← Chapters

#ကျန်းဝူဖန်းရောက်လာခြင်း#

Vol. 30 Ch. 430

#ကျန်းဝူဖန်းရောက်လာခြင်း#

Vol. 30 Ch. 430

အနက်၀တ်လူခုနှစ်ယောက်၏ ရုတ်တရက်ရောက်ရှိလာခြင်းက လူတိုင်းကို မတုံ့ပြန်နိုင်ဖြစ်သွားစေသည်။

ထိုလူခုနှစ်ယောက်၏ကိုယ်ထဲတွင် မိစ္ဆာစွမ်းအားများမရှိဘဲ ဆန့်ကျင်စွာပင် အလွန်အမင်းသန့်စင်သည့်အော်ရာများသာရှိသည်။

သူတို့အားလုံး၏ခွန်အားကလည်း သဟဇာတတာအိုတ၀က်နယ်ပယ်ကို ရောက်နေကြပြီဖြစ်သည်။

လေထဲရှိ ဟဲကျိတုံ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။

ဘာလို့လူသားမျိုးနွယ်က ဒီစွမ်းအားရှင်တွေက မိစ္ဆာတွေကို ကူညီပေးနေရတာလဲ!

သူတို့ကနယ်မြေပြင်ပကမိစ္ဆာတွေနဲ့ ပူးပေါင်းနေကြတဲ့ လူသားမျိုးနွယ်က စွမ်းအားရှင်တွေများလား!

တယောက်ယောက်ကတော့ သစ္စာဖောက်နေလေပြီ။

သူ့တွင်ထိုမေးခွန်းပို တွေးတောရန် အချိန်အများကြီးမရှိပေ။

ဟဲကျိတုံနှင့် ဟန်ချန်းယဲ့ကို အထိတ်လန့်စေဆုံးအရာက သူတို့၏ပစ်မှတ်က အားနည်းသည့်အခြေအနေ၌ ကျရောက်ကာ တိုက်ခိုက်ခြင်းစွမ်းအားကို ဆုံးရှုံးနေသည့် ယဲ့ချိုးပိုင်ကို တိုက်ရိုက်ဦးတည်နေကာ နောက်တစ်ခုက နယ်နိမိတ်မဲ့မင်းဆက်၏ အမွေခံမုဖူရှန်းဖြစ်လေသည်။

ဒီလူနှစ်ယောက်က ဆုံးရှုံးမှုအရှိဆုံးလူများဖြစ်ကြသည်။

မုဖူရှန်းက နယ်နိမိတ်မဲ့မင်းဆက်က ဧကရာဇ်၏အမွေခံဖြစ်သည်။

အကယ်၍တခုခုမှားယွင်းသွားပါက ဧကရာဇ်မုကျန်းထင်ကို မည်သို့မည်ပုံ ရှင်းပြရတော့မည်နည်း။

ယဲ့ချိုးပိုင်ကရော!

ဟဲကျိတုံက ယဲ့ချိုးပိုင်နောက်တွင် ရပ်တည်နေသည့်လူကိုနားလည်သည်။

ထိုစီနီယာ၏ခွန်အားက တွေးမတောနိုင်လောက်အောင်ကို ကြောက်မက်ဖွယ်ကောင်းသည်။

သူ့ကိုမဆိုထားနဲ့၊ လက်ရှိယဲ့ချိုးပိုင်ကပင် သူတို့ကြယ်ကြွေဓားဂိုဏ်း၏ အသစ်ခေါင်းဆောင်ဖြစ်ကာ ကြယ်ကြွေဓားဧကရာဇ်၏ တစ်ဦးတည်းသောဆက်ခံသူဖြစ်ပြီး ကြယ်ကြွေဓားဂိုဏ်း၏ ဓားအရှင်လည်းဖြစ်သည်။

ဒီတခုတည်းကိုအခြေခံလျှင်ပင် သူက ယဲ့ချိုးပိုင် မတော်တဆတခုခုဖြစ်လာမည်ကို ခွင့်မပြုနိုင်ပေ။

