးသွားသည်။

ထိုအခိုက်အတန့်တွင် မိစ္ဆာဘုရင်၏မျက်နှာ၌ ပုံမှန်ဂရုမစိုက်တတ်သည့် အသွင်အပြင်က ပျောက်ဆုံးနေပြီး ယင်းအစားလောနေသည့် အရေးပေါ်အခြေအနေတခုသာရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ အောက်ပါအခြေအနေက သူ့ကိုနောက်ဆုတ်လွင့်မပေးတော့ပါ။

မိစ္ဆာဗိုလ်ချုပ်များကျရှုံးသွားသည်နှင့်တပြိုင်နက် သူတို့ကိုဆီးကြိုစောင့်ဆိုင်းနေတာက မိစ္ဆာတပ်မှူးနှင့်စစ်သည်များ၏ အစုလိုက်အပြုံလိုက်သေဆုံးမှုများပင်။

ဤသို့ဆက်လက်ဖြစ်ပျက်သွားပါက ဒီစစ်ပွဲ၏အခြေအနေက လူသားမျိုးနွယ်ဖက်သို့ လုံး၀ပြောင်းပြန်လှန်သွားပေလိမ့်မည်။

ယခုလိုအခြေအနေရပ်မျိုးက မိစ္ဆာဘုရင်မြင်တွေ့လိုသည့်အရာတခုမဟုတ်ပါ။

ထို့ကြောင့် ထိုအချိန်တွင် သူက ရန်သူ၏ ထိန်းချုပ်ထားခြင်းကိုခံရသည့်တိုင် အစွမ်းကုန်စတင်တိုက်ခိုက်ပြီဖြစ်ကာ တိုက်ချက်ပေါ်၌ လုံး၀အာရုံစိုက်ထားပြီး ကာကွယ်မှုကို ပကတိစွန့်လွှတ်လိုက်လေသည်။

ဒါက ဟဲကျိတုံကို ခုခံရန်ခက်ခဲသွားစေသည်။

မူလကသူက အစီအရင်နှင့် ဆေးလုံး၏တိုးပွားနှုန်းကို မှီခိုအားကိုးကာ နောက်ဆုတ်ခြင်းနှင့် တိုက်ခိုက်မှုများဖြင့် ရန်သူကို အချိန်အတန်ကြာ နှောင့်နှေးအောင်လုပ်နိုင်သည်။

သို့သော် ယခုတွင်မူ မိစ္ဆာဘုရင်က လုံး၀ရူးသွပ်သွားပြီဖြစ်လေရာ သူ့ကို ခုခံရန် အနည်းငယ်ခက်ခဲသွားစေသည်။

ယခုသူတို့က ဓားအရှင်ကျန်းကျိနှင့် ကျန်သောသူများ၏တိုက်ပွဲက တတ်နိုင်သမျှ မြန်မြန်အဆုံးသတ်ရန်သာ မျှော်လင့်၍ရတော့သည်။

ထိုအချိန်တွင် မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးကလည်း တချိန်တည်းမှာပင် ဤတိုက်ခိုက်မှုကြီးကို ခုခံကြသည်။

သူတို့၏ဤရှေ့တန်းတိုက်ခိုက်မှုကို ရပ်တန့်ရမည်ဖြစ်လေရာ အံကြိတ်ရင်း အဆက်အပြတ်ခုခံနေကြ၏။

ဤတိုက်ခိုက်မှုများက သူတို့ဆိုလျှင်ပင် ကိုယ်ခန္ဓာများဖြင့် မခုခံနိုင်ချေ။

သွေးဆာဆေးလုံး၏တိုးတက်နှုန်းအောက်တွင် တိုက်ချက်များစွာက ဆယ်ဆထက်ပို၍ပြင်းထတ်လာသည်။

သူတို့ဒါကိုရပ်တန့်ရပေမည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ညင်သာသည့် အော်ဟစ်သံတစ်ချက်နှင့်အတူ သူ့လက်ထဲက ရှင်းယွန်ဓားကို ဆွဲထုတ်လိုက်လေရာ ဓားကိုယ်ထည်က အနည်းငယ်ပေါ်လာသည်။

