← Chapters

#ကွန်ရက်ကိုပိတ်လိုက်ခြင်း#

Vol. 30 Ch. 431

#ကွန်ရက်ကိုပိတ်လိုက်ခြင်း#

Vol. 30 Ch. 431

အေးခဲညနယ်မြေ၌ အနက်၀တ်လူများ၏ အလစ်သုတ်တိုက်ခိုက်မှုအပြီး ချက်ချင်းဆိုသလို နယ်နိမိတ်မဲ့မင်းဆက်အတွင်း ကြီးမားသည့်လှုပ်ရှားတခုရှိခဲ့သည်။

ဧကရာဇ်မုကျန်းထင်က ဟန်ယဲ့နယ်မြေတွင် ဖြစ်ပျက်ခဲ့သည်များကို ချက်ချင်းသိရှိသွားလေရာ နှာခေါင်းရှုံ့လိုက်၏။

"ကြည့်ရတာ ငါခန့်မှန်းထားတာ မှန်နေပုံပဲ၊ ဒီကိုလာကြ"

ရုတ်တရက် နန်းတော်အပြင်တွင် ရွှေချပ်၀တ်တပ်မှူးခေါင်းဆောင်က မုကျန်းထင်ဆီသို့ရောက်လာပြီး ဒူးထောက်လိုက်သည်။

ချက်ချင်းဆိုသလို စစ်တပ်၌ အာဏာရှိသည့်၀န်ကြီး၊ သို့မဟုတ် ဗိုလ်ချုပ်များစွာက နာမည်တပ်ခံရသည်။

"ဒီလူတွေကိုငါ့ဆီခေါ်လာခဲ့၊ တကယ်လို့ အမိန့်ကိုဆန့်ကျင်ရင် ရွှေချပ်၀တ်တားမြစ်စစ်တပ်ကို စေလွှတ်ပြီး အဲဒီနေရာမှာတင် ချက်ချင်းသတ်ပစ်လို့ရတယ်"

ထိုစကားလုံးများကိုကြားသောအခါ ရွှေချပ်၀တ်တပ်မှူး၏မျက်နှာက တုန်လှုပ်ချောက်ချားသွားရသည်။

အဘယ်ကြောင့်ဆိုသော် မုကျန်းထင်ပြောသည့်စာရင်းက တရားရုံးသို့မဟုတ် စစ်တပ်တဲ့ ကြီးမားသည့်ဩဇာလွှမ်းမိုးမှုရှိသူများဖြစ်သည်။

မုကျန်းထင်၏လေသံအရဆိုပါက သူဒေါသထွက်နေပြီး သတ်ဖြတ်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သိသာထင်ရှားနေသည်။

ဤလူများကိုသတ်လိုပါက နယ်နိမိတ်မဲ့နယ်မြေတခုလုံးက ငလျင်တခု လှုပ်ခတ်သွားပေလိမ့်မည်။

သို့သော် ဒါက သူဆုံးဖြတ်နိုင်သည့်အရာတခုမဟုတ်ပါ။

မုကျန်းထင်၏ တိုက်ရိုက်လက်အောက်ခံအင်ပါယာစစ်တပ်ခေါင်းဆောင်တဖြစ်လဲ ရွှေချပ်၀တ်တပ်မှူးတွင် လုပ်စရာနှစ်ခုတည်းသာရှိသည်။

မုကျန်းထင်၏ညွှန်ကြားချက်များကို လိုက်နာရန်နှင့် မုကျန်းထင်၏ညွှန်ကြားချင်များကို ပြည့်၀အောင်လုပ်ရန်ပင်။

ကျန်သောအရာများက ရွှေချပ်၀တ်တပ်မှူးနှင့်ဘာမှလားလားမသက်ဆိုင်ပါ။

"နားလည်ပါပြီ"

ချက်ချင်းဆိုသလို ရွှေချပ်၀တ်တပ်မှူးက လူသတ်လိုသည့်အကြည့်ဖြင့် ထွက်သွားပြီးနောက် ရွှေချပ်၀တ်တားမြစ်စစ်တပ်ကို ခေါ်ဆောင်ကာ စာရင်းထဲက လူများကို တစ်ယောက်ပြီးတစ်ယောက်ရှာဖွေသည်။

နန်းတော်ထဲတွင် မည်သူမှမရှိတော့သောအခါ မုကျန်းထင်ဖြည်းညင်းစွာ ထိုင်လိုက်သည်။

သူ့ပလ္လင်နောက်တွင် အနက်၀တ်ပုံရိပ်တခုပေါ်လာသည်။

"ကြည့်ရတာ မင်းသားလင်းလုံရဲ့ အပေါ်မျက်ခွံက ထုတ်ဖော်ခံလိုက်ရပြီပဲ"