သို့သော် ထိုသို့ဆိုလျှင်ပင် ဟဲကျိတုံတွင် အချိန်ရှိမနေပါ။

မိစ္ဆာဘုရင်က ရူးသွပ်ခြင်းနှင့် အစွမ်းထက်တိုက်ခိုက်မှုတခုထဲတွင် အပြည့်အ၀ကျရောက်နေသည်။

သူ့နယ်ပယ်အလွန်တွင်ပင် သူက အချိန်ဆွဲတာကိုခုခံပြီး အကောင်းဆုံးကြိုးစားခဲ့ရသည်။

ကျန်သောသူများကလည်း ထိုကဲ့သို့ဖြစ်ကာ အားလုံးက အချိန်မီထောက်ပံ့မှုများ မပေးနိုင်ကြပေ။

ယနေ့သူတို့က သူတို့ကိုယ်သူတို့သာ ကြည့်နိုင်တော့သည်။

ယဲ့ချိုးပိုင်၏မျက်နှာက ထိုအခိုက်အတန့်၌ အနည်းငယ်ပြောင်းလဲသွားပြီး မျက်လုံးများကိုဖွင့်လိုက်စဉ် တာအိုတ၀က်နယ်ပယ် ၀တ်စုံနက်နှစ်ယောက်က ရှေ့သို့ ပြေး၀င်လာနေကြသည်။

စံအိမ်တော်ကကျန်သောသူများက ဤမြင်ကွင်းကိုတွေ့ကြသော်လည်း ယခုလေးတင် သူတို့ကစွမ်းအားအပြည့် ထုတ်လွှတ်ခဲ့ကြသဖြင့် အချိန်မီပြန်သွားလျှင်ပင် အရမ်းနောက်ကျသွားပြီဖြစ်သည်။

တခြားတဘက်တွင် မုဖူရှန်း၏မျက်နှာကလည်းလေးနက်သွား၏။

သူ့ရှေ့တွင် တာအိုတ၀က်နယ်ပယ်က အ၀တ်နက်ငါးဦးရှိသည်။ ရန်သူ၏ အဓိကဖြစ်မှတ်က သူဖြစ်နေတာ သိသာထင်ရှားနေသည်။

ချက်ချင်းဆိုသလို မုဖူရှန်းတကိုယ်လုံးက စည်းတံဆိပ်အလင်းဖြင့် လွှမ်းခြုံသွား၏။

စည်းတံဆိပ်အလွှာများကနေ ပြောင်းလဲထားသည့်ဒိုင်းက ထိုအခိုက်အတန့်တွင် မုဖူရှန်းကို တလွှာပြီးတလွှာ၀န်းရံကာ ခုနှစ်မီတာ ရှစ်မီတာခန့်ထူထဲသွားသည်။

ဒါက တာအိုတ၀က်နယ်ပယ်ရှိအ၀တ်နက်ငါးဦးကို အနည်းငယ်အံ့ဩသင့်သွားစေသည်။

ဒါကဘာလဲ!

သို့စေကာမူ သူတို့ကချည်နှောင်ခံထားရပြီဖြစ်လေရာ နောက်ဆုတ်၍မရတော့ပါ။

ချက်ချင်းဆိုသလို ငါးယောက်စလုံးက ဘာတခုမှထိန်ချန်မထားဘဲ တပြိုင်နက် ထိုးနှက်ကာ ခုနှစ်‌မီတာရှစ်မီတာထူသည့်ဒိုင်းကို ခွန်အားအပြည့်ဖြင့် ထိုးနေကြသည်။

ဘန်း.....!

အချိန်တိုအတွင်းမှာပင် အလွှာငါးလွှာက ချက်ချင်းဆိုသလိုကျိုးပဲ့သွားသည်။

နောက်ဆုံးဒိုင်းသုံးလွှာပေါ်လာသောပခါ ဤသုံးလွှာက တခြားအပြင်လွှာများနှင့် သိသာစွာပင် ကွဲပြားနေသည်။

ဤဒိုင်းသုံးလွှာ၏အထက်တွင် မှော်နက်မိုးကြိုးများက လင်း၀င်းနေကြသည်။

ဒိုင်းတခုလုံးကလည်း အနက်‌ရောင်အလင်း၏ အရောင်အဆင်းကိုပြသနေသည်။

လူငါးဦးက တကြိမ်တည်းတွင် ထိုးနှက်လိုက်ကြသောအခါ ဒိုင်းက အပြင်းအထန် တုန်ခါသွားပြီး အက်ကြောင်းများပေါ်လာသည်။