ဓားသိုင်းစည်းမျဉ်းစွမ်းအားများစွာက ဓားအိမ်၏ဟာပေါက်ကနေ အရူးအမူးထွက်လာသည်။

ဤဓားသိုင်းစည်းမျဉ်းစွမ်းအားက အကျဉ်းထောင်ထဲကနေ လွတ်မြောက်လာသည့် သမိုင်းမတင်ခင်က ရှေးဟောင်းသတ္တဝါတကောင်အလား မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးထံ တိုး၀င်သွားခဲ့သည်။

ယဲ့ချိုးပိုင်က ရပ်တန့်ခြင်းမရှိသေးဘဲ ခွန်အားအလုံစုံကိုသုံးကာ ဓားကိုယ်ထည်ကို တဖြည်းဖြည်းပို၍ပေါ်လာအောင် လုပ်နေဆဲပင်။

ဓားသိုင်းစည်းမျဉ်းစွမ်းအားများ၏ ဟစ်သံများက ပို၍ပို၍ပင်အားကောင်းလာသည်။

မျက်စိတမှိတ်အတွင်းမှာပင် ယဲ့ချိုးပိုင်၏ အသားအရေကလည်း အနှီအမြင်အောက်တွင် လုံး၀ဖြူဖျော့သွားခဲ့ပြီး အော်ရာက အလျင်အမြန်ကုန်ခမ်းကာ နှေးကွေးလေးကန်လာသည်။

သို့သော် ထုတ်လွှတ်နေသည့်ဓားသိုင်းစည်းမျဉ်းစွမ်းအားက လူတိုင်း၏နှလုံးသားကို တုန်ယင်စေသည်။

သူ့လက်ထဲကဓားရှည်က စတင်မြည်ဟီးလာပြီး ဆက်လက်တုန်ခါကာ သခင်အား စွန့်ခွာချင်နေသည်။

ဟဲကျိတုံလက်ထဲကဓားပင်လျှင် ယဲ့ချိုးပိုင်လက်ထဲက ရှင်းယွန်ဓားကဲ့သို့ ဟိန်းသံများကို စတင်ထုတ်လွှတ်လာသည်။

ထိုဓားက ဓားများ၏အရှင်သခင်ပေတည်း။

သူတို့လက်ထဲကဓားများက ၎င်းတို့၏ ဘုရင်ကို လေးစားချင်ကြသည့်အသွင်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ကလည်း အကန့်အသတ်ကိုရောက်သွားသည်။

လေဟာနယ်ထဲတွင် ဓားသိုင်းစည်းမျဉ်းစွမ်းအားများက အတူတကွစုဝေးကာ ထက်ရှသည့် ဓားရှည်တစင်းအဖြစ်ပြောင်းသွားပြီး မိုးသပ်မုန်တိုင်းထဲရှိ မက်မွန်သီးများသဖွယ် မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးထံ ဦးတည်သွား၏။

ဤမြင်ကွင်းကိုမြင်သောအခါ မိစ္ဆာဗိုလ်ချုပ်ရှစ်ဦး၏ ဦးရေခွံက တခဏမျှ ထုံကြင်နေကြသည်။

ယနေ့ယဲ့ချိုးပိုင်ကို တားဆီးရန်ဟူသည် မဖြစ်နိုင်တော့။

ယခုသူတို့တွေးတောနေသည်က ဓားသမားလေး၏ ကြောက်မက်ဖွယ်စွမ်းအားကို ခုခံရန်ပင်။

မိစ္ဆာရှစ်ဦးက တချိန်တည်းမှာပင် ဒေါသတကြီးအော်ဟစ်ကာ လက်အစုံကိုမြှောက်လိုက်လေရာ ထူထဲသည့်မြူခိုးနက်များက ထိုးတက်လာပြီးနောက် သိပ်သည်းသွား၏။