မုကျန်းထင်နှာခေါင်းရှုံ့ကာ ခေါင်းညိတ်သည်။

"ငါဖူရှန်းကို တခြားနယ်မြေတွေကို စေလွှတ်ရတဲ့အကြောင်းရင်းက ဖူရှန်းကို ငါးစာအဖြစ်အသုံးချပြီး မင်းသားလင်းလုံကို မျှားခေါ်ဖို့ပဲ"

"ဖူရှန်း အေးခဲညနယ်မြေကိုသွားတာကို ငါသံသယဖြစ်နေတဲ့လူတချို့ပဲဒါကိုသိတယ်၊ ဒီတော့ အဲမှာတခုခုဖြစ်ပျက်လာခဲ့ရင် ဒီလူတွေကလည်း တာ၀န်ကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

"ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးလိုက်ရုံပဲ"

အနက်၀တ်လူက တည်ငြိမ်စွာပြောသည်။

"အရှင်မင်းကြီးကအရမ်းရက်စက်တာပဲ၊ ကိုယ့်သားအရင်းနဲ့အမွေခံကိုတောင် ငါးစာအဖြစ် အသုံးပြုခဲ့တယ်"

"တကယ်လို့ဒီလိုမလုပ်ဘူးဆိုရင် တဖက်လူက ဘယ်လိုလုပ် အလွယ်တကူ ငါးစာမိတော့မှာလဲ"

မုကျန်းထင်ပြုံးလိုက်သည်။

"မင်းသားလင်းလုံမှာ အခုနည်းလမ်းမရှိတော့ဘူး၊ သူထီးနန်းသိမ်းပိုက်ချင်ရင် ခြင်းထဲက သူ့ဥတွေအားလုံးကို ဆွဲထုတ်မှရတော့မယ်"

"တခြားငါးစာတွေကိုသာသုံးလိုက်ရင် တဖက်လူက မမိလာလောက်ဘူးလေ"

"ဒါပေမယ့် ဧကရာဇ်အမွေခံဆိုတဲ့ ဖူရှန်းကမတူဘူး၊ သူအသက်ရှင်လျက် အဖမ်းခံရသရွေ့ ဘာလုပ်နိုင်မှာများလဲ"

အနက်၀တ်လူကခေါင်းညိတ်သည်။

"ကျုပ်လည်းသွားလိုက်ပါမယ်"

မုကျန်းထင်ခေါင်းညိတ်သည်။

"ဒါကအကောင်းဆုံးနည်းလမ်းပဲ၊ မင်းသွားမယ်ဆိုရင်တော့ ငါမစိုးရိမ်တော့ပါဘူး"

ထို့နောင် အနက်၀တ်လူကထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

အချိန်တစ်ရက်ကုန်ဆုံးသွားသည်။

ထိုရက်အတွင်း နယ်နိမိတ်မဲ့နယ်မြေ၌ ငလျင်များကဆက်တိုက်ဖြစ်နေသည်။

နန်းတော်၀န်ကြီးအားလုံးက မုကျန်းထင်က နန်းတော်၀န်ကြီးများစွာနှင့် အရေးပါသော စစ်ရေး၀န်ကြီးများစွာကို စစ်ဆေးမေးမြန်းပြီးနောက် နှစ်ယောက်ကို သတ်ပစ်ခဲ့တာကို သူတို့သိလိုက်ကြရသည်။

ထိုလူနှစ်ယောက်ထဲကတစ်ယောက်က တရားရုံး၀န်ကြီးဖြစ်ပြီး သူဩဇာက အတော်လေးကြီးမားသည်။

တခြားတစ်ယောက် စစ်တပ်၏ ဗိုလ်ချုပ်ဖြစ်သည်။

ဒီလူနှစ်ယောက်က သူပုန်များဖြစ်ပြီး မင်းသားလင်းလုံ၏မျက်လုံးများဖြစ်ကြောင်း ကောလဟာလရှိသည်။

ယခုလုံး၀ဖယ်ရှားလိုက်ပြီဖြစ်လေရာ ဒီတခါတွင် တခြား၀န်ကြီးများကလည်း နောက်တကြိမ် ဧကရာဇ်မုကျန်းထင်၏ စိတ်နှင့် နှလုံးသားကို တွေ့ကြုံခံစားခဲ့ကြရသည်။

......