သို့စေကာမူ အရင်ကကဲ့သို့ တိုက်ရိုက်ကျိုးပဲ့သွားခြင်းမရှိချေ။

၎င်းကအသက်ရှူကြိမ်ငါးကြိမ်အထိ ခံခဲ့ပြီးနောက်မှသာ ဒီအနက်ရောင်အလင်းအလွှာက ကျိုးပဲ့သွားခဲ့သည်။။

ချက်ချင်းဆိုသလို ကျန်ရှိနေသည့်အလွှာနှစ်လွှာက ပို၍အားကောင်းလာသည်။

ဒါကအနက်၀တ်လူငါးယောက်ကို အေးစက်သွားစေသည်။

ငါတို့ခွန်အားနဲ့ ကာကွယ်ရေးသင်္ကေတခုလေးကိုတောင် မဖောက်ခွဲနိုင်တာလား!

တခြားတဘက်တွင် ယဲ့ချိုးပိုင်၏ အမူအရာကအနည်းငယ်ပြောင်းလဲသွားပြီးနောက် ချက်ချင်းပင် တည်ငြိမ်မှုကိုပြန်ရလာသည်။

ယခုသူကဆေးလုံးကိုသောက်ပြီးနောက် အော်ရာကို အပြည့်အ၀ဖြည့်ခဲ့ပြီဖြစ်သော်လည်း ဝိဉာဉ်နှင့်ရုပ်ခွန်အားကမူ မလုံလောက်သေးပေ။

သူ့အဖို့ တာအိုတ၀က်နယ်ပယ်က တိုက်ချက်နှစ်ချက်ကို ခံနိုင်ရည်ရှိသည့် တိုက်ချက်တစ်ချက်ကို ချက်ချင်းထုတ်လွှတ်ရန်ဟူသည်မဖြစ်နိုင်ပါ။

ဒါ့အပြင်တဖက်လူက လုံး၀ထိန်ချန်ထားခြင်းမရှိလေရာ ဒါက သတ်ဖြတ်ရန် လှုပ်ရှားမှုတခုဖြစ်သည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်လက်ထဲတွင် စည်းတံဆိပ်တခုပြုလုပ်လိုက်၏။

သင်္ကေတ၏အလင်းက တဖျပ်ဖျပ်လင်း၀င်းလာသည်။

ချက်ချင်းဆိုသလို ၎င်းက မိုးကြိုးအဖြစ်ပြောင်းသွားပြီး ကောင်းကင်ပေါ်ထိုးတက်သွားကာ မိုးတစ်ထောင်ကျော်သို့ကျသွားသည်။

တာအိုတ၀က်နယ်ပယ်စွမ်းအားရှင်နှစ်ဦး၏ တိုက်ခိုက်မှုကကျရှုံးသွားရသည်။

ကောင်းကင်ဘုံလွတ်မြောက်အဆောင်!

မုဖူရှန်းက စံအိမ်တော်တွင် လူတိုင်းအတွက် စည်းတံဆိပ်ဒါဇင်ကျော်ထွင်းထုပေးခဲ့သည်။

ယခုတွင်မူ ဒါက ဝှက်ဖဲကိုလည်း ပြသလိုက်ခြင်းဖြစ်သည်။

လူနှစ်ဦး၏တိုက်ချက်က ကျရှုံးသွားရစဉ် တခြားတဘက်တွင် မုဖူရှန်းကို တိုက်ခိုက်နေသည့်လူငါးယောက်ကလည်း မုဖူရှန်းကို ချက်ချင်းမဆွဲချနိုင်ခဲ့ပေ။