ထို့နောက် ရှေ့ကိုကာကွယ်ရန်အတွက် ဧရာမြူခိုးနက်ဒိုင်းတခုအဖြစ် ပြောင်းလဲသွားသည်။

သို့သော် သူတို့က ဓားသိုင်းစည်းမျဉ်း၏ စွမ်းအားကို လျော့တွက်မိခဲ့ကြသည်။

ပထမဓားချက်က မြူခိုးနက်ဒိုင်းပေါ်သို့ကျသွားစဉ် မြူခိုးနက်ဒိုင်းက အပြင်းအထန် တုန်ခါလာသည်။

ထိုစဉ် ဒုတိယလိုင်း၊ တတိယလိုင်းနှင့်အတူ ဓားသိုင်းစည်းမျဉ်းစွမ်းအားကနေ ပြောင်းလဲထားသည့် ထက်ရှသည့်ဓားရှည်များက မြူခိုးနက်ဒိုင်းပေါ်သို့ ဆက်တိုက် ကျရောက်နေသည်။

အသက်ရှုကြိမ်နှစ်ကြိမ်အတွင်းမှာပင် တိုက်ရိုက်ထိုးဖောက်ခံလိုက်ရသည်။

မိစ္ဆာဗိုလ်ချုပ်ရှစ်ဦးက အတူတကွပူး‌ပေါင်းကာ ခွန်အားအပြည့်ဖြင့် မြူခိုးနက်ဒိုင်းကို ထောက်ပံ့ရန် ကြိူးစားနေကြသည်။

သို့သော် အသက်ရှုကြိမ်နှစ်ကြိမ်အတွင်း ၎င်းကလုံး၀ကျိုးပဲ့သွားရသည်။

မိစ္တာဗိုလ်ချုပ်ရှစ်ဦး၏အမူအရာများက အကြီးအကျယ်ပြောင်းလဲကာ ချက်ချင်း တဖက်လှည့်ပြီး ထွက်ပြေးလေတော့သည်။

သို့စေကာမူ မိစ္ဆာဗိုလ်ချုပ်နှစ်ယောက်က အနည်းငယ်ပိုနှေးကွေးသွားသဖြင့် ဓားသိုင်းစည်းမျဉ်းပါ၀င်သည့်ဓားချက်က သူတို့ကိုယ်ကို အဆက်မပြတ်ထိုးဖောက်နေလေရာ မျက်စိပဒေသာဖြစ်ဖွယ်ကောင်းနေသည်။

သူတို့ကထိုနေရာ၌ပင် ထိုးဖောက်ခံရပြီး အသားထူသည့်ကိုယ်ထဲတွင် ဓားပေါက်များက ပို၍ပို၍ပင် ထူထဲလာသည်။

ဝိဉာဉ်ကလည်း ဓားသိုင်းစည်းမျဉ်းစွမ်းအားများဖြင့် အဆက်မပြတ်ထိုးဖောက်ခံနေရသည်။

အပေါက်များဖြင့်ပြည့်နှက်လာသောအခါ မိစ္ဆာဗိုလ်ချုပ်နှစ်ဦးက ချက်ချင်းလဲကျသွား၏။

ဓားသိုင်းစည်းမျဉ်းများ၏ဓားက ရပ်တန့်ခြင်းမရှိဘဲ မိုးသက်မုန်တိုင်းကြားက မက်မွန်ပွင့်များအလား ဆက်လက်လိုက်နေသည်။

တတိယမိစ္ဆာဗိုလ်ချုပ်!

စတုတ္ထမိစ္ဆာဗိုလ်ချုပ်!