တချိန်းတည်းမှာပင် တောင်ပေါ်သစ်တောတစ်ခု၌ မင်းသားလင်းလုံကလည်း ထိုသတင်းများကို ကြားပြီးပြီဖြစ်သည်။

သူ့မျက်နှာက အတိဖြူဖျော့နေသည်။

သူ့ကိုယ်ပိုင်အစောင့်များစွာကို ဆုံးရှုံးခဲ့သည်သာမက အားအကောင်းဆုံးမျက်လုံးနှစ်လုံးကလည်း ခေါင်းဖြတ်ခံရသည်။

သူ့ကိုအထိတ်လန့်စေဆုံးအရာက ခန့်ညားသည့်လူ၏မျက်လုံးထဲတွင် သူကတန်ဖိုးအားလုံးဆုံးရှုံးသွားရခြင်းပင်။

အစက ခန့်ညားသည့်လူက မင်းသားလင်းလုံနှင့်ပူးပေါင်းခဲ့ခြင်းပင်။ ယခုဒါကို ပူးပေါင်းခြင်းဟုပင်ဆို၍မရတော့။

သူ့ကိုနောက်လိုက်တစ်ယောက်အဖြစ် လက်ခံခြင်းက မင်းသားလင်းလုံတွင် နယ်နိမိတ်မဲ့နယ်မြေ၏ မျက်လုံးများရှိနေသောကြောင့်။။

ယခုသူကတန်ဖိုးအားလုံးဆုံးရှုံးသွားပါပြီ။

ဒါကိုတွေးမိသောအခါ မင်းသားလင်းလုံက ကြည့်ရဆိုးသည့်အမူအရာဖြင့် ရှေ့က ခန့်ညားသည့်လူကို ကြည့်နေသည်။

ခန့်ညားသည့်လူကလည်း မင်းသားလင်းလုံ၏အကြည့်ကို သတိထားမိသည့်အလား တဖက်လှည့်ကာ ပြုံးပြသည်။

"ဘာလဲ၊ မင်းကတန်ဖိုးမရှိတော့ဘူးလို့ ငါထင်ပြီး မင်းကိုသတ်ပစ်မှာကြောက်တာလား"

တဖက်လူက သူ့အတွေးများကိုပင်မြင်နိုင်ပြီး တုံ့ဆိုင်းမနေဘဲပြောလာတာကို မြင်ရသောအခါ မင်းသားလင်းလုံခေါင်းညိတ်ပြသည်။

ခန့်ညားသည့်လူက မင်းသားလင်းလုံထံ တလှမ်းချင်းလျှောက်လာသည်။

တလှမ်းချင်းတွင် ကျိုးပဲ့နေသည့်အရွက်များနှင့် သစ်ပင်အမြစ်များကိုတက်နင်းလေရာ ကလစ်ဟူသောအသံများထွက်လာသည်။

ကျိုးပဲ့တော့မည့် သစ်ပင်မြစ်လေးများက မင်းသားလင်းလုံ၏အမြင်တွင် ဒီသစ်ပင်မြစ်များ၏ကံကြမ္မာက နောက်ပိုင်းသူ့ကံကြမ္မာနှင့်ဆင်တူသည်။

ခန့်ညားသည့်လူက မင်းသားလင်းလုံထံလျှောက်လာစဉ် သူ့ပခုံးကိုပုတ်ရင်း အပြုံးဖြင့်ပြောသည်။

"ဒီလိုဆိုရင်ခန့်မှန်းကြည့်၊ ငါမင်းကိုသတ်မှာလား"

ထိုစကားလုံးများကိုကြားသောအခါ မင်းသားလင်းလုံပြောသည်။

"မသတ်ဘူး"

"အို၊ ဘာလို့လဲဆိုတာငါ့ကိုပြောပြပါဦး"

"တကယ်လို့ခင်ဗျားကျုပ်ကို သတ်ချင်တယ်ဆိုရင် စကားလုံးအများကြီးနဲ့ အချိန်ဖြုန်းနေမှာမဟုတ်ဘူး"

"အတော်လေးထက်မြက်နေတုန်းပဲ"

ခန့်ညားသည့်လူကခေါင်းညိတ်သည်။

"မင်းတန်ဖိုးက အနိမ့်ဆုံးအဆင့်ကို ကျသွားတယ်ဆိုပေမယ့် တန်ဖိုးမရှိတာတော့ မဟုတ်ဘူး"

မင်းသားလင်းလုံမျက်မှောင်ကြုတ်သည်။

ခန့်ညားသည့်လူကစကားပြောလာစဉ် သူ့နှလုံးသားထဲတွင် မကောင်းသည့်အမြင်တခုရှိလာပြီဖြစ်သည်။