ထိုအချိန်တွင် ကောင်းကင်ထဲ၌ ဓားတစ်လက် တည့်တည့်ဆင်းသက်လာသည်။

ဒါကရှေ့ပိုင်းမပါသည့်ထိပ်ချွန်ဓားရှည်တလက်ပင်။

သို့စေကာမူ ရှေ့ဖုံးမပါသည့်တိုင် ထိုဓားက အတော်လေးထက်ရှသည်။

အနက်၀တ်လူခုနှစ်ယောက်ကို ပိုပြီး တုန်လှုပ်စေတာက ဤရှေ့ပိုင်းမဲ့ဓားရှည်က ဓားသိုင်း၏ကြောက်မက်ဖွယ်ရာအသိအာရုံကို သယ်ဆောင်လာခြင်းပင်။

ဒါက ဓားသိုင်း၏ အန္တိမနယ်ပယ်ပေတည်း။

တခဏအကြာတွင် ဓားဆန္ဒက ထိုးတက်လာပြီး အနက်၀တ်လူခုနှစ်ယောက်ကို လွှမ်းခြုံသွားသညိ။

ဓားဆန္ဒကလည်း ထိုခုနှစ်ယောက်အကြား ရောယှက်ကာ ဆက်လက်ထိုးဖောက်နေသည်။

ရှေ့ပိုင်းမဲ့ဓားရှည်က ဓားသိုင်း၏ အန္တိနယ်ပယ်ကိုသယ်ဆောင်ထားသဖြင့် အနက်၀တ်လူခုနှစ်ယောက်က ထိုဓားပိုင်ရှင် မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းမိသွားကြပြီဖြစ်သည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် ဟဲကျိတုံကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ထိုသူဒီနေရာတွင်ရှိပါက စိုးရိမ်နေစရာမလိုပေ။

ချက်ချင်းဆိုသလို သူကမိစ္ဆာဘုရင်၏ အပြည့်အ၀တိုက်ချက်များကို ခုခံရန် အာရုံစိုက်လိုက်သည်။

အနက်၀တ်လူခုနှစ်ယောက်အနက်တစ်ယောက်က ချက်ချင်းအော်ဟစ်သည်။

"သွားကြမယ်"

သို့စေကာမူ ထိုစကားလုံးထွက်လာသည်နှင့်တပြိုင်နက် ဓားဆန္ဒတခုက သူ့နဖူးကို ထိုးဖောက်သွားပြီး တာအိုတ၀က်နယ်ပယ်ရှိ စွမ်းအားရှင်တစ်ယောက်က ထိုဓားဆန္ဒရောင်ခြည်အောက်၌ တိုက်ရိုက်ဖျက်ဆီးခံရသည်။

ကျတ်ရှိနေသည့်အနက်၀တ်ခြောက်ယောက်က ထွက်‌ပြေးချင်ကြသည်။

သူတို့က ဤကြောက်ခမန်းလိလိဓားဆန္ဒ၏ ၀န်းရံခြင်းကိုခံထားရပြီး အသက်ရှူကြိမ် တကြိမ်အတွင်းမှာပင် ငါးယောက်ကျသွားရပြီး တစ်ယောက်တည်းသာကျန်တော့သည်။

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထိုလူရှေ့တွင်ရပ်နေပြီး ရှေ့ပိုင်းမဲ့ဓားရှည်တလက်ကိုကိုင်ထားသည်။

သူ့မျက်နှာကအေးစက်နေပြီး လူသတ်လိုသည့်မျက်လုံးများက တောက်ပနေသည်။

ထို့နောက် ရှေ့ပိုင်းမဲ့ဓားရှည်ကိုကိုင်ကာ အနက်၀တ်လူ၏ မျက်ခုံးများကြားသို့ ချိန်ရွယ်လိုက်သည်။

"ဓားက ရှေ့ပိုင်း မပါဘူး...."

အနက်၀တ်လူက ထိုစကားလုံးသုံးလုံးကို ခက်ခဲစွာပြောဆိုလိုက်ရသည်။

ထိုလူကကြယ်ကြွေဓားဂိုဏ်းချုပ်တဖြစ်လဲ နယ်နိမိတ်မဲ့နယ်မြေ၏ လူသိများသော နံပါတ်တစ်ဓားသမားပေတည်း။

ဒါပေမယ့် သူ့ကိုအံ့ဩသင့်စေတာက မည်သည့်အတွက်ကြောင့် ကျန်းဝူဖန်း ဒီနေရာတွင် ရောက်နေရလေသနည်း။

သူကအခုသွေးကြောတောင်မှာ စခန်းချနေသင့်တာမဟုတ်ဘူးလား!