ငါးဦးမြောက်အထိ လူတိုင်းက ထိုးဖောက်ခံလိုက်ရသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ကလည်း ကိုယ်ထဲကအော်ရာကို ချဲ့ထွင်လိုက်သဖြင့် သူ့စွမ်းအင်နှင့်ဝိဉာဉ်က အလွန်အမင်းနှေးကွေးလာလေရာ နောက်ဆုံးတွင် ရှင်းယွန်ဓားကို ဖယ်ရှားလိုက်သည်။

ကမ္ဘာကြီးထဲက ကြောက်မက်ဖွယ်အကောင်းဆုံးဓားသိုင်းစည်းမျဉ်းစွမ်းအားများက နောက်ဆုံးတွင် ဖယ်ရှားခံလိုက်ရပြီး တခုပြီးတခု ရှင်းယွန်ဓားထဲ ပြန်၀င်သွားကြသည်။

ဤရိုးစင်းသည့်ဓားရှည်က ထိုအခိုက်အတန့်၌ တိတ်ဆိတ်သွားရသည်။

၎င်းက ဓားအိမ်ပါသည့်သာမန်ဓားတစ်လက်အဖြစ် ပြောင်းသွားပုံပင်။

ယဲ့ချိုးပိုင်စကားပြောမနေတော့ဘဲ ချက်ချင်းလေထဲတွင် တင်ပလ္လင်ခွေထိုင်လျက် လုချန်ရှန်းပေးထားသည့် ကုသဆေးလုံးနှစ်လုံးကို တလုံးပြီးတလုံး သောက်သုံးလိုက်သည်။

တခုက အော်ရာကိုဖြည့်ဆည်းပေးရန်ဖြစ်ပြီး ကျန်တခုက ဝိဉာဉ်ကို အားဖြည့်ရန်ဖြစ်သည်။

ရှင်းယွန်ဓားကိုဆွဲထုတ်ခြင်းက စွမ်းအင်နှင့်ဝိဉာဉ်ကို တချိန်တည်းတွင် ဧရာမကုန်ခမ်းစေသော်လည်း ဒီရလဒ်က ယဲ့ချိုးပိုင်ကို ကျေနပ်စေသည်။

သူကမိစ္ဆာဗိုလ်ချုပ်ငါးဦးကိုသတ်ပစ်ခဲ့သည်။

ယခုတွင်မူ ရန်သူကသုံးဦးတည်းသာ ကျန်တော့သည်။

ဒီသုံးယောက်က သူ့ညီငယ်၊ ညီမငယ်များအား လက်လွှဲထားရန် လုံလောက်ပါပြီ။

ယဲ့ချိုးပိုင်လုံး၀စိုးရိမ်ခြင်းမရှိဘဲ ထိုနေရာ၌ပင် စတင်ကုသအားဖြည့်လိုက်၏။

ဟုန်ရင်နှင့်ကျန်သောသူများက ကျန်ရှိနေသည့်မိစ္ဆာဗိုလ်ချုပ်သုံးဦးကို ဆက်လက်လိုက်ဖမ်းနေကြသည်။

မိစ္ဆာ‌ဗိုလ်ချုပ်သုံးဦးကမသေကြသော်လည်း နောက်ဆက်တွဲဆိုးကျိုးများကြောင့် ထိခိုက်နေကြပြီဖြစ်ကာ သူတို့၏ကိုယ်များက ဒဏ်ရာရနေကြလေပြီ။

ယခုအချိန်မဖမ်းပါက ဘယ်အချိန်အနိုင်ရတော့မည်နည်း။

သူတို့လိုက်ဖမ်းနေစဉ်အခိုက်အတန့်မှာပင် အနက်၀တ်လူနှစ်ယောက်က လေဟာနယ်ထဲတွင် ရုတ်တရက်ပေါ်လာပြီး နှစ်ယောက်က ယဲ့ချိုးပိုင်ထံတည့်တည့်သွားသည်။

ကျန်ရှိနေသည့် ငါးယောက်က မုဖူရှန်းထံ တည့်တည့်ဦးတည်သွားကြ၏။

ဤအ၀တ်နက်လူခုနှစ်ယောက်စလုံးက တာအိုတ၀က်နယ်ပယ်များဖြစ်ကြပြီး မိစ္ဆာဗိုလ်ချုပ်များနှင့်ယှဉ်ပါက အနည်းငယ်ပိုအားကောင်းသည်။

ပြီးတော့ သူတို့က လူသားမျိုးနွယ်နဲ့ တူလိုက်တာ!

အပိုင်း(430) coming။

All Chapters