ခန့်ညားသည့်လူကပြုံးသည်။

"မုကျန်းထင်ကငါးမျှားရတာကို သဘောကျတာမလား၊ သူကငါးစာလုပ်တဲ့နေရာမှာ တော်နေတယ်ဆိုတော့ မင်းကလည်း ငါးစာလုပ်ဖို့ ပဏာမခြေလှမ်းလှမ်းသင့်တယ်"

မင်းသားလင်းလုံ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ထိုခန့်ညားသည့်လူက ဘာလုပ်ချင်တယ်ဆိုတာ သူလည်းခန့်မှန်းမိပြီဖြစ်သည်။

"မငြင်းနဲ့၊ မင်းမှာငြင်းဖို့အရည်အချင်းမရှိဘူး"

ခန့်ညားသည့်လူ၏မျက်နှာက ထိုအခိုက်အတန့်၌ မိစ္ဆာဆန်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်၀နေသည်။

ထိုမျက်လုံးများကိုကြည့်ရင်း မင်းသားလင်းလုံ အသူရာချောက်တခုထဲသို့ ကျသွားသည့်ပမာ ခံစားလိုက်ရစည်။

ခန့်ညားသည့်လူကဆက်ပြောသည်။

"မင်းကအစကတည်းက ဘာတန်ဖိုးမှမရှိတာကို မင်းကိုယ်တိုင်သိသင့်တယ်"

"ဒီတန်ဖိုးကို ငါမင်းကိုပေးခဲ့တာ"

"ဒါကမင်းရဲ့နောက်ဆုံးအခွင့်အရေးလည်းဖြစ်တယ်"

"တကယ်လို့မင်းသ‌ဘောမတူဘူးဆိုရင် အကျိုးဆက်တွေကို မင်းသိမှာပါ"

မင်းသားလင်းလုံလက်ချောင်းကို မတော်တဆထိကြည့်မိသည်။

ထိုလက်ချောင်းတွင် အနက်ရောင်လက်စွပ်တကွင်းကို ၀တ်ဆင်ထားသည်။

မှန်ပေသည်။

အကယ်၍ သူသာခန့်ညားသည့်လူ၏ ရည်ရွယ်ချက်များအပေါ် ခုခံမည်ဆိုပါက သူ့ကိုစောင့်ဆိုင်းနေတာက ဝိဉာဉ်၏ သေခြင်းတရားပင်။

ဆိုလိုတာက လက်ရှိမင်းသားလင်းလုံအဖို့ နောက်ဆုတ်ရန်ဟူသည်မဖြစ်နိုင်တော့။

"ငါဘာလုပ်ရမလဲ....."

ထိုစကားလုံးများကိုပြောလာသောအခါ မင်းသားလင်းလုံ ကိုယ်ထဲကခွန်အားအကုန် ကုန်ခမ်းသွားပုံရသည်။

သူကယခု ခွေးတကောင်ပမာ!

အရင်ကကဲ့သို့ စိတ်ဓာတ်မြှင့်မားပြီး မာနကြီးသည့်အသွင်မရှိတော့ပါ။

ခန့်ညားသည့်လူက ကျေနပ်စွာခေါင်းညိတ်ရင်း ပြောသည်။

"အခုအချိန်မကျသေးဘူး၊ ခနစောင့်ဦး"

"အဲဒီအချိန်ကျရင် ငါမင်းကိုအကြောင်းကြာပါမယ်၊ ဒီအချိန်အတောအတွင်း မင်းအနားယူလို့ရတယ်"

"တကယ်လို့မင်းကျရှုံးခဲ့ရင် ဒါကမင်းရဲ့ နောက်ဆုံးအကြိမ်ပါပဲ"

"မင်းအောင်မြင်ရင်တော့ ငါ့နောက်က ဆက်လိုက်ဖို့ အခွင့်အရေးရှိလာမယ်"

စကားပြောပြီးနောက် ခန့်ညားသည့်လူက ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

ဤမြင်ကွင်းကိုကြည့်ရင်း မင်းသားလင်းလုံ၏မျက်လုံးများက ဝေဝါးနေလေသည်။

ယခုသူကအနည်းငယ်နောင်တရနေလေပြီ။

ဤမိစ္ဆာကောင်နှင့်ဘာကြောင့် အလုပ်လုပ်မိရသလဲဆိုသည့်အချက်အပေါ် သူနောင်တရနေမိသည်။

ဘာကြောင့် ပုန်ကန်လိုသည့်နှလုံးသားရှိခဲ့ရသလဲဆိုတာကို နောင်တရနေသည်။

တကယ်တမ်းတွင် အရင်က မင်းသားလင်းလုံဖြစ်ရခြင်း၏ အရာရာတိုင်းက အတော်လေးကောင်းမွန်နေခဲ့သည်။

အပိုင်း(432) coming။

All Chapters