ကျန်းဝူဖန်းအေးစက်စွာမေးသည်။

"ငါ့ကိုပြောစမ်း၊ ဒီနောက်ကွယ်မှု ဘယ်သူရှိလဲ"

"ဘာလို့မင်းတို့က နယ်မြေပြင်ပကမိစ္ဆာတွေနဲ့ ပူးပေါင်းရတာလဲ"

အသံကနှစ်တစ်သောင်းရေခဲအလား ထာ၀ရအေးစက်မှုဖြင့် ပြည့်နှက်နေသကဲ့သို့ထင်ရသည်။

အနက်၀တ်လူကစကားပြောချင်သည်။

ငါအမှန်တရားကိုပြောလိုက်ရမလား၊ ဒါမှမဟုတ် သနားညှာတာပေးဖို့အတွက် တောင်းဆိုရမလား!

သူ့လက်ချောင်းရှိ အနက်ရောင်လက်စွပ်က ရုတ်တရက် ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအားဖြင့် လင်း၀င်းသွားသည်။

တချိန်တည်းမှာပင် အနက်၀တ်လူ၏ မျက်လုံးများကအပြင်းအထန်တုန်ယင်သွားပြီး အကြောက်တရားဖြင့် ပြည့်နှက်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် မမြင်ရသည့်အားတခုက ဝိဉာဉ်ကို တိုက်ရိုက်ဖျက်ဆီးပစ်လေရာ သူ့မျက်လုံးများကို အဖြူရောင်ပြောင်းသွားစေပြီး ကောင်းကင်ပေါ်မှ ကျသွားလေတော့သည်။

ကျန်းဝူဖန်း၏မျက်နှာက ကြည့်ရဆိုးသွားသည်။

"တကယ်ကိုနည်းလမ်းကျတာပဲ...."

ချက်ချင်းဆိုသလို ကျန်းဝူဖန်းလက်ဝှေ့ယမ်းသောအခါ ဓားဆန္ဒတခုက အဝေး၌ရှိသည့် ယဲ့ချိုးပိုင်ကို ၀န်းရံသွားပြီး သူ့အားထပ်မံတိုက်ခိုက်ခြင်းခံရတာ‌ကနေ တားဆီးပေးလေသည်။

ထို့နောက် သူပျံသန်းလာပြီး မိစ္ဆာဘုရင်ဆီသို့ရောက်လာကာ ဓားဖြင့်ပိုင်းချလိုက်သည်။

မိစ္ဆာဘုရင်က ဤမြင်ကွင်းကိုမြင်ပြီးနောက် သူ့အမူအရာကလုံး၀ကြည့်ရဆိုးသွားခဲ့သည်။

ရန်သူ၏ခွန်အားကသူ့ထက်အားမနည်းပေ။

ဤသည်အပြင် လက်ရှိကမ္ဘာသန့်စင်အစီအရင်က သူ့ခွန်အားကို များစွာဖိနှိပ်ထားလေရာ တဖက်လူ၏ ပြိုင်ဘက်အဆင့်ဆိုသည်ထက် လျော့နည်းလေပြီ။

အရမ်းကြီးတွေးမနေတော့ဘဲ သူချက်ချင်းလက်ဝှေ့ယမ်းလိုက်သည်။

"ဆုတ်ကြမယ်"

အခြေအနေကပြီးသွားလေပြီ။

ကျန်းဝူဖန်းဆက်လက်လိုက်မဖမ်းတော့ပါ။

ရန်သူများတွင် နောက်ခံစစ်ကူများရှိသလားဆိုတာ သူမသိပေ။

အတင်းအဓမ္မလိုက်လိုက်ဖမ်းခြင်းက ကြီးမားသည့်ဆုံးရှုံးမှုကိုသာ ဖြစ်စေလိမ့်မည်။

....

တချိန်တည်းမှာပင် နယ်နိမိတ်မဲ့နယ်မြေ၌ အဓိကအဖြစ်အပျက်များက ဖြစ်ပျက်နေလေသည်။

အပိုင်း(431) coming။

All Chapters